အိမ်ဥပစာအကြောင်းသိကောင်းစရာ


အောက်ပါတို့သည် အိမ်ဥပစာနှင့်စပ်လျဉ်၍ သိထားသင့်သည့်ဥပဒေပြဋ္ဌာန်းချက်များဖြစ်သည်။
ဥပဒေ။ ၁၉၉၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း)အက်ဥပဒေ။
အက်ဥပဒေ အမှတ် ၅၃/ ၁၉၉၅
ပုဒ်မ ၃။ နှင်ထုတ်သည့်အာဏာ
ပုဒ်မ ၃။ (၁) ဤအက်ဥပဒေ စတင်အာဏာ မတည်မီဖြစ်စေ၊ စတင်အာဏာတင်ပြီးသည့်နောက်ဖြစ်စေ၊ အစိုးရအိမ်ဥပစာ တစ်ခုခုတွင် နေထိုင်ခွင့်ရသူသည်နိုင်ငံတော်အစိုးရသို့တည်းမဟုတ် အခွင့်အာဏာရ အာဏာ ပိုင်၏ ခွင့်ပြုချက်မရဘဲ အဆိုပါအိမ်ဥပစာတစ်ခုလုံး ကိုသို့တည်းမဟုတ် တစ်စိတ်တစ်ပိုင်းကို တစ်ဆင့်ငှားရမ်းသည်ဟုသော်လည်းကောင်း၊ ထိုအိမ်ဥပစာတွင်နေထိုင်ရာ၌ လိုက်နာရမည့်စည်းကမ်းတစ်ခုကို အခြားနည်းဆန့်ကျင်သည်ဟုသော်လည်းကောင်း၊ အစိုးရအာဏာပိုင်က ယူဆလျှင်သို့တည်းမဟုတ် တစ်ဦးတစ် ယောက်သောသူကိုအစိုးရခွင့်ပြုချက်ကို ရုပ်သိမ်းပြီးနောက် ဆက်လက်နေထိုင်လျှက်ရှိသည်ဟုသော်၎င်း၊ အခွင့်အာဏာပိုင်ကယူဆလျှင် အခွင့်အာဏာပိုင်သည် ထိုအိမ်ဥပစာတစ်ခုလုံးတွင် ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းတွင်ဖြစ်စေ၊ နေထိုင်သည့်ထိုသူထံ သို့တည်းမဟုတ် အခြားသူတစ်ဦးတစ်ယောက်ထံ စာပို့တိုက်မှသော်၎င်း၊ အခြားနည်းဖြင့်သော်၎င်း၊ ချအပ်သောနို့တစ်စာဖြင့် ထိုနို့တစ်စာရသည့် နေ့မှတစ်ဆယ့်ငါးရက်အတွင်း ထိုအိမ်ဥပစာတစ်ခုလုံးမှ သို့တည်းမဟုတ်တစ်စိတ်တစ်ပိုင်းမှထွက်ခွါသွားရသည် ဟုအမိန့်ထုတ်ဆင့်နိုင်သည်။
(၂) မည်သူမဆို ပုဒ်မခွဲ (၁)အရ ထုတ်ဆင့်သော်အမိန့်ကိုလိုက်နာရန် ပျက်ကွက်လျှင် သို့တည်းမဟုတ် ငြင်းဆိုလျှင် ထိုသူအားအခွင့်အာဏာပိုင်က အဆိုပါအိမ်ဥပစာမှ ဖယ်ရှား၍ အိမ်ဥပစာကိုသိမ်းယူနိုင်သည်။ ထိုသို့ဖယ်ရှားရာတွင် သင့်တော်လိုအပ်သည့် အနိုင်အထက်ပြုမှုဖြင့် ဖယ်ရှားနိုင်သည်။

ဦးကျော်ဇေယျ