ကြိုတင်ပြင်ဆင်မှု


သီတင်းကာလကျွတ်တော့မယ်ဆိုပြန်တော့ ရောင်းသူ၊ ၀ယ်သူ၊ အယူရှိသူတွေကတော့ အရောင်းအ၀ယ်အေးစက်ပေမယ့် တိုးတက်လာတဲ့ခေတ်

စနစ်အောက်မှာအချိန်ကာလက လုပ်ငန်းဆောင်တာတွေကို တားဆည်းနိုင်စွမ်း နည်းပါးလာပါတယ်။ တချို့ကလဲ ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့

ယခုတည်းကလိုချင်တာကြိုရှာ၊ ရောင်းချင်တာ ကြော်ငြာတာတွေ လုပ်တာမျိုးရှိပြန်ပါတယ်။ ဘာပဲပြောပြော အိမ်၊ ခြံ၊ မြေအရောင်းအ၀ယ်ကတော့

အငှားထက်တော့ မအေးစက်ပါဘူး။ အငှားဈေးကွက်ကို လဲ အလိုက်ခက်မနေအောင် ငှားချင်သူတွေအနေနဲ့ ဈေးကွက်ထဲမှာ ရှိနေဖို့ လိုအပ်ပါလိမ့်မယ်ဟု

အကြံပြုလိုပါတယ်….

ယခုလက်ရှိ အိမ်၊ ခြံ၊ မြေအခွန်သတင်းအရ အစိုးရမှ ငွေဖြူ၊ ငွေမည်း ခွဲခြားသတ်မှတ်လိုက်ပါသည်။ အိမ်၊ ခြံ၊ မြေ လုံးချင်း၊ တိုက်ခန်းများ အရောင်းအ၀ယ်

ပြုလုပ်ရာတွင်ဝယ်ယူသူမှ သမရိုးကျ လုပ်ငန်းများဖြင့် ရရှိလာသော ၀င်ငွေနှင့် ၀ယ်ယူသည့် အထောက်အထားကို အစိုးရသို့ တင်ပြနိုင်ပါက အခွန်နှုန်းလျှော့ချ

လိုက်မည်ဖြစ်ပြီး မိမိဝင်ငွေလမ်းကြောင်းကို မပြသနိုင်ပါက ၀ယ်ခွန်နှုန်း ၃၇%အပြည့်ပေးဆောင်ရမည်ဖြစ်၍ ရောင်းခွန်နှုန်းမှာ ပုံမှန် ၁၀%သာ ဖြစ်ကြောင်း

တင်ပြအပ် ပါသည်။

ကိုဝေယံဖြိုး