ရွှေဘိုတက္ကသိုလ် အနီးမြေများ ဈေးမြင့်


စစ် ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္က သိုလ်ပတ်ဝန်းကျင်နှင့် ရွှေဘို- ကျောက်မြောင်း လမ်းဘေးဝဲယာ တစ်လျှောက်မြေကွက်များ ဈေး နှုန်းမြင့်တက်လျက်ရှိကြောင်း သိ ရသည်။
''ဒီဘက်ကမြေကွက်တွေ အရင်ဆယ်ဂဏန်းပဲရှိတာ။

အခု ရာဂဏန်း(သိန်းတစ်ရာ)အောက် မရှိတော့ဘူး။ လမ်းဘေးကဝယ် မယ့်သူကများတယ်။ ရောင်းမယ့် သူက မရှိဘူး''ဟု မင်းကျောင်း ကျေးရွာမှ ဒေသခံတစ်ဦးက ပြော သည်။

''ရွှေဘို-ကျောက်မြောင်း လမ်းဘေးမြေတွေက တံတား (ရတနာသိင်္ခ)ဖွင့်ပြီးမှ ပိုတက်သွားတာ။လမ်းဘေးဝဲယာကတော့ ရောင်းမယ့်သူမရှိဘူး။ နောက်ဘေး မြေတွေပဲ ရောင်းမယ့်သူရှိတယ်'' ဟု အိမ်ခြံမြေရောင်းဝယ်ရေးလုပ် နေသူတစ်ဦးက ပြောသည်။

အဆိုပါတက္ကသိုလ်ပတ်ဝန်းကျင်ရှိမြေကွက်များကို ဘော်ဒါ ဆောင်ဖွင့်လိုသူများက အများ ဆုံးဝယ်ယူလျက်ရှိကြောင်းလည်း သိရသည်။

သန်းထွေးဦး YMG