တန်ဖိုးနည်းအိမ်ရာတစ်ဝိုက် မြေဈေးကွက် ပြန်လည်တန့်နေ
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ဝိုက်ရှိ မြေဈေးကွက်မှာ
ပြီးခဲ့သောလဆန်းက သိသိသာသာ လှုပ်ခတ်ခဲ့သော်လည်း ယခု ပြန်တန့်သွားကြောင်းသိရသည်။
မန္တလေးမြို့အရှေ့တောင်ဘက်ခြမ်း မြရည်နန္ဒာရပ်ကွက်အတွင်း ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ ဩဂုတ်
လအတွင်းက ရောင်းမှားဝယ်မှားဖြစ်ခဲ့ပြီး အငြင်းပွားမှု များ ပေါ်ပေါက်ခဲ့သောနေရာတွင် တန်ဖိုး
နည်းအိမ်ရာစီမံကိန်းကို မကြာမီက စတင် အကောင်အထည်ဖော်ခဲ့ရာ ၎င်းနှင့်အနီးတစ်ဝိုက်ရှိ မြေ
ဈေးနှုန်းများ မှာ ယခင် ၂၀၁၁ ခုနှစ်၊ မန္တလေးမြေ ဈေးကွက်လှုပ်ခတ်စဉ်က ဖြစ်ပေါ်ခဲ့ သောဈေးနှုန်း
များကို ကျော်လွန်ရောက် ရှိခဲ့ကြောင်း မြို့သစ်မှအိမ်မြေအကျိုး ဆောင်များက ပြောသည်။
"ပြီးခဲ့တဲ့တစ်လကျော်က ၀ယ်ရောင်း တွေ တအားကစားလိုက်လို့ ဈေးနှုန်း တွေက အရင်တက်ခဲ့
တဲ့ ဈေးထက် ကျော်ကုန်တယ်။ ဒါကြောင့်မို့လည်း အခု ဈေးကွက်က ပြန်တန့်သွားရတာပါ"ဟု
မြရည်နန္ဒာရပ်ကွက်မှ အိမ်မြေအကျိုး ဆောင် ဦးထွန်းအောင်က ပြောသည်။
ယခင် ၂၀၁၁ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ မြေ ဈေးကွက်မှာ ရှေ့အလားအလာကို မခန့် မှန်းတတ်အောင်
လှုပ်ခတ်ခဲ့ရာ ထိုစဉ်က ယခုစီမံကိန်းအနီးတစ်ဝိုက် မမ ၆ ဖရိန် အတွင်း၌ မြေဈေးနှုန်းမှာ ကျပ်သိန်း
၅၀၀ နှင့် ၆၀၀ အတွင်း၊ မမ ၇ တွင် ကျပ်သိန်း ၅၀၀၊ မမ ၈ တွင် ကျပ်သိန်း ၄၀၀ စွန်းစွန်း သို့
ရောက်ရှိခဲ့ကြောင်း သိရသည်။
သို့ရာတွင် ယခုအခါ စီမံကိန်းကြောင့် မမ ၆ တွင် ပေ ၄၀ x ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်း
၆၀၀ ကျော်၊ မမ ၇ တွင် ကျပ် သိန်း ၅၀၀ ကျော်၊ မမ ၈ တွင် ကျပ်သိန်း ၅၀၀ ကျော်အထိ ခေါ်
ဈေးရှိခဲ့သည်။
ယခုကဲ့သို့ 'မမ' ဖရိန်အတွင်း ဈေးကွက် ပြန်ငြိမ်သွားချိန်တွင် 'ဘဘ' ဖရိန်ဘက်၌ အရောင်းအ၀ယ်
ပြန်လိုက်နေကြောင်း သိရသည်။
ဖြိုးဝေကျော်