မျှော်မှန်းဈေး ပြောမှုကြောင့် မြေဈေးမြင့်တက်ဟုဆို



မြန်မာနိုင်ငံမှာ မြေယာ ဈေးကြီးမြင့်မှုဟာ မျှော်မှန်းတဲ့ ဈေးတွေ ကို   ပြောနေ ကြတာကြောင့် မြေဈေးတွေ အလွန်မြင့်တက်နေတာလို့ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဒေါက်တာ ကံဇော်က ပြောပါတယ်။

ဇန်န၀ါရီ ၂၈ ရက်နေ့ နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီးက ပြောဆိုသွားတာပါ။

မြေဈေးတွေ မြင့်တက်နေလို့ အမြတ်နည်းပါးသွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စဉ်းစားချိန်ဆမှုတွေ ပိုမို လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စိုက်ပျိုး လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်တဲ့ သူတွေကို အတင်းအဓမ္မ ချပေးတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်ကို ၀င်ရောက်လာပါက လယ်ယာမြေသိမ်းမှု ပြသနာကို ဘယ်လို စီမံဆောင်ရွက်သွားမလဲဆိုတဲ့ ဒီဗွီဘီသတင်းဌာနရဲ့ အမေးကို ရင်းနှီးမြှုပ်နှံမှု တခုလာပါက မြေကို အသုံးပြုခြင်းရှိမရှိ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရကို ရင်းနှီးမြှုပ်နှံ မှု ကော်မရှင် က တောင်းကြည့်လေ့ ရှိတယ်လို့ ဒေါက်တာကံဇော်က ပြောပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ဆက်စပ်ပေမယ့် ရင်းနှီးမြှုပ်နှံမှု ဖြစ်စဉ်ကို အလွန်အကျွံ လွှမ်းမိုးမှု မရှိဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်ရာမှာလည်း ဘယ်ဒေသမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မလဲဆိုတဲ့ အပေါ်ကို ရင်းနှီးမြှုပ်နှံသူတွေက ရွေးချယ်တာ ဖြစ်ပြီး အစိုးရပိုင်းဆိုင်ရာက ရွေးချယ်တာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးက တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး ဒုတိယက ထိုင်းနိုင်ငံဖြစ်ပါတယ်။

ရန်ကင်းလမ်းမကြီးပေါ်တွင် ၃၃ထပ်အမြင့်ရှိ တိုက်ကိုးလုံးပါ ဟိုတယ်ဆောက်မည်

ရန်ကင်းမြို့နယ်၊ ရန်ကင်းလမ်းမကြီးပေါ်တွင် Golden City အမည်ရှိ နိုင်ငံတကာအဆင့်မီ စီမံကိန်း တစ်ခုအား စတင်တည်ဆောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက မဇ္ဈိမသို့ပြောသည်။

စင်ကာပူနိုင်ငံအခြေစိုက် Golden Land Real Estate Development ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ လုပ်ငန်း ရှင်အချို့ဖြင့် တည်ဆောက်သွားမည်ဖြစ်သည့် အဆိုပါစီမံကိန်း၏ ကြမ်းခင်းဧရိယာသည် စတုရန်းပေ ၃ ဒသမ ၆ သန်းရှိမည်ဟု ဆိုသည်။

အဆိုပါ စီမံကိန်းတွင် ၃၃ ထပ်ရှိ အထပ်မြင့်ဆောက်အအုံ ကိုးလုံးဖြင့် တည်ဆောက်မည်ဖြစ်ပြီး ကြယ် ငါးပွင့်အဆင့်ရှိ ဟိုတယ်၊ Elite Private Club အမည်ရှိ နိုင်ငံတကာ အဆင့်မီ ဈေးဝယ်စင်တာ၊ ရုံးခန်း များနှင့် လူနေအိမ်ခန်းများ ပါဝင်မည်ဟုဆိုသည်။

