ဘုံပိုင်ပစ္စည်းများကို သီးသန့်သုံးခြင်း


ဘုံပိုင်ပစ္စည်းများကို သီးသန့်အသုံပြုချင်လျှင်သော်လည်းကောင်း၊ ငှားရမ်းအသုံးပြုချင်လျှင်သော်လည်းကောင်း၊ သုံးခွင့်၊ ငှားခွင့်ရှိပါတယ်။ ကားပါကင်နေရာငှားခြင်း၊ လသာဆောင်ငှားခြင်း စတာတွေဖြစ်ပါတယ်။ ဒီလိုငှားရမ်းသုံးခွင့်ရှိကြောင်းကို လည်း ကွန်ဒိုစီမံကိန်း (သို့) ကော်ပိုရေးရှင်းရဲ့ ဥပဒေထဲမှာ ထည့်သွင်းပြီး ဖြစ်ပါတယ်။ ကော်ပိုရေးရှင်းဟာ ဒီနယ်ပယ်တွေကို ထိန်းထားခွင့်ရှိပါတယ်။
သီးသန့်သုံးနိုင်တဲ့အရာတွေက ဘာတွေလဲဆိုတာကို ဥပဒေအရ ထုတ်ပြန်ပေးထားပါတယ်။ ဒါတွေကို ငှားသုံးချင်တယ် ဆိုရင် ကိုယ့်ဘက်က တာဝန်ယူရမယ့် အပိုင်းတွေရှိပါတယ်။ အခြားအခန်းပိုင်ရှင်တွေနဲ့ ဝေမျှသုံးရမှာလား။ သီးသန့် သုံးခွင့်ရှိရဲ့လားဆိုတာကို မိမိဘက်က ဦးစွာလေ့လာထား၊ သိရှိထားရမှာဖြစ်ပါတယ်။ သီးသန့်သုံးချင်လို့ ငှားရမ်းလိုက်တဲ့ နေရာတွေကို မိမိက ပြုပြင်မွန်းမံလို့ရသလားဆိုတာ ကွန်ဒိုကို မိမိမ၀ယ်ခင် ကတည်းက ကွန်ဒိုဘုတ်အဖွဲ့၊ မန်နေဂျာ (သို့) ကွန်ဒိုဆောက်သူနဲ့ ဆွေးနွေးထားရမှာ ဖြစ်ပါတယ်။

ရွှေဆဌဂံဂျာနယ်