သီလ၀ါ အထူးစီးပွားရေးဇုန် မြေဈေးနှုန်းအား ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကာ မများလွန်း၊ မနည်းလွန်းသည့်ဈေး သတ်မှတ်ရန် ဂျပန်အစိုးရနှင့် MJTD Developer က တစ်စတုရန်းမီတာလျှင် ဒေါ်လာ ၆၅-၇၀ နှုန်းသတ်မှတ်ရန် အဆိုပြုထား



သီလဝါ အထူးစီးပွားရေးဇုန် မြေဈေးနှုန်းအား ဒေသတွင်းအခြား နိုင်ငံများနှင့် နှိုင်းယှဉ်ကာ မများလွန်း၊ မနည်းလွန်းသည့်ဈေးနှုန်း သတ်မှတ်နိုင်ရန် ဂျပန်နိုင်ငံ အစိုးရနှင့် MJTD Developer က တစ်စတုရန်းမီတာလျှင် ဒေါ်လာ ၆၅-၇ဝ နှုန်း သတ်မှတ်ရန် အဆိုပြုထားကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ ဇွန် ၂၉ ရက်က သတင်းရရှိသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက်မြှုပ်နှံမည့် Developer အတွက် မြေငှားခနှုန်းထားအား ၅ ဒေါ်လာ/စကွဲယား မီတာနှုန်းဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားပြီး Developer မှတစ်ဆင့် Invester ထံသို့ ထပ်ဆင့်မြေငှားခနှင့် ပတ်သက်၍ တင်ပြမည်ဖြစ်သည်။ Developer အနေဖြင့် အစိုးရထံမှ မြေငှားခနှင့် တည်ဆောက်မှုစရိတ်ပေါင်း ၃၇ ဒသမ ၆ ဒေါ်လာ/စကွဲယားမီတာ ရှိနေသဖြင့် သီလဝါ အထူးစီးပွားရေးဇုန် မြေဈေးနှုန်းအား ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကာ မများလွန်း၊ မနည်းလွန်းသည့်ဈေးနှုန်း သတ်မှတ်နိုင်ရန် ဂျပန်နိုင်ငံ အစိုးရနှင့် MJTD Developer က တစ်စတုရန်းမီတာလျှင် ဒေါ်လာ ၆၅-၇ဝ နှုန်း သတ်မှတ်ရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ သတင်းရရှိသည်။

သီလဝါ အထူးစီးပွားရေးဇုန်နှင့် အနီးပတ်လည်တွင် လက်ရှိပြင်ပ ပေါက်ဈေးနှုန်းမှာ တစ်ဧကလျှင် အနိမ့်ဆုံး ကျပ်သိန်း ၃ဝဝဝ ကျော်အထိ ရှိနေပြီး ရန်ကုန်မြို့ရှိ အအောင်မြင်ဆုံး စက်မှုဇုန်များဖြစ်သည့် လှိုင်သာယာစက်မှုဇုန်တွင် မြေတစ်ဧကလျှင် ကျပ်သိန်းတစ်သောင်းခန့်အထိ ခေါ်ဈေးရှိနေသည်။ အမေရိကန်နိုင်ငံ နယူးယောမြို့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့၏ မြို့လယ်မြေဈေးနှုန်းများထက် ပိုမိုကြီးမြင့်နေသည့် ရန်ကုန်မြို့၏ မြေတစ်ပေပတ်လည် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီလဝါ အထူးစီးပွားရေးဇုန်အတွက် လက်တလော အဆိုပြုထားသည့် ဈေးနှုန်းမှာ သင့်လျော်သော နှုန်းထားဖြစ်နေကြောင်း သိရသည်။

ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု များပြားနေသည့် သီလဝါ အထူးစီးပွားရေးဇုန်တွင် ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေး ဇုန်များကို သီးခြားစီခွဲခြားထားသည့် ပုံစံဖြင့် တည်ဆောက်မည်မဟုတ်ဘဲ ရောထွေးတည်ရှိသည့် ပုံစံဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် အားလုံးနှင့် သက်ဆိုင်ပြီး နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအား ဝင်ငွေခွန်ကင်းလွတ်ခွင့် အမြင့်ဆုံး ခုနစ်နှစ်နှင့် ရင်းနှီးတည်ဆောက်သူများအား ဝင်ငွေခွန် ရှစ်နှစ်အထိ ကင်းလွတ်ခွင့်ပေးထားသည့် အချက်များ ပါဝင်သော မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအား ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဇန်နဝါရီ ၂၅ ရက်က ဖော်ပြခဲ့သည်။

အဆိုပါ ဥပဒေအရ အထူးစီးပွားရေး ဇုန်များတွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ကင်းလွတ်ဇုန်အတွင်း လုပ်ကိုင်ပါက စီးပွားဖြစ် လည်ပတ်သည့် ပထမနေ့မှ ဝင်ငွေခွန် ခုနစ်နှစ်အထိ ကင်းလွတ်ခြင်း၊ ရင်းနှီးတည်ဆောက်သူများအတွက် ရှစ်နှစ်အထိ ကင်းလွတ်ခွင့်ပြုခြင်း၊ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်း ဆိုပါက ဒုတိယငါးနှစ်အတွက် ဝင်ငွေခွန် ရာခိုင်နှုန်း ၅ဝ သက်သာခြင်းနှင့် ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေး ဇုန်များတွင် အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရန် သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ပြန်လည်မြှုပ်နှံပါက မြှုပ်နှံသည့် မြတ်စွန်းငွေအပေါ် ရာခိုင်နှုန်း ၅ဝ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုကြောင်း အခန်း ၈ ပုဒ်မ ၃၂ တွင် ပြဌာန်းထားသည်။

Eleven Media

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်တိုင်းဒေသကြီး၌ ၀န်ကြီးဌာနများမှ အကောင်အထည်ဖော်မည့် တန်ဖိုးနည်း တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများစွာ ရှိနေပြီး ပွင့်လင်းမြင်သာစွာ ရောင်းချပေးမည်ဟု ဆို



ရန်ကုန်တိုင်းဒေသကြီးအတွင်း ၀န်ကြီးဌာန အသီးသီးမှ အကောင်အထည်ဖော်မည့် တန်ဖိုးနည်း တန်ဖိုးမျှတအိမ်ရာ စီမံကိန်း များစွာရှိနေပြီး ယင်းအိမ်ရာများကို အများပြည်သူသို့ ပွင့်လင်းမြင်သာမှုရှိစွာ ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ၀န်ကြီးဌာန အချို့မှ အကောင်အထည်ဖော်မည့် တန်ဖိုးနည်း၊ တန်ဖိုးမျှတ စီမံကိန်းများရှိနေရာ ယင်းစီမံကိန်းများမှ အိမ်ခန်းပေါင်းများစွာ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ ယင်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲခွင့် ရရှိမည်ဖြစ်ရာ အဆိုပါ အိမ်ခန်းမျာကို ယခု ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာများကို မဲနှိုက်ရောင်းချပေးသကဲ့သို့ အများပြည်သူ ရှေ့မှောက်တွင် မဲနှိုက်ရွေးချယ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“၀န်ကြီးဌာနကတွေ လုပ်ဖို့စီစဉ်နေတဲ့ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတွေ အများကြီး ရှိပါတယ်။ အဲဒီစီမံကိန်းတွေက အိမ်ရာတွေကို အများပြည်သူရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်ဆောက်လုပ်နေသည့် အိမ်ခန်းပေါင်း ၄၀၀ ကျော်စီ ပါဝင်သည့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာနှင့် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာများရှိ အခန်းများကို အငြိမ်းစားဝန်ထမ်း၊ အများပြည်သူ၊ ကုမ္ပဏီနှင့် အသင်းအဖွဲ့များ စသည်ဖြင့် အသုတ်များခွဲ၍ မဲနှိုက်ပေးခဲ့ပြီးဖြစ်ပြီး ကျန်ရှိနေသူများကိုလည်း ဆက်လက်မဲနှိုက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများမှ အခန်းများမှာ အနည်းဆုံး ကျပ် ၂၃၇ သိန်းအထိ ရှိသော်လည်း ယင်းတိုက်ခန်း အိမ်ရာများကို ၀ယ်ယူလိုကြောင်း လျှောက်ထားသူ များပြားခဲ့သည်ဟု ဆိုသည်။

အိမ်ရာဈေးနှုန်းများ ကြီးမြင့်မှုကြောင့် ၀င်ငွေနည်း အခြေခံလူတန်းစားများအတွက် ၀င်ငွေအဆင့်အတန်းနှင့် လျော်ညီသည့် အိမ်ရာများကို အများအပြား ဖော်ဆောင်ပေးမည်ဟု ဆိုထားသော်လည်း လက်ရှိရန်ကုန်မြို့မှ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများ စီမံကိန်းများမှာ အခြေခံလူတန်စားပြည်သူများနှင့် များစွာဝေးကွာနေသေးကြောင်း သိရသည်။

လက်ငင်းငွေချေးစနစ်အပြင် အရစ်ကျဖြင့် ၀ယ်ယူခွင့်ရရှိသည့် ဈေးနှုန်းမျာမှာလည်း ဘဏ်တိုးထည့်သွင်းထား၍ များပြားနေကြောင်း၊ တစ်လလျှင် ကျပ်လေး၊ ငါးသောင်းကို နှစ်ရှည် နှစ် ၃၀ အထိသွင်း၍ ရောင်းချပေးမည့် စီမံကိန်းများ လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု ထောက်ပြမှုများလည်း ရှိနေသည်။

Eleven Media

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ ၀ယ်ယူခွင့်လျှောက်ထားသူ ၅၇၀၀ ကျော်အနက် အခန်း ၃၅၀ ဒုတိယအကြိမ်မဲနှိုက်



ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာ ၀ယ်ယူခွင့်လျှောက်ထားသူအချို့ မဲနှိုက်နေသည်ကို တွေ့ရစဉ်

ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၂ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းရှိ ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာစီမံကိန်းရှိ အိမ်ရာများ ဒုတိယအကြိမ် မဲနှိုက်ပေးမှုကို ဇွန်၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင်ပြုလုပ်ခဲ့သည်။      

ယခုဒုတိယအကြိမ်မဲနှိုက်မှုမှာ အများပြည်သူ၊ အငြိမ်းစားဝန်ထမ်းနှင့် အသင်းအဖွဲ့များမှ ၀ယ်ယူခွင့်လျှောက်ထားသူ ၅၇၀၀ ကျော်ရှိခဲ့ပြီး တိုက်ခန်းပေါင်း ၃၅၀ ကို မဲနှိုက်ပေးခဲ့ခြင်းဖြစ်သည်။ ယခုလိုမဲနှိုက်မှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများမှ မဲနှိုက်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ မဲနှိုက်မှုအတွက် လွဲမှားမှုတစ်စုံတစ်ရာရှိပါကလည်း သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီမှ ပြန်လည်စိစစ်ပေးသွားမည်ဖြစ်ကြောင်း မဲနှိုက်မှုတွင်ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေ၀င်းအောင်ကဆိုသည်။      

"ဒီနေ့ကတော့ အများပြည်သူ၊ အငြိမ်းစားဝန်ထမ်း၊ အသင်းအဖွဲ့တွေအတွက် တိုက်ခန်းပေါင်း ၃၅၀ ကို မဲနှိုက်ပေးတာဖြစ်ပါတယ်။ ပေါက်တဲ့လျှောက်လွှာတွေကို တိုင်းဒေသကြီးလွှတ်တော်ကိုတင်ပြကာ တိုင်းဒေသကြီးလွှတ်တော်ကအတည်ပြုပြီး စည်ပင်သာယာကိုပေးမယ်။ စည်ပင်သာယာက စာရင်းထုတ်ပြန်မယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေ၀င်းအောင်က ပြောကြားသည်။  

ယခုမဲနှိုက်မှုမှ ၀ယ်ယူခွင့်ရရှိသူများစာရင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးရုံးတွင် မကြာမီထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။      

"လျှောက်လွှာပုံစံတွေကို ထုတ်ယူပြီးတော့ လက်ရေးမူနဲ့ ဖောင်ဖြည့်ရတယ်။ အဲဒီမှာနှစ်ခုရှိတယ်။ ဘဏ်ချေးငွေနဲ့ဝယ်မလား၊ အရစ်ကျနဲ့ဝယ်မလား။ အန်တီကတော့ အရစ်ကျနဲ့ပဲဝယ်ယူဖို့ စာရင်းပေးခဲ့တယ်" ဟု တိုက်ခန်းဝယ်ယူခွင့်လျှောက်ထားသူ စည်ပင်ဈေးများဌာန၊ အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက ပြောကြားသည်။  

ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာတွင် တိုက်ခန်းပေါင်း ၆၀၀ ကျော်ပါဝင်မည်ဖြစ်ပြီး တိုက်ခန်းအမှတ် ယူ ၉၀၀ နှင့် ယူ ၆၀၀ ဟု အမျိုးအစားခွဲခြားထားသည်ဟု သိရသည်။ ယူ ၉၀၀ အမျိုးအစား၌ တိုက်အေနှင့် တိုက်ဘီဟု ခွဲခြားထားပြီး တိုက်အေမှာ အကျယ်အ၀န်း ၉၂၇ စတုရန်းပေရှိပြီး ဈေးနှုန်းကို ငွေကျပ် ၃၄၇ သိန်းသတ်မှတ်ထားကာ တိုက်ဘီအကျယ်အ၀န်းမှာ ၈၈၇ စတုရန်းပေရှိပြီး ဈေးနှုန်းမှာ ငွေကျပ် ၃၂၉ သိန်း သတ်မှတ်ထားသည်။      

ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာစီမံကိန်းတိုက်ခန်းများ မဲနှိုက်ပေးမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် မဲနှိုက်ပေးမှုကို ပြီးခဲ့သည့်ဇွန် ၇ ရက်က ပြုလုပ်ခဲ့ကာ လုပ်သက် ၂၀ နှစ်နှင့်အထက် ၀န်ထမ်းများကို မဲနှိုက်ပေးခဲ့ခြင်းဖြစ်သည်။  

EMG

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အိုးအိမ်မှ တန်ဖိုးနည်း အိမ်ရာများအား မဲစနစ်ဖြင့်သာ ရောင်းချမည်

မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရောင်းချပေးသည့် တန်ဖိုးနည်း အိမ်ရာများအား ဦးရာလူစနစ် မဟုတ်ဘဲ မဲနှိုက် စနစ်ဖြင့်သာ ရောင်းချ ပေးမည် ဖြစ်သည်။ အဆိုပါ အိမ်ရာ လျှောက်ထား သူများ အားလုံးတန်း တူညီမျှ အခွင့်အရေး ရရှိရန် အများ ပြည်သူရှေ့တွင် မဲနှိုက်ကာ ရောင်းချ ပေးမည် ဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ရွှေလင်ပန်း အိမ်ရာ ၀ယ်ယူရန် ယခုလ နောက်ဆုံး လျှောက်လွှာတင် ရမည် ဖြစ်ပြီး ယင်းအိမ်ရာ ရောင်းချ ပြီးပါက ကျန်စစ်မင်း အိမ်ရာ၊ ဧရာဝဏ် အိမ်ရာနှင့် ရတနာ အိမ်ရာ စသည် တို့ကိုလည်း မဲစနစ်ဖြင့်သာ ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်း အိမ်ရာများမှ အခန်းများ ၀ယ်ယူရန် လျှောက်ထားသူများသည် နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင် ထားသူ၊ အစိုးရ ၀န်ထမ်း ဆိုပါက လုပ်သက်နှစ် (၂၀)ရှိ ရမည် ဖြစ်ပြီး၊ ကုမ္ပဏီဝန်ထမ်းများ ဖြစ်ပါက အသက် (၂၅) နှစ်ထက် မငယ်သူဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

မဲနှိုက်ပြီး ရောင်းချပေးမယ် ဆိုတော့ ပိုပြီး သင့်လျော်ပါတယ်။ ဒီလို မဟုတ်ရင်တော့ အရင်လျှောက်တဲ့သူကပဲ ရမယ်ဆိုတာ သိပ်ပြီး ပွင့်လင်းမြင်သာမှု မရှိသလိုပဲ ဟု လုပ်သက် သုံးနှစ်ကျော် ရှိသည့် ကုမ္ပဏီဝန်ထမ်း ဒေါ်အေးအေးမူ က ဆိုသည်။ တန်ဖိုးနည်း အိမ်ရာရှိ အခန်းဈေးနှုန်းမှာ ကျပ်သိန်း (၁၁၀) မှ ကျပ်သိန်း (၁၂၀) ခန့် ဖြစ်ပြီး လျှောက်ထားသူများမှာ လစဉ်ဝင်ငွေ ကျပ် သုံးသိန်း အထက် ရရှိသူများ ဖြစ်ရန် လိုအပ်ကြောင်း မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန မှ သိရသည်။

Messenger News Journal

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အိမ်၊ခြံ၊မြေ ငှားရမ်းခွန် ပေးဆောင်ခြင်းရှိမရှိ ဩဂုတ်လအတွင်းစစ်ဆေးမည်

သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ထံသို့ ဆက်သွယ်ကာ အိမ်၊ ခြံ၊ မြေ ငှားရမ်းခြင်း ဆိုင်ရာ အခွန်ပေးဆောင်ခြင်း ရှိမရှိနှင့်ပတ် သက်၍ ဩဂုတ်လမှ စတင်ကာပြည် တွင်း အခွန်များဦးစီးဌာနမှ တာဝန် ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေး သွားမည် ဖြစ်ကြောင်း အဆိုပါဦး စီးဌာနမှ သိရှိရသည်။

အိမ်၊ ခြံ၊ မြေ၊ ဆိုင်၊ ဂိုဒေါင်၊ စက် ရုံ၊ အဆောက်အအုံ၊ ငှားရမ်းခြင်းဖြင့် ဝင်ငွေရရှိမှု ကို စိစစ်နိုင်ရန် ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ စာရင်းကောက်ခံ သွားမည်ဖြစ်သော ကြောင့် အခွန်ရုံးသို့ ဆက်သွယ်ခြင်း မရှိသူများအနေဖြင့် အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ ၊ အဆောက်အအုံငှားရမ်းခြင်း ဖြင့် ရရှိလာသည့် ဝင်ငွေများမှာ အခွန်ဥပဒေအရ အခွန်စည်းကြပ် မည့် ဝင်ငွေအမျိုးအစားဖြစ်သည့် အတွက် အဆိုပါလုပ်ငန်းများဖြင့် ဝင်ငွေရရှိသူများသည် ငှားရမ်းသည့် အဆောက်အအုံ ၊ မြေတည်ရှိရာ လိပ်စာ ၊ ပိုင်ရှင်၊ တယ်လီဖုန်း၊ ငှားရမ်း သူအမည်၊ ကာလစသည့် အချက် အလက်များကို သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနများသို့ ပေးပို့ထား ရန် ထုတ်ပြန် ကြေညာထားခြင်းဖြစ် သည်။

''ကိုယ့်ဝင်ငွေက သိန်း၂ဝမကျော် လဲ အခွန်ရုံးကို ဆက်သွယ်ရမယ်။ မကျော်ဘူးဆိုပြီး မဆက်သွယ်လို့ တော့ မရဘူး။ အဓိက အခွန်ရုံးကို ဆက်သွယ်သတင်း ပို့ရမှာပါ။ သိန်း ၂၀ မကျော်ရင် သုညရာခိုင်နှုန်းသက် သာခွင့် ပေးထားတာပဲ၊ စာရင်းမပေး တဲ့သူတွေကို ကွင်းဆင်းစစ်ဆေးသွား မှာပါ'' ဟု ပြည်တွင်းအခွန်များဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင် ငံ၌ ပထမဆုံးပြဋ္ဌာန်းထားသည့် ပြည်ထောင်စုအခွန် အကောက် ဆိုင်ရာ ဥပဒေတွင် ဝင်ငွေခွန်ကို သတ်မှတ်ထားသော ခံစားခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် တွင် တစ်ကျပ်မှ သိန်း၂ဝအထိကို သုည ရာခိုင်နှုန်း၊ ကျပ်သိန်း ၂၀ မှ သိန်း ၅ဝအထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅ဝမှ သိန်း ၁၀ဝအထိကို ၁ဝရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀ဝမှ သိန်း ၂၀ဝအထိကို ၁၅ရာခိုင်နှုန်း၊ ကျပ်သိန်း ၂၀ဝမှ သိန်း ၃၀ဝအထိ ကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း၃၀၀ အထက်ကို ၂၅ရာခိုင်နှုန်း ပေး ဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ရန်ကုန်မြို့တွင်း အိမ်ခြံမြေ ဈေးကွက်သည် အငှားဘက်တွင် အလုပ်ဖြစ်လျက်ရှိပြီး အိမ်ခြံမြေ ငှားရမ်းမှု ၈၀ ရာခိုင်နှုန်းသည် အခွန်ထမ်းဆောင်မှု နည်းပါးလျက်ရှိ ကြောင်း၊ အခွန်စည်းကြပ်ရန် သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံး၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး အဖွဲ့နှင့် အခွန် ရုံးတို့က ပူးပေါင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အခုလို လုပ်လိုက်ရင်ကောင်း တာကတော့ လက်ရှိ မြင့်နေတဲ့ အငှားဈေးနှုန်းတွေ ကို အများကြီး မဟုတ်ရင်တောင် အနည်း ငယ်တော့ ထိန်းချုပ်နိုင်သွား တာပေါ့၊ ဘာကြောင့် လဲဆို အိမ်ငှားခ ဈေးတက် တိုင်း ဆောင်ရ တဲ့ အခွန်အခက တက်လာ မှာလေ၊ အထူး သဖြင့် ရွှေတောင် ကြား လမ်း လိုမျိုး၊ အင်းလျားလမ်းမှာမျိုး ကုမ္ပဏီတွေ အတွက် ငှားတဲ့ အိမ်တွေ ပေါ့ ၊ အောက်ခြေမှာတော့ သိပ် သိသာဦးမှာ မဟုတ်သေး ဘူး''ဟု ရွှေမင်္ဂလာ အိမ်ခြံမြေ အကျိုးဆောင် မှ ဦးထွန်းမြိုင်က ပြောသည်။

လက်ရှိ အခွန်ကောက်ခံမှု သည် ရန်ကုန်မြို့၏ နိုင်ငံခြားငွေဖြင့် ငှားရမ်းထားသည့် အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အုံများကို လည်း ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်းဖြင့်တွက်ချက်၍ အခွန်ကောက် ယူသွားမည် ဖြစ်သည်။

--Democracy today Daily Newspaper-

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်တိရစ္ဆာန်ရုံအနီးရှိ တပ်ပိုင်မြေ ၂၂ ဧကပေါ်တွင် ရုံးခန်း၊ အိမ်ခန်း၊ ဆိုင်ခန်း၊ ဟိုတယ်များပါဝင်မည့် Dagon City 1 ဘက်စုံသုံး လူနေရပ်ဝန်းကြီး တည်ဆောက်မည်


Dagon City 1 တည်ဆောက်ရေးလုပ်ငန်းခွင်အား ဇွန် ၂၃ ရက်က တွေ့ရစဉ်

ရန်ကုန်မြို့၏ အချက်အချာအကျဆုံး နေရာတစ်ခုဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ရုံအနီးရှိ တပ်ပိုင်မြေ ၂၂ ဧကပေါ်တွင် အဆင့်မြင့်ရုံးခန်းများ၊ လူနေအိမ်ခန်းများ၊ နာမည်ရှိအမှတ်တံဆိပ်များ၏ ဆိုင်ခန်းများ၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ပါဝင်မည့် Dagon City 1 ဘက်စုံသုံးလူနေရပ်ဝန်းကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ Dagon City 1 စီမံကိန်းကို ဟောင်ကောင်၊ ကိုရီးယား၊ အင်္ဂလန်တို့မှ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများပါဝင်သော Marga Group နှင့် မြန်မာနိုင်ငံမှ သုခရတနာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော စီမံကိန်းဖြစ်သည်။

စီမံကိန်းတည်ရှိရာနေရာမှာ ယခင်မော်တော်ယာဉ်တပ်မှ လူနေလိုင်းခန်းများတည်ရှိရာ ဦးထောင်ဘိုအ၀ိုင်းတွင်ရှိပြီး ရွှေတိဂုံစေတီ၊ ရန်ကုန်တိရစ္ဆာန်ရုံတို့နှင့် မနီးမဝေးတွင်တည်ရှိသဖြင့် ရန်ကုန်မြို့၏ အချက်အချာအကျဆုံးနေရာတွင် ပါဝင်လျက်ရှိသည်။

Dagon City 1 စီမံကိန်းတွင် စတုရန်း ပေ ၆၀၀ ကျော်မှ ၂၀၀၀ ကျော်ရှိ ပုံစံမျိုးစုံ  ရှစ်ထပ်လူနေအဆောက်အအုံများ၊ Pent-houses များ ပါဝင်မည်ဖြစ်ပြီး ဖျော်ဖြေရေးနှင့် အပန်းဖြေရေးတို့အတွက် အားကစားစင်တာ၊ ရေကူးကန်၊ စားသောက်ဆိုင်နှင့် Indoor Golf တို့ပါဝင်မည်ဟု သိရသည်။

"Dagon City 1 ဆောက်လုပ်ရေးကြောင့် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်ပေါင်း ၅၀၀၀ ကျော်ဖန်တီးပေးပြီး ကမ္ဘာလှည့်ခရီးသွားမြှင့်တင်ပေးနိုင်ခြင်း၊ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းတွေ ၀င်ငွေတိုးပွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးပွားလာခြင်း၊ ပြည်တွင်းစီးပွားရေးကို အထောက်အကူပေးခြင်း စတဲ့ရလဒ်တွေရရှိဖို့ မျှော်လင့်ထားပါတယ်" ဟု Marga ၏ ဒါရိုက်တာ မစ္စတာဂျွန်ဘားနက်စ်ကဆိုသည်။

အဆိုပါစီမံကိန်းတွင် ပါဝင်မည့် အဆောက်အအုံများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံအမြင့် သတ်မှတ်ချက်စည်းမျဉ်းအရ ရှစ်ထပ်အဆောက်အအုံများကိုသာ ဆောက်လုပ်သွားမည်ဟုဆိုသည်။

အဆောက်အအုံစီမံကိန်းကို BOT စနစ်ဖြင့်သာ ဆောက်လုပ်မည်ဖြစ်သော်လည်း အာမခံချက်ရှိမည်ဟု Marga မှ တာဝန်ရှိသူများက ပြောကြားသည်။

Dagon City 1 စီမံကိန်းအတွက် တင်ပြထားသော ရင်းနှီးမြှုပ်နှံငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြစ်ပြီး Marga Group မှ ရာခိုင်နှုန်း ၇၀ နှင့် ပါတနာကုမ္ပဏီဖြစ်သည့် သုခရတနာမှ ရာခိုင်နှုန်း ၃၀ ပိုင်ဆိုင်သွားမည်ဖြစ်သည်။

စီမံကိန်းတွင်ပါဝင်မည့် လူနေတိုက်ခန်းပေါင်းနှင့် ဈေးနှုန်းများကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

Dagon City 1 ၏ ပထမဆင့်အနေဖြင့် Residential Towers 1 မှ 4 ကို ၂၀၁၄ ခုနှစ် အကုန်တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်မြို့တွင် အထပ် ၂၀ နှင့်အထက် အဆောက်အအုံ ၂၄ လုံး၊ အထပ် ၃၀ နှင့်အထက် ၃ လုံး ဆောက်လုပ်ခွင့်ပြု


ရန်ကုန်မြို့တွင် အထပ် ၂၀ နှင့်အထက် အဆောက်အအုံ ၂၄ လုံး နှင့် အထပ် ၃၀ နှင့်အထက် အဆောက်အအုံ ၃ လုံး ဆောက်လုပ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေးကော်မတီမှ သိရသည်။

ဆောက်လုပ်ခွင့်ပြုခဲ့သည့် အထပ် ၂၀ နှင့်အထက် အဆောက်အအုံ ၂၄ လုံးမှာ အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေမြို့နယ်တွင် အထပ် ၂၀ တစ်လုံး၊ အင်းစိန်လမ်း လှိုင်မြို့နယ်တွင် ၂၁ ထပ်သုံးလုံး၊ သစ်တောရပ်ကွက် ကမ်းနားလမ်းတွင် ၂၂ ထပ်တစ်လုံး၊ ကမ်းနားလမ်းပေါ် အလုံမြို့နယ်တွင် ၂၇ ထပ်တစ်လုံး၊ ယခင်စက်မှု (၁) ၀င်းအတွင်း ၂၈ ထပ်နှင့် ၂၃ ထပ် တစ်လုံးစီ၊ ပေါ်ဆန်းမွှေးလမ်း သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၈ ထပ်တစ်လုံး၊ တပ်မတော်ပိုင် ဆင်ဖြူရှင်ရိပ်သာ ပြည်လမ်းပေါ်တွင် ၂၉ ထပ်တစ်လုံး၊ ကမ္ဘာအေးစေတီလမ်းနှင့် ဆရာစံလမ်းထောင့်တွင် ၂၇ ထပ်တစ်လုံး၊ ကမ်းနားလမ်း အလုံမြို့နယ်၌ပင် ၂၁ ထပ်တစ်လုံး၊ ရန်ကုန်-အင်းစိန် လမ်းပေါ်တွင် ၂၇ ထပ်နှင့် ၂၁ ထပ် တစ်လုံးစီ၊ ဆရာစံရပ်ကွက် ဆရာစံလမ်းတွင် အထပ် ၂၀ တစ်လုံး၊ မင်းရဲကျော်စွာလမ်း အလုံမြို့နယ်တွင် ၂၄ ထပ်ခွဲ တစ်လုံး၊ လှိုင်မြို့နယ် ပြည်လမ်းတွင် ၂၆ ထပ်ခွဲ တစ်လုံး၊ ဆရာစံလမ်း၌ပင် ၂၅ ထပ် တစ်လုံး၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် ၂၅ ထပ် နှစ်လုံး၊ ဗဟိုလမ်း အလုံမြို့နယ်တွင် ၂၁ ထပ်နှင့် ၂၂ ထပ် တစ်လုံးစီ၊ ရန်ကုန်-အင်စိန်လမ်း၌ပင် ၂၁ ထပ် တစ်လုံးနှင့် ပြည်လမ်း မရမ်းကုန်းမြို့နယ်တွင် ၂၈ ထပ်တစ်လုံးတို့ဖြစ်ကြောင်း သတင်းရရှိသည်။

အထပ် ၃၀ နှင့်အထက် အဆောက်အအုံ သုံးလုံးမှာ ကမ္ဘာအေးစေတီ လမ်းပေါ်တွင် အထပ် ၃၀ တစ်လုံး၊ ဖိုးစိန်လမ်းတွင် ၃၁ ထပ်တစ်လုံးနှင့် ရန်ကုန်-အင်းစိန်လမ်းတွင် ၃၁ ထပ်တစ်လုံးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံများအား ကားပါကင် အလုံအလောက် ထည့်သွင်းရမည်ဖြစ်ပြီး ထည့်သွင်းခြင်း ရှိမရှိ အဆောက်အအုံ တည်ဆောက်ပြီးသည့်အခါ မူလရေးဆွဲထားသည့် ကားပါကင် အကျယ်အ၀န်းနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးအတည်ပြုပြီးမှ လူနေထိုင်ခွင့်ပါမစ် ထုတ်ပေးမည်ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့၏ အနာဂတ်အဆိုပြု မြေအသုံးချမှုတွင် တစ်မြို့လုံး ဧရိယာ၏ ရာခိုင်နှုန်း ၇၀ တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုရန် လျာထားသည်။

EMG
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အိမ်မြေ၊ ဂိုဒေါင်၊ ဆိုင်ခန်းငှားရမ်းမှု အခွန်နှစ် ထပ်မဖြစ်စေရန် သက်သာခွင့်ပေးထားဟုဆို

ယူနီဆက်က ရန်ကုန် ရုံးချုပ်အတွက် တစ်လကျပ်သိန်းရှစ်ရာဝန်းကျင်တန် ခြံမြေငှားရမ်း မှု ပြုလုပ်ခဲ့ပြီးနောက် အဆောက် အအုံ ငှားရမ်းမှုအပေါ် ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်စနစ်တကျ ကောက်ခံရန် စီစဉ်လာခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားလာသည်။

အိမ်မြေ၊ ဂိုဒေါင်၊ ဆိုင်ခန်းများ အပါအ၀င် အဆောက်အအုံများ ငှားရမ်းမှုအခွန် ကောက်ခံရာတွင် အများပြည်သူများစိုရိမ်နေသော အခွန်နှစ်ထပ်မဖြစ်စေရန်သက်သာခွင့်များစွာ ပေးထားကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ဒီအခွန်က ၁၉၇၄ခုနှစ်က ပြဋ္ဌာန်းထားတယ်။ ဥပဒေမှာက တည်းက ပါပြီိးသားပါ။ အခုဥပဒေ သစ်ကြမှ ကောက်တာမဟုတ်ပါ ဘူး’’ဟုအဆိုပါဌာနမှဒုတိယညွှန် ကြားရေးမှူး ဦးကျော်ကျော်က ပြောသည်။

အဆောက်အအုံများ ငှား ရမ်းမှုအခွန်ကောက်ခံရာတွင်ဖြေ လျှော့မှုများအနေဖြင့် စည်ပင်ခွန်၊ ပွဲစားခ၊ရေခွန်၊ မီးခွန်၊ အိမ်မွမ်းမံ စရိတ်စသည်တို့ကို သက်သာခွင့် ပြုမည်ဖြစ်သည်။ ထို့အပြင်အခြေ ခံသက်သာခွင့် ၂၀ရာခိုင်နှုန်း လည်း အိမ်ငှားခမှရသောဝင်ငွေ တွင်အကျုံးဝင်သည်။

ထို့အပြင် တစ်ဦးချင်းထမ်း ဆောင်ရသည့် ၀င်ငွေခွန်မှာကဲ့သို့ ပင် အိမ်ထောင်ဖက်မှီခိုဖြစ်ပါက တစ်နှစ်လျှင် ကျပ်ငါးသိန်း၊ သားသမီးတစ်ဦးလျှင် ကျပ်သုံးသိန်းသက်သာခွင့်များပါဝင်သည်။

သို့သော် ကုမ္ပဏီများ လုပ် ငန်းအတွက်ငှားရမ်းမှုမျိုးမှာသက် သာခွင့်များမရှိဘဲ ၂၅ရာခိုင်နှုန်း ထမ်းဆောင်ရမည်ဖြစ်သည်။

အဆောက်အအုံ ငှားရမ်းခ အခွန်မှာ ၀င်ငွေခွန်အမျိုးအစား တွင်ပါဝင်ပြီး တစ်နှစ်လျှင်ကျပ် သိန်း ၂၀အထက် ၀င်ငွေရှိလျှင် အခွန် ၅ရာခိုင်နှုန်းထမ်းဆောင်ရ မည်ဖြစ်သည်။ သို့သော်သက်သာ ခွင့်များစွာကိုလည်း ငှားရမ်းသူက ခံစားခွင့်ပေးထားကြောင်း ပြည် တွင်းအခွန်ဦးစီးဌာနမှ စုံစမ်းသိရ သည်။

အဆောက်အအုံ ငှားရမ်းမှု အခွန်များမှာ ၀င်ငွေခွန်၏ ခေါင်းစဉ်အောက်တွင် ပါဝင်သဖြင့် သက်သာခွင့်များ ဖယ်ရှားပြီး တစ်နှစ်အဆောက်အအုံ ငှားရမ်းမှုမှ ၀င်ငွေ ကျပ်သိန်းနှစ်ဆယ် အထက်မှ သိန်းငါးဆယ်ကြားကို အခွန် ၅ရာခိုင်နှုန်း၊ သိန်းငါးဆယ်မှ သိန်းတစ်ရာကြားကို အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ရာမှ နှစ်ရာကြားကို အခွန် ၁၅ ရာခိုင်နှုန်း၊ကျပ်သိန်းနှစ်ရာမှ သုံးရာကြား ကို အခွန် ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးရာနှင့် အထက်ကို အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

‘‘အိမ်လခဈေးကြီး၊ အထွေ ထွေကုန်ဈေးနှုန်းက မကျနဲ့ ပြည် သူတွေ ၀န်ထုပ်ဝန်ပိုးဖြစ်မှာစိုးရ တယ်’’ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းရှင်အသင်းဒုတိယဥက္ကဋ္ဌဦးသန်းဦးက ပြော သည်။

အဆောက်အအုံများ ငှား ရမ်းမှုနှင့် ပတ်သက်၍ အခွန်စနစ် မှာ ၁၉၇၄ခုနှစ်မှစတင်ခဲ့သော် လည်း အိမ်မြေအဆောက်အအုံ များ ငှားရမ်းမှုတွင် စည်ပင်သာ ယာမှကောက်ခံသော အခွန်ကို သာ ပြည်သူများက ပေးဆောင်နေ ခဲ့ကြသည်။

စည်ပင်သာယာ အခွန်မှာ ပုံသေ သတ်မှတ်ထားမှု မရှိဘဲ ကျပ်သုံးသိန်းတန် တိုက်ခန်းတစ် ခန်းကို ငှားရမ်းပါက တစ်နှစ်စာအ တွက် ကျပ်ငါးသောင်းမှ တစ်သိန်း ခွဲကြားပေးဆောင်ရကြောင်းအိမ် ခြံမြေအကျိုးဆောင်ကုမ္ပဏီလုပ် ကိုင်နေသူ အချို့ကပြောသည်။

အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက် ရုံအဆောက်အအုံများ ငှားရမ်း ခြင်းဖြင့် ရရှိသော ၀င်ငွေများကို တည်ဆဲအခွန် ဥပဒေအရ အခွန် စည်းကြပ်ရန် ထည့်သွင်း သောဝင်ငွေ အမျိုးအစားတွင် ပါဝင်သဖြင့် ၀င်ငွေရရှိသူများမှာ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သတင်းအချက်အလက်များမပြတ်ပေးပို့ရန် ကြေညာစာများထုတ်ပြန်ခဲ့သည်။

ပြည်သိမ်း

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

နောက်ကြောင်းပြန်အခွန် ဆောင်ခိုင်းခြင်းအပေါ် အိမ်ခြံမြေလုပ်ငန်းများ ဝေဖန်



ရန်ကုန်− ရန်ကုန်တိုင်းဒေသကြီး တွင် လွန်ခဲ့သည့် သုံးနှစ်အ တွင်း အခွန်မဆောင်သည့် အိမ်ခြံမြေ ရောင်းဝယ်ခြင်းနှင့် ငှား ရမ်းခြင်းများကို နောက်ကြောင်း ပြန်အခွန်ဆောင်ခိုင်းခြင်းမှာ စနစ် မှားယွင်းနေပြီး ရောင်းဝယ်ငှားသ မားများ အခက်အခဲများဖြစ်ပေါ် နိုင်ကြောင်း အိမ်ခြံမြေ ငှားရမ်း သူများကပြောသည်။

‘‘အခွန်ကောက်တဲ့ စနစ်ကို က မှားနေတယ်။ ရာခိုင်နှုန်းမြှင့် ထားပြီး အခွန်ကို တိတိကျကျ ကောက်မယ်ဆိုရင် အမှန်တကယ်ရိုးရိုးသားသားလုပ်စားတဲ့သူတွေ ဘယ်သူမှ ဆောင်နိုင်မှာမဟုတ် ဘူး။ ဘယ်လိုလူတွေက ဆောင် မှာလဲဆိုတော့ မဟုတ်တာလုပ် ပြီး ရထားတဲ့ ငွေမည်းသမားတွေ က ငွေဖြူဖြစ်အောင် လုပ်ထားတဲ့ သူတွေပဲ ဆောင်နိုင်မှာ’’ ဟု နန်း တော်(၁) ဆောက်လုပ်ရေးအိမ် ခြံမြေပိုင်ရှင် ဦးခင်စိုးဦးက ပြော သည်။

ထို့ကြောင့်အစိုးရက အခွန် ရှောင်နေသည့်သူများအား အခွန် ဆောင်စေလိုပါက သတ်မှတ် ထားသည့် အခွန် ရာခိုင်နှုန်းထားများကို လျှော့ချပေးစေလို ကြောင်းနှင့် ရပ်ကွက်တွင်း စစ် ဆေးမည်ဆိုပါက ကျောသား၊ ရင်သားမခွဲခြားဘဲ ထိရောက်စွာ အရေးယူစေလိုကြောင်း ရပ်ကွက် အတွင်းမှ အိမ်ငှားရမ်းထားသူ အချို့က ဆိုသည်။

‘‘ရပ်ကွက်ထဲဆင်းပြီး စစ် ဆေးမယ်ဆိုရင်လည်းသာမန်လူတွေ ဒုက္ခရောက်အောင်မလုပ်ဘဲ သူတို့ပိုင်ရာဆိုင်ရာသူတွေဆိုရင်လည်း မခွဲခြားဘဲနဲ့ အရေးယူအခွန်ဆောင်စေချင်တယ်။ တော်ကြာအပေါ်က နိုင်ငံခြားသားတွေ ငှားပြီး ပိုက်ဆံရတဲ့သူတွေ မဆောင်ခိုင်းဘဲနဲ့ အိမ်တစ်လုံး၊ နှစ်လုံးရှိတဲ့သူတွေပဲ ဆောင်ရမှာစိုးလို့ပါ’’ဟု တောင်ဥက္ကလာပမြို့နယ်မှ အိမ်ရှင်တစ်ဦးက ဆိုသည်။

ဇွန်လကုန်ပိုင်းမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်ရှောင်နေသည့် အိမ်ခြံမြေ ရောင်းဝယ်ခြင်းနှင့် ငှားရမ်းခြင်း များကို ရပ်ကွက်အလိုက်စစ်ဆေး ၍ လွန်ခဲ့သည့် သုံးနှစ်အတွင်းက အခွန်မဆောင်ခြင်းများအား စည်းကြပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် ယင်းလုပ်ငန်းများရှိ အခွန်ဆောင် သူ ဦးရေမှာ ၂၀ ရာခိုင်နှုန်းသာရှိ သည်ဟု ဆိုသည်။

ထိုကဲ့သို့ အခွန်တိုးမြှင့်လိုက် ရခြင်းမှာ နိုင်ငံဖွံ့ဖြိုးမှုလုပ်ငန်း များဖြစ်သော ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ပိုမိုသုံး စွဲလာနိုင်ရန်နှင့် အများပြည်သူ ၀န်ဆောင်မှုများ ပိုမိုကောင်းမွန် မြင့်မားစွာ ရရှိရန်အတွက် ဖြစ် ကြောင်း သိရသည်။

‘‘ခုလကုန်ကစပြီး ကွင်း ဆင်းစစ်ဆေးမယ်။ ရပ်ကွက် အလိုက်စစ်မှာ။ ခေါ်မယ်။ ပြီးခဲ့တဲ့သုံးနှစ်ကတည်းက အခွန်ရှောင်ခဲ့ တဲ့ သူတွေကို စစ်ဆေးပြီး သူတို့ အနေနဲ့ နောက်ကြောင်းပြန်အခွန် ဆောင်ရမှာပါ။ လူကိုတော့ အ ရေးမယူပါဘူး။ သတင်းစာထဲက နေလည်း သတိပေးထားပြီးပါပြီ။ မလိုက်နာဘူးဆိုလို့ဆိုရင် ထိထိ ရောက်ရောက်အရေးယူဆောင် ရွက်သွားမှာပါ’’ဟု တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အိမ်ခြံမြေ ငှားရမ်းခြင်းအ ပြင် ၀ယ်ရောင်းသမားများမှာ လည်း စီးပွားရေးလုပ်ငန်းတစ်ခု အနေဖြင့် အခွန်ပေးဆောင်ရမည် ဖြစ်ပြီး စစ်ဆေးရာ၌ လွန်ခဲ့သော သုံးနှစ်အတွင်းက မှတ်ပုံတင်ပြီး လုပ်ငန်းစတင်မည်ဆိုပါက ပြည် တွင်းအခွန်အား အကြောင်းကြား ရန်လိုအပ်ပြီး ပျက်ကွက်ပါက ၁၀ ရာခိုင်နှုန်း၊ လုပ်ငန်းစတင် ကြောင်း အကြောင်းကြားစာမပို့ ပါက ၁၀ ရာခိုင်နှုန်း၊ အခွန်ကျပြီး သတ်မှတ်ရက်အတွင်း အခွန်မ ဆောင်ပါက ၁၀ ရာခိုင်နှုန်းတို့ အပြင် လစဉ်အခွန်ပေးသွင်းရန် ပျက်ကွက်ပါကလည်း ၁၀ ရာခိုင် နှုန်းပေးဆောင်ရမည်ဖြစ်ကာ အိမ်ခြံမြေငှားရမ်းခြင်းအပြင် ၀ယ် ရောင်းသမားများမှာလည်း စီးပွား ရေးလုပ်ငန်းတစ်ခုအနေဖြင့် အခွန်ပေးဆောင်ရမည်ဖြစ်သည်။

ထိုသို့ အခွန်နှုန်းထားများ ကြပ်မတ် လုပ်ဆောင်လိုပါက နိုင်ငံတွင်း အခွန်ထမ်းဦးရေများ တိုးပွားလာနိုင်သကဲ့သို့ တစ်ဖက် တွင်လည်း အိမ်ခြံမြေအရောင်း အ၀ယ်နှင့် ငှားရမ်းမှုများကို ထိ ခိုက်လာနိုင်သည်ဟု အိမ်ခြံမြေ အကျိုးတော်ဆောင်အချို့က ဆို သည်။

‘‘သာမန်လူက ရှိတဲ့ပိုက်ဆံ လေးနဲ့ ၀ယ်လိုက်မယ်ဆိုရင် ထပ် ပြီးတော့ အခွန်ဖိုးက ပေးရဦးမယ် လေ။ ပြီးတော့လည်း ရောင်း၊ ၀ယ်၊ ငှားတဲ့သူတွေအနေနဲ့ကလည်း ငွေပမာဏအမှန်နဲ့ အခွန်ဆောင်ကြမှာမဟုတ်ဘူး။ ပြည်သူတွေ အတွက်ကတော့ တကယ်ဝန်ထုပ်ဝန်ပိုးဖြစ်မှာပါပဲ။ အရောင်းအ၀ယ် ရပ်တန့်နိုင်တယ်လို့ထင်တယ်’’ဟု သိန်းတိုးအောင်အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီလီမိတက်ပိုင်ရှင် ဒေါ်ဝါ၀ါက ခန့်မှန်းပြောဆိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ၀န်ဆောင်မှုအမျိုးအစားအလိုက် အခွန်တိုးမြှင့် ကောက်ခံခြင်းကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင် ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အခွန်ရရှိမှုပမာဏမှာ ငွေကျပ် ဘီလီယံ ၇၀၀ ၀န်းကျင်ခန့်ရရှိခဲ့ ကြောင်း သိရသည်။

ယမင်း၊ ရဲနိုင်
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်း လျှောက်လွှာများ ဇွန်လ ၂၄ တွင် မဲဖောက်မည်

ရန်ကုန်− ဒဂုံမြို့သစ်မြောက်ပိုင်း ရှိ ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်း လျှောက်လွှာလျှောက်ထားသူများ ကို ဇွန်လ ၂၄ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မဲဖောက်ပေးမည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော အဆိုပါ ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်းကို လျှောက်ထားသည့် အများပြည်သူအငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းအသင်းအဖွဲ့ဝင်များ၏ လျှောက်ထားမှုကို စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Events Park ခန်းမတွင် နံနက် ၉ နာရီ၌ မဲဖောက်ပေးမည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ဒုတိယ စီမံကိန်းဖြစ်သည့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်အတွင်းရှိ ဗိုလ်မင်းရောင်တန်ဖိုးမျှတ အိမ်ရာကို မတ်လကုန်အထိ လျှောက်လွှာများ လက်ခံထားပြီး လက်ရှိ အချိန်တွင် ၀ယ်ယူလိုသူများ၏ လျှောက်လွှာပေါင်း ၄၀၀ ကျော် လက်ခံထားကြောင်း သိရှိရသည်။

ထို့အပြင် ဧပြီ ၄ ရက်က မဲ ဖောက်ခဲ့သော ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းတွင် မဲမပေါက်ခဲ့သူများ ကိုလည်း အဆိုပါအိမ်ရာစီမံကိန်း တွင် ထည့်သွင်းမဲဖောက်ရန်စီစဉ် ထားကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက အရစ် ကျစနစ်ဖြင့် တည်ဆောက်သည့် အဆိုပါအိမ်ရာစီမံကိန်းတွင် ဈေး နှုန်းအားဖြင့် သိန်း ၃၀၀မှ ၄၀၀ ကျော်ရှိနေသဖြင့် ဈေးနှုန်းလွန် စွာ ကြီးမြင့်နေသည်ဟုလည်း ဝေ ဖန်မှုများရှိနေခဲ့သည်။

ဗိုလ်မင်းရောင်တန်ဖိုးမျှတ အိမ်ရာတွင် အခန်းဈေးနှုန်းများ မှာ အကျယ်အ၀န်းပေါ် မူတည်၍ ပုံစံအေ ၉၂၇ စတုရန်းပေအခန်း အတွက် ကျပ် ၃၄၇ သိန်း၊ ပုံစံဘီ ၈၈၇ စတုရန်းပေအတွက်ကျပ် ၃၂၉ သိန်း၊ ပုံစံဘီ ၆၁၄ စတုရန်းပေ အခန်းအတွက် ကျပ်သိန်း ၃၃၀ နှင့် ပုံစံဘီ ၅၆၅ စတုရန်းပေအတွက် ကျပ် ၂၃၇ သိန်းတို့ဖြင့် ရောင်းချမည် ဖြစ်သည်။

မဲပေါက်သူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအင်ဂျင်နီယာနှင့် အဆောက်အအုံဌာန၌ မဲပေါက်၊ မပေါက်ကို ကြည့်ရှုနိုင်သည်။

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

လှိုင်သာယာမြို့နယ် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွင် နောက်ဆက်တွဲသတင်း နှင့် ဈေးနှုန်း

တစ်ခန်းလျှင် ၄၆၈ စတုရန်းပေစီရှိ (၆)ခန်းတွဲ (၄)ထပ် (Steel Structure) Hall Type ၁၈ လုံး၊ (၆)ခန်းတွဲ (၄)ထပ် (RCC Structure) Hall Type ခြောက်လုံး စုစုပေါင်း တိုက် ၂၄ လုံး စုစုပေါင်း အခန်း ၅၇၆ ခန်းအား တည်ဆောက် ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ တိုက်ခန်းများကို အရစ်ကျ ငွေပေးချေစနစ်နှင့် ဘဏ်ချေးငွေဖြင့် ဝယ်ယူသည့် စနစ်များဖြင့် ဝယ်ယူနိုင်သည်။ ရောင်းချမည့် ဈေးနှုန်း များကို အောက်ပါအတိုင်း သတ်မှတ်ထားသည်-

(က) (၆)ခန်းတွဲ(၄)ထပ် (Steel Structure) တွင် မြေညီထပ် ကျပ် ၁၂ဝ သိန်း၊ ပထမထပ် ကျပ် ၁၁၅ သိန်း၊ ဒုတိယထပ် ကျပ် ၁၁၃ သိန်း၊ တတိယထပ် ကျပ် ၁၁ဝသိန်း၊

(ခ) (၆)ခန်းတွဲ (၄)ထပ် (RCC Structure) တွင် မြေညီထပ် ကျပ် ၁၂၅ သိန်း၊ ပထမထပ် ကျပ် ၁၂၂ သိန်း၊ ဒုတိယထပ် ကျပ် ၁၁၉ သိန်း၊ တတိယထပ် ကျပ် ၁၁၆ သိန်း
လျှောက်ထားသူသည် ပြည်ထောင်စု မြန်မာ နိုင်ငံသား ဖြစ်ပြီး အသက် ၂၅ နှစ် ထက် မငယ်သူဖြစ်ရမည်။ လစဉ် မိသားစု ဝင်ငွေ စုစုပေါင်း အနည်းဆုံး သုံးသိန်းကျပ် ရှိရမည်ဖြစ်ပြီး ခုနစ်သိန်းကျပ်ထက် မကျော်လွန်သော ဝင်ငွေရှိ မိသားစုဖြစ်ရမည်။ စည်းကမ်းချက် အသေးစိတ်အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများတွင် စုံစမ်းနိုင်သည်။
လျှောက်ထားသူသည် ကြော်ငြာသင်ပုန်းတွင် ကပ်ထားသည့် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ၊ တိုက်ခန်း လျှောက်လွှာပုံစံကို မိမိ အစီအစဉ်ဖြင့် ဆောင်ရွက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ ၃၁-၇-၂ဝ၁၄ ရက်နေ့ နောက်ဆုံးထား၍ စာတိုက်မှ တစ်ဆင့် မှတ်ပုံတင် ပေး ပို့ လျှောက်ထားရမည်။
တိုက်ခန်းများ နေရာချထားမှုကို မဲစနစ်ဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး မဲနှိုက်မည့် အစီအစဉ်ကို ထပ်မံ ကြေညာမည် ဖြစ်ကြောင်း အသိပေး ကြေညာ အပ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ပန်းဆိုးတန်း-ဒလ ဆိပ်ခံတံတားသစ်နှင့် ခရီးသည် နားနေဆောင်အား တည်ဆောက်ပေးအပ်၍ နောက်ခံမြေပေါ်တွင် ၁၀ ထပ်အမြင့်ရှိ ဟိုတယ်နှင့် ရှော့ပင်းစင်တာ တည်ဆောက်ခွင့် New Downtown ကုမ္ပဏီ ရရှိ


ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံတံတားသစ်နှင့် ခရီးသည် နားနေဆောင်အား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ တည်ဆောက်ပေးအပ်ပြီး ပန်းဆိုးတန်းဘက်ခြမ်းရှိ နောက်ခံမြေပေါ်တွင် ၁၀ ထပ်အမြင့်ရှိ ဟိုတယ်၊ ရှော့ပင်းစင်တာနှင့် စီးပွားရေးအဆောက်အုံများ တည်ဆောက်ခွင့်အား New Down-town Development Public limited မှ ရရှိခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပြောကြားချက်အား ဇွန် ၂၁ ရက်က နန်းသီတာဆိပ်ကမ်းတွင် ပြုလုပ်ခဲ့သည့် ပန်းဆိုးတန်း-ဒလ ကူးတို့ ခေတ်မီဆိပ်ခံဗောတံတားနှင့် အဆင့်မြင့် ခရီးသည်နားနေဆောင် တည်ဆောက်ရေး ပန္နက်တင် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ New Downtown Development Public limited ကုမ္ပဏီမှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးအပ်သည့် (ပြန်လည်ထုတ်ယူခွင့် မရှိသည့်) မြေအသုံးချမှု ပရီမီယံကြေးအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းနှင့် မြေငှားရမ်းခအဖြစ် ဆောက်လုပ်မည့် အဆောက်အုံများ၏ စီးပွားဖြစ် အသုံးပြုနိုင်သော ဧရိယာ (Lettable Area) အပေါ်တွင် တစ်နှစ်လျှင် တစ်စတုရန်းမီတာအတွက် အမေရိကန်ဒေါ်လာ ၂၃ ဒေါ်လာနှုန်းဖြင့် စုစုပေါင်း ကြမ်းခင်းဧရိယာ (၇၀၄၇၀၀) စတုရန်းပေအတွက် မြေငှားရမ်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၅၀၅၆၃၀) သန်းကို နိုင်ငံတော်သို့ ပေးသွင်းရမည်ဖြစ်သည်ဟု သိရသည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နန်းသီတာ၊ ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံတံတား အဆင့်မြှင့် ပြုပြင်တည်ဆောက်ခြင်းနှင့် နောက်ခံမြေပေါ်တွင် ခေတ်မီစီးပွားရေးဆိုင်ရာ အဆောက်အုံများ တည်ဆောက်ခြင်း စီမံကိန်း တင်ဒါခေါ်ယူခဲ့ရာ တင်ဒါစည်းကမ်းချက်များနှင့် ကိုက်ညီသော New Downtown Development Public limited အား ပို့ဆောင်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှ အတည်ပြု ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

နန်းသီတာပန်းဆိုးတန်း-ဒလ စီမံကိန်းအတွက် New Downtown Development Public limited မှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံတံတားသစ်နှင့် ခရီးသည်နားနေဆောင်အား တည်ဆောက်ပေးအပ်မည်ဖြစ်ကာ နောက်ခံမြေပေါ်တွင် ၁၀ ထပ်အမြင့်ရှိ ဟိုတယ်၊ ရှော့ပင်းစင်တာနှင့် စီးပွားရေး အဆောက်အုံများအား နှစ် ၅၀ BOT စနစ်ဖြင့် တည်ဆောက်ခွင့် ရရှိမည်ဖြစ်သည်။

EMG
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်မြို့၏ တစ်ပေပတ်လည်မြေဈေးနှုန်းကို အောက်တိုဘာလတွင် ပြင်ဆင်ထုတ်ပြန်မည်

ရန်ကုန်တိုင်းအတွင်း ပြင်ဆင်သတ်မှတ်ထားသည့် တစ်ပေပတ်လည် မြေဈေးနှုန်း ပြန်လည်သတ်မှတ်ချက်ကို အောက်တိုဘာလခန့်တွင် ထုတ်ပြန်ပေးသွားမည်ဟု ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မဇိ္ဈမကို ပြောသည်။

အိမ်ခြံမြေအခွန် ထမ်းဆောင်ရန်အတွက် ရန်ကုန်တိုင်းတွင် မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်း များကို သတ်မှတ်ပေးထားခြင်းဖြစ်ပြီး တစ်ပေပတ်လည် မြေဈေးနှုန်းများကို ပုံသေသတ်မှတ်ပေးထား ခြင်းမဟုတ်ဘဲ လက်ရှိအိမ်ခြံမြေကာလပေါက်ဈေးနှင့် လျော်ညီမှုရှိစေရန်အတွက် ပြန်လည်ပြင်ဆင် သတ်မှတ်ပေး ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ကာလတန်ဖိုးစိစစ်သတ်မှတ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ တစ်ပေပတ်လည်မြေဈေးနှုန်း သတ် မှတ်ချက်ကို ပြန်လည် ပြင်ဆင်သတ်မှတ်သွားမှာဖြစ်တဲ့ အတွက် စပြီးတော့ ပြင်ဆင်သတ်မှတ်ဖို့ ဆောင် ရွက်နေပါပြီ။ ခဏခဏအပြောင်း အလဲလုပ်နေရင် ပြည်သူတွေနားလည်မှု ရှုပ်ထွေးသွားမှာဖြစ်တဲ့အတွက် တစ်နှစ်ပတ်လည်အချိန်လောက်ဖြစ်တဲ့ အောက်တိုဘာလောက်မှာ ထုတ်ပြန်ပေးဖို့ရှိတယ် ” ဟု ပြောသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ရက် တွင် ရန်ကုန်တိုင်းတွင် တစ်ပေပတ်လည် မြေဈေးနှုန်း စတင်သတ် မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ချက်များကို ရန်ကုန် မြို့၏ အိမ်ခြံမြေဈေးနှုန်းပေါက်ဈေးထက် သုံးပုံတစ်ပုံခန့် လျော့နည်းသတ်မှတ်ပေးထားသည်။ အိမ်ခြံမြေကဏ္ဍမှ အခွန်ကောက် ခံရရှိမှုဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်သတ်မှတ်ပေးခြင်းဖြစ်သည်ဟု ဘဏ္ဍာရေးဝန် ကြီးဌာန၏ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုထားသည်။

ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက “ တစ်ပေပတ်လည် မြေဈေးနှုန်းထား အသစ်ကို လက်ရှိအိမ်ခြံမြေဈေးတွေနဲ့ချိန်ဆပြီး ဈေးနှုန်းအတိုးအလျှော့တွေ ရှိမှာပါ။ ကာလပေါက်ဈေး တွေထက်ကိုများတယ်၊ နည်းတယ်မဖြစ်အောင် သတ်မှတ်ဆောင်ရွက်နေတယ် ” ဟု ပြောသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၀င်ငွေ ခွန်ဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ပြီးနောက်တွင် အိမ်ခြံမြေ အခွန်ထမ်းဆောင်သူ ယခင်နှစ်များထက် နှစ်ဆခန့်အထိမြင့် တက်လာပြီးကာလတန်ဖိုးစိစစ်သတ်မှတ် ရေးအဖွဲ့မှ နှစ်ပတ်တစ်ကြိမ် စိစစ်သတ်မှတ်ရာမှ ယခုအချိန်တွင် တစ်ပတ်တစ်ကြိမ် စိစစ်ပေးနေသည်ဟု ၎င်းက ဆိုသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေ လုပ်ငန်းကဏ္ဍမှ အခွန်စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံရရှိခဲ့ပြီး အခွန်ကောက်ခံရရှိမှု ကဏ္ဍအရပ်ရပ်၏ သုံးရာခိုင်နှုန်း ရှိခဲ့သည်ဟု ပြည်တွင်းအခွန်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

သီဟကိုကို
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အတည်ပြုရန်ရှိသည့် ကွန်ဒိုမီနီယံဥပဒေ အားနည်းချက်များစွာရှိနေ

၂၀၁၃ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့ပြီး ဥပဒေမူကြမ်းပြီးစီးပြီဖြစ်သည့် ကွန်ဒိုမီနီယံဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်ထားသော်လည်း အားနည်းချက်များရှိသေးသည့်အတွက် ပြန်လည်ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ကွန်ဒိုမီနီယံဥပဒေရေးဆွဲသည့် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန မှ တာဝန်ရှိသူများကပြောသည်။

"အခုလက်ရှိ မူကြမ်းရေးပြီးထားတဲ့ ကွန်ဒို မီနီယံဥပဒေမှာ အားနည်းချက်တချို့ရှိနေ တယ်။ လိုအပ်ချက်တွေလည်း ရှိနေသေးတယ်။ ဒါကြောင့် ပြန်ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ် ဖို့ရှိပါတယ်။ ကွန်ဒိုမီနီယံဥပဒေက အရမ်းကျယ်ပြန့်တယ်။ နောက်ပြီး ဖွံ့ဖြိုးတဲ့နိုင်ငံ တွေက ကွန်ဒိုဥပဒေနဲ့ယှဉ်ရင် အားနည်းချက် တွေ အများကြီးရှိတာကို တွေ့ရတယ်"ဟု မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးလောကအတွက် အရေးပါသည့် အဆိုပါကွန်ဒိုမီနီယံဥပဒေတွင် ကွန်ဒို ပိုင်ရှင်များလိုက်နာရမည့် ကွန်ဒိုတစ်ခု ၏ အခြေခံစံသတ်မှတ်ချက်များကို (minimum standard) ရှင်းလင်းကွဲပြားရန် အဓိက ထား သတ်မှတ်သင့်ကြောင်း ၎င်းကပြောသည်။

"တကယ်လို့ ကွန်ဒိုမီနီယံအတွက် အခြေခံစံသတ်မှတ်ချက်က ဥပဒေထဲမှာပါမလာရင် ကွန်ဒိုပိုင်ရှင်တွေက သူတို့ရဲ့တာဝန်တွေကို သဲကွဲမှာမဟုတ်ဘူး။ တကယ်လို့အဲဒီလို သတ်မှတ်စံနှုန်းကိုမလိုက်နာဘဲ ပိုင်ရှင်တွေက ကိုယ်ကြိုက်တဲ့မူနဲ့သွားနေကြရင် ရန်ကုန် တစ်မြို့တည်းတင် အမျိုးမျိုးကွဲကုန်နိုင်တယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ကွန်ဒိုမီနီယံတည်ဆောက်လျှင် မဖြစ်မနေလုပ်ဆောင်ရမည့် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့တွင် မြေပိုင် စာရင်းပေးသွင်းခြင်း တွင်လည်း မရှင်းလင်းမှု များ၊ အားနည်းချက်များရှိနေကြောင်း ၎င်းက ပြောသည်။

"ကျွန်မတို့တွေ အားနည်းချက်တွေကိုတော့ ထောက်ပြထားပါတယ်။ ပြန်ပြီး အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ဖို့လုပ်ရပါမယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ ဆိုင်းငံ့ထားပါတယ်" ဟု ၎င်းကပြောသည်။

ထို့ပြင် လက်ရှိမူကြမ်းရေးဆွဲပြီးစီးသည့် ကွန်ဒိုမီနီယံဥပဒေအရ နိုင်ငံခြားသားများမှာ လည်း အဆို ပါကွန်ဒိုအခန်းများ ၀ယ်ယူ ပိုင်ဆိုင်ခွင့်ရှိသည့်အတွက် ယင်းဥပဒေတွင် ကွန်ဒိုပိုင်ဆိုင်သူသည် ကွန်ဒိုတည်ဆောက်ရာ မြေနေရာကို ပိုင်ဆိုင်မူရှိသည့်အတွက် ကွန်ဒို ၀ယ်ယူထားသည့် နိုင်ငံခြားသားများပင် မြေပိုင်ဆိုင်ခွင့်ရှိမရှိမှာ မေးခွန်းထုတ်စရာများဖြစ်ကြောင်း အိုးအိမ်ဦးစီးဌာန မြို့ပြနှင့် ဒေသစီမံကိန်းဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်ကပြောသည်။

ထို့ပြင် နိုင်ငံခြားဆောက်လုပ်ရေးလုပ်ငန်းရှင်များအား Build Operate and Transfer-(BOT) စနစ်ဖြင့် မြေငှားရမ်းမှုတွင်လည်း မြေငှား သက်တမ်းကုန်ဆုံးပါက ဆက်လက်ငှားရမ်းခွင့် များကို လည်း အသေးစိတ်ပြဋ္ဌာန်းရန်လိုအပ်ကြောင်း ၎င်းကပြောသည်။

"အမြင်တွေ အမျိုးမျိုး ဖြစ်လာနိုင်တဲ့အတွက် ရှုထောင့်အမျိုးမျိုးကနေ အားလုံးနဲ့ပြေလည် မယ့် တစ်ခုခုကို ရအောင်လုပ်ရပါမယ်" ဟု ဒေါ်အေးအေးမြင့်ကပြောသည်။ အဆိုပါကွန်ဒိုမီနီယံဥပဒေ ကို အမျိုးသား လွှတ်တော်တွင် ထင်မြင်သုံးသပ်ချက်များလည်း ရရှိထားပြီးဖြစ်ပြီး ပြန်လည်ပြင်ဆင် ညှိနှိုင်းမှု များလည်း လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ရန်မှာ လည်း ခက်ခဲနေဦးမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ က ပြောသည်။

မြတ်ငြိမ်းအေး
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အဆောက်အအုံ ငှားရမ်းသူများကို တည်ဆဲအခွန်ဥပဒေအရ အခွန်စည်းကြပ်မည်


အိမ်၊ ဆိုင်၊ မြေ ၊ ဂိုဒေါင်၊ စက်ရုံအဆောက်အအုံငှားရမ်းသူများကို တည်ဆဲအခွန်ဥပဒေအရ စတင်အခွန်စည်းကြပ်တော့မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။

အဆောက်အအုံငှားရမ်းသူများကို အခွန်စည်းကြပ်ရာတွင် ကုန်သွယ်လုပ်ငန်းခွန်ဖြင့် အခွန်စည်းကြပ်မည်ဖြစ်ပြီး ယခင်ကအခွန်မကျသင့်သည့် ၀န်ဆောင်မှုလုပ်ငန်းများတွင် အိမ်ငှားရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်းပါဝင်ခဲ့သော်လည်း ယခုအခါ စီးပွားရေးအဆောက်အအုံ ငှားရမ်းသူများကို အခွန်စည်းကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာအခွန်ရုံးမှညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က "နိုင်ငံတော်အစိုးရက သတ်မှတ်ထားတဲ့အခွန်မကျသင့်တဲ့ ၀န်ဆောင်မှုအမျိုးအစား ၂၆ ခုထဲမှာ အိမ်ငှားရမ်းခြင်း ၀န်ဆောင်မှုလုပ်ငန်းပါဝင်ပေမယ့် စီးပွားဖြစ်ငှားရမ်းတဲ့သူတွေကိုတော့ အခွန်ကောက်ခံမှာဖြစ်ပြီး ဒီလုပ်ငန်းကရရှိတဲ့ ၀င်ငွေအပေါ်မှာ ငါးရာခိုင်နှုန်းကုန်သွယ်လုပ်ငန်းခွန်အနေနဲ့ ကောက်ခံသွား
မှာပါ" ဟုဆိုသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့်လည်း အိမ်၊ ဆိုင်၊ မြေ၊ ဂိုထောင်၊ စက်ရုံ၊ အဆောက်အအုံများငှားရမ်းခြင်းဖြင့် ရရှိသောဝင်ငွေများသည် တည်ဆဲအခွန် ဥပဒေအရ အခွန်စည်းကြပ်ရန်အတွက် ထည့်သွင်းစဉ်းစားသော ၀င်ငွေအမျိုးအစားတွင် ပါဝင်လျှက်ရှိခြင်းကြောင့် ထိုလုပ်ငန်းမှ ၀င်ငွေရရှိသူများအနေဖြင့် ငှားရမ်းသည့်အဆောက်အအုံနှင့် မြေတည်ရှိရာလိပ်စာ၊ ပိုင်ရှင်အမည်၊ နေရပ် နှင့် တယ်လီဖုန်းအမှတ်၊ ငှားရမ်းယူသူအမည်၊ ငှားရမ်းသည့်ကာလ၊ တစ်လငှားရမ်းခ စသည့်အချက်အလက်များကို သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနသို့ တင်ပြရန်နှိုးဆော်ထားသည်။

pyimyanmar
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ပြည်သူပိုင် သိမ်းထားသည့် အဆောက်အအုံများ လေလံကြေးမြင့်၍ မူလပိုင်ရှင်များ ပြန်မရ

ပြည်သူပိုင်သိမ်းဆည်း ထားသော အိမ်ရာတိုက်ခန်းများ ကို နိုင်ငံတော်က ထုခွဲရောင်းချရာ တွင် မူလပိုင်ရှင်ကိုဦးစားပေးဝယ် ယူခွင့်ပြုသည်ဟုအစိုးရအဖွဲ့က ဆိုသော်လည်း ငွေပိုပေးနိုင်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများ သာရလေ့ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များကပြောသည်။

‘‘ဈေးတူပေးနိုင်ရင်တော့ ရ ပါတယ်။ ဒါပေမဲ့အစိုးရနဲ့နီးစပ်သူ တွေက မေးခွန်းကြိုပေါက်တော့မူ လပိုင်ရှင်က ဘယ်လိုမှ မယှဉ်နိုင် ဘူး’’ဟု အစိုးရလေလံပွဲများကိုဝင် ရောက်ယှဉ်ပြိုင်နေသောဆောက် လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ပြည်သူပိုင်သိမ်းအခန်းများ မူလသက်ဆိုင်သူများ တောင်းခံမှုကို နိုင်ငံတော်သမ္မတက ဥပဒေအရ လွှဲပြောင်းပေးရန် မရှိကြောင်း သမ၀ါယမ ၀န်ကြီး ဌာနဒုတိယ၀န်ကြီးဦးသန်းထွန်း ကပြည်သူ့လွှတ်တော်တွင် ပြော ကြားခဲ့သည်။ အိမ်ရာစီမံကိန်း များ၊ အဆောက်အအုံများကို စီမံ ခန့်ခွဲမှုကော်မတီမှ လုပ်ထုံးလုပ် နည်းဥပဒေနှင့်အညီရောင်းချရာ တွင် မူလသက်ဆိုင်သူ၊ပိုင်ဆိုင်သူ ကိုသာဦးစားပေး ၀ယ်ယူခွင့်ပြု မည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အဆောက် အအုံများ ပြည်သူပိုင်သိမ်းပြီး နောက် ပြည်လည်ရယူလိုမှုဖြင့်အ စိုးရထံလျှောက်ထားပါက မဆလ ခေတ်တွင်ပြန်ရရှိမှုများရှိခဲ့သည်။ သို့သော် န၀တ၊ နအဖလက်ထက် တွင် ပြန်ပေးခြင်းမရှိဘဲ ၂၀၁၀ မှစတင်၍ အစိုးရသိမ်းထားသော အဆောက်အအုံများကို ပုဂ္ဂလိကပိုင်ပြုလုပ်မှုအနေဖြင့် ငွေကြေးတတ်နိုင်သော လုပ်ငန်းရှင်ကြီးများ၊ အစိုးရနှင့် နီးစပ်သူများကို လေလံစနစ်ဖြင့် ချပေးခဲ့ သည်။ ‘‘လေလံပစ်ရင် မူလပိုင်ရှင် ရသွားတာက ခပ်ရှားရှားပဲ။ လက် ရှိပေါက်ဈေးဆိုတော့ မူလပိုင်ရှင် တွေက မလိုက်နိုင်တာလည်းပါ တယ်’’ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းရှင်များအ သင်း ဒုတိယဥက္ကဋ္ဌဦးသိန်းဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ငွေကြေးခ ၀ါချမှုများ ပြုလုပ်နိုင်ရန် ၂၀၀၇ နှစ်လယ်ပိုင်းမှစတင်၍ အိမ်ခြံ မြေအခွန်သက်သာသည့်စနစ်ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေကိုပြ ဋ္ဌာန်းပြီးငါးနှစ်ကြာကာလအတွင်း အိမ်ခြံမြေဈေးများမှာအဆပေါင်း များစွာ မြင့်တက်ခဲ့သည်။ ထို့ ကြောင့် ပုဂ္ဂလိကပိုင် ပြောင်းလဲ ရေးကိုစတင်ချိန်တွင် ပြည်သူပိုင် အသိမ်းခံထားရသူများသည် မိမိ ပိုင်ဆိုင်သော အိမ်မြေတိုက်ခန်း များကို ၀ယ်ယူနိုင်ခြင်းမရှိတော့ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။