ပြည်ငြိမ်းသူဆောက်လုပ်ရေးမှ ဒါရိုက်တာ ဦးဇာနည်ရဲအောင်က “ဒီလို စီမံကိန်းမျိုးတွေပေါ်ထွက်လာ တာ ကောင်းပါတယ်။ မြို့ထဲမှာထက်စာရင် ရန်ကင်းလိုနေရာမျိုးမှာ ဟိုတယ်ကြီးတွေ ပေါ်ထွက်လာတာ ပိုကြိုက်တယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုလည်း ပိုညီသွားတာပေါ့။ မြို့ထဲမှာက အထပ်မြင့်တိုက်တွေ ကျပ် ညပ်နေပြီ။ နောက်ပြီး ဒီလိုစီမံကိန်းမျိုးတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာပြီဆိုတဲ့ပြယုဂ်တစ်ခုပါပဲ” ဟုပြောသည်။

ယင်းစီမံကိန်းသည် ရန်ကင်းမြို့နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် တတိယ မြောက်စီမံကိန်းဖြစ်ပြီး ပထမဆုံးမှာ ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်ဘေး တွင် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သည့် ဟိုတယ်ဖြစ်သည်။

Mizzima

အိမ်ခြံမြေ ရောင်းဝယ်ခွန် ၂၂ ရာခိုင်နှုန်းဖြစ်ရန် ဥပဒေကြမ်းတစ်ခုတွင် ထည့်သွင်းရေးဆွဲထားဟုဆို

ဝေဖန်မှုအများဆုံးထွက်ပေါ်နေလျက်ရှိသည့် အိမ်ခြံမြေရောင်းဝယ်မှု အခွန်နှုန်းထားအား လက်ရှိ ၃၇ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းသို့လျှော့ချရန် ပြည်သူ့လွှတ်တော်သို့တင်သွင်းထားသည့် အိမ်ခြံမြေရောင်း ၀ယ်မှုဆိုင်ရာနှင့် ပတ်သက်သည့် ဥပဒေကြမ်းတစ်ခုတွင် ထည့်သွင်းရေးဆွဲထားကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းအနေဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဒုတိယသက်တမ်း အား တာဝန်ယူဆောင်ရွက်မည့် အလုပ်အမှုဆောင်ကိုယ်စားလှယ်အဖွဲ့များအား ဇန်န၀ါရီ ၂၇ ရက်တွင် မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ် UMFCCI တွင် ပြန်လည်ရွေးချယ်မှု ကျင်းပရာတွင် အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးခင်မောင်သန်းက “အိမ်ခြံမြေရောင်းဝယ်မှုဆိုင်ရာ အခွန် ၃၇ ရာခိုင်နှုန်းကို တိုးလိုက်တာနဲ့ပတ်သက်လို့ အသင်းရဲ့ တင်ပြမှုအရ အမျိုးသားလွှတ်တော်မှာ တစ်ကြိမ်ဆွေးနွေးခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒါနဲ့ပတ်သက်လို့ အခုနောက်ဆုံး ကျွန်တော်သိရတာကတော့ ၂၂ ရာခိုင်နှုန်းဖြစ်စေဖို့ ပြည်သူ့လွှတ် တော်မှာရှိတဲ့ ဥပဒေကြမ်းမှာ ရေးဆွဲထားတယ်ဆိုတာ သိရပါတယ်” ဟု ပြောသည်။

အဆိုပါ ဥပဒေကြမ်းတွင် ထည့်သွင်းထားရာတွင် ရောင်းဝယ်ခွန် ၁၅ ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်းဖြင့် အိမ်ခြံမြေရောင်းဝယ်မှုပြုလုပ်ရာတွင် စုစုပေါင်းပေးဆောင်ရမည့် အခွန်နှုန်းထား ၂၂ ရာခိုင်နှုန်း ဖြစ်လာစေရန် ထည့်သွင်းရေးဆွဲထားခြင်းဖြစ်သည်ဟုပြောသည်။

ယင်းသို့ အခွန်နှုန်းထားလျှော့ချမှုမှာ အမှန်တကယ်ဖြစ်ပေါ်လာပါက လက်ရှိဖြစ်ပေါ်နေသည့် ရောင်းသူ ၀ယ်သူ နှစ်ဦးသဘောတူစနစ်ဖြင့် တရားမ၀င်ရောင်းဝယ်မှုများလျော့နည်းသွားနိုင်ကြောင်း မဇ္ဈိမ၏ မေးမြန်းမှုအပေါ် စိုင်းခွန်နောင် ကုမ္ပဏီ (အိမ်၊ခြံ၊မြေ)နှင့် ဥပဒေအကြံပေးလုပ်ငန်း မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းခွန်နောင် ကပြောသည်။

