တောင်ဒဂုံ မြောက်ဒဂုံမှာ မြေဝယ်မယ်ဆိုရင်


တောင်ဒဂုံ ဒါမှမဟုတ်မြောက်ဒဂုံမှာ မြေဝယ်မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကို အိမ်ခြံမြေအသင်းမှ ပြန်ကြားရေးတာဝန်ခံ၊ ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက အခုလိုပြောပြပေးပါသည်။

တောင်ဒဂုံ ၊မြောက်ဒဂုံက ပါမစ်မြေနဲ့ ဂရန်မြေတွေများပြီး လူလုံးဝ မနေထိုင်သေးတဲ့ အိမ်ရာတွေလည်းရှိပါတယ်။

ဝယ်ယူမယ်ဆိုရင် မြေပုံထဲက လမ်းနာမည်၊ နေရာအကွက် အနေအထားတွေက အပြင်မှာရှိတဲ့ အနေအထားနဲ့ တူမတူဆိုတာကို သေချာကြည့်ရှုပြီးမှသာ ဝယ်ယူသင့်ပါတယ်။

ဝယ်ယူတဲ့အခါမှာလည်း ထောင့်ဖြတ်ဟုတ်မဟုတ် ၊လမ်းဦးတိုက်ဆိုရင်လည်း အပြင်ကအနေအထားနဲ့ မြေပုံထဲကအနေအထား တူညီမှုရှိရဲ့လားဆိုတာ သေချာစစ်ဆေးပြီး အထောက်အထားနဲ့တကွ သေချာစွာ တိုက်ဆိုင်စစ်ဆေးပြီး ဝယ်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝယ်လက်တွေက တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာတာဖြစ်တာကြောင့် ပါမစ်မြေ ဟုတ်မဟုတ်ဆိုတာကို အိုးအိမ်ရုံးမှာ စစ်ဆေးရမှာဖြစ်ပြီး တောင်ဒဂုံမှာ ဝယ်မယ်ဆိုရင် တောင်ဒဂုံက အိုးအိမ်ရုံးမှာ စစ်ဆေးရမှာဖြစ်ပါတယ်။

စရန်ချတော့မယ်ဆိုရင် အထက်ပါအချက်အလက်တွေကို သေချာစစ်ဆေးပြီးမှ စရန်ချသင့်သလို စာချုပ်ပေါ်က တံဆိပ်တုံးမှန်မမှန်ဆိုတာကိုလည်း သေချာစစ်ဆေးသင့်ပါတယ်။

Kumudra