7day
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ထားဝယ်စီမံကိန်း ရပ်ဆိုင်းပြီးနောက် အိမ်ခြံမြေ ၀ယ်ယူစုဆောင်းထားသူအချို့ ပြန်လည်ထုတ်ရောင်းမှုများ ရှိလာ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၌ တည်ဆောက်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှ စီမံကိန်းလုပ်ငန်းများအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက စတင်ရပ်ဆိုင်းခဲ့ပြီးနောက်

ထားဝယ်စီမံကိန်းအနီးဝန်းကျင်ရှိ ခြံမြေများ ဝယ်ယူစုဆောင်းထားသည့် ဒေသခံလုပ်ငန်းရှင်အချို့မှာ စီမံကိန်းသို့ ဂျပန်နိုင်ငံ မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု နှင့် လာမည့် ဒီဇင်ဘာလအတွင်း စီမံကိန်းအတွက် တင်ဒါခေါ်ယူမည့်အခြေအနေအရ စီမံကိန်း ပြန်လည်ဖြစ်မြောက်နိုင်မည့် အခြေအနေကို စောင့်ကြည့်နေကြသော်လည်း

ဆက်လက်ထိန်းသိမ်းထားရန် ငွေကြေးအင်အား မတတ်နိုင်တော့သည့် မြေပိုင်ရှင်အချို့ကမူ ဝယ်ယူထားသည့် ခြံမြေများအား ဈေးနှုန်းထက်ဝက်ခန့် လျှော့ချ၍ ပြန်လည်ထုတ်ရောင်းမှုများအထိ ရှိလာကြောင်း သိရသည်။
.
ထားဝယ်ဒေသရှိ မြေအရောင်းအဝယ် ဈေးကွက်အနေအထားမှာ ထားဝယ်စီမံကိန်းဖြစ်မြောက်နိုင်မှုအပေါ် မူတည်နေပြီး စီမံကိန်းဝန်းကျင်ရှိ ခြံမြေများမှာ ယခင်က တစ်ဧကလျှင် သိန်း ၁ဝဝ ကျော်ဝန်းကျင်ခန်အထိ ရှိခဲ့သော်လည်း ယခုအခါ တစ်ဧကလျှင် သိန်း ၆ဝ ဝန်းကျင်ခန့်သာရှိတော့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

 ဖြိုးဇင်
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ယခုဘဏ္ဍာနှစ်မှစတင်ကာ အိမ်ခြံမြေ ငှားရမ်းသူများ ငှားရမ်းခ၏ ၂၅ရာခိုင်နှုန်း အခွန်ဆောင်ရမည်

ရန်ကုန်၊ ဇွန် ၈- ယခုဘဏ္ဍာနှစ် မှစတင်ကာ တိုက်ခန်းနှင့် မြေကွက် ငှားရမ်းမှုများ အပေါ်တွင် ဝင်ငွေခွန်ကို ကောက်ခံ သွားမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာနမှသိရသည်။

ဝင်ငွေခွန်ကောက်ခံသွားမည့်ငှားရမ်း မှုများမှာ မြေညီ ထပ်တိုက်ခန်း၊ ကွန် ဒို၊ မြေကွက်၊ လုံးချင်း၊ စက်မှုဇုန်မြေ ကွက်ငှားရမ်းမှုများပေါ်တွင်ကောက် ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးက ''အဓိကတော့ အိမ်ခြံမြေဈေး ကွက် မှာ ဈေးကြီးတွေ တောင်းပြီး ငှားရမ်းနေ တဲ့သူတွေ ပဲ ပေးဆောင်ရမှာပါ။ အခြေခံလူတန်းစား တွေ ငှားရမ်းနေထိုင်မှုတွေကိုတော့ အခွန်မကောက် ပါဘူး''ဟုပြောသည်။

ရန်ကုန်မြို့တွင်းရှိ ကွန်ဒို၊ မြေ ကွက်၊ လုံးချင်း၊ စက်မှုဇုန်မြေကွက်၊ တိုက်ခန်း မြေ ညီ ထပ်များကိုငှားရမ်း သူများသည် ဥပဒေအရ ဝင်ငွေခွန်ပေး ဆောင်ရမည်ဖြစ်ပြီး အိမ်ခြံမြေငှား ရမ်းမှုများမှ အခွန်ပေးဆောင်ထိုက် သည့် ဝင်ငွေရှိသူများအား ပစ္စည်းမှ ရသောငွေခေါင်း စဉ်အောက်တွင် ဝင် ငွေခွန်အဖြစ် သတ်မှတ်ကောက် ခံ ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ယင်းက''လက်ရှိအိမ်ခြံမြေဈေး ကွက်မှာ ကာလပေါက်ဈေးထက် ငှား ရမ်းမှုတွေ က အရမ်းကြီးနေတယ်။ ဒါကြောင့် ဒီနှစ်မှာသေချာ စိစစ်သွား မယ်''ဟု ထပ်မံပြော သည်။

လက်ရှိတွင်လုံးချင်း၊ တိုက်ခန်း မြေညီထပ် ၊ ကွန်ဒို၊ မြေကွက်၊ စက်မှု ဇုန်မြေ ကွက် များ ငှားရမ်းမှုများအတွက် ပေးဆောင်ရ မည့်အခွန်နှုန်းအရငှား ရမ်းခ၏ ရငွေ၂၅ ရာ ခိုင်နှုန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာနမှသိရသည်။

ရန်ကုန်မြို့တွင်းရှိ လုံးချင်းတိုက် ငှားရမ်းမှုများမှာ တစ်လလျှင် ကျပ် သိန်း၅ဝမှ ၁၀ဝကျော်အထိဈေးရှိနေ ပြီး ကွန်ဒိုတစ်ခန်းငှား ရမ်းမှုများ မှာတစ် လလျှင် ကျပ်၁ဝသိန်းမှ၆၅သိန်းအထိ ဈေးရှိနေပြီး၊ စက်မှုဇုန်မြေကွက်တစ် ကွက်လျှင် တစ်လငှားရမ်းမှုများမှာ တစ်လလျှင် ကျပ်၈သိန်းမှ သိန်း၆၀ အထိဈေးရှိပြီး ၊ မြေညီ ထပ်တိုက်ခန်း တစ်ခန်း တစ်လလျှင် ကျပ်၎သိန်းမှ ၁၀ သိန်းထိဈေး ရှိနေပြီး ၊ မြို့နယ်များ၊ နေ ရာများအလိုက် ဈေးနှုန်းကွာခြားမှုတွေ ရှိနေသေးကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များထံမှ စုံစမ်းသိရှိရသည်။

ပြည်ကြီးတံခွန်အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဦးသိန်းထွန်းက ''အခုနောက် ပိုင်းအငှားတွေက သွက် လာတယ်။ ဒါကြောင့် အိမ်ရှင်တွေ က ဈေးပိုတောင်းကြ တာတွေရှိတယ်။ ငှား တဲ့သူအများစုကလဲ လုပ်ငန်းလုပ်တဲ့ သူတွေမျာတော့ အိမ်ရှင်တောင်း တဲ့ ဈေးပေးနေရတယ်။ အခွန်ကိုသေချာ စိစစ်ကောက်ခံနိုင်မှ အခုဈေး တက် တာတွေက လျော့နိုင်မှာ။ မလုပ်နိုင် ဘူးဆိုရင်တော့ ဒီအတိုင်း ရှိနေဦး မှာပါ''ဟု ပြောသည်။ံ

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မန္တလေးတွင်ကိုယ်ပိုင်အိမ်မရှိသူများအတွက် အိမ်ရာအကောင်အထည်ဖော်မည်

မန္တလေးမြို့တွင် အခြေ ချအလုပ်လုပ်ကိုင်နေသော်လည်း ကိုယ်ပိုင်အိမ် မရှိသေးသူများ အတွက် အခန်းပေါင်းလေးရာ ကျော်ပါဝင်သည့် အိမ်ရာတည် ဆောက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် မြ ရည်နန္ဒာမြို့သစ်တွင် လေးခန်း တွဲ၊လေးထပ်အဆောက်အအုံ၂၇ လုံးကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ကျပ်သိန်းပေါင်းခြောက် သိန်းကျော် အကုန်ကျခံကာ ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည် ဆောက်ရန် တိုင်းဒေသကြီးအစိုး ရအဖွဲ့ထံမှ ခွင့်ပြုမိန့်ကျလာပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူးဦးကျော်ကျော်လင်း ကပြောသည်။

‘‘စည်ပင်ကလုပ်တဲ့ တန်ဖိုး နည်းအိမ်ရာနဲ့ကပ်လျက်က ခုနစ်ဧကရှိတဲ့မြေပေါ်မှာဆောက်မှာ’’ဟု ၎င်းကပြောသည်။

မန္တလေးမြို့တွင် အခြေချနေထိုင်ပြီး ပုံမှန်ဝင်ငွေရရှိသည့် အလုပ်လုပ်ကိုင်နေသူများကို အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းမခွဲခြားဘဲ ကိုယ်ပိုင်အိမ်ရာမရှိ သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း၊ ရောင်းချမည့်ပုံစံနှင့်ဈေး နှုန်းကိုမူတည်ဆောက်မှုများပြီးစီးမှသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်မည့်အိမ်ရာ များမှာ မန္တလေးစည်ပင်က တည် ဆောက်နေသည့် တန်ဖိုးနည်းအိမ် ရာများထက် ပိုမိုကျယ်ဝန်းပြီး ကားပါကင်၊ ပန်းခြံ၊ လျှောက်လမ်းများပါဝင်မည်ဖြစ်၍ တန်ဖိုးနည်းအိမ်ရာများထက် ဈေးနှုန်းပိုမြင့်မည်ဖြစ်ကြောင်း ဦးစီးမှူးဦးကျော်ကျော်လင်းက ပြော သည်။

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အိမ်ယာမြေဈေးနှုန်း ကြီးမြင့်မှု လိုအပ်လျှင် ဥပဒေ ပြဌာန်းမည်

မြန်မာနိုင်ငံမှာ အိမ်ယာမြေဈေးနှုန်းတွေ ဈေးကြီးနေတာကို ထိန်းညှိဆောင်ရွက်ပေးဖို့ ရှိ မရှိ ဒီနေ့ ပြည်သူ့လွှတ်တော် မှာ မေးခွန်းမေးမြန်းရာမှာ ပြည်နယ် နဲ့ တိုင်းဒေသကြီးအလိုက် အိမ်ယာမြေ ပိုင်ဆိုင်မှုအခွန် ကောက်ခံနိုင်ဖို့ လိုအပ်ရင် ဥပဒေပြဌာန်းသွားနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြေဈေးနှုန်းကို သင့်လျော်တဲ့ ဈေးနှုန်းဖြစ်အောင် အစိုးရအနေနဲ့ ထိန်းညှိဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်း ခဲ့ရာမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။
"လယ်ယာများကို အများအပြားပိုင်ဆိုင်ထားပြီး မြေကိုကုန်စည်တစ်ခု လို ရောင်းဝယ်ပြီးတော့ မြေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဈေးကစားနေသူများအတွက်တော့ နိုင်ငံတကာမှာ ပိုင်ဆိုင်မှု အခွန်ကောက်ခံတဲ့နည်း စနစ်များကို လေ့လာပြီး ပြည်နယ်နဲ့တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသအလိုက် လုပ်ငန်းရှင်ကြီးများ၊ ပြည်နယ်နဲ့ တိုင်းဒေသ အစိုးရအဖွဲ့ဝင်ကြီးများ အပြန်အလှန်ဆွေးနွေးပြီး ဒေသနဲ့ ကိုက်ညီတဲ့ ပိုင်ဆိုင်မှု အခွန်ကောက်စနစ် ပေါ်ပေါက်လာနိုင် ရန် ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့များကို အကြံပြုသွား မှာ ဖြစ်ပြီးတော့ ဥပဒေပြုရန်လိုအပ်ပါက ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်သွာမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်"
ဒီနေ့မှာပဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၃ သန်းလောက်ကို အကာ အကွယ်ပေးမယ့် အထူးဥပဒေတစ်ရပ် ပြဌာန်းပေးဖို့ အဆိုတင်သွင်းရာ မှာ ထောက်ခံသူ ၅ဦးပဲရှိတာကြောင့် ရှုံးနိမ့်ခဲ့ပါတယ်။
အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဦးထင်အောင်က အလုပ်သမားရေးရာ အငြင်းပွား မှု ဖြေရှင်းရေးဥပဒေ၊ လူမှုဖူလုံရေးဥပဒေ၊ အနည်းဆုံးအခကြေးငွေ ဥပဒေ၊ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွေ ပြဌာန်း ထားပြီးဖြစ်တဲ့အတွက် အထူးဥပဒေ တစ်ရပ်ပြဌာန်းပေးဖို့ အစီအစဉ် မရှိဘူးလို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

RFA
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

နေ့စဉ်နှင့်အမျှ ပိုမိုကျယ်ပြန့်လာသော ရန်ကုန်မြို့၏ လုံးချင်းအိမ်အငှားဈေးကွက်

ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပြီး နိုင်ငံခြားသားနေထိုင်မှု များပြားလာသော ရန်ကုန်
မြို့တွင် အဆင့်မြင့်လုံးချင်းအိမ်အငှား ဈေးကွက်မှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို ကျယ်ပြန့်
လာကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။ "လုံးချင်းအငှားအိမ်တွေ အရင်က
ထက် အခု ပိုငှားရတယ်။

ကွန်ဒိုတိုက်တွေနဲ့ယှဉ်ရင် လုံးချင်း အိမ်တွေကို နိုင်ငံခြားသားတွေ ပိုကြိုက်ကြ တယ်။ ကွန်ဒိုတိုက်
ကောင်းတစ်ခုရဲ့ အငှားဈေး က သိန်း ၃၀ လောက်ရှိပြီး အဲဒီဈေးနဲ့ လုံးချင်းအိမ်ကိုလည်း ငှားနိုင်တဲ့
အတွက် လုံးချင်း အိမ်တွေ ပိုအငှားလိုက်တယ်"ဟု Estate Myanmar အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းက ကိုထူးမြတ်နိုင်က ပြောသည်။

လုံးချင်းအိမ်တစ်အိမ်၏ အငှားဈေးမှာ သိန်းဆယ်ဂဏန်းမှ ရာကျော်ထိရှိပြီး အငှားဈေး သိန်း ၃၀
ခန့်ရှိသော လုံးချင်းအိမ်များမှာ ပိုမိုအငှားဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။

"နိုင်ငံခြားသားတွေက အိမ်ငှားဖို့ အိမ်အကြီး ကြီးကို သိပ်ရှာလေ့မရှိကြဘူး။ အိမ်နဲ့ ကုမ္ပဏီ ရုံးခန်း
တွဲဖွင့်ချင်သူတွေကသာ အငှားဈေး သိန်း ၁၀၀ ကျော်လောက်ရှိတဲ့အိမ်မျိုးကို ငှားကြ တယ်"ဟု
ကိုထူးမြတ်နိုင်က ပြောသည်။

