အိုးအိမ်မှ တန်ဖိုးနည်း အိမ်ရာများအား မဲစနစ်ဖြင့်သာ ရောင်းချမည်

မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရောင်းချပေးသည့် တန်ဖိုးနည်း အိမ်ရာများအား ဦးရာလူစနစ် မဟုတ်ဘဲ မဲနှိုက် စနစ်ဖြင့်သာ ရောင်းချ ပေးမည် ဖြစ်သည်။ အဆိုပါ အိမ်ရာ လျှောက်ထား သူများ အားလုံးတန်း တူညီမျှ အခွင့်အရေး ရရှိရန် အများ ပြည်သူရှေ့တွင် မဲနှိုက်ကာ ရောင်းချ ပေးမည် ဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ရွှေလင်ပန်း အိမ်ရာ ၀ယ်ယူရန် ယခုလ နောက်ဆုံး လျှောက်လွှာတင် ရမည် ဖြစ်ပြီး ယင်းအိမ်ရာ ရောင်းချ ပြီးပါက ကျန်စစ်မင်း အိမ်ရာ၊ ဧရာဝဏ် အိမ်ရာနှင့် ရတနာ အိမ်ရာ စသည် တို့ကိုလည်း မဲစနစ်ဖြင့်သာ ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်း အိမ်ရာများမှ အခန်းများ ၀ယ်ယူရန် လျှောက်ထားသူများသည် နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင် ထားသူ၊ အစိုးရ ၀န်ထမ်း ဆိုပါက လုပ်သက်နှစ် (၂၀)ရှိ ရမည် ဖြစ်ပြီး၊ ကုမ္ပဏီဝန်ထမ်းများ ဖြစ်ပါက အသက် (၂၅) နှစ်ထက် မငယ်သူဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

မဲနှိုက်ပြီး ရောင်းချပေးမယ် ဆိုတော့ ပိုပြီး သင့်လျော်ပါတယ်။ ဒီလို မဟုတ်ရင်တော့ အရင်လျှောက်တဲ့သူကပဲ ရမယ်ဆိုတာ သိပ်ပြီး ပွင့်လင်းမြင်သာမှု မရှိသလိုပဲ ဟု လုပ်သက် သုံးနှစ်ကျော် ရှိသည့် ကုမ္ပဏီဝန်ထမ်း ဒေါ်အေးအေးမူ က ဆိုသည်။ တန်ဖိုးနည်း အိမ်ရာရှိ အခန်းဈေးနှုန်းမှာ ကျပ်သိန်း (၁၁၀) မှ ကျပ်သိန်း (၁၂၀) ခန့် ဖြစ်ပြီး လျှောက်ထားသူများမှာ လစဉ်ဝင်ငွေ ကျပ် သုံးသိန်း အထက် ရရှိသူများ ဖြစ်ရန် လိုအပ်ကြောင်း မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန မှ သိရသည်။

Messenger News Journal

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate