မြေ၀ယ်မယ်ဆိုရင် ကိုယ်ဝယ်ချင်တဲ့ မြေအမျိုးအစားအလိုက် လိုအပ်တဲ့စာရွက်စာတမ်းက မတူနိုင်ပါဘူး။


မြို့မြေဆိုရင် ဂရန်၊လိုင်စင်၊ ပါမစ်(သို့)မြေပေးမိန့် စတဲ့ဥပဒေနဲ့အညီ ပေးအပ်
ထားတဲ့စာရွက်စာတမ်းတွေ လိုပါမယ်။ အကယ်၍ ဘိုးဘွားပိုင်မြေဖြစ်ခဲ့မယ်
ဆိုရင်သက်ဆိုင်ရာ မြေပိုင်ဆိုင်မှု မှတ်တမ်းမှာ ပိုင်ရှင်အဖြစ် မှတ်တမ်းရှိပြီးဖြစ်ရ
မှာပါ။
မြို့မြေမှာတော့ ပိုင်ဆိုင်မှုရှိ/မရှိ အလွယ်တကူ စုံစမ်းသိရှိနိုင်ပါတယ်။ ကာယကံ
ရှင်လက်ထဲမှာလည်း ဆိုခဲ့တဲ့စာရွက်စာတမ်းမျိုး ရှိနေရမှာ ဖြစ်ပါတယ်။

လယ်ယာမြေဆိုရင်တော့ မြေစာရင်းဌာနရဲ့ မှတ်ပုံစာရင်းမှာ လက်ရှိလုပ်ကိုင်
သူအဖြစ် မှတ်တမ်းရှိထားတာမျိုး ဖြစ်သင့်ပါတယ်။
လယ်ယာမြေမှာ ပိုင်ဆိုင်မှုအနေနဲ့ စာရွက်စာတမ်းဆိုတာ လယ်ယာမြေ
လက်ဝယ်ရှိသူတိုင်းရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။
လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ် အခွန်စည်းကြပ်ခံထားရတဲ့ မြေခွန်
ပြေစာသည်သာလျှင် လက်ငုတ်ဖြစ်ကြောင်း သက်သေဖြစ်ပါလိမ့်မယ်။
ဒီနေရာမှာ အမှန်တကယ်လက်ငုတ် လုပ်ကိုင်နေပြီး အခွန်စည်းကြပ်မှုကိုလည်း
ထမ်းဆောင်ထားမယ်ဆိုရင် လယ်ယာမြေလက်ရှိဖြစ်သူအနေနဲ့ အင်္ဂါရပ်ညီညွတ်
ပြီလို့ အကြမ်းဖျင်း ဆိုနိုင်ပါလိမ့်မယ်။
လယ်ယာမြေကို လုပ်ကိုင်သူများကို မြေစာရင်းဌာနက အခွန်စည်းကြပ်မှု မှတ်ပုံ
စာရင်းနဲ့ မြေပုံမှာ မှတ်သားထားလေ့ရှိပါတယ်။
တချို့ လယ်ယာမြေတွေမှာ အခွန်စည်းကြပ်ခံထားရတဲ့ မြေခွန်ပြေစာအပြင်
မြေစာရင်းပုံစံ -105 လည်း ရေးကူးရယူထားတာ ရှိနိုင်ပါတယ်။

မြေစာရင်း ပုံစံ-105 ဆိုတာက ခုနကပြောခဲ့တဲ့ မြေစာရင်းဌာနက မှတ်ပုံစာရင်း/
မြေပုံ စသည်တို့မှာ မှတ်သားထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်း
ဌာနက တသွေမတိမ်း ရေးကူးပေးတဲ့ ပုံစံတစ်ခုပါ။ မြေစာရင်းပုံစံ-105 ကိုတွေ့
မြင်ရတဲ့အခါမှာ အဲဒီပုံစံမှာ ရေးကူးပေးထားတဲ့ မြေကွက်နဲ့ သက်ဆိုင်တဲ့ အချက်
အလက်တွေကို တစ်စုတစ်စည်းထဲ သိရှိနိုင်ပါတယ်။ မြေတစ်ကွက်နဲ့ဆိုင်တဲ့ကိစ္စ
တစ်ခုအတွက် အခြားဌာန/အာဏာပိုင်/အဖွဲ့အစည်းတွေကို တင်ပြတဲ့အခါမှာ
ဒီမြေကွက်ရဲ့အကြောင်းအရာကို အလွယ်တကူ သိရှိနိုင်အောင် ရေးကူးအသုံးချ
ခြင်းတစ်မျိုးပါပဲ။
ဒါကြောင့်မို့လို့ မြေစာရင်းပုံစံ-105 သည် မြေကွက်တစ်ကွက်ရဲ့ အကြောင်းအရာ
ကို ဖေါ်ပြတဲ့ Certified Copy တစ်ခုသာ ဖြစ်တယ်။ ဒီထက်ပိုတဲ့ အဓိပ္ပါယ် မပါ
ဝင်ပါဘူး။
သည်ပုံစံမှာ ဖေါ်ပြချက်အရ မြေကွက်တည်ရှိတဲ့ မြို့/ ရပ်ကွက်-ကျေးရွာ/ကွင်း/
ဦးပိုင်/ဧရိယာ/မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။

အခုအချိန်မှာတော့ လယ်ယာမြေ ရောင်းဝယ်မှုကို ပြင်ပမှာ အရပ်သဘောအရ
ရောင်းဝယ်နေကြတာ ဖြစ်ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာတရားဝင်မှတ်ပုံ
တင်ဖို့အတွက်ကတော့ လယ်ယာမြေဥပဒေသစ်အရမှတ်ပုံတင်ပြီးမှသာ တရား
ဝင်ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

KyawSan Win