တည်နေရာနှင့် ပတ်ဝန်းကျင်


အိမ်ခြံမြေရောင်း၊ ၀ယ်၊ ငှားကြရာတွင် အဓိက အရေးကြီးဆုံးအချက်မှာ မိမိရောင်း ၀ယ် ငှား မည့် အိမ်ခြံမြေ၏ တည်နေရာနှင့် ပတ်ဝန်းကျင်မှာ ပထမဆုံးအချက်အနေဖြင့် အဓိကထား ကြည့်ရှုသင့်ပါသည်။ ထိုမိမိရောင်း၊ ၀ယ်၊ ငှားမည့် အိမ်ခြံမြေ၏ အဓိကတည်နေရာနှင့် ပတ်ဝန်းကျင်သည် မိမိရောင်း၊၀ယ်၊ငှားမည့် အိမ်ခြံမြေအပေါ် များစွာအကျိုးသက်ရောက်မှု
ရှိပါသည်။

နေထိုင်ရန် ရည်ရွယ်၍ ၀ယ်ယူကြသူများကလည်း မိမိတို့ဝယ်ယူမည့် အိမ်၏ တည်နေရာနှင့် ပတ်ဝန်းကျင်သည် မိမိတို့ ကြိုက်နှစ်သက်သည့် အနေအထားမျိုးဖြစ်၊ မဖြစ် အဓိကထား ကြည့်ရှုကြသည်ကို တွေ့ရပါသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမည့် သူများသည်လည်း မိမိတို့ရင်းနှီးမြှုပ်နှံသည့် အိမ်ခြံမြေသည် မိမိတို့ ပြန်လည်ရောင်းချလိုသည်ဖြစ်စေ၊ ငှားရမ်းလိုသည် ဖြစ်စေ အချိန်အတိုင်းအတာတစ်ခုအတွင်း အလုပ်ဖြစ်သည်၊ မဖြစ်သည်မှာ မိမိတို့ရင်းနှီးမြှုပ်နှံထားသည့် အိမ်ခြံမြေ၏ တည်နေရာနှင့် ပတ်ဝန်းကျင်သည် များစွာ သက်ရောက်မှုရှိပါသည်။

ထို့ကြောင့် အိမ်ခြံမြေရောင်း၊ ၀ယ်၊ ငှားကြမည့်သူများအနေဖြင့် ရောင်းမှား၊ ၀ယ်မှား မဖြစ်စေရန် မိမိတို့ ရောင်း၊ ၀ယ်ပြုလုပ်မည့် အိမ်ခြံမြေ၏ တည်နေရာနှင့် ပတ်ဝန်းကျင်ကို အထူးဂရုစိုက် ကြည့်ရှုသင့်ပါသည်။

ကိုအောင်ကျော်မိုး