"နှစ်ချိုက်စွာ အိပ်ပျော်ဖို့  အိပ်ခန်းကို ဒီလိုအရောင်တွေ အသုံးပြုမယ်"


အိပ်မောကျစွာ အိပ်စက်နိုင်ဖို့ အတွက် မိမိ အိပ်ခန်းကို ခြယ်သ ဆင်မြန်းထား တဲ့ အရောင်များကလည်း အရေးပါ ပါတယ်။

မိမိ အခန်းနံရံ နဲ့  အခန်းတွင်း ရှိ အသုံးအဆောင် အိပ်ယာခင်းများမှာ သုံးထားတဲ့ အရောင်များဟာ တစ်နေ့ တာ အိပ်စက်မှုကို အထောက်အပံ့ ပေးနိုင်တယ် လို့  သုသေသီတွေ စစ်တမ်းပြုစုချက် အရ သိရပါတယ်။

ဒီတော့ ဘယ်အရောင်တွေက ကောင်းမွန်စွာအိပ်စက်ခြင်းအတွက် အထောက်အကူပြုသလဲ ဆိုတာလေ့လာကြည့်ကြရအောင် ။


အိပ်ပျော်စေဖို့ အရောင်တွေ

အပြာရောင် - နှစ်ချိုက်စွာ နဲ့  အိပ်မောကျစေဖို့ အတွက် အသုံးပြု သင့်ပါတယ်။ အေးချမ်းပြီး စိတ်အပန်းဖြေစေနိုင်တဲ့ အစွမ်း ရှိပါတယ်။

အ၀ါရောင် - အိပ်ပျော်စေဖို့  ဒီအရောင်က အာရုံကြောစနစ်ကို လှုံ့ ဆော် ပေးနိုင်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထောက်အကူပေးပါတယ်။

အစိမ်းရောင် - ပင်ပန်းသမျှကို ပြေပျောက်စေပြီး အမြင်ကို ရှုပ်ထွေး မနေစေတဲ့ အတွက် စိတ်ကြည်လင်ပြီး မကြာခင်မှာပဲ အိပ်ပျော်နိုင်ဖို့  ပံ့ပိုးပေးပါတယ်။



ရှောင်သင့်တဲ့ အရောင်တွေ

အိပ်ပျော်ခြင်းကို အထောက်အကူမပြုဘဲ စိတ်ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့ အရောင်တွေက ခရမ်းရောင် ၊ အညိုရောင် နဲ့  မီးခိုးရောင်တွေ ဖြစ်ပါတယ်။ တစ်နေ့  တာ လှုပ်ရှားထားသမျှ ပင်ပန်းမှုကို ထိုင်းမှိုင်းစေနိုင်တဲ့ အရောင်တွေ ဖြစ်တယ်လို့ လည်း ဆိုထားပြန်ပါသေးတယ်။

ဒီတော့ မိမိ အိပ်ခန်းမှာ အသုံးပြုသင့်တဲ့ အရောင်တွေနဲ့ အသုံးမပြုသင့်တဲ့ အရောင်တွေကို လေ့လာပြီး ကောင်းမွန်စွာ အိပ်စက်မှုများကို ဖန်တီးနိုင်ကြပါစေ။

ကိုလင်း