လုံးချင်းအိမ်အငှားဈေးကွက်သည် ယခင်က မရမ်းကုန်းမြို့နယ်နှင့် ဗဟန်းမြို့နယ်များတွင်
တွင်ကျယ်သော်လည်း ယခုရန်ကင်းမြို့နယ် ဘက်တွင် ပိုမိုအငှားလိုက်ကြောင်း ၎င်းက
ပြောသည်။

"လုံးချင်းအိမ်ငှားမယ့် နိုင်ငံခြားသားတွေက အရင်က ဗဟန်းမြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်မှာ
ပိုငှားကြတယ်။ နောက်ပိုင်းရန်ကင်းမြို့ကိုလည်း ငှားကြတယ်။ အများစုက အလုပ်နဲ့နီးတဲ့မြို့နယ်
မှာပဲငှားကြတယ်"ဟု ၎င်းကပြောသည်။

ငှားရမ်းသူများက လုံးချင်းအိမ်တည်နေရာ မြို့နယ်ထက် အိမ်၏တည်ဆောက်မှု အရည်
အသွေးနှင့် အိမ်တွင်းအပြင်အဆင်များကို ပိုမို ဦးစားပေး ငှားရမ်းကြကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များကပြောသည်။ "စည်ကားတဲ့နေရာမှာရှိတဲ့ လုံးချင်းအိမ်ကိုမှ ငှားမယ်၊
သိပ်မစည်တဲ့နေရာက လုံးချင်းအိမ်ကို မငှားဘူးဆိုတာတွေထက် အိမ်တွင်းအပြင် အဆင်
ကောင်းမွန်တဲ့ အိမ်မျိုးတွေကို ပိုသဘော ကျကြတယ်။ အိမ်ငှားတဲ့အခါ အလုပ်လုပ်တဲ့
နေရာနဲ့နီးတဲ့ အိမ်မျိုးတွေကို ပိုသဘောကျ တယ်။ အလုပ်နဲ့ အလွန်ဆုံးနာရီဝက်လောက်
ကားစီးရင်ရောက်တဲ့နေရာက အိမ်မျိုးပဲငှားကြ တာ များတယ်"ဟု ကိုထူးမြတ်နိုင်ကပြောသည်။

အိမ်တွင်းပရိဘောဂပစ္စည်းအပြည့်အစုံမပါဝင်သောအိမ်များထက် ပရိဘောဂပစ္စည်းပြည့်စုံသော
အိမ်များကို လုံးချင်းအိမ်ငှားရမ်းမည့်သူများက ပိုမိုငှားရမ်းကြကြောင်း အိမ်ခြံမြေအကျိုးဆောင်
များက ပြောသည်။

"လုံးချင်း အိမ်တွေမှာ အိမ်တွင်းပရိဘောဂပစ္စည်း အပြည့်အစုံပါဝင်တဲ့ အိမ်တွေကို နိုင်ငံခြားသား
တွေ ပိုကြိုက်ကြတယ်။ သူတို့က ဒီကိုလာအလုပ်လုပ်တာဖြစ်ပြီး ပြန်ရင်လည်း ဘာပစ္စည်းမှ ပြန်
ယူမသွားနိုင်ဘူး"ဟု မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုမင်းမင်းစိုးကပြောသည်။

"လုံးချင်းအိမ် အငှားဈေးကွက်တွေ အရင် ကထက် ပိုကောင်းလာပေမယ့် အခုမိုးတွင်းကာလ
စ၀င်လာပြီဖြစ်လို့ တော်တော်များများက အပြောင်းအရွှေ့ သိပ်မလုပ်ကြလို့ အခုတော့ အငှား
ဈေးကွက်အေးနေတယ်။ မိုးရာသီရောက် လို့ အငှားဈေးကွက် နည်းနည်းကျတယ်" ဟု
ကိုမင်းမင်းစိုးက ပြောသည်။

လုံးချင်းအိမ်များကို လူနေအိမ်များသာမက ကုမ္ပဏီများဖွင့်ရန်လည်း ငှားရမ်းလာကြသည်။ တစ်လ
အငှားဈေး သိန်း ၃၀ ခန့်ရှိအိမ်များကို အငှားများပြီး ကုမ္ပဏီရုံးခန်း ဖွင့်လှစ်ခြင်း၊ နေအိမ်နှင့် ကုမ္ပဏီ
ရုံးခန်း တွဲဖက်ဖွင့်လှစ်ခြင်း အတွက် တစ်လ သိန်း ၁၀၀ ကျော်ဈေးရှိသော အိမ်များအငှားလိုက်
ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကပြောသည်။

တင်ရတနာထွန်း  
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဝါမ၀င်မီ ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်တွင် ငှားရမ်းခ အကျမရှိဘဲ အမြင့်ဈေးနှင့် ဆက်လက်လှုပ်ခတ်နေ



ဝါမ၀င်မီ လတ်တလောကာလအတွင်း ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ အိမ်ငှားရမ်းခများ အမြင့်ဈေးဖြင့် ဆက်လက်လှုပ်ခတ်နေကြောင်း အိမ်ခြံမြေ ရောင်းဝယ်ငှား ဈေးကွက်အတွင်းမှ သိရသည်။

“အငှားက သွက်နေတယ်။ ဈေးကတော့ အမြင့်ဈေးပဲ။ အကျမရှိဘူး။ အရောင်းကတော့ တိုက်ခန်းအ၀ယ်ရှိတယ်။ မြေကွက်တွေကတော့ အေးတယ်။ မေးမြန်းစုံစမ်းတာပဲ ရှိတယ်။ ဒီနှစ်က နိုင်ငံခြားသားတွေ အ၀င်များတော့ လုံးခြင်း၊ ကွန်ဒို၊ တိုက်ခန်း အငှားသွက်နေပါတယ်” ဟု မြန်မာ့အောင်မြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မရည်မာဆွေက ဆိုသည်။

အိမ်ခြံမြေ ဈေးကွက်အတွင်း အငှားဈေးနှုန်းများမှာ အမျိုးအစားအလိုက် ကွာခြားမှုရှိပြီး တိုက်ခန်းတွင် နှစ်သိန်း၊ သုံးသိန်းမှစ၍ ကွန်ဒိုအခန်းဆိုလျင် ကျပ် ၂၅ သိန်း၊ သိန်း ၃၀ ၀န်းကျင်၊ လုံးချင်းအိမ်များတွင် သိန်း ၄၀ မှ သိန်း ၅၀ ၀န်းကျင်အထိ ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

https://www.facebook.com/propertyjournal?ref=hl
“အငှားသွက်တာကတော့ လမ်းမတန်း၊ ရှစ်မိုင်၊ ကိုးမိုင်၊ ရန်ကင်းဘက်တွေ သွက်ပါတယ်။ အဓိကတော့ ရုံးခန်းအပြောင်းအရွှေ့လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေ အငှားများပါတယ်” ဟု မြန်မာ့အောင်မြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မရည်မာဆွေက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများ ၀င်ရောက်မှု မြင့်တက်လာချိန်မှစ၍ ဈေးကွက်လိုအပ်ချက်အရ ၎င်းတို့အတွက် အိမ်အငှားဈေးကွက်မှာလည်း လိုအပ်ချက် မြင့်တက်လာကြောင်း သိရသည်။

“အရင်က နိုင်ငံခြားသားတွေနေဖို့ မပြောနဲ့ တွေ့တောင်မတွေ့ရတဲ့ နေရာတွေဖြစ်တဲ့ ဂွတ္တလစ်နားတစ်ဝိုက်၊ ချော်တွင်းကုန်းနားတစ်ဝိုက် နေရာတွေမှာပါ နိုင်ငံခြားသားတွေ ငှားရမ်းနေထိုင်တာ ရှိလာပါတယ်။ မြန်မာအိမ်ရှင်တွေ အနေနဲ့ကလည်း နိုင်ငံခြားသားကို ငှားရမ်းတာက ပိုက်ဆံပိုရတဲ့အတွက် ပိုပြီးစိတ်ဝင်စားကြပါတယ်” ဟု နိုင်ငံခြားသားများအတွက် အိမ်ရှာပေးသူတစ်ဦးက ဆိုသည်။
https://www.facebook.com/propertyjournal?ref=hl
လက်ရှိ အိမ်ခြံမြေဈေးကွက်တွင် အငှားကသာ အလုပ်ဖြစ်မှု များနေသည်။

ပြီးခဲ့သည့် မတ် ၂၄ ရက်က ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းပြီး တိုက်ခန်းများ အရောင်းအ၀ယ် ပြုလုပ်ရာတွင် အခွန်ဆောင်ရမည်ဟု သတ်မှတ်လိုက်သော်လည်း တိုက်ခန်းဝယ်ရောင်းဈေးကွက် အခြေအနေမှာ အပြောင်းအလဲမရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်ဈေးကွက်မှ သိရသည်။

EMG
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

စလစ်မှ ဂရန် ပြောင်းလျှောက်လိုလျှင် မူလပိုင်ရှင် ထောက်ခံရမည်


မြေချပါမစ်စလစ်မြေများအားအိမ်ခြံမြေ ဈေးကွက်အတွင်း အထွေထွေ ကိုယ်စားလှယ်လွှဲစာဖြင့် အဆင့် ဆင့် လွှဲပြောင်းရောင်းချနေခြင်းကြောင့် နောက်ဆုံးဝယ်ယူထားသူအနေဖြင့် မြေဂရန်လျှောက်ထားရာတွင် မူလမြေချပါမစ် ( စလစ် )ပါ မူရင်းပိုင်ရှင်၏ ထောက်ခံချက်လိုအပ်သည့်အတွက် မူလ ပိုင်ရှင်များက ငွေကြေး တောင်းခံမှုများရှိနေကြောင်းအိမ်ခြံမြေ အကျိုးဆောင်များနှင့်ဥပဒေပညာရှင်များထံမှ သိရသည်။
”စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းချင်ရင် မူလစလစ်ချထားပေးတဲ့လူက လက်မှတ်ထိုးပေးရမယ်။ ပိုင်ရှင် ဘယ်နှယောက်ပဲပြောင်းသွားပါစေ နောက်ဆုံးဝယ်တဲ့သူက အရောင်းအဝယ်စာချုပ် အဆင့်ဆင့်ကို တောင်းထားရမယ်။ မပေးနိုင်ဘူးဆိုရင်တော့ မဝယ်သင့်ဘူး။ မူလ စလစ်ပိုင်ရှင်တွေကလည်း သူတို့ရောင်း လိုက်တုန်းက ရတဲ့ ဈေးနဲ့အခုဈေးက အရမ်းကွာနေတော့အလွယ်တကူ လက်မှတ်မထိုးချင်ကြဘူး။ ဒီတော့ နောက်ဆုံးဝယ်တဲ့သူက ဂရန်ပြောင်းချင်တော့ ငွေကြေးနှုန်းထား ညှိပြီး လက်မှတ်ထိုးခိုင်းလာကြတယ်။ တခြားနည်းလမ်းတွေလည်း ရှိပေမယ့် ကုန်ကျစရိတ်ကအရမ်းများတော့ ဝယ်တဲ့သူ တော်တော်များများက အဲဒီ အတိုင်းလုပ်တာ။ ဈေးကွက်ထဲမှာ အများကြီးပဲ”ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ပြောသည်။
မူလပိုင်ရှင်များနှင့် လုံးဝ ဆက်သွယ်မရသည့် မြေကွက်များအနေဖြင့် သက်ဆိုင်ရာ စည်ပင်သာယာ ရေးကော်မတီ ရုံးများသို့ သွားရောက်လျှောက်ထားနိုင် ကာ သတင်းစာများထဲတွင် ကန့်ကွက်နိုင်သည့် ကြော်ငြာ များထည့်သွင်း၍ လုပ်ထုံးလုပ်နည်းများအရ နှစ်ပတ် စောင့်ဆိုင်းပြီးကန့်ကွက်မည်သူမရှိပါက မြေအမည်ပေါက် လျှောက်ထားနိုင်သည့် နည်းလမ်းအပြင် အိမ်ခြံမြေဈေးကွက်အတွင်း၌ မသမာသောနည်းလမ်းများဖြင့်လည်း အိမ်ခြံမြေ အကျိုးဆောင်အချို့နှင့် ရှေ့နေအချို့ကအမည်ပေါက် ရရှိရန် လုပ်ကိုင်ပေးနေခြင်းတို့ ရှိနေသော် လည်း ငွေကုန်ကြေးကျများခြင်းကြောင့် လက်ရောက် ပိုင်ဆိုင်သူ မြေကွက်ပိုင်ရှင်များအနေဖြင့် တရားဥပဒေ ကြောင်းအရ စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းလဲရေးအတွက် မူလပိုင်ရှင်ကိုရှာဖွေရန် မဖြစ်မနေလိုအပ်လျက် ရှိသည်။
”တချို့ကလည်း လိုင်းရိုက်တဲ့အလုပ်တွေ လုပ်ကြတယ်။ ပိုက်ဆံလည်း မြေကွက်တန်ဖိုးအလိုက် ပေးရ တာရှိတယ်။ အိမ်ခြံမြေဈေးကွက်မှာဒီပြဿနာတွေက အများကြီးပဲ။ လုံးဝအစပျောက်နေတာကို လုပ်ပေးတဲ့လူ တွေလည်း ရှိနေပေမယ့် ဥပဒေအရမူလပိုင်ရှင်ကို မဖြစ်မနေရှာရမယ်။ လုပ်တဲ့လူတွေမှာလည်း သူတို့ချိတ်တွေနဲ့ လုပ်တာများတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အထူးသဖြင့် ၁၉၉ဝ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ မြို့ကွက်သစ်များအဖြစ် ဖော်ထုတ်ချထားပေး သည့် မြို့နယ်များရှိ နေထိုင်သူအများစုမှာ ယနေ့အချိန်အထိ မြေချဂရန် လျှောက်ထားမှု နည်းပါးနေပြီး အိမ်ခြံမြေဝယ်ရောင်း အများစုမှာလည်း လုပ်ငန်းရှုပ်ထွေးမှုများ ရှိသဖြင့် မြေဂရန်ထုတ်ပြီးထားသည့်လူနေအိမ်၊ မြေကွက်များထက် စလစ်မြေများကိုသာ ပိုမိုအရောင်းအဝယ်လုပ်လာလိုကြကြောင်း သိရသည်။
”၂ဝဝဝ ပြည့်နှစ်တုန်းက ၁၅ သိန်းနဲ့ ရောင်းသွားတဲ့ စလစ်မြေကိုအခု နောက်ဆုံးပိုင်တဲ့သူက ဂရန် အဖြစ် ပြောင်းချင်လို့ မူလပိုင်ရှင်ကိုရှာတော့ ပိုက်ဆံ ဘယ်လောက်ပေးမှလက်မှတ်ထိုးပေးမယ်လို့ ဖြစ်ကုန် တယ်။ ဝယ်တဲ့သူကလည်း ဂရန်လိုချင်တော့ ညှိပြီး ပိုက်ဆံပေးလိုက်တော့ အဆင်ပြေသွားတယ်” ဟုရွှေမာလာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်မာလာက ပြောသည်။
စလစ်နှင့်ရောင်းချထားသောမြေများသာမက တိုက်ခန်း၊ ကွန်ဒိုများ အရောင်းအဝယ်ပြုလုပ်ပြီးပါက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌စာရင်းပေးသွင်းထားမှသာ မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အမှုအခင်း များဖြစ်ပွားလာပါက တရားရုံးများတွင် တရားဝင်သက်သေအဖြစ်တင်ပြနိုင်သည့် အခွင့်အရေးများရှိမည် ဖြစ်သည်။
”စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ရာခိုင်နှုန်းအလိုက် အခွန်ဆောင်ရမယ်။ ပြီးလို့ စလစ်ထွက်လာမှ အမည်ပြောင်းလို့ရမယ်” ဟု တရားလွှတ်တော် ရှေ့နေဦးအေးမင်းကပြောသည်။

