လုပ်ငန်းစတင်သည်နှင့် တစ်ပြိုင်နက် သီလဝါဇုန်မြေဈေးကွက် ပြန်လှုပ်ခတ်

သီလဝါအထူးစီးပွားရေးဇုန် တည် ဆောက်ရေးလုပ်ငန်းများ စတင်အကောင် အထည်ဖော်သည့်နှင့်တစ်ပြိုင်နက် အနီး တစ်ဝိုက်ရှိမြေကွက်များအပေါ် ဝယ်လို အားမြင့်တက်လာကြောင်း ရန်ကုန်အခြေ စိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း များက မဇ္ဈိမသို့ပြောကြားသည်။

တည်ဆောက်ရေးလုပ်ငန်းများကို နိုဝင်ဘာ ၃ဝ ရက်တွင် စတင်အကောင် အထည်ဖော်ပြီဟု တရားဝင်ကြေညာခဲ့ ခြင်းဖြစ်ကာ ငါးလဝန်းကျင်ခန့်ငြိမ်နေ သော သီလဝါအထူးစီးပွားရေးဇုန်တစ် ဝိုက်ရှိ အိမ်ခြံမြေဈေးကွက်သည် ပြန် လည်လှုပ်ခတ်လာခြင်းဖြစ်ကြောင်း ယင်း တို့ကဆိုသည်။

''အရောင်းအဝယ်တွေ Hot ဖြစ်ကြ တာတော့မဟုတ်ဘူး၊ လုပ်ငန်းတွေစလုပ် နေပြီဆိုတော့ တော်တော်များများက ပြန် စိတ်ဝင်စားလာပြီး မေးနေကြတယ်'' ဟု စိုးစံ (လင်း) အိမ်ခြံမြေဝန်ဆောင်မှု လုပ် ငန်းမန်နေဂျင်းဒါရိုက်တာ ဦးအောင်ထွန်း က မဇ္ဈိမသို့ပြောကြားသည်။

သီလဝါ စီးပွားရေးဇုန်အတွင်းသို့ဝင် ရာ လမ်းမတန်းတွင် တစ်ဧကလျှင် ကျပ် သိန်း ၃ဝဝဝ အထိ ပေါက်ဈေးရှိနေပြီး ယင်းနှင့်အနီးတစ်ဝိုက်ရှိမြေများမှာ တစ် ဧကလျှင် ကျပ်သိန်း ၂၇ဝဝ ခန့်ဖြစ် ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းရှင်များက ဆက်လက်ပြောသည်။

စိုင်းခွန်နောင် အိမ်ခြံမြေဝန်ဆောင် မှုလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်က ''အရင်က ဝယ်ထားတဲ့သူတွေ က ဈေးနှုန်းထပ်မြင့်လာမှာကို စောင့်ပြီး ကိုင်ထားကြတုန်းပဲ။ ဈေးထပ်တက်မယ် အထင်နဲ့ ကိုင်ထားကြတာ။ အရင်ဈေး တွေထက် ထပ်တက်လာတာမဟုတ်ပေ မဲ့ ဈေးကတော့မာနေတယ်''ဟု ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန်အား ၂ဝ၁၅အပြီး အကောင်အထည်ဖော်မည် ဟု ၂ဝ၁၂ ခုနှစ် အောက်တိုဘာတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သီလဝါအထူးစီးပွားရေးဇုန် အကောင်အ ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဆက် အောင်က တရားဝင်ထုတ်ဖော်ပြောကြား ပြီးနောက်ပိုင်းမှစတင်ကာ ယင်းဒေသ အနီးတစ်ဝိုက်ရှိ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်သည် ရုတ်ချည်းမြင့် တက်ခဲ့ကာ လက်ရှိအချိန်တွင် အနည်း ဆုံး နှစ်ဆင့်မှ သုံးဆင့်အထိ လက်လွှဲ ရောင်းချပြီးဖြစ်ကြောင်း အကျိုးဆောင် လုပ်ငန်းရှင်တို့ကဆိုသည်။

Mizzima
https://www.facebook.com/phoenixestate