အိမ်တစ်လုံးကို လွယ်လွယ်ကူကူ အလှဆင်ကြမယ်


အလင်းရောင် အတွက် ဖန်တီးတဲ့ လျှပ်စစ်မီး အနေအထား

မိမိ အိမ်မှာ ရှိတဲ့ အခန်းတိုင်းအတွက် လှပတဲ့ မီးဆိုင်းများ တပ်ဆင်တော့မယ် ဆိုရင် အားလုံးကို ခြုံငုံသုံးသပ်ပြီး တန်ဆာဆင်ရပါမည်။
တစ်ခု နဲ့ တစ်ခု ကွာဟမှု အနေအထား ၊ စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးမှု ၊ လှုပ်ရှားမှု တိုင်း အတွက် သက်ဝင်နေစေမဲ့ အဆင်တန်ဆာမျိုး ဖြစ်ရပါမည်။
ဥပမာ အားဖြင် ခပ်မှိန်မှိန် မီးအလင်းဟာ အိပ်ခန်းအတွက် ဖြစ်သင့်ပြီး တောက်ပတဲ့ အလင်းအိမ်ကတော့ မီးဖိုချောင်မှာ တန်ဆာဆင်ရပါမည်။
ဧည့်ခန်းအတွက် ဆိုရင်တော့ မဟာဆန်လှပတဲ့ ဒီဇိုင်းနဲ့ မီးအိမ်များကို ဆင်မြန်းရပါမည်။



နံရံအတွက် အနုပညာ ၊ ရုပ်ပုံ ၊ ပန်းချီကား

ကိုယ့်စိတ်ကြိုက် ဖန်တီးမှုသာ အကောင်းဆုံးဖြစ်ပါတယ်။ နံရံဆေးခြယ်မှု ၊ အလှပန်းချီ ၊ ရုပ်ပုံများ စတာတွေ နဲ့ အလှဆင်ခြင်းမှာ မိမိသဘောကျ နှစ်ချိုက်တဲ့
အရာများကို အလှဆင်သင့်ပါတယ်။ အကောင်းဆုံးကတော့ ကြည့်လိုက်တာနဲ့ အမြင်ကို အေးစေပြီး ကျက်သရေ ရှိတဲ့ ဒီဇိုင်းမျိုး ဖြစ်ရပါမည်။



မှန်အသုံးပြုခြင်း

မိမိ ဧည့်ခန်းမှာ မှန်များနဲ့ အလှဆင်ပါ ။၊ နံရံကပ်မှန် ခပ်ကြီးကြီး တစ်ခုကို အ၀င်ဝနားမှာ ချိတ်ဆွဲထားပါ ။ မှန်ဟာ တရုတ်လူမျိုးများ အယူအဆ တစ်ခု အရမကောင်းတဲ့ အရာများကို ဖယ်ရှားပေးပြီးကောင်းတဲ့ အရာများကို သယ်ဆောင်လာနိုင်စွမ်းရှိပါတယ် လို့ ဆိုထားပါတယ်။

သေးငယ်တဲ့ မှန်မျိုးကိုတော့ မတပ်ပါနဲ့ ။ မိမိ အခန်းနဲ့  လိုက်ဖက် တဲ့ အရွယ်အစား ခပ်ကြီးကြီးကို တပ်သင့်ပြီး ခန့် ခန့် ညှားညှား ရှိသင့်ပါတယ်။ အကယ်လို့  အပြင်ထွက်ဖို့  ရှိရင် လည်း ကိုယ့် အတွက် တကူးတက မှန်ပြေးကြည့်စရာမလိုဘဲ မိမိကိုယ်တိုင်အတွက်လည်း စတိုင်ကျစေမှာ ဖြစ်ပါတယ်။



ကောဇော်နဲ့ ခြေသုတ်ကောဇာများကို စနစ်တကျထားခြင်း

မိမိ အိမ်အ၀င် ၊ ထိုင်ခုံ နဲ့ စားပွဲခုံ အောက်ခြေ စသဖြင့် အိမ်ထဲ ၀င်လိုက်တာနဲ့ အမြင်တင့်တယ် စေတဲ့ အရာတစ်ခုမှာ ကောဇာခင်းခြင်းကလည်း ပါဝင်ပါတယ်။
မိမိ အိမ်ရဲ့  သန့် ရှင်းမှု ၊ လှပမှုမှာလည်း ကော်ဇောနဲ့ တန်ဆာ ဆင်မှု က အရေးကြီးပါတယ်။ အကွက်လှလှ ၊ ပန်းကနုတ်လှလှနဲ့ ကောဇောများကို တန်ဆာဆင် ပေးခြင်းဟာ သင့်အိမ်ကိုခမ်းနားစေပါတယ်။



သိုလှောင်ဖို့ နေရာ

ကိုယ်ပိုင် အိမ်တစ်လုံး ဖြစ်လာပြီဆိုရင် တိုလီမှုတ်စနဲ့  အသုံးမလိုတာတွေ အတွက် ထားဖို့  သီးသန့်  နေရာ တစ်ခုကလည်း လိုပါသေးတယ်။ စက္ကူပုံတွေနဲ့ ထားရင်လည်း အဆင်ပြေပေမဲ့ လူမြင်ကွင်းမှာ မြင်မကောင်းအောင် ဂျက်ပုံး တွေက ရှုတ်ရှုပ် ခတ်နေရင် နေရတာလည်း ကျဉ်းကြပ်စေပါတယ်။ ဒီတော့ အထပ်ခိုးလိုနေရာ တစ်ခု မှာ ထားမလား ။ စင်လေး ရိုက်ပြီး တင်ထားမလား ။ တစ်ခုခု လုပ်ရပါမယ်။ ဒီလိုဆိုရင် သပ်သပ်ရပ်ရပ်နဲ့ မိမိ အိမ်တွင်းကို လှပစေမှာ ဖြစ်ပါတယ်။



ကိုလင်း