မန္တလေး ကျုံးဘေးပတ်လည်တွင် လေးထပ်ထက် ပိုဆောက်ခွင့်မပြုတော့

မန္တလေးမြို့၊ကျုံးဘေးပတ်လည်တွင် လေးထပ်ထက်မြင့်သော အဆောက်အအုံ များ ဆောက်လုပ်ခွင့်မပြုတော့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန မှ ဌာနမှူး ဦးမျိုးအောင်က ပြောသည်။

''အဆောက်အအုံတစ်ခု ဆောက်လုပ် တဲ့နေရာမှာ အထပ်ဘယ်လောက်အထိ ဆောက်ရမယ်ဆိုပြီး သတ်မှတ်ခွင့်ပြုထား တာ မန္တလေးမှာ မရှိပါဘူး။ ဒါပေမဲ့ ကျုံး ဘေးပတ်လည်မှာတော့ လေးထပ်ထက် ပိုမဆောက်ရဘူး။ လေးထပ်အထိပဲ ခွင့်ပြု ထားတယ်''ဟု ၄င်းက ပြောသည်။

အဆိုပါကန့်သတ်ချက်ကို ၂ဝ၁ဝ ခုနှစ်၊ အစိုးရသစ် တာဝန်ယူချိန်မှစတင် သတ်မှတ်ခဲ့သော်လည်း မန္တလေးဒေသခံ များသိရှိမှု နည်းသေးသဖြင့် ကျုံးဘေးပတ် လည်တွင် လေးထပ်အထက် အဆောက် အအုံ တည်ဆောက်မှုများရှိခဲ့ရာ ပြန်လည် ဖြိုဖျက်ရမှုများလည်း ရှိနေသေးကြောင်း သိရသည်။

မန္တလေးမြို့၏ အထင်ကရ အမှတ်အသားတစ်ခုဖြစ်သည့် ကျုံး၏ ပုံရိပ် နှင့် အလှကို ဖုံးကွယ်သွားစေမည့် အထပ် မြင့် အဆောက်အအုံများကို ဌာနဖြစ်စေ၊ ပုဂ္ဂလိကဖြစ်စေ ဆောက်လုပ်ခွင့်ပြုမည် မဟုတ်ပေ။

အဆိုပါခွင့်ပြုမိန့်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မူဝါဒအတိုင်းဆောက်ရွက် ခြင်းဖြစ်ပြီး တောင်ကျုံးနှင့် အရှေ့ကျုံး ထောင့်တွင်ရှိသော ဆီဒိုးနားဟိုတယ် အဆောက်အအုံမှာ လေးထပ်ထက်ပိုသော် လည်း အဆောက်အအုံပုံစံနှင့် ဆောက် လုပ်စဉ်က သက်ဆိုင်ရာတာဝန်ရှိသူတို့၏ ခွင့်ပြုခြင်းတို့ကြောင့် ဖြစ်သည်။

မန္တလေးမြို့တွင် အဆောက်အအုံ ဆောက်လုပ်ပါက အထပ်မည်မျှဟု ကန့်သတ်ထားခြင်းမရှိသော်လည်း ကျုံး ဘေးပတ်လည်ကိုမူ ခြွင်းချက်အဖြစ် ကန့်သတ်ထားခြင်းဖြစ်သည်။

ရန်ကုန်တွင် ကျူးကျော်အလုံးအရင်း တိုးပွားမှု အရေးယူတော့မည်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ်တို့တွင် ကျူးကျော်အိမ်ခြေများ အလုံးအရင်း တိုးပွားနေမှုကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ကျူးကျော်အိမ်ခြေ တည်ဆောက်မှု ပြဿနာများကို သေချာစွာ စိစစ်နေသောကြောင့် အရေးယူမည့် အချိန်ကာလကိုမူ လတ်တလောတွင် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း အဆိုပါအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “သူတို့ (ကျူးကျော်နေထိုင်သူများ)ကို မြေကွက်တွေ ချထားပေးမယ်ဆိုတဲ့ သတင်းတွေက လျှောက်ပြောနေတာပါ။ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူမှာပါ” ဟု ၄င်းက ဆိုသည်။ ပန်းလှိုင်မြစ်ကမ်းပေါ်တွင် နေထိုင်သူများမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ၄င်းတို့၏ နေအိမ်များကို ဒီဇင်ဘာလ ၂ ရက်နေ့ နောက်ဆုံးထားကာ ဖျက်သိမ်းပြောင်းရွှေ့ပေးရန် စာဖြင့်ညွှန်ကြားထားသဖြင့် နေစရာမြေ မရှိခြင်းကြောင့် ယခုကဲ့သို့ ဝင်ရောက်ကာ တောများခုတ်ထွင် ရှင်းလင်း၍ နေထိုင်ရန် တဲများ ဆောက်လုပ်ခြင်းဖြစ်ကြောင်း အိုးအိမ်မဲ့ တည်ဆောက်ရေး ခေါင်းဆောင် ဦးကျော်ထက်နိုင်က ပြောကြားသည်။ လှိုင်သာယာ-တွံတေး ကားလမ်း ဝဲယာတစ်လျှောက်တွင် အစိုးရက မြေကွက်များ ချထားပေးမည်ဆိုသော သတင်းများ ဒီဇင်ဘာလဆန်းပိုင်းက ထွက်ပေါ်လာပြီးနောက် ယင်းနေရာများတွင် မြေကွက်များကို ဦးယူနေကြပြီး ပန်းလှိုင်မြစ်ကူးတံတားအနီး ပန်းလှိုင်မြစ်ကမ်း တစ်လျှောက်ရှိ မြေနုကျွန်းများ၊ ဥယျာဉ်ခြံများတွင်လည်း “ဆင်းရဲဒုက္ခရောက်နေသည့် အိုးမဲ့အိမ်မဲ့ ပြည်သူများ သောင်ထွန်း မြေနုကျွန်းပေါ်တွင် ခေတ္တယာယီ တဲထိုးနေထိုင်ရာဒေသ” ဟူ၍ ဗီနိုင်းပိုစတာများ စိုက်ထူကာ အဆောက်အအုံများ ထောင်နှင့်ချီကာ ဆောက်လုပ်လျက်ရှိပြီး ယင်းတို့အထဲတွင် သာသနာ့အဆောက်အအုံ တစ်ခုလည်း ပါဝင်သည်။ “သူတို့က ဒီမှာ မင်းမဲ့စရိုက်ဆန်ဆန်ပဲ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေလည်း ဒီအတိုင်း ကြည့်နေရတယ်။ ဒီမှာရှိတဲ့ မြေကွက်လပ်မှန်သမျှ သူတို့ကလွဲပြီး တခြားလူ မဦးရဘူး။ တဲထိုးပြီးရင် တခြားလူကို ပြန်ရောင်းစားတယ်” ဟု တွံတေးမြို့နယ် ခလောက်ချိုက် ကျေးရွာအုပ်စုတွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ ယင်းအပြင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အချို့ရှိ ပိုင်ရှင်ရှိ မြေကွက်များပေါ်တွင်လည်း လူအုပ်စု အလုံးအရင်းဖြင့် နေအိမ်၊ အဆောက်အအုံများ ဝင်ရောက် ဆောက်လုပ်ခြင်းများ ရှိနေပြီး ဒေသခံကျေးရွာသားများနှင့်လည်း မကြာခဏ ပဋိပက္ခများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်း စံသတ်မှတ်ချက်များ ပြန်လည်ပြင်ဆင်မည်

အောက်တိုဘာလ ၁ ရက်မှစတင်၍ သတ်မှတ်ခဲ့သည့် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်း စံသတ်မှတ်ချက်များကို ပြန်လည်ပြင်ဆင် သတ်မှတ်ရန် အစီအစဉ် ရှိကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ၂၀-၁၂-၂၀၁၃ ရက်တွင် ပြောကြားသည်။ လက်ရှိ သက်မှတ်ထားသည့် အိမ်ခြံမြေစံနှုန်းများတွင် လက်ရှိပေါက်ဈေးများနှင့် အဆမတန်ကွာဟနေသည့် မြို့နယ်များလည်းရှိနေပြီး ထိုမြို့နယ်များ၏ အိမ်ခြံမြေ စံနှုန်းများကိုလည်း ပြန်လည်ပြင်ဆင် သတ်မှတ်မည်ဖြစ်ကာ ယခုသတ်မှတ်ထားသည့် စံနှုန်းနှင့် လက်ရှိတွင် ဈေးနှုန်း အပြောင်းအလဲဖြစ်လာသော နေရာများကိုလည်း စံနှုန်း ပြန်လည် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “လက်ရှိ သတ်မှတ်ပေးထားတဲ့ စံဈေးနှုန်းတွေအားလုံးကို ပြန်ပြင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ ပြင်ပပေါက်ဈေးနဲ့ သတ်မှတ်ထားတဲ့ ဈေးကွာဟနေတာတွေကို ပြန်ပြင်မယ်။ တချို့ကလမ်းကျဉ်းနဲ့ လမ်းကျယ်ဈေးနှုန်းတွေမှာ ပြင်ပပေါက်ဈေးနဲ့ ကွဲလွဲနေတာလေးတွေ ရှိတယ်။ အဲဒါလေးတွေကို ပြန်သတ်မှတ်မယ်။ အဲဒီအတွက် အခုစာရင်းတွေ ပြုစုနေပြီ။ လာမယ့် ၃ လပိုင်းမှာ အထက်ကို ပြန်တင်ပြပြီးတော့ အတည်ပြုချက်ရရင် အသစ်သတ်မှတ်ချက်တွေကို ထုတ်ပြန်ပေးသွားမှာပါ” ဟု ပြောသည်။ ဒဂုံတောင်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ သာကေတ အစရှိသည့် မြို့နယ်များရှိ စံဈေးနှုန်းများကိုလည်း ပြန်လည်ပြင်ဆင် သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

သင့်အိမ် အရောင် နှင့် စိတ် ကျန်းမာရေး

အခန်း နံရံနဲ့ မျက်နှာ ကြက်တွေ အ တွက် ရွေးချယ် တဲ့ အရောင် ပေါ် မူတည် ပြီး သင့်အိမ်အတွင်းဒီဇိုင်းက သင့်စိတ်ခံ စားမှုကို ကောင်းမွန်အောင် လှုံ့ဆော်နိုင် မှုရှိ၊ မရှိဆိုတာ ကွဲပြားခြားနားမှုရှိတယ် လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါ ကြောင့် သင့်အိမ်အတွက် အရောင်တွေ ကို ရွေးချယ်တော့မယ်ဆိုရင် သိထားသင့် တဲ့ အရောင်နဲ့ စိတ်ခံစားမှုတို့အကြား ဆက်စပ်နေပုံကို သိရှိနားလည်စေဖို့ ဖော် ပြပေးလိုက်ပါတယ်။

(၁) တောက်ပသော အရောင်
အစိမ်းရောင်၊ အပြာရောင်တောက် တောက်၊ အဝါရောင်နဲ့ လိမ္မော်ရောင် စတဲ့ တောက်ပတဲ့ အရောင်တွေက ကျယ် ပြန့်တဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ ရင်းနှီးခင်မင်မှု၊ ပျော်ရွှင်မှု၊ ပေါင်းသင်း ဆက်ဆံရေးအဆင်ပြေမှု စတာတွေကို ဖြစ်ပေါ်စေတာကြောင့် ဧည့်ခန်းနဲ့ မီးဖို ချောင်တွေလို နေရာတွေမှာ အဲဒီအရောင် တွေ ခြယ်သထားသင့်ပါတယ်။

(၂) အရောင်ရင့်
အနီ၊ ခရမ်း၊ အပြာမှိုင်းမှိုင်း၊ အစိမ်း ရင့်ရင့် စတဲ့ ရင့်ပြီး အမှောင်ဘက်သန်း တဲ့ အရောင်တွေက စိတ်ကျဉ်းကျပ်သလို ခံစားချက်မျိုးဖြစ်ပေါ်စေပါတယ်။ ဒါ ကြောင့် ဒလီ အို ရောငေ် တကွိုအခန်းတငွ်း ရှိ အသုံးအဆောင်ပစ္စည်းတွေမှာပဲ သုံး ပါ။ ဒါဆိုရင် သက်သောင့်သက်သာရှိမှု နဲ့ လုံခြုံနွေးထွေးမှုတို့ကို ရရှိစေပါတယ်။



(၃) နွေးထွေးသော အရောင်
လိမ္မော်ရောင်နဲ့ အဝါရောင်တွေလို နွေးထွေးတဲ့ အရောင်တွေက အခန်းအ ပူချိန်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ ကြောင့် မြောက်အရပ်ကို မျက်နှာမူနေ တဲ့ အခန်းတွေထဲမှာ သုံးသင့်တဲ့ အ ကောင်းဆုံးအရောင်တွေဖြစ်ကြပါတယ်။ အကြောင်းကတော့ ဒီအရောင်တွေက လှုပ်ရှားတက်ြွကမှုကို လှုံ့ဆော်ပေးနိုင်လို့ ပါ။ အိပ်ခန်းလိုမျိုး အနားယူဖို့အတွက် စီမံထားတဲ့ အခန်းတွေမှာ မသုံးသင့်ပါ။

(၄) အေးမြသော အရောင်
ရေခဲပြာရောင်နဲ့ အစိမ်းရောင်တွေ လို အရောင်တွေက စိတ်ကို အေးချမ်း ငြိမ်သက်စေတဲ့ အာနိသင်ရှိပါတယ်။ အဲ ဒီအရောင်တွေက အိပ်ခန်းတွေအတွက် အဆင်ပြေကောင်းမွန်ပြီး ညနေခင်းအ ချိန်မှာ ပင်ပန်းလာတဲ့ အိမ်သူအိမ်သား တွေကို ကောင်းကောင်းအနားရအိပ်မော ကျစေကာ နောက်တစ်နေ့နံနက်ခင်းမှာ လန်းလန်းဆန်းဆန်းနိုးထနိုင်အောင် ပံ့ပိုး ပေးနိုင်ပါတယ်။

(၅) ရေတပ်ပြာရောင်
ရေတပ်ပြာရောင်က လူတွေရဲ့ တစ် ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံလိုစိတ်ကို တားဆီးပေးတာကြောင့် ဧည့်ခန်းနဲ့ ထ မင်းစားခန်းတွေမှာ မသုံးသင့်ပါဘူး။

(၆) အနီရောင်
အနီရောင်က အခန်းတစ်ခုရဲ့ စွမ်း အင်အဆင့်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပါ တယ်။ ဒါပေမဲ့ ဒီအရောင်က လူတွေကို စိတ်မသက်မသာ ပိုဖြစ်စေပြီး ရန်လိုစေ ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အခန်း ထဲမှာ မသုံးသင့်တဲ့ အရောင်ပါ။ အခန်း အရောင်ထက် အခန်းထဲမှာ သုံးတဲ့ အ သုံးအဆောင်တစ်ခုခုရဲ့ အရောင်မျိုးသာ ဖြစ်သင့်ပါတယ်။

(၇) ခပ်မှိုင်းမှိုင်းအရောင်
မှိုင်းတဲ့ အရောင်တွေကို မီးဖိုချောင် နဲ့ ထမင်းစားခန်းမှာ လုံးဝမသုံးသင့်ပါ ဘူး။ အစာစားချင်စိတ်ကို ဟန့်တားပေး နိုင်လို့ပါ။

https://www.facebook.com/phoenixestate
Good Health

နိုင်ငံခြားသားအမည်ပေါက် မြေကွက်များတွင် အဆောက်အအုံများ ဆောက်လုပ်ခွင့်တောင်းခံ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြထားသည့်ထဲမှ နိုင်ငံခြားသားအမည်ပေါက် မြေကွက်များတွင် အဆောက်အအုံဆောက်လုပ်ရန် မြေကွက် ၁၉၀ ကျော်ရှိနေ၍ ပြည်ထဲရေးဝန်ကြီးဌာ န ဒုတိယ၀န်ကြီးဦးဆောင်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ကန့်သတ်သော စစ်ဆေးရေးအဖွဲ့ သို့ တင်ပြထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က မဇ္ဈိမကို ပြောသည်။

နိုင်ငံသားအမည်ပေါက်၊ ဂရန်မြေတွင် အဆောက်အအုံဆောက်လုပ်လိုပါက စည်ပင်သို့တင်ပြကာ အ ဆောက်အဦးဆောက်နိုင်သော်လည်း နိုင်ငံခြားသားအမည်ပေါက် မြေကွက်များတွင် အဆောက်အအုံ လုပ်လိုပါက မြေပိုင်ရှင်အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဆောင်သည့် မရွှေ့မပြောင်း နိုင်သောပစ္စည်းများ ကန့်သတ်သော စစ်ဆေးရေးအဖွဲ့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားအမည်ပေါက် မြေကွက်များကို ပိုင်ဆိုင်ထားသည့် နိုင်ငံသားများအနေနှင့် စည်ပင်သို့ လျှောက်ထားမှုများ ရှိနေသဖြင့် ပြန်လည်အကြောင်းပြန်ခြင်း မရှိသည့်အတွက် နားလည်မှု လွဲမှားနေ ခြင်းကြောင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြခြင်းသာလျှင် အကျုံးဝင်မည်ဖြစ်ကြောင်း ဦးမောင်မောင် ဇော်က ပြောသည်။

၎င်းက “ပိတ်ပင်ထားတာမဟုတ်ဘူး။ လျှောက်လို့ရတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကို နိုင်ငံခြားသားအ မည်ပေါက်ဆိုပြီး တင်ရပါတယ်။ ဘယ်နှစ်ထပ်ဆောက်မယ်။ သဘောထားမှတ်ချက် ပြန်ကြားပေးပါလို့ တင်ရပါတယ်”ဟု ပြောသည်။

နိုင်ငံခြားသားအမည်ပေါက် မြေကွက်နှင့်ပတ်သက်ပြီး မရှင်းလင်းသေးသည့် ပြဿနာများကို ပြည်ထဲရေး ၀န်ကြီးဌာနက နိုင်ငံတော်သမ္မတထံ နိုဝင်ဘာ၂၁ ရက်က သဘောထားမှတ်ချက်ပေးရန် တင်ပြထားပြီး ယခုအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ အဆောက်အအုံဆောက်လုပ်ရန်တင်ပြလျှင် သုံးထပ် နှင့်အထက် အဆောက်အအုံများကို အဆောက်အအုံအင်ဂျင်နီယာမှ သတ်မှတ်ထားသည့် အဆောက်အ အုံ၏ ခိုင်ခံမှုဆိုင်ရာတွက်ချက်မှုပုံစံတစ်စုံနှင့် မြေခံနိုင်အားစမ်းသပ်မှုတို့ကို ပူးတွဲတင်ပြရပြီး လေးထပ်နှင့် အထက် အဆောက်အအုံများကို အထက်ပါ အချက်အလက်များအပြင် မြေပိုင်ရှင်၊ ကန်ထရိုက်တာ၊ လိုင် စင်အင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာတို့၏ အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ၀န်ခံကတိတို့ တင်ပြရမည်ဖြစ်သည်။

Mizzima
https://www.facebook.com/phoenixestate

မြို့ပြ မြေအသုံးချမှုနှင့် အဆောက်အအုံတည်ဆောက်မှု ကန့်သတ်ချက် အိမ်ရာဈေးကွက် ထိခိုက်နိုင်ဟုဆို

ရန်ကုန်မြို့တွင် ၂ဝ၁၄ ခုနှစ် နှစ်ဆန်း ပိုင်းမှစတင်ကာ မြို့ပြဇုန်များသတ်မှတ်ပြီး မြေအသုံးချမှုနှင့် အဆောက်အအုံ ဆောက် လုပ်မှု ကန့်သတ်ချက်များ စတင်ကျင့်သုံး သွားမည်ဖြစ်ရာ ယင်းသို့ ဆောင်ရွက်မှုများ ကြောင့် အိမ်ခန်းဈေး မြင့်တက်ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကိုပါ ထိခိုက် လာနိုင်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်း ရှင်အချို့က သုံးသပ်ပြောကြားလိုက်သည်။

ယင်းသို့ မြေအသုံးချမှုနှင့် အဆောက် အအုံ ဆောက်လုပ်ခြင်းများတွင် မြို့နယ် အလိုက်၊ လမ်းအလိုက် မြေအကျယ်နှင့် ဆောက်လုပ်ခွင့် ဧရိယာ၊ ခွင့်ပြုအထပ်များ သတ်မှတ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပသည့် မြိုပြမြေ အသုံးချမှုနှင့် အဆောက်အအုံ တည် ဆောက်မှု ဇုန်များနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြို့ပြစီမံကိန်းရေးဆွဲပညာရှင်၊ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ပြော ကြားခဲ့ခြင်းအပေါ် ဆောက်လုပ်ရေး လုပ် ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်ပြောဆို လိုက်ခြင်းဖြစ်သည်။