ဇေယျာလင်း
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ



အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင် အိမ်၊ ခြံ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ ရောင်းသူ ဝယ်သူများမှာ မြေကွက်ဖြစ်စေ၊ မြေနှင့် အိမ်ဖြစ်စေ တိုက်ခန်းဖြစ်စေ၊ ယင်းမြေနှင့်အိမ်၊ တိုက်ခန်းတို့နှင့် ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စုံစမ်းကြလေ့ရှိသည်။ အဓိကအားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်အတွက် စေ့စပ်သေချာအောင် ဆောင်ရွက်ကြခြင်းဖြစ်သည်။
ယင်းသို့ တက်စွမ်းသလောက်လေ့လာသည့်ကြားမှာပင် မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့ရှိကြသည်။ မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီး တစ်ဦး ကျွန်ုပ်ထံ ရောက်လာသည်။

သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု-အစစ် သိလို၍ ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ သွားရောက်ကာ တာဝန်ရှိသူများထံတွင် ပြသစစ်ဆေးရာ မှန်ကန်ကြောင်းသိခဲ့ရသည်။
ထိုမျှနှင့်အားရကျေနပ်မှုမရှိသဖြင့် ရန်ကုန်မြို့တော် သည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင်လည်း နာမည်ပေါက်မှန်ကန်မှု ရှိ / မရှိ သွားရောက်စစ်ဆေးရာ အမည်ပေါက်မှန်ကန်ကြောင်း ပြန်ကြားစာရရှိခဲ့သည်။ ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိအမည်ပေါက်ဖြစ်ရန် နှစ် ၆၀ ဂရန်သစ်ထုတ်ပေးရန် မြေယာဌာနတွင် လျှောက်ထားခဲ့သည်။

ပါမစ်မှ ဂရန်သစ်လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင် ယခင်ကမူလ အမည်ပေါက်ပိုင်ရှင်က ၂၀၁၀ ခုနှစ်က ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန် စည်ပင်မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာသဖြင့် ဘယ်လိုဆောင်ရွက်ရမည်မသိ၍ ကျွန်ုပ်ထံ ရောက်လာ မေးမြန်းခြင်းဖြစ်သည်။
ဒီလို ဂရန် သစ်လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင် ဂရန်လျှောက်သူနှစ်ဦး ပေါ်တက်ကြောင်း သိရသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မူလ ဂရန်သစ်လျှောက်ထားသူက လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံးနေရန် ရည်ရွယ်၍ ဂရန်သစ်လျှောက်ထားသည်ကို တွေ့ရသည်။
နောက်ပိုင်းတွင် မိသားစု စီးပွားရေးအတွက် ဖြစ်စေ၊ ဈေးကောင်းရ၍ပြန်ရောင်းရသည့်အခါမျိုးတွင်ဖြစ်စေ၊ မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန် မေ့နေတက်ကြသည်။ "ဂရန် မထုတ်ရသေးတာပဲ၊ အရေးမကြီးပါဘူးလေ" ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတက်ကြသည်။

ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း မိမိလျှောက်ထားခဲ့သည့် ဂရန်အသစ်အမှုတွဲမှာ အရေးမပါဟု ယူဆကြသဖြင့် မြေကွက်အရောင်းအဝယ်လုပ်သည့်အခါ မိမိထံမှ ဝယ်ယူသူကို ဂရန်သစ်လျှောက်ထားသည့်အကြောင်း မပြောဘဲနေခဲ့မိသည်။ ထို့အတူ "ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက်အမှုတွဲအမှတ်ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်ပုံသံလျှောက်လွှာ" တို့ကိုပါ ပေးအပ်ရန် မေ့တက်ကြသည်။

"သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူစင်၍ ဂူမြင်သည်" ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံမှ ထပ်မံဝယ်ယူသူက ဂရန်သစ်လျှောက်သည့်အခါ ယခုလို ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ကြီး က ပေါ်လာတော့ ဌာနက လာရောင်းရှင်းလင်းချက်ရေးသာတင်ပြပါဆိုပြီး ခေါ်ယူတော့ စိတ်ညစ်စရာတွေ နဲ့ ကြုံရတာပေါ့။
ဒီလို ကြုံရတဲ့အခါ မူလရောင်းသူအမည်ပေါက် သို့မဟုတ် စာချုပ်အဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍ မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်ခဲ့သည့် ဂရန်သစ်အမှုတွဲပိတ်သိမ်းပေးဖို့ အခြားသူတစ်ဦးဦးအား ရောင်းချထားခြင်းကြောင့် မိမိလျှောက်ထားချက်ရုတ်သိမ်းကြောင်း စာတင်ခဲ့ရတယ်။

ကိုယ်တိုင်လာရောက်အမှုပိတ်သိမ်းသူမှန်ကန်ကြောင်း ၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ်။
အမှုပိတ်သိမ်းတဲ့ အမှုတွဲတင်ပြချက်နှင့် အတူ ပိတ်သိမ်းသူရဲ့ မှတ်ပုံတင်မိတ္တူ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်ပြရတယ်။ အဲဒီတင်ပြချက်တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့ မရဘူး။ ဝင်စာလက်ခံတဲ့သူထံမှာ တင်ခဲ့ရတယ်။ အဲဒီဝင်စာလက်ခံသူက ဝင်စာအမှတ် ( )နဲ့ နေ့စွဲကို ပြောပြတယ်။ ဥပမာ ဝင်စာအမှတ် ၉၉၉/ နေ့စွဲ ၂၉-၅-၂၀၁၄ လို့ပြောရင် မှတ်သားထားရတယ်။ အဲဒီဝင်စာအား ဂရန်သစ်လျှောက်ထားတဲ့မြေကွက်ပေါ်မှာ ရှိတဲ့ မှတ်ချက်ကို ဖျက်ပေးလိုက်တယ်။ အဲဒီအခါမှ ဂရန်သစ်လျှောက်ထားသူအတွက် ဌာနက မြေတိုင်းကွင်းဆင်းစစ်ဆေးခြင်း သတင်းကြော်ငြာေးပးခြင်း၊ ဂရန်သစ်ထုတ်ပေးသည့်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊ ခွင့်ပြုချက်ရလျှင် မြေကွက်တန်းဖိုး ငွေသွင်းခြင်း၊ ယင်းနောက် တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ်ရေးထိုးပေးပြီး ဂရန်သစ်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ လျှောက်ထားသူထံကို အကြောင်းကြားပါတယ်။ ရုံးက အကြောင်းကြားစာရောက်မလာမီ မိမိကိုယ်တိုင်မြို့တော်ခန်းမမှာ မကြာခဏ သွားစုံစမ်းလို့လည်း ရါတယ်။ မြတ်ဗုဒ္ဓ ဟောတယ်မဟုတ်လား။

"အတ္တာဟိ..အတ္တနော နာထော" တဲ့လေ။ "ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ"ဆိုတော့ အမြန်ရအောင် ခဏခဏသွားစုံစမ်းပေါ့။
ဤသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကျွန်ုပ်က ပြောပြလိုက်သည့်အခါ လာရောက်မေးသူအမျိုးသမီးမှာလည်း သဘောပေါက်နားလည်ပြီး ကျေးဇူးတင်ကြောင်း ပြေ၍ ပြန်သွားလေတော့သည်။

Source : လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( Shwe Sethtagan Journal )
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

တိုက်ခန်း အရောင်းအ၀ယ်၌ မရှိမဖြစ် လိုအပ်သည့်စာရွက်စာတမ်းများ စစ်ဆေးလက်ခံကြဖို့လို

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းများ ၀ယ်ယူရာ၌ တိုက်ခန်းဝယ်ယူသူများအနေဖြင့် ၀ယ်ယူသည့်အခါ၌ စာချုပ်စာတန်းများတွင် လက်မှတ်ရေးထိုးခြင်းထက် ပိုင်ဆိုင်မှုအထောက်အထားများအား သေချာစိစစ်ဝယ်ယူသင့်ကြောင်း အိမ်ခြံမြေ ဥပဒေပညာရှင်များက ထောက်ပြ ပြောဆိုသည်။

အရေးကြီးအချက်အနေဖြင့် ဆက်စပ်စာချုပ်မှန်ကန်မှု(BCC)ကျပြီး မိတ္တူရှိမရှိ၊ မြေပိုင်ရှင်မှ လက်မှတ်ထိုးပေးခြင်း ရှိမရှိ စစ်ဆေး သင့်ပြီး လက်ရှိပိုင်ရှင်ထံတွင် BCC စာရွက်ရမရှိပါက မြေပိုင်ရှင်ထံမှ BCC မူရင်းစာရွက်ကို မိတ္တူ ကူးယူထားသင့်သည်ဟု အိမ်ခြံမြေ ဥပဒေရှင်များက ထောက်ပြကြသည်။

တိုက်ခန်း အရောင်းအ၀ယ်ပြုလုပ်ရာတွင် မရှိမဖြစ် လိုအပ်သည့် စာရွက်စာတမ်းများအနေဖြင့်

(၁) ဆက်စပ် စာချုပ်၊(၂) BCC (လူနေထိုင်ခွင့်) စာရွက်၊ (၃) မြေရှင်လက်မှတ်၊(၄) ရေမီတာ၊ မီးမီတာ စာရွက် စသည့် စာရွက်စာတမ်းများ လိုအပ်ပြီး အဆိုပါစာရွက်များ ပါဝင်ပါက ပိုင်ဆိုင်မှု သေချာကြောင်း တိုက်ခန်းအရောင်းအ၀ယ်လုပ်သူများက ထောက်ပြကြသည်။

“ ဟိုတစ်လောက ဗဟန်းဘက်မှာ လူငယ်လင်မယား အိမ်ဝယ်တာ ဦးကို ခေါ်သွားတယ်၊ တော်သေးတာပေါ့၊ အဲဒီလူငယ် လေးတွေက အိမ်အရောင်းအ၀ယ်နဲ့ ပတ်သက်ပြီး ဥပဒေတွေ၊ ဘာတွေလိုအပ်တယ်ဆိုတာ ဘာမှ နားမလည်ဘူး၊ လိမ်တဲ့သူနဲ့ တွေ့ရင် ဘာမှ လုပ်နေစရာမလိုဘူး၊ သူတို့ကို အသာလေး လိမ်သွားလို့ရတယ်၊ ဒါကြောင့် တိုက်ခန်း အရောင်းအ၀ယ် လုပ်မယ်ဆိုရင် အထူးသတိထားသင့်တယ်” ဟု အိမ်ခြံမြေ ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဦးကျော်စွာထက်က ပြောသည်။

စာချုပ်ချုပ်ဆိုရာတွင်လည်း အရောင်းအ၀ယ်ပြုလုပ်သည့် အခန်း၏ တိုက်အမှတ်၊ အခန်း၊ လမ်း၊ ရပ်ကွက်နှင့် မြို့နယ်နှင့် အကျယ်အ၀န်းကို တိကျစွာ စစ်ဆေးရန် လိုအပ်ကြောင်း၊ အဆောက်အအုံ၏ လက်ယာဘက်ခြမ်း (သို့) လက်ဝဲဘက်ခြမ်း (သို့) အဆောက်အအုံ၏ ခေါင်းရင်းခန်း (သို့) ခြေရင်းခန်း စသည်ဖြင့် တိကျစွာ ဖော်ပြရန် လိုအပ်သည့်အပြင်မြေပိုင်ရှင်ထံ၌ လက်ရှိ ရောင်းချသူမှ မြေလခပေးသွင်းပြီး နာမည်ပေါက်ရရှိထားမှုကိုလည်း စစ်ဆေးရန် လိုအပ်ကြောင်း သိရသည်။

“ တိုက်ခန်းမှ မဟုတ်ပါဘူး၊ ဘယ်ဟာပဲ ဖြစ်ဖြစ် ရန်ကုန်မှာ ၀ယ်မယ်ဆိုရင် ဒါတွေကို သိဖို့ လိုအပ်တယ်၊ မဟုတ်လို့ တစ်ခုခု ပြဿနာ ဖြစ်လာရင် ရှင်းစရာတွေ ဖြစ်လာမယ်၊ ကျွန်မကတော့ နားမလည်တဲ့သူတွေ အရောင်းအ၀ယ်ဆိုရင် ကူညီပေးပါတယ်၊ ဒါပေမယ့် တစ်ချို့ပွဲစားတွေကျတော့ ကိုယ်တိုင်လည်း နားမလည်တော့ ရှင်းမပြကြဘူး၊ အဲဒီမှာ အမွေဆိုင်တို့ ဘာတို့ဆိုရင် ဥပဒေအရ ရင်ဆိုင်ရင် ရှုံးနိုင်တယ်” ဟု အိမ်ခြံမြေ ပွဲစား တစ်ဦးဖြစ်သူ မဇင်လေးက ပြောသည်။

လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းအရောင်းအ၀ယ်များ တွင်ကျယ်လာပြီး မြို့နယ်အချက်အချာ ကျမှုအပေါ် မူတည်ပြီး ဈေးနှုန်း အမျိုးမျိုးရှိကြောင်း၊ အနိမ့်ဆုံး သိန်း ၇၀ ၀န်းကျင် ရှိကြောင်း ရန်ကုန် အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။

“တစ်ချို့ တိုက်ခန်းဝယ်သူတွေဆိုရင် တိုက်ခန်းအရောင်းအ၀ယ်တွေနဲ့ ပတ်သက်ပြီး ဆက်စပ်စာချုပ်လေးတစ်ခုကိုင်ထားရုံနဲ့ မိမိပိုင်ဆိုင်တဲ့ အထောက်အထားပြည့်စုံပြီလို့ ထင်မှတ်ထား ကြပါတယ်၊ မိမိပြန်ရောင်းတဲ့အခါ ၀ယ်တဲ့ ဟိုဘက်က ၀ယ်သူ တွေက စေ့စပ်သေချာတဲ့သူဆိုရင် ကိုယ်ပြန်ရောင်းတဲ့ အချိန် အခက်အခဲတွေ တွေ့နိုင်လို့ အကြံပြုတင်ပြခြင်း ဖြစ်ပါတယ်” ဟု အိမ်ခြံမြေ ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဦးမြင့်ထွန်း က ပြောသည်။

Credit: Myanmar Chronicle
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate