ပိုင်ဆိုင်မှုခိုင်မာရဲ့လား


လက်ရှိအဖြစ်များဆုံးတွေ့ရှိမှုမှာ မိမိတို့၏ အိမ်၊ ခြံ၊ မြေ တိုက်ခန်း ကွန်ဒိုများနှင့် ပက်သက်၍ ပိုင်ဆိုင်မှု ခိုင်မာကြောင်း သိပ်မရှိတာကို အတွေ့ရများပါသည်။ ထို့ကြောင့် အိမ်၊ ခြံ၊ မြေနှင့် ပက်သက်၍ ရောင်း၊ ၀ယ်၊ ငှားမှု မပြုလုပ်မီ ပိုင်ဆိုင်မှုစာရွက်စာတမ်းကို သေချာစွာ စစ်ဆေးသင့်ပါသည်။

ထို့ပြင် ရောင်းချသူ အိမ်ရှင်များအနေဖြင့် မိမိတို့ ရောင်းချသော အိမ်၊ ခြံ၊ မြေနှင့် ပက်သက်၍ ရောင်းချရန် စာရွက်စာတမ်းများ
ပြည့်စုံမှုရှိအောင် ဆောင်ရွက်ထား သင့်ပါသည်။ ထိုမှသာ အရောင်းအ၀ယ်ပြုလုပ်ရာတွင် လျင်မြန်ချောမွေ့၍ အဆင်ပြေနိုင်ပါမည်။ ပိုင်ဆိုင်မှု စာရွက် စာတမ်းများ စစ်ဆေးရာတွင်လည်း သေချာတတ်ကျွမ်း
နားလည်သော ရှေ့နေများငှားရမ်းပါက ငွေကုန်မည်စိုးသောကြောင့် မိမိတို့ ဘာသာမေးမြန်း ဆောင်ရွက်၍ နောင်တစ်ချိန်တွင် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ငွေကုန်၊ လူပင်ပန်း ဖြစ်ရတတ်ပါတယ်။

ပိုင်ဆိုင်မှုများကို စစ်ဆေးရာတွင် "အခုရှုပ်မှ နောင်ရှင်း" ဆိုရိုးစကားအတိုင်း သေချာစစ်ဆေးမေးမြန်း ပြောဆိုပါက နောက်နောင်တွင် စိတ်ရှုပ်စရာများ ထပ်မံပေါ်ပေါက်လာနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် လူကြီးမင်းတို့၏ အိမ်ခြံမြေ ၀ယ်ယူမှုများ ပြုလုပ်ပါက တတ်ကျွမ်းနားလည်သော ပုဂ္ဂိုလ်များနှင့် သေချာဆွေးနွေးတိုင်ပင်ရန် အကြံပေး လိုပါသည်။ နောက်နောင်ပြန်လည်ရောင်းချလိုပါကလည်း မိမိအနေဖြင့် စိတ်ရှုပ်မခံရဘဲ အလွယ်တကူလျင်မြန်ချောမွေ့မည်
ဖြစ်ပါသည်။

ကိုအောင်ကျော်မိုး