''အထပ်မြင့်တွေကို အလုံတို့ ဘာတို့မှာ ပေးဆောက်တာတွေမှာ ဆောက်ရမယ့် ဧရိယာကို ဘယ်လောက်ပဲ ပေးလဲဆိုရင် မြေအသုံးချပိုင်ခွင့်က ပွိုင့် ရှစ်ပဲရှိတယ်။ Total floor Area ဆိုတာ အမြင့်ပါ ပါပြီး သားဖြစ်တယ်။ ဒီကောင်ဆိုရင် ခုနှစ်ပဲပေး တယ်။ သူ့အဓိပ္ပာယ်က ဘယ်လောက်လဲ ဆိုရင် ဥပမာ ပွိုင့် ရှစ်ပဲရှိတယ်ဆိုရင် ပေ ၁ဝဝ ပတ်လည်ရှိရင် သူ့ရဲ့ ၈ဝ ရာခိုင်းနှုန်း ကိုပဲ အဆောက်အအုံ ဆောက်လို့ရမယ်။ အဲ့ဒီ အဆောက်အအုံကို မှ ခုနစ်ထပ်ပဲ ဆောက်လို့ရမည့် ပုံစံဖြစ်သွားမယ်။မြေ ကွက်ပိုင်ရှင်က တစ်ပေပတ်လည်ဈေးက အရမ်းတက်လာတယ်။ ဒီတော့ မြေကွက် ပိုင်ရှင်က ရနိုင်သလောက်ကို ဧရိယာကို ဆောက်ချင်တာ သဘာဝပဲ''ဟု ရွှေဇမ္ဗူ ဒိပ် ဆောက်လုပ်ရေးလုပ်ငန်း ဒါရိုက်တာ ဦးသန်းနိုင်က ဆိုသည်။

မြို့ပြဇုန်များ သတ်မှတ်ခြင်းနှင့် မြေ အသုံးချမှု သတ်မှတ်ခြင်းများသည် ယခင် ကတည်းက နည်းဥပဒေများ၊ ချမှတ်များ ရှိခဲ့ပြီး ယင်းနည်းဥပဒေများကို အခြေခံ ကာ ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်း ရေးဆွဲရေးပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောဆိုထားသည်။

''၁၉ဝဝခုနှစ် ဝန်းကျင်လောက်က နည်းဥပဒေတွေမှာ သူ့နေရာနဲ့သူသတ်မှတ် ချက်တွေရှိပါတယ်။ရန်ကုန်မြို့လယ်မှာ ပေ၃ဝရှိတဲ့လမ်းမှာ အိမ်ရဲ့အမြင့်ဟာ၄၅ပေ ထက်မမြင့်ရပါဘူး။ ပေ၅ဝ ကျယ်တဲ့လမ်း မှာ ပေ၆ဝထက် မမြင့်ရပါဘူး။ ပေ ၅ဝ ကျော်တဲ့လမ်းမှာ ၈၆ပေအထိ ဆောက်လို့ ရပါတယ်။ ပေ ၁ဝဝ ရှိတဲ့လမ်းမှာ ပေ၁ဝဝ အထိ ဆောက်လို့ရတယ်။ အစဉ်အဆက် ရှိတဲ့ နည်းဥပဒေပါ။ ဒီနည်းဥပဒေက အရှေ့တောင်အာရှမှာ စံနမူထားရတဲ့ နည်းဥပဒေဖြစ်တယ်'' ဟု ဆိုသည်။

သို့သော် လက်ရှိ ရန်ကုန်မြို့ပြ တည် ဆောက်မှုများတွင် တည်ဆဲဥပဒေများရှိနေ ပါလျှက် ဥပဒေနှင့်မညီသော အဆောက် အအုံများလည်း ရှိနေကြောင်း ဒေါ်လှိုင် မော်ဦးက ထောက်ပြပြောဆိုသည်။ ရန်ကုန်မြို့၌ စီးပွားရေး အဆောက် အအုံ သုံးမြေ (commercial) ၊ လူနေအိမ် (Residential) စက်မှုဇုန်သုံးမြေများပေါ် တွင် မူတည်၍ ထပ်မြင့်ဆောက်လုပ်ခွင့်ဇုန် များကို လာမည့် ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်း တွင် အတည်ပြုနိုင်ရန်အတွက် လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးစီးပြီး မြို့ပြဖွံ့ရေးအတွက် ရန်ကုန်မြို့တော် မြေအသုံးချမှု၊ ဇုန်ခွဲခြား သတ်မှတ်မှုနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ အဆုံပြုပုံစုံများ စိစစ်အကြံပြုခြင်း လုပ် ငန်းကော်မတီအသစ်တစ်ခုကို ရေးဆွဲနေ ပြီဖြစ်ကြောင်း သိရသည်။


မန္တလေးတွင် မြို့အတွက် သတ်မှတ် လိုက်သည့် အိမ်ခြံမြေရာဖြတ်နှုန်းထားများ သည် ကာလပေါက်ဈေး ထက်ပိုနေသော ကြောင့် ပေးဆောင်ရမည့်အခွန်နှုန်းထား များ တိုးမြင့်လာသဖြင့် တရားဝင် အခွန် ဆောင်မည့် အရောင်းအဝယ်များ နည်း လာနိုင်ကြောင်း ဒေသခံအကျိုးဆောင်များ က မဇ္ဈိမသို့ ပြောသည်။

အိမ်ခြံမြေ ရာဖြတ်နှုန်းထားများကို မန္တလေးမြို့တွင် နိုဝင်ဘာ ၁၅ ရက်၌ တစ်ဧကနှုန်းထားများဖြင့် နေရာအလိုက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ပုံမှန်ဈေးကွက် ပေါက်ဈေးနှင့် အနိမ့်ဆုံးတန်းတူရှိကာ အမြင့်ဆုံးနှစ်ဆအထိ ဖြစ်နေသောကြောင်း အဆိုပါအကျိုးဆောင်များက ဆက်လက် ပြောကြားသည်။

ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးနေလင်းအောင်က ''နှုန်းဖြတ် တာဟာ ကာလပေါက်ဈေးထက်ကို ပိုနေ တယ်။ အဲဒီတော့ အိမ်ခြံမြေအရောင်း အဝယ်ကို တရားဝင်အခွန် မဆောင်တော့ ဘဲ အခွန်ရှောင်ပြီး အရပ်ကတိစာချုပ် လောက်နဲ့ အရောင်းအဝယ်လုပ်လာကြလိမ့် မယ်။ နိုင်ငံအတွက် အခွန်လည်းမရတော့ သလို တရားမဝင်အရောင်းအဝယ်တွေကို လည်း ပိုအားပေးသလို ဖြစ်သွားမယ်''ဟု ပြောသည်။

လက်ရှိအချိန်တွင် မန္တလေးမြေဈေး ကွက်တွင် အရောင်းအဝယ်ကျဆင်းခြင်း မရှိဘဲ တရားဝင်မှတ်ပုံတင်ကာ အခွန် ဆောင်မည်သူသာ ကျဆင်းလာနေကြောင်း အိမ်ခြံမြေလုပ်ငန်း အကျိုးဆောင်အချို့က သုံးသပ်ကြကာ အချို့ကမူ အရောင်းအဝယ် ပမာဏထက် အငှားဈေးကွက်ပိုသွက်လာ နေကြောင်း ပြောကြားသည်။

မန်းမြေရာဇာ အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ ဦးကျော်ဝင်းက ''အိမ် ငှားခက နှစ်လအတွင်း နှစ်ဆ၊ သုံးဆ လောက်အထိကို တက်လာတာတွေ ရှိနေ တယ်။ နေရာတိုင်းတော့မဟုတ်ဘူးပေါ့'' ဟု ပြောကြားသည်။

ရန်ကုန်မြို့တွင် အိမ်ခြံမြေ တစ်ပေပတ်လည် ဈေးနှုန်းများသတ်မှတ်ရေး ကိစ္စ အား တစ်နိုင်ငံလုံးတွင် ပထမဦးဆုံးအနေ ဖြင့် ပြုလုပ်ခဲ့ပြီဖြစ်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းအား သြဂုတ်လ အတွင်း၌ ဖိတ်ခေါ်ညှိနှိုင်းခဲ့ကာ စက်တင် ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြိုနယ်များအလိုက်၊ ရပ်ကွက် လမ်းများအလိုက် တစ်ပေပတ်လည် မြေ ဈေးအား ထုတ်ပြန်ခဲ့ခြင်းကာ ကာလ ပေါက်ဈေး၏ ၄ဝ ရာခိုင်နှုန်းဝန်းကျင်ဖြစ် ကြောင်း ရန်ကုန်အခြေစိုက် အကျိုးဆောင် များက ပြောကြားသည်။

၂ဝ၁၂ ခုနှစ်တွင် အသစ်ထုတ်ပြန်ခဲ့ သည့် အိမ်ခြံမြေအခွန်နှုန်းထားမှာ တန်ဖိုး ကျပ်သိန်း ၅ဝဝ နှင့်အထက် အိမ် ခြံ မြေ တိုက်ခန်းရောင်းဝယ်ခြင်းများအပေါ် ဝယ် သူဘက်မှ ဝင်ငွေရလမ်းကြောင်း မဖော် ပြနိုင်ပါက Commercial Tax (ကုန်သွယ်ခွန်) ၃ဝ ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ခုနစ် ရာခိုင်နှုန်း၊ အခြားဒေသ ငါးရာခိုင်နှုန်းတို့ ဖြစ်ကာ ရောင်းသူဘက်မှ Commercial Tax  (ကုန်သွယ်ခွန်) ၁ဝရာခိုင်နှုန်း ပေးဆောင် ရမည်ဖြစ်သည်။ သို့ဖြစ်ရာ၂ဝ၁၃ စက်တင် ဘာတွင် အသစ်ထုတ်ပြန်သော ရာဖြတ် နှုန်းထားအပေါ် အခြေပြု၍ အထက်ပါ ရာခိုင်နှုန်းများအတိုင်း အခွန်စည်းကြပ် မည်ဖြစ်သည်။
 https://www.facebook.com/phoenixestate?ref=hl

Mizzima

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ယခင်နှစ်ထက် ထက်ဝက်ခန့်လျော့ကျ

နှစ်ကုန်ပိုင်း နှစ်သစ်ကူး ကာလတွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပုံမှန်လျော့ကျလေ့ ရှိသော်လည်း ယခုနှစ်မှာမူ ယခင်နှစ်ထက် ထက်ဝက်ခန့် လျော့ကျကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

ရန်ကုန်မြို့တွင် မြေအသုံးချမှုဇုန် အမျိုးအစားများ ခွဲခြားသတ်မှတ်မည်ဟု ဒီဇင်ဘာလဆန်းက ကြေညာခဲ့သည့်အတွက် အရောင်းအဝယ် ထပ်မံလျော့ကျခြင်းကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် လျော့ကျခြင်း ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့် နေကြတာပါ။ ဇုန်သတ်မှတ်ချက် တည်နေရာတွေ ထွက်လာရင်တော့ အရောင်းအဝယ် ပြန်ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အောက်တိုဘာလဆန်းက ထုတ်ပြန်ခဲ့သော မြို့နယ်အလိုက် ပေးဆောင် ရမည့် အခွန်နှုန်းထားများသည် ရင်းနှီးမြှုပ်နှံသူ များကို အိမ်၊ ခြံ၊ မြေ ဝယ်ယူရေး အဟန့်အတား ဖြစ်စေသောကြောင့် ယခုနှစ်ကုန် အရောင်းအဝယ်သည် ယခင်နှစ်ထက် ပိုမိုလျော့ကျခြင်း ဖြစ်ကြောင်း အာရှမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဒေါ်လီလီက ပြောကြားသည်။
“အခွန်နှုန်းက တော်တော်များတော့ ဝယ်ရောင်းသမားတွေ စိတ်ကြိုက် ကစားလို့ မရတော့ဘူး” ဟု ၎င်းကဆိုသည်။

မြေကွက်များ၊ လုံချင်းအိမ်များ အရောင်းအဝယ် လျော့ကျနေသော်လည်း အခွန်ပေးဆောင်ရခြင်း မရှိသေးသော တိုက်ခန်း ကွန်ဒိုများသည် အရောင်းအဝယ် ပုံမှန်အတိုင်း ဆက်လက် တည်ရှိနေကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ရန်ကုန်မြို့၏ နှစ်သစ်ကူးအိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အရောင်းအဝယ် လျော့ကျမှုများ ရှိသော်လည်း စံချိန်တင် မြင့်တက်ခဲ့သော ဈေးနှုန်းများမှာမူ လျော့နည်းကျဆင်းမှု မရှိသေးကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းမှလွဲ၍ ကျန်မြို့နယ်များတွင် အထပ်မြင့်အဆောက်အအုံ တည်ဆောက်မှုအား ကန့်သတ်သကဲ့သို့ ဖြစ်နေသည့်အတွက် ပြန်လည်သုံးသပ်ပေးရန် အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြမည်

ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြု မြို့မြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ သတ်မှတ်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီစဉ်လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ မြို့နယ်အလိုက် အဆိုပြု မြို့မြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ဒီဇင်ဘာ ပထမပတ်အတွင်းက ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း၊ လတ်တလော သတ်မှတ်ထားသည့် ဇုန်များနှင့် ပတ်သက်ပြီး အကြံပြုလိုပါက တစ်လအတွင်း ပြန်လည်တင်ပြနိုင်ကြောင်းလည်း သိရသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့တွင် အဆောက်အအုံ တည်ဆောက်မှုဇုန် သတ်မှတ်ထားမှုအရ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန် ကန့်သတ်သကဲ့သို့ ဖြစ်နေသည့်အတွက် ပြန်လည်သုံးသပ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
သူတို့ သတ်မှတ်တဲ့ FAR နဲ့ BCR အရ ပြည်လမ်းနဲ့ ကမ္ဘာအေးလမ်းမှာတောင်မှ ပေ ၁၀၀ မြေကွက်ရှိတဲ့သူဆိုရင် အထပ် ၂၀ ဆောက်လို့ မရတော့ဘူး။ အထပ် ၂၀ ဆောက်မယ်ဆိုရင် အနည်းဆုံး ဘယ်လောက်မြင့်မလဲ။ ပေ ၂၆၀ လောက် မြင့်မယ်။ ၂၆၀ ရဲ့ သုံးပုံတစ်ပုံ ပေ ၇၀၊ ၈၀ လောက်ဖြစ်မယ်။ ပေ ၁၀၀ ရှိတဲ့ မြေကွက်က ပေ ၇၀၊ ၈၀ လောက် နောက်ဆုတ်ပေးရမယ်ဆိုတော့ ပေသုံးဆယ်ပဲကျန်ရင် ဘယ်လိုဆောက်တော့မလဲ။ ဒါတွေက တွက်ချက်မှုမှာ လိုနေတာလား။ ဒါတွေကို အသေးစိတ် ဆွေးနွေးရမှာ ဖြစ်တယ် . . . . .
ယင်းကဲ့သို့ အဆောက်အအုံ တည်ဆောက်မှုဇုန် သတ်မှတ်ရာ၌ အဆောက်အအုံ၏ အထပ်အမြင့်ကို ကန့်သတ်ထားသကဲ့သို့ ဖြစ်နေခြင်းနှင့် ပတ်သက်ပြီး “အထပ်မြင့်တွေ မဆောက်ရဘူးလို့ ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ သဘောက အဲဒီလိုဖြစ်နေတယ်။ ဘယ်လိုအခက်အခဲကြောင့်လည်း မသိဘူး။ အထပ်မြင့်တွေကို သိပ်မဆောက်စေချင်လို့ တားလိုက်တဲ့ သဘောမျိုးလား။ သူတို့ သတ်မှတ်တဲ့ FAR နဲ့ BCR အရ ပြည်လမ်းနဲ့ ကမ္ဘာအေးလမ်းမှာတောင်မှ ပေ ၁၀၀ မြေကွက်ရှိတဲ့သူဆိုရင် အထပ် ၂၀ ဆောက်လို့ မရတော့ဘူး။ အထပ် ၂၀ ဆောက်မယ်ဆိုရင် အနည်းဆုံး ဘယ်လောက်မြင့်မလဲ။ ပေ ၂၆၀ လောက် မြင့်မယ်။ ၂၆၀ ရဲ့ သုံးပုံတစ်ပုံ ပေ ၇၀၊ ၈၀ လောက်ဖြစ်မယ်။ ပေ ၁၀၀ ရှိတဲ့ မြေကွက်က ပေ ၇၀၊ ၈၀ လောက် နောက်ဆုတ်ပေးရမယ်ဆိုတော့ ပေသုံးဆယ်ပဲကျန်ရင် ဘယ်လိုဆောက်တော့မလဲ။ ဒါတွေက တွက်ချက်မှုမှာ လိုနေတာလား။ ဒါတွေကို အသေးစိတ် ဆွေးနွေးရမှာ ဖြစ်တယ်။ ပြုပြင်စရာတွေ အသေးစိတ် ဆွေးနွေးစရာတွေက အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ ဆောက်လုပ်ရေးသမားတွေ အိမ်ရှင်တွေက မဖြစ်သင့်ဘူး ပြောနေကြတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးရန်ဝင်းက ပြောကြားသည်။
Floor Area Ration(FAR) ဆိုသည်မှာ အဆောက်အအုံ တစ်ခုလုံး၏ စုစုပေါင်း ကြမ်းခင်းဧရိယာနှင့် ယင်းအဆောက်အအုံ တည်ရှိရာ မြေကွက်အချိုးကို FAR ဟု သတ်မှတ်ကြောင်း၊ Building Coverage Ratio(BCR) ဆိုသည်မှာ အဆောက်အအုံ တစ်လုံးကို အပေါ်စီးမှကြည့်လျှင် မြင်ရသော အပြင်ဆုံး အနားသတ်မျဉ်းဖြင့် ကန့်သတ်ထားသော ဧရိယာကိုခေါ်ကြောင်း သိရသည်။
ယင်းကဲ့သို့ သတ်မှတ်ထားမှုအရ မြို့မြေအသုံးချမှုဇုန် ၁၁ ဇုန် ခွဲခြားသတ်မှတ်ထားကြောင်း၊ အဆိုပါဇုန် ၁၁ ခုမှာ ဆိတ်ငြိမ်ရပ်ကွက် (သို့မဟုတ်) လူနေသိပ်သည်းမှုနည်းသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှုများသည့် လူနေရပ်ကွက်ဇုန်၊ မြို့မြေအသုံးချမှု မျိုးစုံရောနှော ပါဝင်နိုင်သည့်ဇုန်၊ ကုန်သွယ်မှုနှင့် စီး ပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းဆက်စပ် ၀န်ဆောင်မှုများဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင်များဇုန်၊ အစိုးရ၊ အဖွဲ့အစည်းနှင့် အခြေခံ အဆောက်အအုံများဇုန်၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းမှုဇုန်နှင့် ကမ်းနား အထူးဖွံ့ဖြိုးရေးဇုန်တို့ဖြစ်ကြောင်း သိရသည်။
“အဆောက်အအုံ တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်နေပါပြီ။ ပြီးရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုတင်မယ်။ နောက်ပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကိုတင်မယ်။ Zone Law ဆွဲတဲ့ ပညာရှင် အဖွဲ့ကိုလည်း အကြံပြုစာ ပို့မယ်။ သူတို့ကလည်း အခုဒီဟာနဲ့ ပတ်သက်ပြီး တစ်လအတွင်း အကြံဥာဏ် ပေးနိုင်ပါတယ်လို့ ပြောထားတာ ရှိပါတယ်။ ဒီအတွက် ကျွန်တော်တို့ အမြန်ဆုံး တင်ပြသွားမှာပါ” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးရန်ဝင်းက ပြောကြားသည်။

စလစ်ကားများ CIF တန်ဖိုး ကျဆင်းသည့်အတွက် အ၀ယ်လိုက်နိုင်၊ ၁၅၀၀ CC ကား CIF တန်ဖိုး ကျဆင်းသော်လည်း အခွန်နှုန်း ကွာခြားမှုကြောင့် ၁၃၀၀ CC ကားများသာ ၀ယ်လိုအား ပိုမိုများပြားမည်

