လှိုင်သာယာမြို့နယ် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွင် နောက်ဆက်တွဲသတင်း နှင့် ဈေးနှုန်း

တစ်ခန်းလျှင် ၄၆၈ စတုရန်းပေစီရှိ (၆)ခန်းတွဲ (၄)ထပ် (Steel Structure) Hall Type ၁၈ လုံး၊ (၆)ခန်းတွဲ (၄)ထပ် (RCC Structure) Hall Type ခြောက်လုံး စုစုပေါင်း တိုက် ၂၄ လုံး စုစုပေါင်း အခန်း ၅၇၆ ခန်းအား တည်ဆောက် ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ တိုက်ခန်းများကို အရစ်ကျ ငွေပေးချေစနစ်နှင့် ဘဏ်ချေးငွေဖြင့် ဝယ်ယူသည့် စနစ်များဖြင့် ဝယ်ယူနိုင်သည်။ ရောင်းချမည့် ဈေးနှုန်း များကို အောက်ပါအတိုင်း သတ်မှတ်ထားသည်-

(က) (၆)ခန်းတွဲ(၄)ထပ် (Steel Structure) တွင် မြေညီထပ် ကျပ် ၁၂ဝ သိန်း၊ ပထမထပ် ကျပ် ၁၁၅ သိန်း၊ ဒုတိယထပ် ကျပ် ၁၁၃ သိန်း၊ တတိယထပ် ကျပ် ၁၁ဝသိန်း၊

(ခ) (၆)ခန်းတွဲ (၄)ထပ် (RCC Structure) တွင် မြေညီထပ် ကျပ် ၁၂၅ သိန်း၊ ပထမထပ် ကျပ် ၁၂၂ သိန်း၊ ဒုတိယထပ် ကျပ် ၁၁၉ သိန်း၊ တတိယထပ် ကျပ် ၁၁၆ သိန်း
လျှောက်ထားသူသည် ပြည်ထောင်စု မြန်မာ နိုင်ငံသား ဖြစ်ပြီး အသက် ၂၅ နှစ် ထက် မငယ်သူဖြစ်ရမည်။ လစဉ် မိသားစု ဝင်ငွေ စုစုပေါင်း အနည်းဆုံး သုံးသိန်းကျပ် ရှိရမည်ဖြစ်ပြီး ခုနစ်သိန်းကျပ်ထက် မကျော်လွန်သော ဝင်ငွေရှိ မိသားစုဖြစ်ရမည်။ စည်းကမ်းချက် အသေးစိတ်အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများတွင် စုံစမ်းနိုင်သည်။
လျှောက်ထားသူသည် ကြော်ငြာသင်ပုန်းတွင် ကပ်ထားသည့် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ၊ တိုက်ခန်း လျှောက်လွှာပုံစံကို မိမိ အစီအစဉ်ဖြင့် ဆောင်ရွက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ ၃၁-၇-၂ဝ၁၄ ရက်နေ့ နောက်ဆုံးထား၍ စာတိုက်မှ တစ်ဆင့် မှတ်ပုံတင် ပေး ပို့ လျှောက်ထားရမည်။
တိုက်ခန်းများ နေရာချထားမှုကို မဲစနစ်ဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး မဲနှိုက်မည့် အစီအစဉ်ကို ထပ်မံ ကြေညာမည် ဖြစ်ကြောင်း အသိပေး ကြေညာ အပ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate