အာမခံထားခြင်း


ကွန်ဒိုအဆောက်အအုံတစ်ခုလုံးကို အာမခံထားခြင်းကိစ္စကို ကွန်ဒိုကော်ပိုရေးရှင်းကပဲ တာဝန်ယူလုပ်ဆောင်ပေးရပါတယ်။ ခြံနဲ့ဝန်းနဲ့ ကွန်ဒိုတွေအတွက်တော့ အာမခံထားတာဟာ ပြဿနာမရှိလှပါဘူး။ ကော်ပိုရေးရှင်းအနေနဲ့ စံသတ်မှတ်ထားတဲ့ပေါ်လစီနှင့်ကိုက်ညီတဲ့ အပျက်အစီးတွေအတွက် အာမခံထားပေးတာမျိုးလုပ်ရပါတယ်။ အာမခံမထား သင့်တာတွေကို အာမခံမထားရပါဘူး။ ဘုတ်အဖွဲ့ကြောင့်သော်လည်း၊ ကော်ပိုရေးရှင်းကြောင့်သော်လည်းကောင်း ဖြစ်ပေါ်တဲ့ပေးစရာတာဝန်အတွက် အာမခံရှိရပါမယ်။
မိမိပိုင်တဲ့ကွန်ဒိုအတွက် မိမိဘာသာ အာမခံဝယ်နိုင်ပါတယ်။ မိမိကွန်ဒိုအခန်းကို အပြောင်းအလဲတွေလိုမယ်ဆိုရင်တောင် အာမခံထားနိုင်ပါတယ်။ အာမခံကို အာမခံကိုယ်စားလှယ်ဆီမှာ ၀ယ်ရတာဆိုတော့ မိမိကိုယ်စားလှယ်ကို ပံ့ပိုးပေးနိုင်မယ့် အာမခံလက်မှတ်ကို ကွန်ဒိုကော်ပိုရေးရှင်းက မိမိကိုပေးအပ်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ကွန်ဒိုနဲ့သက်ဆိုင်တဲ့ အာမခံပေါ်လစီက ဘယ်လိုရှိသလဲဆိုတော့ သတင်းအချက်အလက်အချို့ကိုတော့ အာမခံကိုယ်စားလှယ်ထံ ကော်ပိုရေးရှင်းက ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။

ရွှေဆဌဂံဂျာနယ်