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ကားတင်သွင်းသူများ တင်သွင်းရာတွင် အသုံးပြုရမည့် CIF ဈေးနှုန်းသစ်များကို မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီမှ အတည်ပြု ထုတ်ပြန်လိုက်ကြောင်း အဆိုပါကော်မတီ၏ တာဝန်ရှိသူများက ပြောကြားသည်။
CIF ဈေးနှုန်းသစ်များ ထုတ်ပြန်ရာတွင် အများပြည်သူကြားတွင် အိမ်စီးကား ၀ယ်ယူစီးနင်းရာ၌ ၀ယ်ယူမှု အများဆုံးဖြစ်သည့် အင်ဂျင်ပါဝါ ၁၃၀၀ CC အမျိုးအစား ကားများ၏ CIF ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းဖြစ်၍ ၀ယ်လိုအားမှာလည်း ယခင်အတိုင်းပင် ဆက်လက်များပြားမည်ဖြစ်ကြောင်း ကားဝယ်ရောင်းများက ပြောကြားသည်။
၂၀၁၄ ခုနှစ်အတွက် CIF ဈေးနှုန်းသစ်များ ထုတ်ပြန်ရာတွင် ၁၅၀၀ CC ကားအမျိုးအစားများ၏ CIF ဈေးနှုန်းများ ကျဆင်းသော်လည်း ၁၅၀၀ CC အမျိုးအစားကားများ၏ အခွန်ပေးဆောင်ရမည့်နှုန်းနှင့် ၁၃၀၀ CC အမျိုးအစားကားများ၏ အခွန်ပေးဆောင်ရမည့်နှုန်းမှာ နှစ်ဆမက ကွာခြားသည့်အတွက် ၁၅၀၀ CC ကားအမျိုးအစားများ ၀ယ်လိုအားမှာ နည်းပါးနေမည်သာ ဖြစ်သည်ဟု အခွန်နှုန်း အတိအကျဖြင့် တွက်ချက်ကာ ထောက်ပြခဲ့ကြသည်။
ကားတင်သွင်းရောင်းချသူ ကုမ္ပဏီမှ ကိုထွဋ်ထိပ်က “CIF အသစ်ထွက်တယ်။ မနှစ်က CIF ဈေးမှာတုန်းက ၁၅၀၀ CC ကို သီးသန့်ဈေး သတ်မှတ်မပေးဘူး။ ၁၃၅၀ CC နဲ့ အောက်က CIF ဈေး အမေရိကန်ဒေါ်လာ ၅၀၀၀၊ ၁၃၅၀ CC နဲ့အထက်က တစ်မျိုးတည်း သတ်မှတ်ထားတော့ ၁၅၀၀ CC ရဲ့ဈေးက တခြားအင်ဂျင်ပါဝါမြင့်တဲ့ ကားတွေဈေးနဲ့ ရောနေတော့ မြင့်တဲ့သဘော ဖြစ်နေတယ်။ ဒီနှစ် ၁၅၀၀ CC ကားတွေကို သီးသန့်ဈေး သတ်မှတ်ပေးလိုက်တော့ မနှစ်ကနဲ့ယှဉ်ရင် အများကြီး ကျသွားတဲ့သဘော ဖြစ်နေတယ်။ ဒီတစ်ခုတည်းကိုကြည့်ပြီး ၁၅၀၀ CC ကားအမျိုးအစားတွေ ၀ယ်လိုအား အရမ်းကောင်းတော့မယ်လို့ ပြောတာကိုတော့ ကျွန်တော်လုံးဝ လက်မခံဘူး။ ဘာကြောင့်လဲဆိုတော့ ၁၃၀၀ CC ရဲ့ ကျသင့်တဲ့ အခွန်နှုန်းနဲ့ ၁၅၀၀ CC ရဲ့အခွန်နှုန်းက အရမ်းကွာတယ်။ နှစ်ဆမက ကွာနေလို့ပဲ။ ဥပမာ-Honda Fit ၂၀၁၂-၁၃၀၀ CC ကားဆိုရင် CIF ဈေး မပြောင်းဘဲ အမေရိကန်ဒေါ်လာ ၅၀၀၀ ပဲ သတ်မှတ်ထားတယ်။ အဲဒီအတွက် ရှိသမျှအခွန် အကုန်လုံး ဆောင်မယ်ဆိုရင် ကျပ် ၅၁ သိန်းကျော် ပေးရမယ်။ သူနဲ့အမျိုးအစားတူ Honda Fit ၂၀၁၂-၁၅၀၀ CC ကို အခုဈေးအရမ်း ကျသွားပါတယ်ဆိုတဲ့ ဈေးနဲ့တွက်ရင်တောင် သူ့ရဲ့ CIF ဈေးက အမေရိကန်ဒေါ်လာ ၁၀၅၀၀ ရှိတဲ့အတွက် အခွန်အရပ်ရပ် ကျပ် ၁၃၅ သိန်းနီးပါးအထိ ပေးရမယ်။ Toyota Vitz ၂၀၁၂-၁၃၀၀ CC ပဲဖြစ်ဖြစ် Mazda Demio ၂၀၁၂ ၁၃၀၀ CC ပဲဖြစ်ဖြစ် နောက်ထပ် ၁၃၀၀ CC ဘာအမျိုးအစားဖြစ်ဖြစ် အခွန်က ၅၁ သိန်းပဲ ပေးရမှာ။ ၁၅၀၀ CC ထဲမှာ Mazda Demio ၁၅၀၀ CC ကို ဈေးအနည်းဆုံး သတ်မှတ်ထားတယ်။ Mazda Demio ၂၀၁၂ ၁၅၀၀ CC ကို အမေရိကန်ဒေါ်လာ ၈၀၀၀ ပဲ သတ်မှတ်ထားတယ်။ ဒါပေမဲ့ အဲဒီ ၈၀၀၀ နဲ့တွက်ရင်တောင် အခွန်ကကျပ် ၁၀၃ သိန်းအထိ ပေးရမယ်။ ဒီတော့ အခွန်နှုန်းက နှစ်ဆကျော်ကွာတယ်။ အင်ဂျင်ပါဝါက ၁၃၀၀ နဲ့ ၁၅၀၀ ဆိုတာ ဘာမှမကွာဘူး။ ၀ယ်စီးတဲ့သူက အမျိုးအစားတူ မော်ဒယ်တူကားမှာ ၁၃၀၀ CC ထက် ကျပ်သိန်း ၅၀ ကျော်ကနေ ကျပ်သိန်း ၈၀ ကျော်အထိပေးပြီး အင်ဂျင်ပါဝါနည်းနည်းလေး ကွာသွားတဲ့ ၁၅၀၀ CC ကိုစီးမလား။ ဒါကြောင့် ၁၅၀၀ CC CIF ဈေးကျတာ တစ်ခုတည်းနဲ့ အရောင်းပိုသွက်မယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ မြင်တယ်” ဟု တွက်ချက်ပြောကြားသည်။
ကားအရောင်းပြခန်း ဖွင့်လှစ်ရောင်းချသူ ဦးမိုးကျော်စွာကလည်း “၁၃၀၀ CC က ဈေးမပြောင်းတဲ့အတွက် အရောင်းအ၀ယ်ဆက်ပြီး ကောင်းနေမှာပဲ။ ၁၅၀၀ CC ကတော့ အခွန်ပေးရမှာတင် ၁၃၀၀ CC ကားသစ် တစ်စီးစာလောက် ဖြစ်နေလို့ ၀ယ်လိုအား များလာဖို့ မဖြစ်နိုင်ဘူး။ ကားဟောင်းအပ်ပြီးမှ ပြန်သွင်းရတဲ့ ၂၀၀၀ မော်ဒယ်ကနေ ၂၀၀၈ မော်ဒယ်ကြား ကားတွေထဲမှာ လူကြိုက်အများဆုံး ကားအမျိုးအစား အများစုက CIF ဈေးကျသွားတဲ့အတွက် အရင်နှစ်ကထက် ကျပ်သိန်း ၂၀၊ ၃၀ တချို့ကားတွေဆို ကျပ်သိန်း ၄၀ လောက်အထိ ကျသွားတဲ့အတွက်တော့ ပိုပြီးဝယ်ယူ စီးလာမယ်လို့ မျှော်မှန်းထားတယ်” ဟု သုံးသပ်ပြောကြားသည်။
ကားဝယ်ရောင်း တစ်ဦးဖြစ်သူ ကိုထွဋ်က “မြန်မာနိုင်ငံမှာ အိမ်စီးကားစီးတဲ့အထဲမှာ လူတန်းစား သုံးမျိုးရှိတယ်။ ကိုယ်ချမ်းသာသလောက် စီးချင်တဲ့ကား သွင်းစီးတဲ့လူမျိုး၊ အင်ဂျင်ပါဝါမြင့်ပြီး ဈေးလည်းသင့်တင့်တဲ့ ကားဟောင်းအပ်ထားတဲ့ စလစ်နဲ့သွင်းရတဲ့ ကားအမျိုးအစားစီးတဲ့ လူလတ်တန်းစားနဲ့ ကိုယ်နိုင်သလောက်နဲ့ချိန်ပြီး စီးတဲ့သူမျိုးရှိတယ်။ ကိုယ်နိုင်သလောက်ချိန်ပြီး စီးနင်းတဲ့သူ အများစုက ၁၃၀၀ CC ကို အများဆုံး စီးတဲ့သူတွေဖြစ်တယ်။ ၁၅၀၀ CC CIF ဈေးကျသွားတယ် ဆိုပေမယ့် အခွန်နဲ့တင် ၁၃၀၀ CC ကားတစ်စီးစာ ရနေပြီ။ ဘယ်သူမှ အင်ဂျင်ပါဝါ ၂၀၀ လောက်ကွာတာကို နှစ်စီးစာပေးမစီးတာ သေချာတယ်။ CIF ဈေးကျတာ တစ်ခုတည်းနဲ့ ၁၅၀၀ CC တွေ သောက်သောက်လဲ ၀ယ်ကြမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ၀ယ်ရောင်းတွေရော အဲဒီလောက် ကွာဟနေတာကို သောက်သောက်လဲ တင်သွင်းရောင်းကြမယ်လို့ မထင်ဘူး။ နောက်လူလတ်တန်းစားစီးတဲ့ ၂၀၀၀ နဲ့ ၂၀၀၈ ကြား မော်ဒယ်စလစ်ကပ်ပြီး စီးတဲ့ကားတွေကတော့ အရင်ကထက် ဈေးကျသွားတဲ့အတွက် ပိုပြီးစီးလာဖို့ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၀ နဲ့ ၂၀၀၈ ကြားမော်ဒယ်တွေထဲက လူစီးများ၊ လူကြိုက်များတဲ့ ကားတော်တော်များများ ဈေးကျသွားလို့ပဲ။ အဲဒီအတွက် ကားဟောင်းအပ်ထားတဲ့ စလစ်အရောင်းအ၀ယ် ပိုသွက်လာနိုင်တယ်။ ကားဟောင်းစလစ်တောင်မှ ဈေးပြန်လိုက်လာနိုင်တယ်” ဟု ဆိုသည်။
ယခုသတ်မှတ်သည့် CIF ဈေးနှုန်းသစ်များထဲတွင် ကားဟောင်းအပ်သည့် စလစ်ဖြင့်သာ ၀ယ်ယူတင်သွင်းရမည့် ၂၀၀၀ မော်ဒယ်မှ ၂၀၀၈ မော်ဒယ်ကြား ကားများ၏ ဈေးနှုန်းထဲ၌ အများစုမှာ ၂၀၁၃ ခုနှစ် CIF ဈေးနှုန်းထက် နိမ့်သည့်အတွက်လည်း စလစ်ဝယ်ယူကာ တင်သွင်းစီးနင်းသူ ပိုမိုများပြားလာနိုင်သည်ဟု ကားဈေးကွက်အတွင်း သုံးသပ်ကြသည်။  
“နိုင်ငံတော်က CIF ချပေးပေမယ့် တကယ်လိုအပ်တဲ့ ရန်ကုန်၊ မန္တလေးက ကားတွေက ပိုလျှံနေပြီး အဲဒီအတွက် သွင်းမယ်ဆို အခွန်သာ လျော့သွားပေမယ့်လည်း ၀ယ်လိုအားက တကယ်မလာဘူး။ အခုလျှော့ရောင်းနေတဲ့ဈေးထက် လျော့သွားဖို့မရှိဘူး၊ အခုလျှော့ရောင်းတာက CIF ၅၀၀၀ မှာ အနိမ့်ဈေးပဲ။ ဟိုမှာ လေလံက အခုသက်သာနေတယ်။ အခွန်အပြောင်းအလဲမှာ လေလံလည်း မဆွဲကြဘူး။ ဒါကြောင့် ဟိုမှာဝယ်လိုအား မရှိဘူး။ ဂျပန်ကို လှမ်းဝယ်တဲ့ ၀ယ်လိုအား မရှိဘူး။ ၀ယ်လိုအားက ဂျပန်မှာလည်း ဈေးကျတယ်။ ၀ယ်လိုအား မြန်မာပြည်မှာပြန်တက်ရင် ဂျပန်မှာ ဈေးပြန်တက်မယ်။ ဒါကြောင့် ကျသွားဖို့မရှိဘူး။ ကိုယ့်လက်ထဲ ကားအများကြီး တိုက်မိမှာစိုးတဲ့အတွက် ရသမျှဈေး လျှော့ရောင်းနေတာဖြစ်တယ်။ အရှုံးနည်းတာ သက်သာအောင်ရောင်းတာ ဖြစ်တယ်။ ၁၃၀၀ CC ကားတွေ ဒီထက်ထပ်ကျဖို့ဆိုတာ မလွယ်ဘူး” ဟု ကားလုပ်ငန်းလုပ်ကိုင်သူ ကိုအောင်ကျော်စိုးက ဆိုသည်။

ရွှေ့ပြောင်းနိုင်သည့် တန်ဖိုးနည်းအိမ်များ ၂၀၁၄ ဧပြီတွင် ရောင်းမည်

ရွှေ့ပြောင်းနိုင်သည့် တည်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် Moducelar House စက်ရုံကို မန္တလေး မြို့ ၇၂ လမ်း နှင့် ၇၃ လမ်းကြား ကျွဲဆည်ကန်ကားကြီးဝင်းအနီး တည်ဆောက်ထားပြီး၂၀၁၄ ခုနှစ်၊ ဧပြီ တွင် စတင်ထုတ်လုပ် ရောင်းချသွားမည်ဟု တော်ဝင်စံသူထိုက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမင်း မြတ်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ဒီစက်ရုံတည်ဆောက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခြေခံလူတန်းစားတွေကို သပ်သပ်ရပ်ရပ် အိမ်လေးတွေနဲ့ နေစေချင်တာရယ်။ ဆင်းရဲမွဲတေမှု လျှော့ချတဲ့နေရာမှာလည်း တစ်တပ် တစ်အား ကူညီပေးတဲ့သဘောနဲ့ ဆောင်ရွက်တာပါ”ဟု ပြောသည်။

ပေ ၂၀ ပတ်လည် နှစ်ထပ်အိမ် တည်ဆောက်မည်ဆိုပါက ၇၅ သိန်း ကုန်ကျမည်ဖြစ်ပြီး မိသားစုငါးဦး နေနိုင်သည်ဟု ဆိုသည်။ အိမ်တစ်လုံးအား လူခုနစ်ဦးနှင့် တည်ဆောက်ပြီး နှစ်ပတ်ကြာကြောင်း၊ ထို အိမ်များသည် ငလျင်ဒဏ်ခံနိုင်မည်ဖြစ်ပြီး မီးဘေးလည်း ခံနိုင်ရည်ရှိကြောင်း သိရသည်။

အဆောက်အအုံများ၏ ခံနိုင်ရည်သည် နှစ် ၂၀ ဖြစ်ပြီး ချို့ယွင်းမှုများဖြစ်ပေါ်လာပါက ကုမ္ပဏီမှ တာဝန်ယူပြုပြင်ပေးသွားမည်ဖြစ်သည်။

သပိတ်ကျင်းမြို့နယ် ငလျင်ဒဏ်သင့်ဒေသများတွင် တည်ဆောက်လျက်ရှိသော Moducelar House များသည်လည်း တော်ဝင်စံသူထိုက်ကုမ္ပဏီမှ တိုင်းအစိုးရအစီအစဉ်ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ကုန်ပစ္စည်းများမှာ တရုတ်နိုင်ငံမှ အစိုးရအဖွဲ့သို့ လှူဒါန်းထားခြင်းဖြစ်သည်ဟု ဦးမင်းမြတ်က ဆိုသည်။

ကုမ္ပဏီသည် သပိတ်ကျင်းမြို့နယ်၌ လူနေအိမ် ၆၉ လုံးနှင့်ဘုန်းကြီးကျောင်း ၆၄ ကျောင်းတည်ဆောက် ပြီးဖြစ်သည်။ နောက်ထပ်တည်ဆောက်ရန် အိမ် ၁၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် မြေစိုက်အိမ်များလည်း တည်ဆောက်နိုင်ပြီး ထိုအိမ်များတန်ဖိုးမှာ ၁၂ သိန်းခန့်သာ ကုန်ကျမည်ဟု ဦးမင်းမြတ်က ပြောသည်။

ထိုတန်ဖိုးနည်း ရွှေ့ပြောင်းနိုင်သော အိမ်များသည် တစ်ထပ်မှ သုံးထပ်အထိ တည်ဆောက်နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံတွင် နှစ်ထပ်သာ ဆောက်သေးကြောင်း သိရသည်။ ထိုအထပ်မြင့် အဆောက်အအုံများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကြောင်းနှင့် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း များအတွက် ရည်ရွယ်ကြောင်း သိရသည်။

Mizzima
https://www.facebook.com/phoenixestate?ref=hl

မန္တလေးဘူတာကြီးတွင် ဟိုတယ်နှင့်ရှော့ပင်းမောဖွင့်ရန် တင်ဒါအောင်သည့် ကုမ္ပဏီများလုပ်ငန်းမစနိုင်သေး

မန္တလေးဘူတာကြီး အဆောက်အအုံ စတုတ္ထထပ်မှ ခေါင်မိုးအထိ လေးထပ်ကို ငှားရမ်းကာ ဟိုတယ်နှင့် ရှော့ပင်းစင်တာ များ ဖွင့်လှစ်ရန် ဧပြီလကတည်းက တင် ဒါအောင်ခဲ့သော်လည်း နှစ်ကုန်သည်အ ထိ စာချုပ်ပင် ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ တည်ဆောက်ရေးလုပ်ငန်းများ လုပ် ဆောင်မှုလည်း မရှိဘဲ ဖြစ်နေသည်။

မြန်မာ့မီးရထား(မန္တလေး) စီးပွားရေး ဌာနမှ တိုင်းမန်နေဂျာ ဦးဇော်မင်းသက်က မူ စိစစ်ရွေးချယ်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ ''အဆင့်ဆင့်ရွေးချယ်နေပါ တယ်၊ ကုမ္ပဏီရဲ့အဆိုပြုချက် တင်ပြတဲ့ အပေါ်မှာ တိုင်းသမဝါယမရုံးနဲ့ ဟိုတယ် ခရီးတို့ရဲ့ ခွင့်ပြုချက်တွေကိုရပြီးမှ စာချုပ် ချုပ်ရမှာပါ၊ အသေးစိတ် အစီအစဉ်တွေ ကိုတော့ ရုံးချုပ်ကပဲ သေချာသိမှာပါ'' ဟု ပြောသည်။

စာချုပ်ချုပ်ဆိုရန် စာချုပ်မူကြမ်းသာ ပြီးစီးသေးပြီး စာချုပ်မူကြမ်းတွင် တစ် နှစ်လျှင် ကန်ဒေါ်လာ လေးသိန်းလေး သောင်းခန့်ဖြင့် ငှားရမည်ဖြစ်ပြီး ထိုပမာ ဏသည် အတည်မပြုရသေးကြောင်းနှင့် ငှားရမ်းသည့်ကာလမှာ ၁၅ နှစ်တစ်ကြိမ် နှင့် ငါးနှစ်သုံးကြိမ်ဖြင့် နှစ် ၃ဝ ငှားရမ်း မည်ဟု ဖော်ပြထားသည်။

စတုတ္ထထပ်မှ ခေါင်မိုးထပ်အထိ လေးထပ်စလုံးကို ငှားရမ်းမည်ဖြစ်ပြီး လေးထပ်မြောက်၏ ခန့်မှန်းအကျယ်မှာ စတုရန်းမီတာ ၄၆,၈၈ဝ၊ ငါးထပ်၏ အ ကျယ်မှာ ၃၅,၇၈၃ စတုရန်းမီတာ၊ ခြောက် ထပ်မြောက်မှာ ၄ဝ,၁၈ဝ စတုရန်းမီတာ နှင့် ခေါင်မိုးထပ်အကျယ်မှာ ၃၉,၁၃၃ စတုရန်းမီတာ ကျယ်ဝန်းသည်။

ထို့အတူ မြန်မာ့မီးရထားပိုင်ဟိုတယ် နှစ်လုံးဖြစ်သည့် ပုပ္ပါးဟိုတယ် (၁) နှင့် (၂) ကိုလည်း အောက်တိုဘာလကုန်က တင်ဒါခေါ်ယူခဲ့ရာ သာလွန်ကုမ္ပဏီက ပုပ္ပါး ဟိုတယ် (၁) ကိုလည်းကောင်း၊ Adventure Myanmar Group က ပုပ္ပါးဟိုတယ် (၂) ကိုလည်းကောင်း တင်ဒါအောင်ခဲ့ သည်။

Mizzima
https://www.facebook.com/phoenixestate?ref=hl

ပြည်တွင်းလုပ်ငန်းရှင်များ ပိုင်ဆိုင်မှုတန်ဖိုးမြှင့်ရေး Property ပိုင်ဆိုင်မှုများရန် ကွန်ဒိုမီနီယံတိုက်ခန်းဝယ်ယူမှု ပြုလုပ်

ဒေါ်လာဈေးကွက်၊ ရွှေဈေးကွက် အစရှိသော ဈေးကွက်မျိုးစုံတွင် ငွေကြေး ကစားကြသော လုပ်ငန်းရှင်များအနေဖြင့် ယခုနောက်ပိုင်းတွင် ကွန်ဒိုမီနီယံ တိုက်ခန်းများကို ၀ယ်ယူပြီး ငွေကြေးကစားခြင်းများ ပြုလုပ်လာနေပြီဖြစ်ကြောင်း ကွန်ဒိုမံနီယံ လုပ်ငန်းဆိုင်ရာဈေးကွက်အချို့မှ စုံစမ်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ကွန်ဒိုမီနီယံအ ဆောက်အအုံ ဆောက်လုပ်မှုများ ခေတ် စားလာနေပြီး မြေပိုင်ရှင်နှင့် ဆောက် လုပ်ရေးလုပ်ငန်းရှင်ကြား အကျိုးတူ ဆောက်လုပ်မှုများ ယခင်ကာလကထက် နှစ်ဆနီးပါး များပြားလာနေကြောင်း သိရ ကာ ကွန်ဒိုမီနီယံအခန်းများကို ဝယ်ယူ ထားသူများမှာ မိမိတို့၏ ပိုင်ဆိုင်မှုကို Property ဖြင့် တန်ဖိုးမြှင့်လာကြခြင်းမျိုး ဖြစ်ကြောင်း သိရသည်။

''အရင်တုန်းက တခြားကဏ္ဍမှာ ငွေကြေးကစားသူတွေပါ အိမ်၊ ခြံ၊ မြေနဲ့ ကွန်ဒိုမီနီယံဘက်ကို လှည့် လာကြတယ်။ ငွေကြေးအရပြောရရင် ငွေကြေးလည်ပတ်မှု အားကောင်းလာကာ Trading နဲ့ စားသောက်ကုန်လုပ်ငန်းစုတွေပါပဲ။ တန်ဖိုးငွေမြင့်တက်မှုအရကြည် ရင် အိမ်ခြံမြေ ကဏ္ဍပေါ့ " KHP  မှ ဦးဘုန်းသက်ခိုင်က ပြောကြားသည်။ ရန်ကုန်မြို့အနှံ့တွင် အထပ်မြင့်ကွန်ဒိုမီနီယံများစွာ ထပ်မံ ပေါ် ထွက်လာရန်ရှိနေပြီး ပေါ်ထွက်သမျှ အခန်းများတွင် ဝယ်ယူသူများစွာ ရှိနေ ကြဆဲပင်ဖြစ်ကာ ယင်းကဲ့သို့ ဝယ်ယူနိုင် သည့် လူတန်းစားတစ်ရပ်မှာ အနည်းငယ် သာ ရှိနေသည်ဟု သိရသည်။

အဆင့်မြင့် အိမ်ရာစီမံကိန်းတစ်ခုဖြစ်သော Star City တွင် အခန်းဝယ်ယူသူ ၇ဝ ရာခိုင်နှုန်း ကျော်မှာ မြန်မာနိုင်ငံသားများဖြစ် ကြောင်း သိရပြီး Diamond Star လုပ်ငန်းစု၏ ပထမဦးဆုံးအဆင့်မြင့်အိမ် ရာစီမံကိန်းကြီးတွင်လည်း မြန်မာနိုင်ငံ သား အများဆုံးဝယ်ယူသည်ဟု သိရ သည်။

 "သိမ်ဖြူကစားကွင်းက အဆင့်မြင့် အိမ်ရာစီမံကိန်းဆိုရင် အရောင်းစဖွင့်ပြီးတဲ့ နေ့က မိနစ် ၂၀ အတွင်း အခန်းပေါင်း ၆၀ ကျော် ရောင်းထွက်သွားတယ်လို့ ကျွန်တော့ မိတ်ဆွေက ပြောတယ်။ သူတို့ရောင်းရတဲ့ အခန်းတွေက ကန်တော်ကြီးနဲ့  ရွှေတိဂုံဘုရားကို မြင်ရတဲ့ မြင်းကွင်းမျိုးပါတဲ့ နေရာတွေက အခန်းတွေပဲ ဟု"  ဦးဘုန်း သက်ခိုင်က ပြောကြားသည်။

Property ဖြင့် ငွေကြေးတန်ဖိုးမြှင့်တင်မှုတွင် မြန်မာ နိုင်ငံမှ ထိပ်သီးလုပ်ငန်းရှင် ကြီးများသာ ဖြစ်ပြီး Property ပိုင်ဆိုင်မှု တန်ဖိုး တက်လာလေလေ၊ ၄င်း၏ ပိုင်ဆိုင်မှု တန်ဖိုးတက်လာလေလေဖြစ်နေသည်ဟု သိရသည်။

Pyi Myanmar
https://www.facebook.com/phoenixestate?ref=hl

အထပ်မြင့်ဆောက်လုပ်ခွင့်ရဇုန်တွင်၊အိမ်ရာမြေဈေး မြင့်တက်နိုင်

ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီမှ မြို့တော်ဖွံ့ဖြိုးသာယာမှုထိန်းသိမ်းရန်ရည်ရွယ်
ချက်ဖြင့် ရန်ကုန်မြို့တွင်းတွင် မြို့မြေအသုံးချမှု ဇုန်များ သက်မှတ်ရန်စီစဉ်ခဲ့သည့်အတွက် အိမ်ခြံ
မြေ ဈေးနှုန်းများ လှုပ်ခတ်သွားခဲ့ပြီး အဆိုပါ သတ်မှတ်ဇုန်များတွင် အထပ်မြင့်အဆောက် အအုံ
ဇုန်များလည်း ပါဝင်သည့်အတွက် ယင်း နေရာများတွင် အိမ်ရာမြေဈေးနှုန်းများ မြင့်တက်လာနိုင်
ကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းက ပြောသည်။

"ရန်ကုန်မြို့မှာ ဇုန် ၁၁ ဇုန် ခွဲခြားသတ်မှတ်မယ်ဆိုလို့ အခု အိမ်ခြံမြေဈေးတွေ နည်းနည်းလှုပ်ခတ်
သွားတယ်။ အထပ်မြင့်ဆောက်လုပ် မယ့်သူတွေက မြေနေရာကျယ်တွေကို လိုက် ၀ယ်နေရာ
ကနေ ဇုန်တွေသတ်မှတ်မယ် ကြား တော့ ချက်ချင်းမ၀ယ်တော့ဘဲနဲ့ စောင့်ကြည့်တဲ့ အနေအထား
ဖြစ်သွားတယ်"ဟု စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က
ပြောသည်။

ထို့ပြင် အထပ်မြင့်ဆောက်လုပ်ခွင့်ရမည့်နေရာများတွင် အိမ်ခြံမြေဈေးများ မြင့်ပြီးဖြစ် သဖြင့်
ဈေးနှုန်းထပ်မတက်နိုင်သော်လည်း အိမ်ခြံမြေဈေး နိမ့်ကျလျက်ရှိသော နေရာများ တွင် သိသိ
သာသာဈေးတက်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

"ဒဂုံနဲ့ သန်လျင်မြို့နယ်တွေလို ဧရိယာအကျယ် တွေရှိတဲ့နေရာတွေမှာ အခြေခံအဆောက်အအုံ
တွေဖွံ့ဖြိုးဖို့လိုသလို အထပ်မြင့်တွေလည်း ဖွံဖြိုးဖို့လိုတယ်။ အဲဒီလို အကောင်အထည်ဖော်
ပေးနိုင်ရင်တော့ အိမ်ခြံမြေဈေးတွေ မျှတသွား နိုင်တယ်လို့ ထင်ပါတယ်။ အထပ်မြင့်အဆောက် အအုံ ဆောက်လုပ်ရင်ရတဲ့နေရာက မြေဈေး ကောင်းပြီးသား နေရာမျိုးဆိုရင်တော့ ဈေး အပြောင်း
အလဲက မသိသာပေမယ့် မြေဈေး သိပ်မရှိတဲ့နေရာမျိုးမှာဆိုရင် ၀ယ်လိုအားတွေ ကြောင့် တစ်ဟုန်
ထိုး မြင့်တက်သွားနိုင်တယ်။ ဇုန်သတ်မှတ်တာက ရန်ကုန်မြို့ကို ချဲ့မယ်ဆိုတဲ့ သဘောဖြစ်နိုင်တဲ့
အတွက် မြို့ပြစီမံကိန်း တွေကို အကောင်အထည်ဖော်မယ်ဆိုရင် ဖွံ့ဖြိုး တိုးတက်မှုက ပိုကောင်း
လာနိုင်ပါတယ်"ဟု ဦးရန်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ခွဲခြားသတ်မှတ်လိုက်သည့် ၁၁ ဇုန်တွင် တစ်ခု ချင်းအတွက်ရရှိမည့် မြေနေရာအကျယ်အ၀န်း
ပေါ်မူတည်ကာ မြေဈေးနှုန်းများ ကွာခြားသွား နိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု
အသင်းဗဟိုမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

"ဇုန်တစ်ခုအတွက် သတ်မှတ်ပေးမယ့် မြေအကျယ်အ၀န်းက အိမ်ခြံမြေဈေးနှုန်းကို ကွာခြား
သွားနိုင်တယ်။ ဥပမာ ဪ စီးပွားရေးဇုန်အတွက် သတ်မှတ်ပေးတဲ့ မြေအကျယ်က နည်းနေပြီး
စီးပွားရေးလုပ်မယ့်သူက များနေရင် မြေဈေးတက်နိုင်တယ်"ဟု ဒေါ်မို့မို့အောင်က ပြောသည်။

ယင်းကဲ့သို့ အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခွင့်ရရှိနိုင်မည့် မြို့ပြင်ဒေသများ ဖြစ်သည့်
ဒဂုံမြို့သစ် မြို့နယ်များနှင့် သန်လျင် မြို့နယ်တို့တွင်မူ အိမ်ခြံမြေဈေးနှုန်းများမှာ ဆက်လက်မြင့်
တက်နိုင်ပြီး အဆိုပါမြို့နယ်များ မှာ ၂၀၁၅ ခုနှစ်ထိ အိမ်ခြံမြေဈေးကွက် ကောင်းမွန်နိုင်ကြောင်း
၎င်းက ပြောသည်။

သို့သော် ယခုလက်ရှိရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်တွင် အိမ်ရာမြေ၀ယ်လိုအားထက် ကွန်ဒို
တိုက်ခန်းဝယ်လိုအားနှင့် ငှားလိုအားမှာ ပိုမိုကောင်းမွန်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်
များက ပြောသည်။

"ရန်ကုန်မြို့အနေနဲ့ကတော့ ကွန်ဒိုနဲ့ တိုက်ခန်း တွေရဲ့ လိုအပ်ချက်က ဆက်ပြီးရှိနေဦးမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ အခုဈေးကွက်ထဲမှာက မြေတို့ အိမ်တို့ ၀ယ်တာထက် ကွန်ဒိုနဲ့ တိုက်ခန်း
တွေကို ၀ယ်တာနဲ့ ငှားတာက ပိုများတယ်။ နောက်ပြီး နိုင်ငံခြားသားတွေရဲ့ ငှားရမ်းနှုန်း ကလည်း
များလာတယ်။ အဲဒါကြောင့် အထပ်မြင့် ဆောက်လို့ရတဲ့ နေရာတွေမှာ ဈေးတွေမြင့် လာနိုင်ပါ
တယ်။ ဒါပေမဲ့ အချိန်အကြာကြီးတော့ ဆက်တိုက်မမြင့်နိုင်ပါဘူး"ဟု Estate Myanmar အိမ်ခြံ
မြေ အကျိုးဆောင်လုပ်ငန်းမှ မနွယ်နီဝင်းက ပြောသည်။

ထို့ပြင် ယင်းကဲ့သို့အထပ်မြင့်အဆောက်အအုံများအား မြို့ပြင်ဧရိယာတွင် ဆောက်လုပ် ခွင့်ပေးခြင်း
ကြောင့် မြို့ပြင်ဧရိယာများသည် မြို့တွင်းဧရိယာများကဲ့သို့ စည်ကားလာနိုင်ပြီး လူနေမှုအဆင့်
အတန်းများပါ မြင့်မားသွားနိုင်ကြောင်း ရွှေကံမြေအိမ်ခြံမြေ အကျိုးဆောင်မှ ဦးခင်မောင်အေးက
ပြောသည်။

"မြို့ပြင်ဧရိယာတွေကို အထပ်မြင့်တည်ဆောက်ခွင့်ပေးတာကြောင့် အဲဒီနေရာတွေမှာ အိမ်ခြံမြေ
ဈေးက ၂၀ ရာခိုင်နှုန်းထိ ပိုတက်သွား နိုင်တယ်။ ပဲခူးနားတစ်ဝိုက်ထိ အိမ်ခြံမြေဈေး တွေ မြင့်
သွားနိုင်တယ်။ ဒီစီမံကိန်း တကယ် အကောင်အထည် ပေါ်လာတဲ့အချိန် ရောက် ရင် အိမ်ခြံမြေ
ဈေးက ပြန်လည်တည်ငြိမ်သွား နိုင်တယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့ပြမြေအသုံးချမှုဇုန်များ ၁၁ ခု အား ရန်ကုန်
မြို့တွင်းမြို့နယ် ၁၈ မြို့နယ်တွင် သတ်မှတ်ရန်အတွက် နိုင်ငံတော်အစိုးရသို့ အဆိုပြုတင်သွင်း
ထားပြီး ဖြစ်သည်။ မြို့မြေအသုံးချမှု ဇုန် ၁၁ ခုမှာ ဆိတ်ငြိမ်ရပ်ကွက်၊ သို့မဟုတ် လူနေသိပ်သည်း
မှုနည်းသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှုအသင့်အတင့်ရှိသည့် လူနေရပ်ကွက်ဇုန်၊
လူနေသိပ် သည်းမှုများသည့် လူနေရပ်ကွက်ဇုန်၊ မြို့မြေအသုံးချမှု မျိုးစုံရောနှောပါဝင်နိုင်သည့်ဇုန်၊
ကုန်သွယ်မှုနှင့် စီးပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းဆက်စပ်ဝန်
ဆောင်မှုများဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင် များဇုန်၊ အစိုးရ၊ အဖွဲ့အစည်းနှင့် အခြေခံအဆောက်
အအုံများဇုန်၊ မြို့ပြ အမွေအနှစ်များ ထိန်းသိမ်းမှုဇုန်နှင့် ကမ်းနားအထူးဖွံ့ဖြိုးရေးဇုန် စသည်တို့
ဖြစ်သည်။

အဆိုပါဇုန်များအား ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အင်းစိန်၊ အလုံ၊ ဗဟန်း၊ ဒဂုံ၊ လှိုင်၊ ကမာရွတ်၊
ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ မင်္ဂလာ တောင်ညွှန့်၊ စမ်းချောင်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ဗိုလ်တ
ထောင်၊ လသာ၊ ကျောက်တံတား၊ ပုဇွန်တောင်၊ တာမွေနှင့် ရန်ကင်းမြို့နယ်တို့တွင် ဖြစ်သည်။

အဆိုပါမြို့နယ်များအတွင်းမှ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်နှင့် မရမ်းကုန်းမြို့နယ်များအား ဆိတ်ငြိမ်
ရပ်ကွက်၊ သို့မဟုတ် လူနေသိပ်သည်းမှုနည်းသည့် လူနေရပ်ကွက်ဇုန်သတ်မှတ်ရန် အဆိုပြု
ထားပြီး မြို့တွင်းဖြစ်သည့် ကျောက်တံတားမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ် အပေါ် ဘက်ပိုင်း
အား ပင်လယ်ပြင်အထက် ပေ ၁၆၀ ထိ ခွင့်ပြု မည်ဖြစ်ပြီး ရှေးဟောင်းအဆောက်အအုံများ
ရှိသည့်ပတ်ဝန်းကျင်တွင်မူ ပင်လယ်ပြင် အထက် ပေ ၁၀၀ ထိသာ ခွင့်ပြုမည်ဖြစ်ကာ
ကျန်မြို့နယ်များအား မြို့မြေအသုံးချမှုမျိုးစုံ ရောနှော ပါဝင်နိုင်သည့်ဇုန်အဖြစ် သတ်မှတ်သွား
မည်ဖြစ်သည့်အတွက် အထပ်မြင့်အဆောက်အအုံ များ ဆောက်လုပ်နိုင်မည်ဖြစ်ကြောင်း
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

https://www.facebook.com/phoenixestate?ref=hl


အရည်အသွေးနိမ့်၊တိုက်ခန်းများကြောင့်၊နောက်ဆက်တွဲစရိတ်ပိုများ

ဆောက်လုပ်ရေး ကုမ္ပဏီများ၏ စီးပွားရေးဆန်သည့် အလေ့အထ တစ်ခုဖြစ်သည့် အိမ်အတွင်း
ပိုင်းပြင် ဆင်မှုကို ၀ယ်လက်များအား စိတ် တိုင်းကျလုပ်ပိုင်ခွင့်ပေး လိုက်ခြင်း သည် ရေရှည်တွင်
အဆောက်အအုံပုံစံ ယိုယွင်းစေပြီး နောက်ပိုင်းပြင်ဆင်မှုများ အတွက် လက်ဆင့်ကမ်းဝယ်ယူသူ
များ ကို ငွေကုန်ကြေးကျပိုများစေကြောင်း အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင်သူများ က ပြောသည်။

"တိုက်ခန်းအများစုကို အိမ်အတွင်း ပိုင်းပြင်ဆင်မှု ဘာမှမပါဘဲ ၀ယ်လက် ဆီ အပ်လိုက်ပါတယ်။
မီးကြိုးနည်းနည်း သွယ်ပေးထားတယ်။ ရေပိုက် ဆင်ပေးထားတယ်။ ကြမ်းခင်းကတော့ အင်္ဂတေ
ပဲ ခင်းပေးထားတယ်။ ဒါကြောင့် တိုက်ခန်းတစ်ခန်းကို အချောသတ် ပြင်ဆင်ဖို့အတွက်
အိမ်အတွင်းပိုင်းပြင်ဆင်ရေးကန်ထရိုက်လက်ကို အပ်လိုက်ကြတာက ဒီမှာ ပုံမှန်လိုဖြစ်နေပါပြီ"
ဟု အိမ်ခြံမြေ၀န်ဆောင်မှုကုမ္ပဏီ Blue Sea Services Group မှ မန်နေဂျာ ဦးစိုးနိုင်က
ပြောသည်။

"အများအားဖြင့်တော့ ပထမ အိမ်ရှင် နဲ့ ဒုတိယအိမ်ရှင်တွေဟာ သူတို့ ၀ယ် ထားတဲ့အိမ်ကို
အတွင်းပိုင်းပြင်ဆင်မှုအများအပြားအတွက် အကုန်အကျခံရပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီနဲ့
မြေရှင်က အဆောက်အအုံ ထိန်းသိမ်း ရေးပိုင်းကို တာဝန်မခံတဲ့အတွက် ၀ယ်လက်တွေကလည်း
အိမ်အတွင်း ပိုင်းကို သူတို့ဘာသာ အကုန်အကျခံရမယ်လို့ပဲ ခံယူထားကြပါတယ်" ဟု ၎င်းက
ပြောသည်။

အိမ်အတွင်းပိုင်း ပြင်ဆင်မှုအတွက် ကုန်ကျစရိတ် သက်သာစေရန် အိမ်ရှင် များသည် ဈေးချိုသည့်
ပစ္စည်းများ ကိုသုံးသည့် ကန်ထရိုက်တာများဖြင့် အိမ်အတွင်းပိုင်းပြင်ဆင်မှုများကို ပြုလုပ်ကြောင်း
ဦးစိုးနိုင်က ပြောသည်။

"ဥပမာ ပြောရမယ်ဆိုရင် ကိုရီးယား ဒါမှမဟုတ် တရုတ်နိုင်ငံက တင်သွင်းလာတဲ့ ပါကေးတွေက
ဈေးပိုသက်သာ ပါတယ်။ ဒါပေမဲ့ ဒီပါကေးတွေရဲ့ အရည် အသွေးက သိပ်မကောင်းပါဘူး" ဟု
၎င်းက ပြောသည်။

ကန်ထရိုက်တာအများစုသည် အိမ်အတွင်းပိုင်း ပြင်ဆင်ရေးဝန်ဆောင်မှုပေးရာတွင် ရေလုံသည့်
ပစ္စည်းများကို အသုံးမပြုကြကြောင်း ၎င်းက ပြောသည်။ "တချို့ အဆင့်မြင့်အိမ်ကြီးတွေမှာ
တောင် အရည်အသွေးပြည့်ဝတဲ့ ရေလုံ တဲ့ ပစ္စည်းမျိုးတွေနဲ့ အတူရောပြီး အရည်အသွေး သိပ်
မကောင်းတာတွေ ကို ထည့်သုံး ကြပါတယ်။ ဒါကြောင့် ရေယိုစိမ့်တဲ့ ပြဿနာတွေအပြင်
ရေရှည်ခိုင်ခံမှုမရှိတဲ့ ပြဿနာတွေ ဖြစ်လာတယ်"ဟု ဦးစိုးနိုင်က ပြောသည်။

အဆောက်အအုံ အတွင်းပိုင်း ပြင်ဆင်မှုတွင် အရည်အသွေးမကောင်း သည့် ပစ္စည်းများကို
အသုံးပြုခြင်းဖြင့် ရေရှည်တွင် ပျက်စီးမှုအလားအလာအများအပြားရှိနေသော်လည်း လက်ရှိ
တွင် ကုန်ကျစရိတ် သက်သာသည့်အချက်ကြောင့် အိမ်ရှင်များက အိမ်အတွင်းပိုင်း ပြင်ဆင်မှု
ကိုယ်တိုင် လုပ်ပိုင်ခွင့်ကို ၀မ်းမြောက်ဝမ်းသာ လက်ခံနေကြခြင်း ဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်လေးသည် စတားစီးတီးက ဆောက်လုပ် ပေးထားသည့် သန်
လျင်ရှိ တိုက်ခန်းလေးခန်းနှင့် ရန်ကုန်ရှိမြို့လယ်ရှိ တိုက်ခန်းတစ်ခန်းကို ပိုင်ဆိုင်ထားသည်။ စုစု
ပေါင်း အမေရိကန်ဒေါ်လာ ၉၂ယ၀၀၀ ဖြင့် ၀ယ်ယူထားသည့် စတားစီးတီးတိုက်ခန်းများမှ နှစ်ခန်း
ကို ပြင်ဆင် မွမ်းမံရန်အတွက် လတ်တလောတွင် 'ကန်' ဒေါ်လာ ၆၀ယ၀၀၀ ကို ထပ်မံ အသုံးပြု
ခဲ့ရသည်။

"ဒီတိုက်ခန်းတွေကို ၀ယ်တော့ မီးဖို နဲ့ ရေချိုးခန်းမှာ ကြွေပြားတစ်ပိုင်း တစ်စ ခင်းပေးထားပြီး
အိမ်သာကြွေအိုး တပ်ပေးထားတယ်။ မီးကြိုးအထိုင် ဆင်ပေးထားပြီး ဆေးအဖြူတစ်ထပ် သုတ်
ပေးထားတယ်။ ကြမ်းခင်း ကတော့ အင်္ဂတေပါပဲ။ ကျွန်တော့် အခန်းကို အရည်အသွေးကောင်း
စေချင်လို့ စိတ်ကြိုက်ရှာပြီး အပ်ပါ တယ်။ ငွေတော့ တော်တော်ကုန်ပါ တယ်"ဟု ဦးခင်မောင်
လေးက ပြောသည်။

"ပြင်ဆင်မှုတွေအတွက် အသုံး စရိတ်ကို ကျွန်တော်သုံးချင်တဲ့အတိုင်း အတာဖြစ်အောင် ညှိပြီး
လုပ်လို့ ရပါ တယ်။ ငွေကိုသိပ်မသုံးချင်ရင် သာမန် လောက်ပဲလုပ်နိုင်ပြီး ကုန်ကျစရိတ် က ၅၀
ရာခိုင်နှုန်းလောက် ကွာပါ တယ်" ဟု ၎င်းက ပြောသည်။ သို့သော် အဆောက်အအုံတစ်ခုတွင်
ရှိရမည့် တူညီသည့်စံသတ်မှတ်ချက် မရှိသည့်အတွက် ဈေးသက်သာသည့်ပစ္စည်းများကြောင့်
နောက်ပိုင်းတွင် ငွေကုန်ကြေးကျ ပိုများစေမည် ဖြစ်သည်။ "အပင်ရဲ့အမြစ်ကြောင့် ရေပိုက်
ပျက်စီးသွားတယ်။ ဒါကြောင့် ရေပိုက် ကိုပြန်လဲဖို့ အစအဆုံး ပြန်ပြင်ရပါ တယ်" ဟု ရန်ကုန်မြို့
လယ်ရှိ အချက်အချာကျသော လမ်း ၅၀ တွင် ၁၉၈၇ ခုနှစ်က ၀ယ်ထားသည့် နှစ်ထပ်အိမ်တွင်
နေထိုင်နေသည့် မစန်းစန်းရီ က ပြောသည်။

ဈေးနှုန်းသက်သာသည့် ပိုက်ပြင် နှင့် အတွေ့အကြုံ နည်းသေးသည့် ကန် ထရိုက်ကို အပ်ခဲ့သည့်
အတွက် အခက် ကြုံရကြောင်း ၎င်းက ပြောသည်။

"မီးဖိုခန်း မျက်နှာကြက်က မိုးယိုလို့ ဆွေးနေပြီးအိပ်ခန်းမှာလည်း အက် ကြောင်းတွေ ဖြစ်နေပါပြီ။
ဆောက်တုန်း က အရည်အသွေးညံ့တဲ့ပစ္စည်းတွေ သုံးခဲ့လို့ပေါ့"ဟု ၎င်းက ပြောသည်။ ဦးခင်မောင်
လေးက ပုဇွန်တောင် မြို့နယ်ရှိ ၎င်းပိုင်အိမ်တွင် အတွင်းပိုင်း ဆောက်လုပ်မှုများ မကောင်းသည့်
နောက်ပိုင်းဆိုးကျိုးများ ခံစားခဲ့ရ ကြောင်းပြောသည်။ "၁၉၉၆ ခုနှစ်မှာ အမိုးထပ်တင်တော့ အခင်း
လောင်းတဲ့အခါမှာ သေသေချာချာရှင်းပြီး မလုပ်ခဲ့တဲ့အတွက် လေခိုတာတွေဖြစ်ပြီး ရာသီဥတုဒဏ်
ကို မခံနိုင်ဘဲ ကျုံ့တာတွေ၊ ပွတာတွေ ဖြစ်လာတော့တယ်။ ပြီးတော့လည်း အသုံးပြုမယ့် ပစ္စည်း
ကို ကျွန်တော်တို့ စိတ်ကြိုက် ရွေးချယ်ခွင့် မရှိပါဘူး။ သူတို့ သုံးတဲ့ပစ္စည်းက များသောအားဖြင့်
အရည်အသွေးနဲ့ ပတ်သက်ပြီး စိတ် တိုင်းမကျစရာတွေချည်းပဲ" ဟု ဦးခင်မောင်လေးက
ပြောသည်။

ဈေးချိုသည့် ကန်ထရိုက်တာများက သင့်သလို ဆောင်ရွက်ပေးသည့် အိမ် တွင်းအပြင်အဆင်
ဝန်ဆောင်မှုများ သည် အဆိုပါ အလေ့အထများကို ထိန်းချုပ်ပေးမည့် ထိရောက်သည့် ပြဋ္ဌာန်း
ချက် မရှိခြင်းကြောင့်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် ဦးစိုးနိုင်က ပြောသည်။

"အရည်အသွေး ထိန်းချုပ်ရေးစနစ် နဲ့ ပတ်သက်တဲ့ ကွာဟမှုဟာ အရမ်းကို ကြီးပါတယ်။ အစိုးရ
အင်ဂျင်နီယာတွေ က ပစ္စည်းအရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး သိပ်မသိကြပါဘူး။ အာဏာပိုင်
တွေကလည်း ဘယ်လိုစံနှုန်းမျိုး သတ်မှတ်သင့်တယ်ဆိုတာကို နားမလည်ကြပါဘူး။ စာရင်းစစ်
လုပ် ထုံးလုပ်နည်းကလည်း စိတ်မချရ ပါဘူး။ ဒါကြောင့် သူတို့လိုသလို လုပ်လို့ရတာတွေ
အများကြီး ရှိနေပါတယ်" ဟု ဦးစိုးနိုင်က ပြောသည်။

ဈေးကွက်အတွင်းတွင် ပြင်ပရင်းနှီး မြှုပ်နှံမှုများကို ဖွင့်ပေးထားသည့်အ တွက် အရည်အသွေးမြှင့်
တင်ပေးနိုင် မည့် နိုင်ငံတကာမှ ဆောက်လုပ်ရေးကုမ္ပဏီများဖြင့် အိမ်ခြံမြေကဏ္ဍသို့ စိတ်ဝင်စားမှု
များလာနိုင်ကြောင်း ဦးခင်မောင်လေးက ပြောသည်။ "အရည်အသွေးကောင်းတဲ့ ပစ္စည်း တွေကို
အသုံးပြုတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေကတော့ ကောင်းကျိုးတွေ ခံစားဖို့ ထိုက်တန်ပါတယ်။
ဒါပေမဲ့ တချို့ စုန်းပြူးကုမ္ပဏီတွေကတော့ အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်း
ရဲ့ ဆိုးကျိုးတွေကို ခံစားသင့်ပါတယ်"ဟု ၎င်းက ပြောသည်။

နန်ရှင်ယောင်း
https://www.facebook.com/phoenixestate?ref=hl

မြေဂရန်နှင့် ဆောက်လုပ်ခွင့် လိုင်စင် မြန်ဆန်စွာ၊ချပေးမည်

ရန်ကုန်မြို့တွင်နေထိုင်သူများ၏ မြေဂရန် လျှောက်ထားခြင်းနှင့် အဆောက်အအုံ ဆောက်လုပ်ခွင့် လုပ်ငန်းလိုင်စင်လျှောက်ထားမှုများကို မြန်ဆန်စွာရရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

"အရင်တုန်းက လုပ်ငန်းလိုင်စင်နဲ့ မြေဂရန် ပါမစ်ကိစ္စတွေလုပ်ပေးတဲ့နေရာမှာ ကြန့်ကြာ ခဲ့ပါတယ်။
အခု ကျွန်တော်တို့ သညနျအသဈနမလငခ လုပ်ဆောင်ဖို့အတွက် ကြိုးစားခဲ့တာပါ" ဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးညီညီက ပြောသည်။

အဆိုပါမြေဂရန် လျှောက်ထားမှုများနှင့် အဆောက်အအုံဆောက်လုပ်ခွင့်များအတွက် ရန်ကုန်မြို့
တော် စည်ပင်သာယာရေး ကော်မတီ ရှိ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနနှင့် အဆောက်အအုံ
ဌာနတို့က တာဝန်ယူ လုပ်ဆောင်ပေးလျက်ရှိသည်။ ထို့ပြင် ယခင်လျှောက်ထားမှုများ၌ စည်းကမ်း
တင်းကျပ်မှုများရှိသည့်အတွက် ယခုနောက်ပိုင်း တွင် အချို့သော စည်းကမ်းတင်းကျပ်မှုများအား
ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာ
ဌာနနှင့် အဆောက်အအုံဌာနမှ ဌာနမှူး ဖြစ်သူ ဦးမောင်မောင်ဇော်က ပြောသည်။

"အရင်တုန်းက မြေဂရန်လျှောက်ရင် အချက် အလက်တွေ အများကြီးပြရတယ်။ အခုနောက် ပိုင်း
မှာ သိပ်မလိုအပ်တော့တဲ့ အချက်တွေ၊ အထောက်အထားတွေကို ဖြေလျှော့ပေးထား ပါတယ်"
ဟု ၎င်းက ပြောသည်။

ယခုပြောင်းလဲ ကျင့်သုံးမည့် စနစ်ကြောင့် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့်များ၊
မြေပိုင်ဆိုင်မှုနှင့် မြေဂရန်လျှောက်ထားမှုများ ပြုလုပ်ရန်ကြာမြင့်ချိန်များမှာလည်း ယခင်ကြာမြင့်
ချိန်အောက် ထက်ဝက်နီးပါးခန့် လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အဆိုပါလျှောက်ထားမှုများကို အွန်လိုင်း
မှတစ်ဆင့် လျှောက်ထားနိုင်ရန်အတွက် လည်း စီစဉ်လျက်ရှိကြောင်း တာဝန်ရှိသူများက
ပြောသည်။

"အွန်လိုင်းကနေ လုပ်ငန်းလိုင်စင်လျှောက် တာကို ၂၀၁၄ နှစ်ဆန်းပိုင်းရအောင် ကြိုးစားနေ
ပါတယ်။ လိုအပ်တဲ့အချက်တွေကို အွန်လိုင်း ကနေ ပို့နိုင်ပြီး ကျွန်တော်တို့ဘက်ကလည်း စစ်ဆေး
ပြီးရင် အွန်လိုင်းကပဲ ပြန်အကြောင်းကြားလိုက်ရင် လုပ်ငန်းလိုင်စင် ရနိုင်မှာပါ" ဟု ဦးမောင်မောင်
ဇော်က ပြောသည်။

စီအိုင်အက်ဖ် အပြောင်းအလဲ စောင့်နေသည့်အတွက် ဆိပ်ကမ်း၌ ကားများ စုပုံနေ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက စီအိုင်အက်ဖ် တန်ဖိုးများပြောင်းလဲမည်ဟု
သတင်းများ ထွက်ပေါ်နေသည့်အတွက် ကားတင်သွင်းသူများက ကားများထုတ်ယူရန် စောင့်ဆိုင်း
နေကြသော်လည်း ကားသင်္ဘောများမှာ ပုံမှန်ဝင်ရောက်နေပြီး ဆိပ်ကမ်းများတွင် ကားများစုပုံ
နေကြောင်းသိရသည်။

"နဂိုကတည်းကလည်း ဆိပ်ကမ်းမှာ ကားတွေရှိနေသေးတယ်။ ပြီးတော့ အခု စီအိုင်အက်ဖ်
ပြောင်းမယ်ဆိုတော့ ကျွန်တော် ကိုယ်တိုင်တောင် ကားတွေ သွားမထုတ်သေးဘူး။ ဒါကြောင့်ကား
တွေပိုပုံနေတယ်" ဟု Farmer Auto မှ ဦးစိုးထွန်း က ပြောသည်။

စီအိုင်အက်ဖ် ပြောင်းလဲမည့် သတင်းကြောင့် ကားအရောင်း စင်တာများတွင် အရောင်းအ၀ယ်များ
အေးစက်ခဲ့ပြီး ၀င်ငွေလည်ပတ်မှု နှောင့်နှေးသွားမှုကြောင့် အပါအ၀င် ကားများ ရောင်းမထွက်သေး
သည့်အတွက် ကားအရောင်း စင်တာများတွင် နေရာလွတ်မရှိသောကြောင့် ထုတ်ယူရန် နှောင့်နှေး
နေခြင်းဖြစ်သည်။

"ကားထုတ်ရင် အခွန်က ဆောင်ရဦးမယ်။ အရောင်းအ၀ယ်အေးတော့ ပိုက်ဆံကသိပ်မလည်သေး
ဘူး။ အရောင်းစင်တာ တစ်ခုက ကားအစီး ၅၀ ဆန့်တယ်ဆိုရင် ကားရောင်း မထွက်တော့
ကားထားစရာ နေရာမရှိဘူး။ တစ်နေရာမှာ ထိခိုက်တော့ အကုန်လုံးမှာ ထိခိုက်သွားတဲ့သဘောပဲ"
ဟု ဦးစိုးထွန်းက ပြောသည်။

"ကျွန်တော်ကတော့ ကား သွားမထုတ်ချင်သေးဘူး။ စီအိုင်အက်ဖ် ပြောင်းလဲပြီးမှဆိုရင် ကားတစ်စီး
ကို ငွေ ကျပ် ၁၄ သိန်းကနေ ၁၅ သိန်းကြားအထိ သက်သာမယ်။ စီအိုင်အက်ဖ်တန်ဖိုးလည်း
ထွက်လာတော့မှာဆိုတော့ ဇန်န၀ါရီလကျမှပဲ ထုတ်တော့မယ်။ စီအိုင်အက်ဖ်တန်ဖိုးလည်းကျတော့
ကျသင့်ပေမယ့် ကျွန်တော်တို့ကတော့ စလစ်ဈေးကျတာကို ပိုလိုလားတယ်။ ယာဉ်ဟောင်းအပ်ဖို့
အက္ခရာလည်း ကုန်တော့မယ်ဆိုပေမယ့် နောက်ပိုင်းမှာ ကားဟောင်း ဈေးကွက်ကတော့ သူ့ဟာနဲ့
သူရှိနေဦးမှာပဲ။ လက်ရှိ ကားတင်သွင်းတာကတော့ တစ်ဦးချင်း ပါမစ်နဲ့သွင်းတဲ့သူ ပိုများလာတယ်"
ဟု SKK ကားအရောင်းစင်တာမှ အမှုဆောင်အရာရှိချုပ် ကိုချမ်းကျော်ကျော်က ပြောသည်။

ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကားများအတွက် ကားထားခွင့် နှစ်ပတ်အထိခွင့်ပြုထားပြီး
ကျော်လွန်ပါက ဆိပ်ကမ်းမှ ကားရပ်နားခ ကောက်ခံကာ လာရောက် မထုတ်ယူသေးသော ကား
များအတွက် ရက် ၆၀ ကျော်ပါက လေလံစာရင်း သွင်းထားသည်ဟု ဆိုသည်။

သို့ရာတွင် လေလံ စာရင်းပယ်ဖျက်အဖြစ် လျှောက်ထား၍ ပြန်လည်ထုတ်ယူနိုင်ကြောင်းလည်း
သိရသည်။

သို့သော် နောက်ပိုင်းတွင် ရက် ၆၀ ကြာသည်အထိ လာရောက်ထုတ်ယူခြင်း မရှိသော ကားများကို
လေလံတင်သွားရန် အစီအစဉ်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။

"ဆိပ်ကမ်းမှာလည်း ကားတွေအများကြီး ပုံနေသေးတယ်။ ကားသင်္ဘောအ၀င်များပြီး မထုတ်တဲ့
ကားများတော့ ကားပိုများလာတာပေါ့။ ပထမတစ်ကြိမ် လုပ်ခဲ့တဲ့ အစည်းအဝေးအရ ရက် ၆၀
ကျော်ရင် လေလံစပစ်မယ်လို့တော့ ပြောထားတာရှိတယ်။ သင်္ဘောလိုင်းတွေခေါ်ပြီးတော့
အစည်းအဝေးတစ်ခု လုပ်ဦးမယ်။ ပြီးမှပဲ ဆုံးဖြတ်ချက်ချပြီး ထုတ်ပြန်မယ်လို့ ပြောမယ်။
ဆိပ်ကမ်းမှာ ကားတွေ အရမ်းကျပ်နေရင် နောက်ထပ် ကားသင်္ဘောတွေ ဆိုက်ဖို့မဖြစ်နိုင်ဘူးလေ"
ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ရန်ကုန် ဗိုလ်အောင်ကျော် ဆိပ်ကမ်းနှင့် ဆူးလေဆိပ်ကမ်းတို့တွင် ကားသင်္ဘောများ ဆိုက်ရောက်မှု
နည်းပြီး သီလ၀ါဆိပ်ကမ်းမှာ နေရာကျယ်သည့်အတွက် ကားသင်္ဘောများ ဆိုက်ရောက်မှုများပြား
ကာ ပျမ်းမျှအားဖြင့် ကားစီးရေ ၉,၀၀၀ နှင့် ၁၀,၀၀၀ ကြားအထိဆံ့ပြီး အမ်ပီအေ ဆိပ်ကမ်းတွင်မူ
ကားအစီးရေ ၄,၀၀၀ ခန့် ဆံ့ကာ ၂၀၁၃ ခုနှစ်အတွင်းတွင် ရက် ၆၀ ကျော်သော ကားစီးရေ ၃၅၀
ဝန်းကျင် ခန့်ရှိကြောင်းသိရသည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန် ဆူးလေဆိပ်ကမ်းသို့ ကားသင်္ဘော တစ်စင်း
ဆိုက်ကပ်ခဲ့ပြီး အစီးရေ ၆၄ စင်းရှိကာ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကား သင်္ဘော
ခြောက်စီးရောက်ရှိခဲ့ကာ ကားစီးရေ ၅,၂၀၀ ကျော်ရှိကြောင်း သိရသည်။

စီးပွားရေးစင်္ကြံ စီမံကိန်းအတွက် လေးနိုင်ငံပူးတွဲ လေ့လာမှုစတင်ရန် သဘောတူစာချုပ် ချုပ်ဆို

မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် လေးနိုင်ငံကို ချိတ်ဆက်ပေးမည့် စီးပွားရေးစင်္ကြံ စီမံကိန်းအတွက် လေးနိုင်ငံ ပူးတွဲလေ့လာမှု စတင်ပြုလုပ်ရန် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် လေးနိုင်ငံ အစိုးရ အရာရှိများက သဘောတူစာချုပ်၌ လက်မှတ်ရေးထိုးလိုက်ကြောင်း တရုတ်သတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပသည့် စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတွင် လေးနိုင်ငံ အစိုးရအရာရှိများက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ “အမှန်တော့ ဒီနိုင်ငံတွေကြားမှာက စီမံကိန်းတွေက ထပ်နေပြီ။ BIMSTEC ကလည်း ရှိနေသေးတော့ အခု စီးပွားရေးစင်္ကြံ စီမံကိန်းက ထင်သလောက် ခရီးမပေါက်ဘူး ဖြစ်နေတယ်” ဟု မြန်မာအစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ယင်းအစည်းအဝေးသို့ တရုတ်အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ ဒုတိယဝန်ကြီး Mr.Zhang Xiaoqiang၊ မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးရေးမှူး ဒုတိယဝန်ကြီး ဒေါ်ခင်စန်းရီ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Mr.Md.Shahidul Haque နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီးဌာန တွဲဖက်အတွင်းဝန် Mr.Gautaam Bambawale တို့ တက်ရောက်ခဲ့ကြပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မည့် အချက်အလက်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ယင်းအစည်းအဝေး၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ လေးနိုင်ငံ စီးပွားရေးစင်္ကြံစီမံကိန်း စတင်ရန်အတွက် ၁၉၉၉ ခုနှစ်ကပင် စတင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်အစောပိုင်းမှ စတင်ကာ တရုတ်နှင့် အိန္ဒိယ အစိုးရတို့၏ တိုက်တွန်း တောင်းဆိုမှုကြောင့် ပထမဦးဆုံးအကြိမ် အစည်းအဝေး ကျင်းပနိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေး ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ တရုတ်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ဆုံရာတွင် ဆွေးနွေးခဲ့ကြပြီး ယင်းစီမံကိန်းသည် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းစီမံကိန်းအတွက် ဘီလီယံပေါင်းများစွာ ကုန်ကျမည်ဖြစ်ပြီး၊ အရှေ့အာရှနှင့် တောင်အာရှ ဒေသများအတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကာကျန်းက ထုတ်ဖော် ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ ဟိုတယ်ကဏ္ဍတွင် မြှုပ်နှံရန် ဥရောပ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့ လေ့လာ

မြန်မာနိုင်ငံ၏ ဟိုတယ်ကဏ္ဍတွင် ဥရောပ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့မှ မြှုပ်နှံရန်အတွက် လေ့လာမှုများပြုလုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ရင်းနှီးမြှုပ်နှံရန်အတွက် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဟိုတယ်ဝန်ကြီးဌာနနှင့် ဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် သုံးသပ်မှုများစွာရှိနေသည့်အတွက် အမှန်တကယ် အကောင်အထည်ဖော်နိုင်မှုတွင် ကြန့်ကြာနေရကြောင်း သိရသည်။
ဦးအောင်ဇော်ဝင်းက "နိုင်ငံတကာကတော့ ဟိုတယ်နဲ့ပတ်သက်ပြီးမြှုပ်နှံဖို့ လာဆွေးနွေးတာက နှစ်ရက်ကို တစ်ခေါက်လာတယ်။ အဲဒီထဲမှာ ဥရောပနိုင်ငံတချို့ရယ်၊ ထိုင်း၊ စင်ကာပူကတော့ အများဆုံးပဲ။ ဒါပေမဲ့ သူတို့တွေက လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကို စောင့်ကြည့်နေကြလို့ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ တိုးဖို့အတွက် ကြန့်ကြာနေတယ်"ဟု ပြောကြားသည်။
ယခုနောက်ပိုင်း မြန်မာနိုင်ငံ၏ ဟိုတယ်ကဏ္ဍတွင် အမှန်တကယ် ရင်းနှီးမြုပ်နှံမှုအပိုင်းများတွင် ပြည်တွင်းလုပ်ငန်းရှင်များမှ အသေးစားဟိုတယ်အများစုကိုသာ မြှုပ်နှံထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြင့် ဖွင့်လှစ်ရန်ကြိုးပမ်းနေသော ဟိုတယ်များအနေဖြင့် ဆောက်လုပ်မှုပိုင်း အခြေခံစည်းမျဉ်းများတွင် တင်းကျပ်စွာရှိနေခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းတို့တွင် ကြန့်ကြာနေမှုတို့ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၇၁၀ ဒသမ ၄၃၉ မြှုပ်နှံထားပြီး နိုင်ငံတကာအဆင့်မီ ဟိုတယ်ပေါင်း ၃၆ လုံးရှိပြီး အခန်းပေါင်း ၆၇၆၆ ရှိကြောင်း သိရသည်။
သို့သော်ဟိုတယ်အလုံးပေါင်း ၃၀ ခန့်သာ အလုံးစုံပြီးစီးနေပြီး ငါးလုံးခန့်မှာလုပ်ငန်းလုပ်ကိုင်နေဆဲ အဆင့်သာရှိသေးပြီး ကျန်တစ်လုံးမှာ စစ်ဆေးတိုင်းတာဆဲ အခြေအနေတွင်ရှိနေပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဟိုတယ်ကဏ္ဍ မြှုပ်နှံထားမှုများအနက် စင်ကာပူနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ၎င်းနောက်တွင် ဗီယက်နမ်မှာ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ခန့်ဖြင့် ဒုတိယနေရာတွင်ရှိကြောင်း၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှားနှင့် ဗြိတိန်တို့မှာလည်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
လက်ရှိတွင် ဥရောပနိုင်ငံများအပါအ၀င် ထိုင်း၊ ဂျပန်တို့ကို မြန်မာနိုင်ငံ၏ဟိုတယ်နှင့် အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

မြေကွက်ရှိပြီး အိမ်ဆောက်လိုသူများအား အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ချေးငွေထုတ်ပေးမည်

မြေကွက် ပိုင်ဆိုင်မှုရှိပြီး အိမ်ဆောက် လုပ်ရန် ငွေကြေးအခက်အခဲ ရှိသူ မြေပိုင်ရှင်များကို ဆောက် လုပ်ရေးဝန်ကြီးဌာနက ဖွင့်လှစ် မည့် ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုး ရေးဘဏ်မှ ချေးငွေများထုတ် ချေးသွားမည်ဖြစ်ကြောင်း အ ဆိုပါဘဏ် ယာယီရုံးမှသတင်း ရရှိသည်။
အိမ်ဆောက်လုပ်လိုသူ မြေကွက်ပိုင်ရှင်များအနေဖြင့် ဆောက်လုပ်မည့် တိုက်အမျိုး အစားပေါ်မူတည်၍ ကုန်ကျ စရိတ်အားလုံး၏ ၃ဝရာခိုင်နှုန်း အား တစ်နှစ်လျှင်အတိုးနှုန်း ၁၃ရာခိုင်နှုန်းဖြင့် ချေးပေးသွား မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးနှင့် ဖွံ့ဖြိုးရေးဘဏ်မှ လက် ထောက်အထွေထွေမန်နေဂျာ ဦးတင်ယုက ပြောသည်။

ဦးတင်ယုက''မြေပိုင်ဆိုင် မှုရှိသူတွေအနေနဲ့ အထပ်မြင့် ဆောက်ချင်တာပဲဖြစ်ဖြစ်၊ ကန်ထရိုက်နဲ့အခန်းပေး အခန်း ယူဆောက်ချင်တာပဲဖြစ်ဖြစ် ဆောက်မယ့်တိုက်ရဲ့ ကုန်ကျ စရိတ်ပေါ်မူတည်ပြီး မြေပိုင်ဆိုင် မှုအထောက်အထားတွေကို ကွင်းဆင်းစစ်ဆေး ရာဖြတ် ပြီး ကာလပေါက်ဈေးအတိုင်း တန်ဖိုးရဲ့ ၃ဝရာခိုင်နှုန်းကို ၁၃ကျပ်တိုးနဲ့ ချေးပေးမယ်။ဆောက်လုပ်ရေးပြီးလို့ အခန်း ရောင်းရင်တော့ ရောင်းရငွေ ထဲက ဘဏ်အကြွေးကိုအရင် ဆပ်ရမယ်''ဟုပြောသည်။

လက်ရှိဆောက်လုပ်ရေး နှင့် ဖွံ့ဖြိုးရေးဘဏ်ကို ရန်ကုန် တိုင်းဒေသကြီး မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး ပထ မထပ်တွင် ယာယီရုံးခန်းအနေ ဖြင့်ဖွင့်လှစ်ထားပြီး လာမည့် ၂၀၁၄ ခုနှစ်ဇန်နဝါရီလတွင် ရွှေတိဂုံဘုရားလမ်းအမှတ်(၆၀) တွင် ဘဏ်ရုံးချုပ်အနေဖြင့် စတင်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါငွေချေးခြင်းလုပ် ငန်းများကို လာမည့်မတ်လ တွင် စတင်ဝန်ဆောင်မှုပေးသွား မည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှလည်း ငွေ ချေးလိုပါက ကုမ္ပဏီလိုင်စင်၊ ပိုင်ဆိုင်မှုနှင့်လက်ရှိလုပ်ငန်း အထောက်အထားများကို ဘဏ်တွင် အပေါင်အဖြစ်ထား ကာ ပိုင်ဆိုင်မှုကာလတန်ဖိုး၏ ၃ဝရာခိုင်နှုန်းကို ချေးပေးမည် ဖြစ်ပြီး ငွေချေးသူများအနေ ဖြင့် အတိုး၁၃ရာခိုင်နှုန်းကိုသုံး လတစ်ကြိမ် ပေးသွင်းရမည်ဖြစ် ကြောင်း သိရသည်။
ဦးတင်ယုက''ဘဏ်က လာမယ့် ဇန်နဝါရီလမှဖွင့်မှာ ဆိုတော့ ငွေထုတ်ချေးတာကို မတ်လမှာ စတင်မယ်။ ငွေချေး ချင်တဲ့သူတွေအနေနဲ့ အခုယာ ယီဘဏ်ရုံးဖွင့်ထားတဲ့ အိုးအိမ် ရုံးမှာလာဆွေးနွေးပြီး လျှောက် လွှာတင်ထားလို့ရတယ်။ ချေး ငွေကို ဘဏ်ဒါရိုက်တာဘုတ် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ဘယ် သူ့ကို ဘယ်လောက်ချေးသင့် တယ်ဆိုတာတွေကို ဆုံးဖြတ် မှာပါ''ဟုပြောသည်။

မြေကွက်ပိုင်ရှင်များအ နေဖြင့် အိမ်ကိုတာဝန်ယူဆောက် လုပ်မည့် ဆောက်လုပ်ရေးကန် ထရိုက် အဆက်အသွယ်မရှိပါ က ဆောက်လုပ်ရေး ကန်ထ ရိုက်ကို ဘဏ်မှ တာဝန်ယူချိတ် ဆက်ပေးမည်ဖြစ်ပြီး တာဝန် ယူဆောက်လုပ်ပေးမည့်ကန် ထရိုက်မှ ဆောက်လုပ်ရေးကုန် ကျစရိတ်၏ ၂ဝရာခိုင်နှုန်းကို ဘဏ်တွင် အပေါင်ငွေအဖြစ် ပေးသွင်းထားရမည်ဖြစ်ပြီး ဆောက်လုပ်ရေးပြီးပါက ပြန် လည်ထုတ်ယူနိုင်ကြောင်း သိ ရသည်။
လက်ရှိတွင် ဆောက်လုပ် ရေးနှင့်ဖွံ့ဖြိုးရေးဘဏ်မှ ငွေ ချေးဝန်ဆောင်မှုများကို ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းသာ စတင် ချေးသွားမည်ဖြစ်ပြီး အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးများ တွင် ဘဏ်ခွဲများဖွင့်လှစ်ပြီးပါ က အဆိုပါဒေသများတွင်လည်း ငွေချေးဝန်ဆောင်မှုများပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးတင်ယုက''အဓိကမြေ ကွက်ပိုင်ရှင်နဲ့ ဆောက်လုပ် ရေး လုပ်ငန်းရှင်ကို ငွေချေးမယ် ဆိုပေမယ့် တခြားဘဏ်တွေ ကလိုမျိုး တခြားလုပ်ငန်းရှင်တွေ ကိုလဲ (Commercial Loan) နဲ့ ချေးပေးသွားမယ်။ ဆောက် လုပ်ရေးကတော့ အဓိကပေါ့'' ဟု ပြောသည်။
ယင်းနှင့်ပတ်သက်၍ မြန် မာနိုင်ငံဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်း အတွင်းရေး မှူးဦးတင်အောင်မြင့်က''ပိုင် ဆိုင်မှုအပေါ် ကာလတန်ဖိုး ဖြတ်ပြီး ချေးငွေထုတ်ချေးတာ ကတော့ အရင်ကတည်းက ဘဏ်တွေမှာရှိပြီးသား။ အခု ဆောက်လုပ်ရေးဘဏ်ကလုပ် မယ့်လုပ်ငန်းအပေါ်မှာ ချေး ငွေထုတ်ချေးတာကတော့ အခု မှစတာ။ ကျွန်တော်တို့ ကန်ထ ရိုက်တွေက ဆောက်လုပ်ရေးသ ဘောတူညီမှုစာချုပ်ရှိပေမယ့် အရင်းအနှီးမရှိတာမျိုးတွေဖြစ် တော့ စာချုပ်ပြရင် ငွေချေးနိုင် မလားဆိုပြီး ဒုဝန်ကြီးကိုတင် ပြထားတာတွေလဲရှိတယ်။ ဒီလို ချေးငွေထုတ်ပေးမယ်ဆိုရင် ကန်ထရိုက်တွေ အဆင်ပြေတာ ပေါ့။ ပုဂ္ဂလိကဘဏ်တွေမှာ ပိုင် ဆိုင်မှုပြရင် ပိုင်ဆိုင်မှုရဲ့ ၄ဝရာ ခိုင်နှုန်းချေးပေးတာဆိုတော့ ဆောက်လုပ်ရေးဘဏ်ရဲ့ ချေး ငွေရာခိုင်နှုန်းက နည်းနေသေး တယ်''ဟု သုံးသပ်သည်။


သံဝေဂ ရစရာ

ဗုဒ္ဓဘာသာ မြန်မာတို့.....
"နောင်တ"ဆိုတာနောင်မှရတယ်လို့ဆိုကြပါတယ်....
သို့ပေမယ့်...အသိတရားကို ယခုချိန်မှစတင်ရရှိမည်ဆိုပါက....
"နောင်တ"စကားလုံးသည် ....သင့်အတွက်မဟုတ်ပါ.....
ရခဲးလှတဲ့လူ့ဘ၀မှာ ကုသိုလ်ကောင်းမှုပြုလုပ်ကြရန်တိုက်တွန်းအပ်ပါသည်။
သံဝေဂ ရစရာ Movie File လေးကို...
အသိတရား...မရရှိသေးသူများ ရရှိစေရန် Share ပေးစေလိုပါတယ်....

https://www.facebook.com/phoenixestate?ref=hl

သိရှိထားသင့်သော မြေအမျိုးအစားများနှင့် မြေအမျိုးအစား တစ်ခုချင်းစီ၏ အသုံးဝင်ပုံများ

၁။ (က) မြေပိုင်မြေ (ခ) ဘိုးဘွားပိုင်မြေ (ဂ) ဂရန်ရှိမြေပိုင်မြေ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုးဖြစ်သည်။
(၁) မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။
(၂) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူက ရောင်းချခွင့်ရှိသည်။
(၃) မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့) အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
(၄) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်ဆိုင်သူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့) အထူး ကိုယ်စားလှယ် လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့် ရှိသည်။ မှတ်ချက်(မြေအမည်ပေါက်ထံမှအမွေဆက်ခံသူ မသေဆုံးမီနှင့်လွှဲစာ ပြန်လည်မရုပ်သိမ်းမီကာလအတွင်း)။
(၅) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၆) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၇) မြေဧရိယာတစ်ခုလုံး၏ ထက်ဝက်သော်လည်းကောင်း ၊တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ၊မြေဧရိယာတစ်ခု လုံးကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။
(၈) မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား ၀ယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ် ချုပ်ဆိုဝယ်ယူနိုင်သည်။

မြေငှားဂရန်မြေ

မြေများကို စည်းကမ်းချက်သတ်မှတ်၍ အနှစ်(၆၀) ၊ အနှစ်(၉၀) ၊ ၂၅ နှစ်အစရှိသော နှစ်ကာလအပိုင်း အခြားဖြင့် အငှားချထားသည့် မြေမျိုးဖြစ်သည်။
(၁) မြေအမည်ပေါက်က (၃)လတစ်ကြိမ် မြေခွန်ဆောင်ရသည်။
(၂) အဆောက်အဦးရှိပါက (၃)လတစ်ကြိမ် အဆောက်အဦးခွန် ဆောင်ရသည်။
(၃) မြေအမည်ပေါက်သူက ရောင်းချခွင့် ရှိသည်။
(၄) မြေအမည်ပေါက်သူထံမှ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူက ရောင်းချခွင့်ရှိသည်။
(၅) မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ် လွှဲစာ(သို့)အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။မှတ်ချက်(မြေအမည်ပေါက်မသေဆုံးမီနှင့် လွှဲစာပြန်လည်မရုမ်သိမ်းမီကာလအတွင်း)။
(၆) မြေအမည်ပေါက်၏ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)အထူးကိုယ်စားလှယ် လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
(၇) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၈) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့် ရှိသည်။
(၉) မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း၊ ထက်ဝက်ကိုသော်လည်ကောင်း၊တစ်စိတ်တစ်ပိုင်းကိုသော်လည်း ကောင်း ရောင်းချခွင့်ရှိသည်။မှတ်ချက်(ရောင်းချသည့်အစိတ်အပိုင်းအတွက် ဂရန်ခွဲလျှောက်ထားနိုင်သော်လည်း မျက်နှာစာအနည်းဆုံးပေ(၂၀)ရှိရန်နှင့်စတုရန်းပေ(၁၂၀၀)ရှိရန်လိုသည်။
(၁၀) မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအားဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူနိုင်သည်။




ပါမစ်မြေ

စည်ပင်ဝပြောမှုမရှိသေးသည့်နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့်အိမ်ယာဆောက်လုပ်နေထိုင်ခွင့် ချပေးထားသော မြေမျိုးဖြစ်သည်။
(၁) ပါမစ်အမည်ပေါက်သူက ရောင်းချခွင့်ရှိသည်။
(၂) ပါမစ်အမည်ပေါက်သူထံမှ စာချုပ်အဆက်ဆက်ဖြင့် ၀ယ်ယူထားသူက ရောင်းချခွင့်ရှိသည်။
(၃) ပါမစ်မြေကို စာချုပ်အဆက်ဆက်ဖြင့် ၀ယ်ယူထားသူက မြေငှားဂရန် လျှောက်ထားနိုင်သည်။
(၄) မြေငှားဂရန်တွင် လျှောက်ထားသူအမည်ဖြင့်သာ ရရှိပါသည်။

လိုင်စင်မြေ

မြို့နှင့်ရွာများအက်ဥပဒေအရ သတ်မှတ်သည့်မြေမျိုးဖြစ်ပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးစွဲခွင့်ပေးသော မြေမျိုး ဖြစ်သည်။
ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေ၊ လယ်ယာမြေများသည် လိုင်စင်မြေများဖြစ်ပါသည်။လယ်ယာမြေတွင် အသုံးမ၀င်ကြောင်း ၀န်ခံချက် လက်မှတ် ရရှိပြီး လန(၃၉)ထွက်ရှိမြေနှင့် အိမ်ယာမြေ သတ်မှတ်သည့် ၃(ခ) ထွက်ရှိ မြေများကို မြေငှား ဂရန် လျှောက်ထားလျှင် မြေငှား စာချုပ် ထုတ်ပေး ပါသည်။

အိမ်အမျိုးအစားများ

၁။ Hall Type = အခန်းဖွဲ့စည်းထားခြင်း မရှိခြင်းကို ခေါ်သည်။
၂။ BN =အောက်ခြေအုပ်ခံ၍ ပျဉ်ထောင်အိမ် တည်ဆောက်ထားခြင်းကို ခေါ်သည်။
၃။ PT =သစ်သားများဖြင့်သာ ဖွဲ့စည်းတည်ဆောက်ထားခြင်းကို ခေါ်သည်။
၎။ RC =အုပ်၊ ဘိလပ်မြေ၊ သံ၊ ဖွဲ့စည်းတည်ဆောက်ထားခြင်းကို ခေါ်သည်။
https://www.facebook.com/phoenixestate?ref=hl

