မြင်းခြံ အိမ်၊ ခြံ၊ မြေ ရုတ်တရက် အ၀ယ်တန့်


မြင်းခြံမြို့နယ်တွင် တက်ဈေးစောင့်ဆိုင်းနေခြင်းနှင့်မြေယာထိန်းချုပ်မှု များကြောင့် ရုတ်တရက် အ၀ယ်တန့်နေကြောင်း မြင်းခြံမြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

ဆီးမီးခုံဆိပ်ကမ်းနှင့် စက်မှုဇုံ စီမံကိန်းများကြောင့်ပြီးခဲ့သည့် မတ်လ အတွင်းမှစတင်ကာ မြင်းခြံအိမ်ယာမြေဈေးကွက်မှာ ရုတ်တရက် မြင့် တက်လာခဲ့ပြီးနောက် အစိုးရအနေဖြင့် မြေယာဈေးကွက်ကိုထိန်းချုပ်ရန် ကြိုးစားနေမှုများကြောင့်လည်ကောင်းမြင်းခြံအိမ်ခြံမြေ ဈေးကစားသူများက တက်ဈေးကိုစောင့်ဆိုင်နေခြင်းကြောင့် အ၀ယ်တန့် နေကြောင်း
မြင်းခြံမြို့နယ်တွင် စီးပွားရေးလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောကြား သည်။

“အခုက အရင်ထက် ၀ယ်လိုအားများတော့ ၀ယ်ယူမှုအတိုင်းအတာ တစ်ခု ပြည့်သွားတာလည်း ပါမယ်။အဲဒီလို မြေဈေး ထိန်းချုပ်မှုကြောင့်လည်း ပါမယ်။
ဒါကြောင့် အ၀ယ်တန့်တာ”ဟု မန္တလေးတိုင်းဒေသကြီးမြင်းခြံမြို့မှ မနောဖြူ အိမ်၊ ခြံ၊မြေမှ ဒေါ်ကြယ်စင်ထွန်းကပြောကြား သည်။

မြင်းခြံမြို့နယ် မြို့သစ်ရပ်ကွက် အိမ်၊ ခြံ၊ မြေ ပေ ၄၀ပေ ၆၀ တစ်ကွက်လျှင် ယခင်ကျပ်သိန်း ၄၀၀မှ ကျပ်သိန်း ၅၀၀ခန့်ဈေးရှိပြီး ယခုစီမံ ကိန်းများ စတင်နေချိန်တွင် ပေ၄၀ ပေ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၁၅၀၀ ခန့်အထိ ဖြစ်လာကြောင်း ၎င်းက People Power သတင်းစာသို့ ပြောကြားသည်။

မြင်းခြံမြို့နယ်တွင် စီမံကိန်းလုပ်ငန်းစတင်လုပ်ကိုင်လျက်ရှိသည့် ဆီမီးဆိပ်ကမ်းဇုံ စီမံကိန်းနှင့် သံမဏိစက်ရုံအနီးရှိ မြေကွက်ဝယ်ယူသူ အများစုမှာရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြောင်း
အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

“အခု အစ်မတို့က မြင်းခြံလမ်းမဘေး မြေကွက်တွေကိုဝယ်ထားတယ်၊ ဒီဆီမီးခုံစီမံကိန်းသာပြီးရင် ပိုပြီး ဈေးကောင်းလာနိုင်တယ်”ဟု မြင်းခြံ မြို့မှ ၀ါရင့်အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

မျိုးပပစန်း