သဘောတူစာချုပ်ချုပ်ဆိုခြင်း သို့မဟုတ် ရောင်းရန်ပဋိညာဉ်


ရောင်းရန်ပဋိညာဉ် Contract of Sale ဟူသည်ရောင်းသူနှင့်ဝယ်သူ ရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ စည်းကမ်းချက်နှင့်အတူ ပြုလုပ်သည့်သဘောတူညီမှု ဖြစ်သည်။
မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ရောင်းရန် ရောင်းသူနှင့်ဝယ်သူတို့သဘောတူချုပ်ဆိုသည့် အဆင့်ဖြစ်သည်။အရောင်းအ၀ယ် အတည်မဖြစ်သေးမီ ရောင်းရန်နှင့်ဝယ်ရန် ကတိပြုကြသည့်အဆင့်ဖြစ်သည်။
တစ်ဖက်နှင့်တစ်ဖက် ကတိမပျက်ရန် စရန်ငွေပေးချေသည့် အဆင့်ဖြစ်သည်။
အောက်ပါအချက်များကိုပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုကြရမည်ဖြစ်သည်။
- ဘယ်သူတွေချုပ်ဆိုကြတာလဲ
- ပစ္စည်းကဘာပစ္စည်းလဲ၊ ဘယ်နေရာမှာရှိတာလဲ
- ရောင်းသူက ပစ္စည်းကိုရောင်းပိုင်ခွင့်ရှိမရှိ
- ပစ္စည်းကိုဘာလုပ်ဖို့ချုပ်ဆိုကြတာလဲ
- ဒီလိုချုပ်ဆိုရာတွင် ဘယ်သူကဘာတာဝန်ယူမှာလဲ
- စည်းကမ်းချက်ကောထားမထား
- ထားမယ်ဆိုရင်စည်းကမ်းချက်တွေကဘာတွေလဲ
- လုပ်ဆောင်ပေးမယ့်အရာတွေရဲ့ အသေးစိတ်အချက်အလက်တွေကဘာတွေလဲ
- တန်ဖိုးငွေသတ်မှတ်ချက်က ဘယ်လောက်လဲ
- တန်ဖိုးငွေကို ဘယ်လိုပေးဆောင်ရမှာလဲ
- တန်ဖိုးငွေပေးဆောင်တဲ့အတွက် တစ်ဖက်ကဘာလုပ်ပေးရမှာလဲ
- ဒီလိုလုပ်ဆောင်ပေးမှုဟာ ရော့ပတ္တမြား၊ ရော့နဂါး တစ်ပြိုင်တည်း အပေးအယူလုပ်မှာလား၊ ဒါမှမဟုတ် ကန့်သတ်ချက်ထားမှာလား
- ကာလသတ်မှတ်ချက်ပါသလား၊ ပါရင် အချိန်ကာလကိုဘယ်လိုသတ်မှတ်မလဲ
- တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုလိုက်နာကြမလဲ
- ပျက်ကွက်ရင် ပျက်ကွက်တဲ့သူရဲ့တာဝန်ကဘာလဲ
- တစ်ဖက်ရဲ့ပျက်ကွက်မှုကြောင့် နစ်နာသူရဲ့အကျိုးခံစားခွင့်က ဘာလဲ
- ပဋိညာဉ်စာချုပ်ကြီးကို ဘယ်နေ့ဘယ်ရက်အတွင်းမှာနောက်ဆုံးထားပြုလုပ်မှာလဲ
- စာချုပ်ကိုဘယ်နေ့၊ ဘယ်ရက်၊ ဘယ်ခုနှစ်သက္ကရာဇ်မှာ ပြုလုပ်ချုပ်ဆိုကြတာလဲ
- ဘယ်သူတွေရဲ့ရှေ့မှောက်မှာ ပြုလုပ်ချုပ်ဆိုကြတာလဲ……စသည်အချက်များပါရှိစေရမည်။
ထိုသို့ချုပ်ဆိုသည်ကို ရောင်းရန် ပဋိညာဉ်ပြုသည်ဟုဆိုသည်။

ဦးကျော်ဇေယျ