မန္တလေးတိုင်းရှိ မြို့နယ်လေးခုတွင် ၀န်ထမ်းအိမ်ရာများ ၂၀၁၄ အပြီးသတ် ဆောက်လုပ်မည်

မန္တလေးတိုင်းအတွင်း မြို့နယ်လေးခုအတွက် ဆောက်လုပ်မည့် ၀န်ထမ်းအိမ်ရာစီမံကိန်းအတွက် တင်ဒါ ခေါ်ယူမှုကို ဒီဇင်ဘာ ၁၆ ရက်တွင် ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အပြီးဆောက် လုပ်သွားမည်ဟု တိုင်းမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်လင်းက ပြော သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ တင်ပြတောင်းဆိုတဲ့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါ တယ်။အိမ်ရာစီမံကိန်းအတွက် တင်ဒါပြန်ရွေးမယ့်နေ့က ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။ ဒီတစ်ပတ်အတွင်း ပြန်ဖွင့်မှာပါ။ ဒေသခံမဟုတ်တဲ့ ၀န်ထမ်းတွေအတွက် သက်သာတဲ့ဈေးနှုန်းနဲ့ နေရာချ ထားပေးမှာပါ”ဟု ပြောသည်။

အောင်မြေသာစံ၊ ချမ်းမြသာစည်၊ မိတ်္ထီလာ၊ မြင်းခြံမြို့နယ်များတွင် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ယခုလ ၆ ရက်က အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ တင်ဒါလျှောက်ထားသည့် ကုမ္ပဏီ ၁၀ ခုခန့်ရှိသည်။ ဖော် ပြပါ မြို့နယ်လေးမြို့နယ်တွင် အိမ်ရာများကို လေးခန်းတွဲ၊ သုံးထပ် တည်ဆောက်မည်ဖြစ်သည်။

အလားတူပင် လာမည့်ဘဏ္ဍာနှစ်များတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၈မြို့နယ်အတွက် ၀န်ထမ်း အိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းများကို ဆောင်ရွက်သွားမည်ဟုလည်း ဦးကျော်ကျော်လင်းက ပြော သည်။

မန္တလေးမြို့တွင် တာဝန်ကျသည့် ၀န်ထမ်းများနေထိုင်ရန် အရှေ့ပြင် ၀န်ထမ်းအိမ်ရာစခန်း၊ စိတ္တမဟီ ၀န် ထမ်းအိမ်ရာစခန်းနှင့် မြရည်နန္ဒာ ၀န်ထမ်းအိမ်ရာစခန်း သုံးခုရှိသည်။

Mizzima
https://www.facebook.com/phoenixestate

အိမ်ရာတိုက်ခန်း အငှားဈေးနှုန်းများ တက်နေသော်လည်း နိုင်ငံခြားသားအငှား ထက်ဝက်ကျော်မြင့်တက်လာ

မြန်မာနိုင်ငံရှိ အိမ်ခြံမြေအငှားဈေး နှုန်းများ မြင့်တက်နေသော်လည်း နိုင်ငံ ခြားသားများ၏ အိမ်ခြံမြေငှားရမ်းမှုမှာ မြင့်တက်နေသည်ဟု ဟောင်ကောင် အခြေစိုက် နိုင်ငံတကာအိမ်ခြံမြေအကျိုး ဆောင် ကုမ္ပဏီစဝီးလ်စ် (Svils) မှ တာ ဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ၁၂ လအတွင်း မြန်မာ နိုင်ငံတွင် နိုင်ငံခြားသားများ၏ ရုံးခန်း ငှားရမ်းမှုမှာ ၈ဝ ရာခိုင်နှုန်း၊ (facilitated) အသင့်နေတိုက်ခန်းငှားရမ်းမှုမှာ ၅ဝ ရာ ခိုင်နှုန်း၊ အဆင့်မီတိုက်ခန်းနေရာငှားရမ်း မှုမှာ ၁ဝ ရာခိုင်နှုန်း၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်အခန်းခနှုန်းထားများ ၇ဝ ရာခိုင် နှုန်းထိမြင့် တက်နေသည်ဟု ဒီဇင်ဘာလ ၁၆ ရက်က Park Royal ဟိုတယ်တွင် ကျင်းပသည့် ကုမ္ပဏီမိတ်ဆက်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အခြေစိုက် စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်မှ အထွေထွေ မန်နေဂျာ ဦးရန်အောင်က ''သူတို့ သုံး သပ်တာဖြစ်နိုင်ပါတယ်။ ဒီနှစ်စမှ ငှား ရမ်းတာနည်းခဲ့ပေမယ့် ဆီးဂိမ်းရယ်၊ အာ ဆီယံဥက္ကဋ္ဌနေရာတွေကြောင့် ငှားရမ်း တာများလာပါတယ်'' ဟု ပြောသည်။

ကုမ္ပဏီကြီးများမှ နိုင်ငံခြားသား ပညာရှင်များအတွက် တစ်လလျှင် ဒေါ် လာတစ်သောင်းဝန်းကျင် ကွန်ဒိုများ၊ အ လယ်အလတ်ပိုင်း ပညာရှင်များအတွက် ဒေါ်လာ ၁၅ဝဝ မှ ၃ဝဝဝ ကြားတိုက်ခန်း များနှင့် နိုင်ငံတကာကျောင်းများမှ နိုင်ငံ ခြားသားကျောင်းဆရာ အချို့အတွက် မြန်မာငွေ သုံးသိန်းဝန်းကျင်တိုက်ခန်းများ ငှားလေ့ရှိသည်ဟု ၄င်းက ပြောသည်။

''အချို့ကုမ္ပဏီတွေကရန်ကုန်မှာ ရုံးခန်းခဈေးကြီးလို့ ဘန်ကောက်မှာရုံးထိုင် ပြီး ဒီမှာ ရုံးဝန်ထမ်းထားတာလည်း ရှိပါ တယ်'' ဟု ၄င်းကပြောသည်။

စဝီးလ်စ် ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာဈေးကွက်သုတေသနအရလည်း ရန်ကုန်သည် ဟောင်ကောင်၊ ဂျာကာ တာ၊ ဘန်ကောက်၊ ဟိုချီမင်းစီးတီး၊ ဖနွမ်း ပင်၊ ဟနွိုင်း စသည့် ဒေသတွင်းနိုင်ငံ များရှိ မြို့ကြီးများထက် အိမ်ခြံမြေဈေးနှုန်း မြင့်မားလျက်ရှိသည်ဟု ဆိုသည်။

စဝီးလ်စ်ကုမ္ပဏီ၏ Deputy Managing Director က ''မြန်မာ နိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ တခြား ဒေသတွင်းနိုင်ငံတွေထက် မြင့်တက်နေ တယ်၊ ဒီလိုမျိုး ဈေးမြင့်နေတာဟာ အမြဲ တမ်း ဖြစ်နေမှာတော့မဟုတ်ပါဘူး'' ဟု ကုမ္ပဏီရုံးခွဲဖွင့်ပွဲတွင် ပြောသည်။

ရန်ကုန်မြို့တွင် လက်ရှိတည်ဆောက် နေသော စီးပွားရေးဆိုင်ရာအဆောက် အအုံများသည် ၂ဝ၁၅ ဝန်းကျင်တွင် ပြီးစီးမည်ဖြစ်ရာ လိုအပ်ချက်ကို အတိုင်း အတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်မည် ဟု ဦးရန်အောင်က ပြောသည်။

Troy Griffiths က ''လိုအပ်ချက်တွေ မြင့်မားနေလို့ ဈေးတွေကမြင့်နေတာပါ၊ ဒီလိုအပ်ချက်တွေ ဖြည့်ဆည်းမှုတွေက ဆောင်ရွက်နေတဲ့ ကြားကာလမှာမို့ ဒီလို ဈေးတွေ မြင့်နေတယ်၊ လိုအပ်ချက်ကို ဖြည့်ပြီးတဲ့နောက် သုံး၊ လေးနှစ်ဆိုရင် တော့ ဈေးနှုန်းတွေတည်ငြိမ်လာမှာပါ'' ဟု ပြောသည်။

ရန်ကုန်မြို့ ရှိ နေရာအကွက်အကွင်း ကောင်းမွန်သည့် နိုင်ငံခြားသားများအ များဆုံး ရုံးခန်းဖွင့်လှစ်ရာ ကွန်ဒိုတိုက် ခန်းဈေးနှုန်းများသည် သိန်း ၂ဝ မှ သိန်း ၃ဝ ကြားရှိပြီး ယခင်နှစ်ထက် ဈေးနှုန်း နှစ်ဆနီးပါးခန့် မြင့်တက်ခဲ့ကြောင်း အိမ် ခြံမြေလုပ်ငန်းများက ဆိုသည်။

Mizzima
https://www.facebook.com/phoenixestate

လုပ်ငန်းစတင်သည်နှင့် တစ်ပြိုင်နက် သီလဝါဇုန်မြေဈေးကွက် ပြန်လှုပ်ခတ်

သီလဝါအထူးစီးပွားရေးဇုန် တည် ဆောက်ရေးလုပ်ငန်းများ စတင်အကောင် အထည်ဖော်သည့်နှင့်တစ်ပြိုင်နက် အနီး တစ်ဝိုက်ရှိမြေကွက်များအပေါ် ဝယ်လို အားမြင့်တက်လာကြောင်း ရန်ကုန်အခြေ စိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း များက မဇ္ဈိမသို့ပြောကြားသည်။

တည်ဆောက်ရေးလုပ်ငန်းများကို နိုဝင်ဘာ ၃ဝ ရက်တွင် စတင်အကောင် အထည်ဖော်ပြီဟု တရားဝင်ကြေညာခဲ့ ခြင်းဖြစ်ကာ ငါးလဝန်းကျင်ခန့်ငြိမ်နေ သော သီလဝါအထူးစီးပွားရေးဇုန်တစ် ဝိုက်ရှိ အိမ်ခြံမြေဈေးကွက်သည် ပြန် လည်လှုပ်ခတ်လာခြင်းဖြစ်ကြောင်း ယင်း တို့ကဆိုသည်။

''အရောင်းအဝယ်တွေ Hot ဖြစ်ကြ တာတော့မဟုတ်ဘူး၊ လုပ်ငန်းတွေစလုပ် နေပြီဆိုတော့ တော်တော်များများက ပြန် စိတ်ဝင်စားလာပြီး မေးနေကြတယ်'' ဟု စိုးစံ (လင်း) အိမ်ခြံမြေဝန်ဆောင်မှု လုပ် ငန်းမန်နေဂျင်းဒါရိုက်တာ ဦးအောင်ထွန်း က မဇ္ဈိမသို့ပြောကြားသည်။

သီလဝါ စီးပွားရေးဇုန်အတွင်းသို့ဝင် ရာ လမ်းမတန်းတွင် တစ်ဧကလျှင် ကျပ် သိန်း ၃ဝဝဝ အထိ ပေါက်ဈေးရှိနေပြီး ယင်းနှင့်အနီးတစ်ဝိုက်ရှိမြေများမှာ တစ် ဧကလျှင် ကျပ်သိန်း ၂၇ဝဝ ခန့်ဖြစ် ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းရှင်များက ဆက်လက်ပြောသည်။

စိုင်းခွန်နောင် အိမ်ခြံမြေဝန်ဆောင် မှုလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်က ''အရင်က ဝယ်ထားတဲ့သူတွေ က ဈေးနှုန်းထပ်မြင့်လာမှာကို စောင့်ပြီး ကိုင်ထားကြတုန်းပဲ။ ဈေးထပ်တက်မယ် အထင်နဲ့ ကိုင်ထားကြတာ။ အရင်ဈေး တွေထက် ထပ်တက်လာတာမဟုတ်ပေ မဲ့ ဈေးကတော့မာနေတယ်''ဟု ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန်အား ၂ဝ၁၅အပြီး အကောင်အထည်ဖော်မည် ဟု ၂ဝ၁၂ ခုနှစ် အောက်တိုဘာတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သီလဝါအထူးစီးပွားရေးဇုန် အကောင်အ ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဆက် အောင်က တရားဝင်ထုတ်ဖော်ပြောကြား ပြီးနောက်ပိုင်းမှစတင်ကာ ယင်းဒေသ အနီးတစ်ဝိုက်ရှိ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်သည် ရုတ်ချည်းမြင့် တက်ခဲ့ကာ လက်ရှိအချိန်တွင် အနည်း ဆုံး နှစ်ဆင့်မှ သုံးဆင့်အထိ လက်လွှဲ ရောင်းချပြီးဖြစ်ကြောင်း အကျိုးဆောင် လုပ်ငန်းရှင်တို့ကဆိုသည်။

Mizzima
https://www.facebook.com/phoenixestate

နှစ်လအတွင်း လူတစ်ထောင်ခန့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခွန်ဆောင်

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် အိမ်၊ ခြံ၊ မြေ အခွန်နှုန်းထားများ ထုတ်ပြန်ပြီး နှစ်လအတွင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်မှ အခွန်ဆောင်သူဦးရေမှာ တစ်ထောင် ဝန်းကျင်ခန့် ရှိကြောင်း ကာလတန်ဖိုး စိစစ် သတ်မှတ်ရေးရုံး (ရန်ကုန်) ထံမှ သိရသည်။

နှစ်လအတွင်း အဝယ်ဘက်မှ အခွန်ဆောင်သူ ၆၀၀ ဦးခန့် ရှိပြီး အရောင်းဘက်တွင် ၄၀၀ ဦးခန့် အခွန်ဆောင်ပြီး ဖြစ်ကြောင်း အဆိုပါဌာန၏ စာရင်းဇယားများအရ သိရသည်။ “အခုအခွန်ဆောင်တဲ့ ဦးရေက အတက်အကျ မရှိဘူး။ ပုံမှန်လို့ ပြောလို့ရတယ်။ စံနှုန်း မသတ်မှတ်ခင် တုန်းကထက် များတယ်လို့ ပြောနိုင်ပေမယ့် အဲဒီတုန်းကတော့ ပုံမှန်မဟုတ်ဘူး” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ အဝယ်ဘက်မှ အခွန်ဆောင်သူ အများစုသည် မဖြစ်မနေ အခွန်ဆောင် ရမည့်သူများနှင့် အမှန်တကယ် နေထိုင်ရန် အမည်ပေါက် လုပ်လိုသူများကသာ လာရောက် ဆောင်ကြခြင်း ဖြစ်ပြီး အရောင်းဘက်မှ အခွန်ဆောင်ရာတွင် ကန်ထရိုက် တိုက်များက လာရောက် ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ အခွန်စံနှုန်း သတ်မှတ်ချက် များကို ယခင်က တစ်ပတ်တစ်ကြိမ်ခန့် တန်ဖိုးဖြတ်လေ့ ရှိသော်လည်း ယခုအခါ နှစ်ပတ်တစ်ကြိမ်ခန့်သာ တန်ဖိုးဖြတ်လေ့ ရှိပြီး တန်ဖိုးဖြတ်ရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြေစာရင်း ဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ အရာရှိများက နှစ်ပတ်လျှင် တစ်ကြိမ် အစည်းအဝေးထိုင်၍ သတ်မှတ်ခြင်း ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ် သတ်မှတ်ရေး ရုံးထံမှ သိရသည်။

မှတ်ချက် များကို စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အဆိုပါ နှုန်းထားများအတိုင်း အခွန်ဆောင်ရခြင်း ဖြစ်သည်။

အိမ်၊ ခြံ၊ မြေ အခွန်နှုန်းထား ကောက်ခံရာတွင် ၃၀ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တံဆိပ်ခေါင်းခွန် တန်ဖိုးကို ၇ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကာ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် တံဆိပ်ခေါင်းခွန် ၅ ရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်သည်။

အခွန်ဆောင်သူများသည် သက်ဆိုင်ရာ မြို့နယ်များတွင်သာ အခွန်ပေးဆောင်ရမည် ဖြစ်ပြီး ကာလတန်ဖိုး စိစစ် သတ်မှတ်ရေးရုံးက အခွန်တန်ဖိုး ဖြတ်ပေးခြင်း ဖြစ်သည်။

The Voice Weekly
https://www.facebook.com/phoenixestate

မြို့တွင်းခြောက်မြို့နယ်တွင် မြို့ ပြအမွေအနှစ်ဇုန်ကြောင့် အထပ်မြင့် ဆောက်လုပ်ခွင့်များ ကန့်သတ်မည့်အချက်ကို လုပ်ငန်းရှင်များ မနှစ်မြို့

ရန်ကုန်မြို့တွင်းခြောက်မြို့နယ်ရှိ ရှေးဟောင်း အဆောက်အအုံကြီးများ တစ်ဝိုက်နှင့် မြို့ပြအမွေအနှစ်ဇုန်များ တစ်ဝိုက်တွင် ၁၂ထပ် ထက်မပိုသော အဆောက်အအုံများသာ ဆောက်လုပ်ခွင့် ပြုတော့မည်ဟု မြို့တော်စည်ပင်က ထုတ် ပြန်ကြေညာသွားဖွယ်ရှိနေကြောင်း သိရ ကာယင်းအခြေအနေကြောင့် မြို့တွင်း၌ မြေပိုင်ရှင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များတွင် နစ်နာ မှုများရှိလာနိုင် ကြောင်း ၇-၁၂-၂ဝ၁၃ ရက်က သတင်း ရရှိသည်။

တရားဝင်ထုတ်ပြန်ကြေညာခြင်းမ ရှိသေးသော်လည်း အထပ်မြင့် အဆောက် အအုံဆောက်လုပ်ခွင့် တင်ကြသူများထံမှ သတင်းများ အရယင်းကဲ့သို့ အခြေအနေ မျိုးကို ကြုံတွေ့ရတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လာခြင်းဖြစ်ကာ ဆောက်သင့်သလောက် ဆောက်ခွင့် မရပါက မြေပိုင်ရှင်များ နှင့် လုပ်ငန်းရှင်များ အတွက် အခက်တွေ့စေနိုင်သည် ဟုသိရသည်။

''အရင်ဝန်ကြီးများ ရုံးနဲ့မဝေးလှတဲ့ လမ်းမကြီးတစ်လမ်းပေါ်မှာ အထပ်မြင့် ဆောက်ခွင့်လျှောက်တာ ဝန်ကြီးများရုံးနဲ့ နီးတယ်ဆိုပြီး ရှစ်ထပ်လောက်ပဲ ရနိုင်တယ် လို့ မြို့တော်စည်ပင်က သိရတယ်။ ကျွန် တော်တို့က ၁၈ ထပ်လောက်အထိ နိုင်ငံ တကာအဆင့်မီဆောက်နိုင်လို့ ဆောက်ခွင့် ရချင်တာ ''ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မြို့တွင်းခြောက်မြို့နယ်တွင် ကန့်သက်ချက်များ ပိုမိုများလာနေပြီး ယခင် ဆောက်လုပ်ခွင့် ရထာသူများက အထပ် ၃ဝ ခန့်ဆောက်လုပ်ခွင့် ရနေချိန်တွင် ယခုနောက်ပိုင်း တင်မည့်သူများ က ၁၀ထပ် အထက်ပင်မလွယ်ကူလှတော့သော အခြေအနေများဖြင့် ကြုံတွေ့ နေရသည် ဟု သိရသည်။

''ကျွန်တော်ထင်တယ် နောက်ဆိုရင် မြို့ထဲဧရိယာမှာ ၁၂ ထပ်အထက် အသစ် ဆောက်လုပ်မှာတွေ သိပ်မြင်ရမှာမဟုတ် တော့ဘူး''ဟု ၄င်းက ဆက်လက်ပြော ကြားသည်။ Yangon Heritage Trust မှ ဥက္ကဌ ဒေါက်တာ သန်းမြင့်ဦး၏ ပြည်မြန်မာနေ့စဉ် သတင်းစာနဲ့ တွေ့ဆုံမေးမြန်း တစ်ခုတွင် "အထပ်မြင့် နှင့် ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို စနစ်တကျဖြင့် ယှဉ်တွဲ တည်ဆောက် ၍ ရနိုင်ကြောင်း ရှေးဟောင်းသို့မဟုတ် ယဉ်ကျေးမှုဇှုန် များကြောင့် အထပ်မြင့်ဆောက်လုပ်ခွင့်ကို တစ်စုံတရာ မထိခိုက်နိုင်ကြောင်း " ပြောကြားထားသည် ကို တွေ့ရကာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ နှင့် မြို့တွင်းမြေယာ ပိုင်ဆိုင်ထားသူများအတွက် လိုအပ်သလို ထည့်သွင်းစဉ်းစားပေးရန် လိုအပ်နေသည်ဟု မြို့တွင်းရှိ အထပ်မြင့်ဆောက်ရန်မြေပိုင်ဆိုင်ထားကြသူများက သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့တွင်း ၌ အထပ်မြင့်များကို ဆောက်လုပ်ခွင့်ရနိုင်သမျှ  မြို့ပြအမွေ အနှစ်များကိုလည်း ထိခိုက်မှု မရှိဘဲ စနစ်တကျဖြင့် လွတ်လပ်စွာတည်ဆောက်ခွင့်ပေးပါက ယင်းအဆောက်အအုံသစ်များတွင် နေထိုင်မည့်သူများအနေဖြင့် မြို့ပြင် မှ မြို့တွင်းသို့ ကားဖြင့်လာရောက်မှု များသက်သာစေပြီး ယာဉ်ကြောပိတ် ဆို့မှုကိုလည်း လျှော့ချပေးရာရောက် ကြောင်းလည်း လုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

ပြည်မြန်မာ
https://www.facebook.com/phoenixestate

အိမ်၊ တိုက်ခန်းဝယ်ယူ ငှားရမ်းမယ်ဆို ပိုင်ဆိုင်မှုကို စစ်ဆေးဖို့  အရေးကြီး

လူအများကြိုက်နှစ်သက်မယ့်လှပတဲ့ အိမ်ခန်းတွေ တိုက်ခန်းတွေကလည်း အခုဆို လက်ညှိုးထိုး မလွဲအောင်ပါပဲ။ ဒါပေမဲ့ အိမ်တစ်လုံး တိုက်ခန်းတစ်ခန်းကို ကြိုက်ပြီဆိုရင် ပထမဦးဆုံး ပိုင်ဆိုင်မှုကို တတ်ကျွမ်းနားလည်တဲ့ ဥပဒေ အကြံပေးရှေ့နေတွေနဲ့  ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

“အိမ်ခန်း၊ တိုက်ခန်းကိစ္စနဲ့ တစ်ယောက်နဲ့  တစ်ယောက် စကားများပြီး ခြေလွန်လက်လွန် အထိဖြစ်ကြတဲ့သူတွေ တွေ့ ဖူးတယ်။ ဒါကြောင့် ကျွန်တော်အကြံပေးချင်တာက အိမ်၊ ခြံမြေ မဝယ်ခင်မှာဦးစွာ ပထမဆုံး ပိုင်ဆိုင်မှု အနေအထားကို မေးမြန်းစစ်ဆေးသင့်ပါတယ် ” လို့ Estate Myanmar အိမ်ခြံမြေ အကျိုးဆောင် ကုမ္ဗဏီမှ ဈေးကွက်မန်နေဂျာ ဦးအောင်ကျော်မိုးက မြန်မာတိုင်း(မ်) ကိုပြောပါတယ်။

ဈေးနှုန်းကို စုံစမ်းရမယ့်နေရာတွေ အများကြီးရှိတယ် ဆိုပေမယ့် ခိုင်မာပြီး နာမည်ရနေတဲ့ အကျိုးဆောင်တွေနဲ့  အိမ်ပိုင်ရှင်တွေ တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းတာက ပိုသေချာပါတယ်။ တစ်ဆင့်ခံ စုံစမ်းမိရင်တော့ မလိုလားအပ်တဲ့ ကြားပွဲခတွေ ထပ်တက်လာနိုင်သေးတယ်။ “ ဝယ်သူတွေက အိမ်ခန်းတွေရဲ့  ဈေးနှုန်းတွေ တိုက်ခန်းဈေးနှုန်းတွေကို လက်ရှိ လုပ်ကိုင်နေတဲ့ အိမ်ခြံမြေအကျိုးဆောင် ကုမ္ဗဏီတွေဆီမှာအရင်ဆုံး စုံစမ်းသင့်ပါတယ်။ အဲ့လို စုံစမ်းပြီးတဲ့ အချိန်မှာ ကိုယ်ယုံကြည်စိတ်ချရမယ့် အကျိုးဆောင်ကို ရွေးချယ်ပေါ့။ ကိုယ်လိုချင်တဲ့ နေရာနဲ့  အိမ်၊ ခြံမြေ၊ တိုက်ခန်းအနေအထားတွေကို ယုံကြည်ရတဲ့ ပြီးတော့ အမှန်တကယ် တတ်ကျွမ်းနားလည်တဲ့ အကျိုးဆောင်တွေနဲ့  ဆွေးနွေးစုံစမ်းပြီးမှ ဥပဒေအကြံပေးရှေ့နေတွေနဲ့  တိုင်ပင်ပြီး ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို စစ်ဆေးသင့်တယ် ” လို့  ဦးအောင်ကျော်မိုးက ဆိုပါတယ်။

“ အိမ်၊ ခြံမြေ ဈေးနှုန်းတွေကို အကျိုးဆောင်ကုမ္ဗဏီတွေဆီ တိုက်ရိုက်မေးမြန်းစုံစမ်းလို့ ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကုမ္ဗဏီကို အလုပ်လာအပ်တဲ့ သူတွေရှိတယ်။ အဲ့ဒီတော့ အိမ်၊ ခြံမြေ နဲ့ ပတ်သတ်တဲ့ အချက်အလက် အပြည့်အစုံရှိတယ်။ အိမ်၊ ခြံမြေ ဈေးနှုန်းတွေနဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ သိနိုင်တာပေါ့ ” လို့ ဦးစိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ဗဏီမှ အထွေထွေမန်နေဂျာ ဦးရန်နောင်က ပြောပါတယ်။

အခုနောက်ပိုင်းမှာ အိမ်၊ ခြံမြေ ဈေးနှုန်းတွေကို အကျိုးဆောင်ကုမ္ဗဏီတွေမှာ သာမက အကျိုးဆောင်နဲ့  ရွှေတြိဂံလိုမျိုး ဂျာနယ်တွေမှာလည်း ကျယ်ကျယ်ပြန့် ပြန့် လေ့လာနိုင်ပါသေးတယ်။ တကယ်တော့ အိမ်၊ ခြံမြေ အကျိုးဆောင် ကဏ္ဍဟာ ရောင်းသူနဲ့ ဝယ်သူအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ် လည်းဖြစ်ပါတယ်။

“ အိမ်၊ ခြံမြေ၊ တိုက်ခန်း ရောင်းဝယ်တဲ့ နေရာမှာ အကျိုးဆောင်ကဏ္ဍကသာ အကောင်းဆုံး ပံ့ပိုးမပေးနိုင်ဘူး ဆိုရင်တော့ အကျိုးဆောင်လုပ်ငန်းတွေနဲ့  ပွဲစားတွေ ပျောက်သွားမှာပေါ့။ ဝယ်သူတွေအနေနဲ့ လိုအပ်တဲ့ အိမ်၊ ခြံမြေ၊ တိုက်ခန်း အချက်အလက်ဆိုတာ ကိုယ်တိုင်လိုက်လံ ရှာဖွေဖို့ ခက်ခဲတယ်လေ။ အရောင်းအဝယ် လုပ်တဲ့အခါ တွေ့ ကြုံရမယ့် အခက်အခဲနဲ့  ပြသာနာတွေကို အတွေ့ အကြုံ ရှိတဲ့ အကျိုးဆောင်တွေနဲ့  တိုင်ပင်ဆွေးနွေးဖို့ လိုတာပေါ့ ” လို့  ဦးအောင်ကျေုာ်မိုးကပြောတယ်။

“ တရားဝင် လိုင်စင်ယူထားပြီး နိုင်ငံတော်ကို အခွန်ပေးဆောင်ပြီး ရပ်တည်တဲ့ ကုမ္ဗဏီတွေက အကျိုးဆောင်ပေးတဲ့ နေရာမှာလည်း အမှားအယွင်းမရှိအောင် အကျိုးဆောင်ပေးမယ် ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ အိမ်၊ ခြံမြေနဲ့  ပတ်သတ်တဲ့ အချက်အလက်တွေကလည်း ပြည့်ပြည့်စုံစုံ ရှိတယ်။ နောက်ပြီး အကျိုးဆောင်ခကိုလည်း ပွဲညွှန့် စားတာမျိုးမဟုတ်ဘဲ ကိုယ်ကျသင့်သလောက်ပဲ ယူကြတာဆိုတော့ ဝယ်သူတွေအတွက်တန်ပါတယ် ” လို့ ဦးရန်အောင်ကပြောတယ်။

လက်ရှိမြန်မာနိုင်ငံ အိမ်၊ ခြံမြေ ဝန်ဆောင်မှုအသင်းက သတ်မှတ်ထားတဲ့ အကျိုးဆောင်ခ နှုန်းထားများတွေကတော့ အိမ်၊ ခြံမြေ အရောင်းအဝယ် အတွက် တန်ဖိုးကျပ်သိန်း ၁၀၀ အထိကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်း၁၀၀ အထက်ဆို နှစ်ရာခိုင်နှုန်းဖြစ်ပြီး ရောင်းသူဘက်ကနေ အကျိုးဆောင်ခကို ကျခံပေးရမှာ ဖြစ်ပါတယ်။ ငှားရမ်းတဲ့ နေရာမှာတော့ နှစ်ချုပ်ဆိုရင် အိမ်လစာရဲ့ တစ်လစာနဲ့  စပေါ်နဲ့ ဆို စပေါ်တန်ဖိုးရဲ့ သုံးရာခိုင်နှုန်းနဲ့  အိမ်လစာ တစ်လစာကို အိမ်ရှင်နဲ့ အိမ်ငှားတို့ က ကျခံပေးရမှာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ အရောင်းအဝယ်ပွဲတွေမှာ ဆိုရင် ရောင်းသူဘက်က ရောင်းတဲ့တန်ဖိုးရဲ့ နှစ်ရာခိုင်နှုန်းကိုယူတယ်။ အငှားပွဲတွေမှာတော့ နှစ်ဘက်စလုံးကပေးရတယ်။ တစ်နှစ်ချုပ်ဆိုရင် အိမ်ရှင်ဘက်ကရော အိမ်ငှားဘက်ကပါ တစ်လစာစီပေးရတယ်။ ခြောက်လဆိုရင် နှစ်ဘက်စလုံး စီက လဝက်စာပေးရတယ် ” လို့ ဦးရန်အောင်က ဆိုပါတယ်။ ဒီနှစ်ထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာတာမို့  နိုင်ငံခြား ကုမ္ဗဏီတွေ၊ နိုင်ငံခြားသားတွေအတွက် အိမ်၊ ခြံမြေ အကျိုးဆောင်ပေးရတာလဲ များလာတယ် လို့ ဦးအောင်ကျော်မိုးက ပြောတယ်။

“၂၀၁၂ နှစ်နောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ နိုင်ငံခြားသားတွေ ဝင်လာတာရယ်၊ အခုကားပြခန်းတွေလည်း ဖွင့်လာတဲ့ အတွက်ကြောင့် အရင်နှစ်က ၁၀လုံးငှားရတယ်ဆိုရင် အခုဆိုရင် အလုံး၃၀လောက် ငှားရတယ်။ ၂၀၁၂ နောက်ပိုင်းမှာတော့ ၅၀ ရာခိုင်နှုန်းလောက် အငှားတက်လာတယ်။ အရောင်းအဝယ် ဘက်မှာတော့ ၂၀၁၃ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ အရောင်းအဝယ်များတယ်။ ဒုတိယနှစ်ဝက်မှာတော့ အရောင်းအဝယ်ကျသွားတယ်” လို့ ဦးရန်အောင်က ပြောတယ်။

MMT
https://www.facebook.com/phoenixestate

ရန်ကုန်မြို့တော် တိုးချဲ့မှုမှာ စီးပွားရေးဇုန်နဲ့ လူနေအိမ်ရာတွေ ပါဝင်မည်

ရန်ကုန်မြို့တော် ဧရိယာတိုးချဲ့မှုမှာ စီးပွားရေးဇုန်နဲ့ လူနေအိမ်ရာတွေ အဓိကတိုးချဲ့ ပါဝင်မယ်လို့ ဂျိုက်ကာ လေ့လာမှုစစ်တမ်းအရ သိရပါတယ်။ သည်လိုနေရာသစ်တွေ တိုးချဲ့ရတာဟာ လူဦးရေကျပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့နဲ့ မြို့သစ်တွေမှာ အိမ်ရာ၊ စီးပွားရေး အဆောက်အအုံနေရာ သီးသန့်ထားရှိပြီး မြို့နေလူတွေ သွားလာမှု အချိုးအစား မျှတအောင် အဓိက လုပ်ဆောင်တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ ဧရိယာတိုးချဲ့မှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြို့ပြစီမံကိန်း ရေးဆွဲရေး ပညာရှင် ဒေါ်လှိုင်မော်ဦးက “အဖွဲ့အစည်းကတော့ ဂျိုက်ကာ team နဲ့ တွဲလုပ်ထားတယ်၊ ဂျိုက်ကာ စစ်တမ်းစာအုပ်ထဲမှာတော့ ဘယ်လိုချဲ့သွားမယ်ဆိုတာ ပါတယ်။ ဥပမာ-ဒလဘက်ဆို အထပ်မြင့်တွေ အများကြီး ဆောက်နိုင်အောင် ရေးဆွဲပေးထားတယ်၊ အခုလုပ်တာ အားလုံးက Long term plan တွေတွက်တာ လူတွေထင်သလို တံတားဆောက်တယ်ဆိုရင် ချက်ချင်းအကောင်အထည် ဖော်လို့ရတာ မဟုတ်ဘူး၊ လေ့လာမှု အပိုင်းတွေမှာတင် အချိန်က နှစ်နှစ်လောက်ကြာတယ်၊ အခုက တခုခုလုပ်မယ်ဆိုရင် ဈေးတွေက ခုန်တက်လာတော့ အလုပ်လုပ်လို့ မရတော့ဘူး။ ဒါတွေတော့ ရှိတယ်” လို့ ပြောပါတယ်။ CBD (ဒေါင်းတောင်း) ဧရိယာနောက်ထပ် တိုးချဲ့သွားမယ့် မြို့နယ်တွေအဖြစ် သီလဝါစက်မှုစီမံကိန်း၊ သန်လျင်၊ လှိုင်သာယာ၊ မင်းဓမ္မ၊ ဒဂုံမြို့သစ်၊ ဒလနဲ့ တွံတေး အစရှိတဲ့ မြို့နယ်တွေကို ဂျိုက်ကာလေ့လာမှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။ မြို့ဧရိယာ ထပ်မံတိုးချဲ့သွားမယ့် မြို့နယ်တွေမှာ လက်ရှိလုပ်ဆောင်နေတာ တွေကတော့ လှိုင်သာယာမြို့နယ်မှာ ကျန်စစ်မင်းအိမ်ရာနဲ့ ရွှေလင်ပန်းအိမ်ရာ စီမံကိန်း၊ သီလဝါဆိပ်ကမ်း စီမံကိန်း၊ သန်လျင်မြို့မှာ ကြယ်စင်အိမ်ရာ စီမံကိန်း၊ မင်းဓမ္မမှာ မင်းဓမ္မစီမံကိန်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ရတနာနဲ့ ဧရာဝဏ် အိမ်ရာစီမံကိန်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းမှာ ဗိုလ်မင်းရောင်၊ ဗိုလ်ဗထူးနဲ့ မင်းရဲကျော်စွာ စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

အိမ်ရာတိုက်ခန်း အငှားဈေးနှုန်းများ တက်နေသော်လည်း နိုင်ငံခြားသားအငှား ထက်ဝက်ကျော်မြင့်တက်လာ

မြန်မာနိုင်ငံရှိ အိမ်ခြံမြေအငှားဈေးနှုန်းများ မြင့်တက်နေသော်လည်း နိုင်ငံခြားသားများ၏ အိမ်ခြံမြေ ငှားရမ်းမှုမှာ မြင့်တက်နေသည်ဟု ဟောင်ကောင်အခြေစိုက် နိုင်ငံတကာအိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီစ၀ီးလ်စ် (Svils) မှ တာဝန်ရှိသူများက ပြောသည်။ ပြီးခဲ့သည့် ၁၂ လအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ၏ ရုံးခန်းငှားရမ်းမှုမှာ ၈၀ ရာခိုင်နှုန်း၊ (facilitated) အသင့်နေတိုက်ခန်းငှားရမ်းမှုမှာ ၅၀ ရာခိုင်နှုန်း၊ အဆင့်မီတိုက်ခန်းနေရာငှားရမ်းမှုမှာ ၁၀ ရာခိုင်နှုန်း၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်အခန်းခနှုန်းထားများ ၇၀ ရာခိုင်နှုန်းထိမြင့်တက်နေသည်ဟု ဒီဇင်ဘာလ ၁၆ ရက်က Park Royal ဟိုတယ်တွင် ကျင်းပသည့် ကုမ္ပဏီမိတ်ဆက်ပွဲတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။ ရန်ကုန်အခြေစိုက် စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်မှ အထွေထွေမန်နေဂျာ ဦးရန်အောင်က “သူတို့ သုံးသပ်တာဖြစ်နိုင်ပါတယ်။ ဒီနှစ်စမှ ငှားရမ်းတာနည်းခဲ့ပေမယ့် ဆီးဂိမ်းရယ်၊ အာဆီယံဥက္ကဋ္ဌ နေရာတွေကြောင့် ငှားရမ်းတာများလာပါတယ်” ဟု ပြောသည်။ ကုမ္ပဏီကြီးများမှ နိုင်ငံခြားသားပညာရှင်များအတွက် တစ်လလျှင် ဒေါ်လာတစ်သောင်းဝန်းကျင် ကွန်ဒို များ၊ အလယ်အလတ်ပိုင်းပညာရှင်များအတွက် ဒေါ်လာ ၁၅၀၀ မှ ၃၀၀၀ ကြားတိုက်ခန်းများနှင့် နိုင်ငံ တကာကျောင်းများမှ နိုင်ငံခြားသားကျောင်းဆရာအချို့အတွက် မြန်မာငွေသုံးသိန်းဝန်းကျင်တိုက်ခန်း များ ငှားလေ့ရှိသည်ဟု ၎င်းက ပြောသည်။ “အချို့ကုမ္ပဏီတွေကရန်ကုန်မှာ ရုံးခန်းခဈေးကြီးလို့ ဘန်ကောက်မှာရုံးထိုင်ပြီး ဒီမှာရုံးဝန်ထမ်းထားတာ လည်း ရှိပါတယ်” ဟု ၎င်းကပြောသည်။ စ၀ီးလ်စ် ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာဈေးကွက်သုတေသနအရလည်း ရန်ကုန်သည် ဟောင်ကောင်၊ ဂျာကာတာ၊ ဘန်ကောက်၊ ဟိုချီမင်းစီးတီး၊ ဖနွမ်းပင်၊ ဟနွိုင်း စသည့် ဒေသတွင်းနိုင်ငံများရှိ မြို့ကြီးများ ထက် အိမ်ခြံမြေဈေးနှုန်း မြင့်မားလျက်ရှိသည်ဟု ဆိုသည်။ စ၀ီးလ်စ်ကုမ္ပဏီ၏ Deputy Managing Director Troy Griffiths က “မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေး ကွက်ဟာ တခြားဒေသတွင်းနိုင်ငံတွေထက် မြင့်တက်နေတယ်၊ ဒီလိုမျိုး ဈေးမြင့်နေတာဟာ အမြဲတမ်း ဖြစ်နေမှာတော့မဟုတ်ပါဘူး” ဟု ကုမ္ပဏီရုံးခွဲဖွင့်ပွဲတွင် ပြောသည်။ ရန်ကုန်မြို့တွင် လက်ရှိတည်ဆောက်နေသော စီးပွားရေးဆိုင်ရာအဆောက်အအုံများသည် ၂၀၁၅ ၀န်းကျင်တွင် ပြီးစီးမည်ဖြစ်ရာ လိုအပ်ချက်ကို အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်မည်ဟု ဦးရန်အောင်က ပြောသည်။ Troy Griffiths က “လိုအပ်ချက်တွေ မြင့်မားနေလို့ ဈေးတွေကမြင့်နေတာပါ၊ ဒီလိုအပ်ချက်တွေ ဖြည့် ဆည်းမှုတွေက ဆောင်ရွက်နေတဲ့ကြားကာလမှာမို့ ဒီလိုဈေးတွေ မြင့်နေတယ်၊ လိုအပ်ချက်ကိုဖြည့်ပြီး တဲ့နောက်သုံး၊ လေးနှစ်ဆိုရင်တော့ ဈေးနှုန်းတွေတည်ငြိမ်လာမှာပါ” ဟု ပြောသည်။ ရန်ကုန်မြို့ရှိ နေရာအကွက်အကွင်း ကောင်းမွန်သည့် နိုင်ငံခြားသားများအများဆုံး ရုံးခန်းဖွင့်လှစ်ရာ ကွန်ဒိုတိုက်ခန်းဈေးနှုန်းများသည် သိန်း ၂၀ မှ သိန်း ၃၀ ကြားရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းနှစ်ဆနီးပါး ခန့်မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေလုပ်ငန်းများက ဆိုသည်။ Mizzima