ယင်းက “ဒီကိစ္စက (အခွန်နှုန်းထား လျှော့ချပြောင်းလဲရန်) သေသေချာချာရယ်လို့တော့ မဟုတ်သေးဘူး ထင်တယ်။ ဘာဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်။ တကယ်ဖြစ်လာရင်တော့ လက်ရှိအနေ အထား(ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် တရားမ၀င်ရောင်းဝယ်မှုများနှင့် ဈေးကွက်အေးနေမှုများ) ထက်အများကြီး ကောင်းသွားမှာပါ” ဟု ပြောသည်။

ယင်းသို့အခွန်နှုန်းထားတိုးမြှင့်ခဲ့ခြင်းကြောင့် အိမ်ခြံမြေရောင်းဝယ်ရာတွင် တရားဝင်ဆောင်ရွက်မှုများ လျော့နည်းသွားပြီး ရောင်းသူဝယ်သူ နှစ်ဦးသဘောတူ နည်းလမ်းများဖြင့် ဆောင်ရွက်မှုရှိခဲ့သဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာအတွင်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေကွက်တစ်ပေပတ်လည်ဈေးနှုန်း များအား မြို့နယ်အလိုက် သတ်မှတ်ချက်အား အစိုးရမှထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ် မတိုင်မီက အိမ်ခြံမြေရောင်းဝယ်ရာတွင် အမြတ်ခွန်အဖြစ် အိမ်ခြံမြေ တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ပေးဆောင်သည့်စနစ်ဖြင့်ကျင့်သုံးခဲ့သော်လည်း ၂၀၀၇ သြဂုတ်မှစ၍ ကျပ် သန်း ၅,၀၀၀ အထက်ဆိုပါက ၁၂ ရာခိုင်နှုန်းနှင့် သန်း ၅၀၀၀ အောက်ဆိုပါက ၁၅ ရာခိုင်နှုန်း ပေး ဆောင်ရမည့် စနစ်ဖြင့် ပြောင်းလဲခဲ့သည်။

Mizzima

ရန်ကုန်မြို့ရှိ မြို့နယ်အများစု၌ တိုက်ခန်းအငှားသွက်လျက်ရှိပြီး မြို့နယ်အချို့တွင် ယခင်နှစ်ထက် အိမ်ငှားခနှစ်ဆမြင့်တက်



ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်အတွင်း ကွန်ဒိုနှင့် တိုက်ခန်းများ အရောင်းအ၀ယ် ရှိသော်လည်း အရောင်းအ၀ယ်ထက် တိုက်ခန်းငှားရမ်းမှုများက အငှားသွက်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

ထို့ပြင် မြို့နယ်စုံ၌ တိုက်ခန်းငှားရမ်းမှု သွက်လျက်ရှိသော်လည်း အချို့မြို့နယ်များတွင်မူ တိုက်ခန်းငှားရမ်းခ နှုန်းထားများမှာ ယခင်နှစ်များထက် နှစ်ဆကျော် မြင့်တက်လာကြောင်း သိရသည်။

“ကွန်ဒို၊ တိုက်ခန်းတွေက အရောင်းအ၀ယ်တော့ရှိတယ်။ တိုက်ခန်းအငှားနဲ့စာရင် အေးတယ်ပြောရမယ်။ တိုက်ခန်းအငှားက ပိုသွက်တယ်။ တိုက်ခန်းတွေမှာ မနှစ်က သုံးသိန်း၊ သုံးသိန်းခွဲဆိုရင် ဒီနှစ်မှာ ခုနစ်သိန်း၊ ခုနစ်သိန်းခွဲလောက် ဖြစ်လာတယ်။ အငှားဈေးတွေ အဲ့လောက်ဖြစ်နေလည်း ငှားမယ့်သူပဲရှိပြီး အခန်းလွတ်မရှိကြဘူး။ လွတ်မယ့်အခန်းကို လွယ်လင့်တကူ ရှာမရတာရယ်၊ ဈေးကလည်း ဒီမှာလည်းတက် ဟိုမှာလည်းတက်ဆိုတော့ ကိုယ့်အခန်းက ဈေးတက်လည်း ကိုယ့်အခန်းကိုယ်ပြန်ငှားရတာတွေလည်းရှိတယ်။ မရမ်းကုန်းနဲ့လှိုင်မှာဆို မရမ်းကုန်းက လှိုင်ထက်သက်သာတယ်။ လှိုင်မှာ အပေါ်ဆုံးထပ်တွေ တစ်သိန်း၊ တစ်သိန်းခွဲရှိတယ်။ မရမ်းကုန်းမှာ တစ်သိန်းလောက် ရှိနေတယ်ဆိုရင် လှိုင်ကလူက မရမ်းကုန်းကို မပြောင်းတော့ဘဲ လှိုင်မှာဈေးတက်လာတဲ့အတိုင်းပဲ ဆက်ငှားနေရတာတွေလည်းရှိတယ်” ဟု မြဧကရီ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုအောင်ဇော်ထိုက်က ပြောကြားသည်။

“တိုက်ခန်းအငှားဈေးကွက်က နှစ်သိန်းလောက် အခန်းတွေဆိုရင် မရှိသလောက် နည်းသွားပြီ။ ခြောက်လွှာကိုတောင်မှ အခုလက်ရှိမှာ နှစ်သိန်းပေါက်နေတယ်။ ကြည့်မြင်တိုင်၊ ကမာရွတ်၊ မြို့ထဲ၊ ပြီးတော့ သင်္ဃန်းကျွန်းတို့ဘက်မှာ အငှားသွက်နေတယ်” ဟု ရွှေဥဒေါင်းမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လုံးချင်းအငှားကတော့ ငါးသိန်းကနေ သိန်း ၁၀၀ အထိရှိတယ်။ ငှားတာကတော့ နိုင်ငံခြား ကုမ္ပဏီတွေက အငှားများတယ်” ဟုလည်း လုံးချင်းအငှားဈေးကွက်နှင့် ပတ်သက်ပြီး ရွှေဥဒေါင်းမင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ရန်ကုန်မြို့အတွင်း ယခုနှစ်၏ အိမ်ငှားရမ်းခ နှုန်းထားများမှာ ယမန်နှစ်ထက် ၃၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ အိမ်ငှားရန် ကြည့်ရှုသူများလာပြီး ဈေးနှုန်းစုံစမ်းသူများလည်းရှိကြောင်း၊ အိမ်ငှားခနှုန်းထားများမှာ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။

အလားတူ အိမ်ခြံမြေ အရောင်းဈေးကွက်တွင်မူ သိန်းသောင်းဂဏန်း ၀န်းကျင်ရှိသော အိမ်ခြံမြေများမှာ အရောင်းအ၀ယ် အေးလျက်ရှိပြီး သိန်းထောင်ဂဏန်းနှင့် ရာဂဏန်းရှိသော အိမ်ခြံမြေများသာလျှင် ယခုလက်ရှိတွင် အရောင်းအ၀ယ်ဖြစ်လျက် ရှိကြောင်းလည်း သိရသည်။ တိုက်ခန်းအရောင်းအ၀ယ် ပြုလုပ်ရာတွင်လည်း ဈေးနှုန်းများမှာ မြင့်တက်လာလျက်ရှိနေပြီး ကျပ်သိန်း ၃၀၀ ၀န်းကျင်ရှိဈေးနှုန်းမှာ အနိမ့်ဆုံးဈေးကဲ့သို့ ဖြစ်နေကာ အထူးသဖြင့် မြို့တွင်းခြောက်မြို့နယ်များတွင် အဆိုပါဈေးနှုန်းများ ပေါက်လျက်ရှိကြောင်း သိရသည်။

ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ လမ်းမတော် စသည့်မြို့နယ်များတွင် အိမ်ငှားရမ်းမှု များပြားကြောင်း၊ အိမ်ငှားခဈေးနှုန်းများမှာ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သိန်း ၂၀ အထိရှိကြောင်း၊ ယမန်နှစ်ကမူ အနည်းဆုံး ကျပ်ခုနစ်သောင်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိရှိကြောင်း သိရသည်။

EMG

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို ဘဏ်ချေးငွေ၊ အရစ်ကျ ပေးချေစနစ်ဖြင့် ပင်စင်စား၊ ၀န်ထမ်းနှင့် ပုံမှန်ဝင်ငွေရှိသူများသို့ ဦးစားပေးရောင်းချမည်




ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်နေသည့် တန်ဖိုးနည်းအိမ်ရာများရှိ တိုက်ခန်းခကို ဘဏ်ချေးငွေ၊ အရစ်ကျ ပေးချေစနစ်ဖြင့် ပင်စင်စား၊ ဝန်ထမ်းနှင့် ပုံမှန်ဝင်ငွေ ရှိသူများသို့ ဦးစားပေးစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်စိန်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အ.ထ.က(၄) အလုံတွင် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံရာ၌ ဗဟန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများကို မည်သည့်ပုံစံမျိုးနှင့် ရောင်းချသွားမည် ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်စိန်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့မှာ တည်ဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ကျပ်သိန်း ၁၂ဝ ပတ်ဝန်းကျင်နဲ့ ရောင်းချသွားမှာပါ။ ဒီလို ရောင်းချရာမှာလည်း ပွင့်လင်းမြင်သာမှုရှိစွာ သတင်းစာကနေ ခေါ်မယ်။ ဈေးနှုန်းကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ညှိပြီး ရောင်းချသွားမှာပါ
“ရန်ကုန်မြို့မှာ တည်ဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ကျပ်သိန်း ၁၂ဝ ပတ်ဝန်းကျင်နဲ့ ရောင်းချသွားမှာပါ။ ဒီလို ရောင်းချရာမှာလည်း ပွင့်လင်းမြင်သာမှုရှိစွာ သတင်းစာကနေ ခေါ်မယ်။ ဈေးနှုန်းကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ညှိပြီး ရောင်းချသွားမှာပါ”ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း၁၂ဝ ထက် မကျော်စေဘဲ ရောင်းချတော့မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။ သို့သော်လည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက် အကောင်အထည် ဖော်လျက်ရှိသည့် တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ အချို့မှာ ကျပ်သိန်း ၂ဝဝ ဝန်းကျင်ခန့် ကုန်ကျမည် ဖြစ်သောကြောင့် အမှန်တကယ် အိမ်ရာလိုအပ်နေသူများ ဝယ်ယူနိုင်စွမ်းမရှိသည့် တိုက်ခန်းဈေးနှုန်းများ ဖြစ်နေကြောင်းလည်း ဝေဖန်မှုအချို့ ရှိနေသည်။

လုံးချင်းအိမ်၊ ကွန်ဒိုနှင့် တိုက်ခန်းအိမ် ဝယ်ယူလိုသူများ ချေးငွေလိုအပ်ပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ချေးငွေများစတင်ရယူ နိုင်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ထို့ပြင် မိမိပိုင်မြေပေါ်တွင် အထပ်မြင့်အိမ်ရာနှင့် လုံးချင်းအိမ် ဆောက်လုပ်လိုသော မြေပိုင်ရှင်များလည်း ချေးငွေလိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း၊ ဆောက်လုပ်ရေး အထူးချေးငွေ အနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ချေးငွေလိုပါကလည်း အဆိုပါဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။      

EMG

မူဆယ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် လူနေအိမ်ခန်းများတည်ဆောက်မှု ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီး မတ်လကုန်တွင် အခန်းပိုင်ရှင်များထံ အပ်နှံမည်



ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ အဆင့်မြင့်ရှစ်ထပ်ဟိုတယ်၊ တည်ဆောက်ရေးစီမံကိန်း၊ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် လူနေအိမ်ခန်း ၂၀၂ ခန်းတည်ဆောက်လျက်ရှိရာ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် လူနေအိမ်ခန်းတည်ဆောက်မှုမှာ ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါစီမံကိန်းအား တည်ဆောက်လျက်ရှိသည့်  သိန်းသန်းချီဆောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။

"အခုတည်ဆောက်နေတဲ့ လူနေအိမ်ခန်းတွေရော အဝေးပြေးကားနားရပ်ကွင်းရော ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပါပြီ။ လူနေအိမ်ခန်းတွေကိုတော့ လာမည့် မတ်လအကုန်လောက်မှာ အခန်းဝယ်ထားတဲ့သူတွေ ကိုအပ်နှံနိုင်ဖို့ဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းဟာ သင်္ကြန်မတိုင်မီ အားလုံးပြီးစီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်"ဟု သိန်းသန်းချီဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာချုပ် ဦးတင်မောင်လှက ပြောကြားသည်။

အဆိုပါစီမံကိန်းအား မြေ ၁၃ဒသမ ၆၉ ဧက အကျယ်အ၀န်းပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ စီမံကိန်းအား လာမည့်သင်္ကြန်မတိုင်မီ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ဟိုတယ်မှအပ စုစုပေါင်း အဆောက်အအုံ ၄၁ လုံး၊ အခန်းပေါင်း ၂၀၂ ခန်းနှင့် အဝေးပြေးကားရပ်နားကွင်းကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ အဝေးပြေးကားရပ်နားကွင်းကို မြေ ၁ ဒသမ ၇၅ ဧကပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကာ ကားအစီးရေ ၃၅၀ နှင့် ၄၀၀ ကြား ရပ်နားနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ဒီစီမံကိန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ ဆောင်ရွက်တာဖြစ်ပါတယ်။ အားလုံးပေါင်း ဆောက်လုပ်ရေးကုမ္ပဏီ ၁၂ ခုရှိပါတယ်။ ဒါပေမဲ့ သူတို့က sub-contractor အနေနဲ့ တည်ဆောက်နေကြတာပါ။ တကယ်တည်ဆောက်နေတာကတော့ သိန်းသန်းချီဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ဆောင်ရွက်တာပါ။ ဒီအထဲမှာ အိမ်ရာတွေရော ဟိုတယ်နဲ့အဝေးပြေးကားရပ်နားကွင်းကိုပါ တစ်ပြိုင်နက်တည်း တည်ဆောက်နေတာဖြစ်ပါတယ်"ဟု သိန်းသန်းချီဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မူဆယ်မြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်ဒါခေါ်ယူခဲ့ရာ ဆောက်လုပ်ရေးကုမ္ပဏီ ခြောက်ခု၊ တင်ဒါတင်သွင်းခဲ့ကြပြီး ယင်းတို့အနက် သိန်းသန်းချီ ဆောက်လုပ်ရေးကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

EMG

သီလဝါအထူးဇုန်ရှယ်ယာ အများပြည်သူဝယ်ယူနိုင်ရေး ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်

သီလဝါ အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးလုပ်ငန်းစီမံကိန်း၏ မြန်မာ နိုင်ငံသားပုဂ္ဂလိက ဝေစုရှယ်ယာများကို အများပြည်သူ ဝယ်ယူနိုင်ရေးအတွက် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်သည်ဟု မြန်မာသီလဝါအထူး စီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားသည်။

အဆိုပါအထူးစီးပွားရေးဇုန် အကောင် အထည်ဖော်ရေးစီမံကိန်းအား ဂျပန်နိုင်ငံမှ မာရူဘီနီ၊ မစ်ဆူဘီရှီနှင့် မစ်ဆူရီ စသည့် ကုမ္ပဏီ သုံးခုက လုပ်ငန်းဝေစု ၄၉ ရာခိုင် နှုန်း၊ မြန်မာနိုင်ငံဘက်မှရရှိမည့် လုပ်ငန်း ဝေစု ၅၁ ရာခိုင်နှုန်းအနက် ၁ဝ ရာခိုင်နှုန်း အားအစိုးရကဏ္ဍနှင့် ကျန် ၄၁ ရာခိုင်နှုန်း အား ပုဂ္ဂလိကကဏ္ဍတို့က ရရှိလုပ်ကိုင်ကြ မည်ဖြစ်ရာ မြန်မာနိုင်ငံသား ပုဂ္ဂလိကဝေစု အား အစုရှယ်ယာတစ်စုလျှင် ကျပ် ၁ဝ,ဝဝဝ ဖြင့် ရောင်းချမည်ဖြစ်သည်။

ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ အထက်ပါအများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ''ရှယ်ယာ တွေ စတင်ရောင်းချတဲ့အခါမှာ တစ်ပြည် လုံးကပါဝင်နိုင်အောင် ပြည့်ပြည့်စုံစုံဆောင် ရွက်ပေးနေတယ်။ ရန်ကုန်တို့ မန္တလေးတို့ နဲ့ အနီးအနားမှာရှိတဲ့သူတွေတင် အဆင် ပြေပြေ ဝယ်လို့ရအောင်မဟုတ်ဘဲနဲ့ နယ် မြို့တွေကပါ ဝယ်နိုင်အောင် ဘဏ်တွေနဲ့ ဆွေးနွေးနေတယ်။ ရှယ်ယာတွေကို ဘဏ် ခွဲတွေကနေတစ်ဆင့် ဝယ်လို့ရအောင် ဆောင်ရွက်နေတယ်။ ဘဏ်တွေကနေ တစ်ဆင့် တစ်နိုင်ငံလုံးက ငွေပိုငွေလျှံရှိပြီး ရင်းနှီးမြှုပ်နှံချင်တဲ့သူတိုင်း ပါဝင်အောင် လုပ်နေတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ပါဝင် လာအောင်ဆောင်ရွက်တာပါ''ဟု ဇန်နဝါရီ ၂၂ရက်တွင် ကုန်သည်/ စက်မှုအသင်းချုပ် ပြုလုပ်သည့် UN Global Compact အစည်း အဝေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံဘက်မှရရှိမည့် ပုဂ္ဂလိက ရှယ်ယာ ၄၁ ရာခိုင်နှုန်းအား မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီအမည်ဖြင့် ပြည်တွင်း အများပိုင်ကုမ္ပဏီကိုးခုက ရယူလုပ်ကိုင် မည်ဖြစ်ရာ အစုရှယ်ယာများကို ဖေဖော် ဝါရီ၊ ဒုတိယရက်သတ္တပတ်ခန့်တွင် စတင်ရောင်းချသွားမည်ဖြစ်သည်။

ဦးဝင်းအောင်က ''အစုရှယ်ယာ ချိတ် ဆက်ရောင်းဖို့ဆောင်ရွက်တာက ဘဏ် တွေတော်တော်များများပါတယ်။ ဘဏ် လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နေတဲ့ဘဏ်အားလုံးပါပါတယ်'' ဟု ဆက် လက်ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန်အကောင် အထည်ဖော်မည့် လုပ်ငန်းစီမံကိန်းအား ဂျပန်ကုမ္ပဏီသုံးခုထံ လက်ဝယ်အပ်ကာ ရင်းနှီးမြှုပ်နှံသူများက ယင်းတို့ထံမှတစ်ဆင့် မြေနေရာ ရယူဆောင်ရွက်စေခြင်းထက် မြန်မာအစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူ များနှင့် တိုက်ရိုက်ချိတ်ဆက်ပါက ပိုမို အကျိုးများနိုင်သည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က မကြာမီကမဇ္ဈိမနှင့်တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။

ယင်းက''တချို့ ဂျပန်ကုမ္ပဏီတွေက ပြောတာက သူတို့အနေနဲ့ အဲလိုဂျပန် ကုမ္ပဏီတွေဆီကနေ သူတို့စက်ရုံတွေ ဆောက်ဖို့မြေနေရာဝယ်ဖို့ ဒါမှမဟုတ်လဲ စက်ရုံတွေဆောက်လုပ်ဖို့ကို သိပ်သဘော မတွေ့ကြဘူးလို့ သူတို့နဲ့စကားပြောကြည့် တဲ့အနေအထားအရ သိရတယ်။ သူတို့က အစိုးရဆီကမြေကို တိုက်ရိုက်ဝယ်ပြီး စက် ရုံကို ကိုယ်ကြိုက်တဲ့လူနဲ့ ကိုယ့်စိတ်ကြိုက် ဆောက်တာမျိုးကို ပိုသဘောတွေ့ကြတယ်'' ဟု ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန်အား ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်လျက်ရှိပြီဖြစ် ကာ ၂ဝ၁၅ ခုနှစ်တွင် အပြီးသတ်မည်ဟု ဇုန်အကောင်အထည်ဖော်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

Mizzima

ရန်ကုန် အိမ်ခြံမြေ အကျိုးဆောင်များ မြို့ပြင် မြေကွက် ရောင်းဝယ်မှုဘက်သို့ အာရုံပြောင်း

ရန်ကုန်မြို့တွင်း အိမ်ခြံမြေ အကျိုးဆောင်များ သည် မြို့ပြင်မြေ ကွက်ရောင်းဝယ်ခြင်းအား ပိုမိုအာရုံ စိုက်လာကြောင်း ရန်ကုန်မြို့တွင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

မြို့တွင်းမြေဈေးနှုန်းများနှင့် အ ငှားဈေးနှုန်းများ ကြီးမြင့်လာ၍ မြို့ ပြင် မြို့သစ်မြို့နယ်များသို့ ပြောင်း ရွှေ့နေထိုင်သူ များပြားလာခြင်း ကြောင့် မြို့တွင်းအိမ်ခြံမြေ ရောင်း ၀ယ်ခြင်းထက် မြို့ပြင်မြေကွက်ရောင်း ၀ယ်ခြင်းက ပိုမိုတွက်ခြေကိုက်သ ဖြင့် ယခုလိုအာရုံထားခြင်းဖြစ်ကြောင်း ယင်းအသိုင်းအ၀ိုင်းက ပြောသည်။

City View အိမ်ခြံမြေအကျိုး ဆောင်မှ မန်နေဂျာ ကိုနေလင်းစိုး က ““ အခုအိမ်ခြံမြေရောင်းဝယ်ခြင်း ဈေးကွက်က ဘာဖြစ်လာလဲဆိုတော့ မြို့ပြင်က အကွက်တွေကို ၀ယ်တဲ့လူ တွေက ပိုမျက်စိကျလာတယ်။ မြေ ကွက်အကျယ်လဲရနိုင်ပြီးတော့ ဈေး နှုန်းအရ ကြည့်မယ်ဆိုရင်လဲ ထောင် ဂဏန်းလောက်ရှိရင် လမ်းမကျယ် က မြေကွက်တွေရနိုင်တယ်။ ၀ယ် တဲ့လူတွေက မြို့ပြင်ကို အာရုံကျရင် ကျွန်တော်တို့ အကျိုးဆောင်တွေက လဲ အ၀ယ်လိုက်တဲ့နေရာကို ပစ်မှတ် ထားတယ်””ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ဗိုလ်ဗထူး အိမ်ရာစီမံကိန်းမှ တိုက်ခန်းများ ရောင်း ချပေးနေခြင်းကြောင့် ယင်း ပတ်ဝန်းကျင်မြေကွက်၏ ဈေးနှုန်း များသည် ပိုမိုသက်ဝင်လှုပ်ရှားလာ ကြောင်း သိရသည်။

ယင်းမြို့နယ်ရပ်ကွက်တွင် ပွဲ စား လုပ်ကိုင်သူတစ်ဦးက ““ဒီစီမံကိန်း လုပ်မယ်ဆိုကတည်းက မြေဈေးတွေ က တက်လာတာ။ U9 တို့ ၊ U10 တို့ စတဲ့မြေကွက်တွေက အရင်က တည်းက အရောင်းအ၀ယ်ဖြစ် ထား တော့ ရောင်း မယ့်အကွက်သိပ်မကျန် တော့ဘူး။ အိမ်ရာဝင်းရဲ့ ဘယ်ဘက် ခြမ်းကအကွက်တွေဆို မရှိသလောက် ဖြစ်နေ တယ်။ ရောင်း ၀ယ်ခြင်း က တော့ ကျွန်တော်တို့လို ပွဲစားတွေနဲ့ လဲ ဖြစ်တယ်။ မြို့ထဲက အကျိုးဆောင် တွေနဲ့လဲ လာကြည့်တာတွေရော အ ရောင်းအ၀ယ်တွေပါ ဖြစ်နေတယ်”” ဟုပြောသည်။

ယခုလို မြို့ပြင်မြေကွက်များ အရောင်းအ၀ယ်ဖြစ်နေသည့် မြေ ကွက်အကျယ်အ၀န်းသည် ပေ ၄၀x ပေ ၆၀ မြေကွက်များဖြစ်ပြီး မြေ အမျိုးအစားသည် ဂရန်မြေအမျိုး အစားများနှင့် ပါမစ်မြေကွက်များ ဖြစ်ကြောင်း သိရသည်။

မြို့ပြင်မြို့နယ်များမှ မြေကွက် များပေါက်နေသည့် ပေါက်ဈေးများ သည် ကျပ်သိန်း ၂၀၀ ၀န်းကျင်မှ ကျပ်သိန်း ၁၀၀၀ ကျော်အထိဈေး များ ပေါက်နေပြီး လမ်းမတန်းနှင့် အချက်အချာကျသည့် မြေကွက်များ သည် ကျပ်သိန်း ၁၀၀၀အထက် ဈေး များ ပေါက်နေကြောင်းသိရသည်။

Yangon Media Group

ရန်ကုန်နှင့်မတူသည့် အစီအစဉ်ဖြင့် မန္တလေးတွင် ကျပ်သိန်း ၁၀၀ အောက်ဈေး ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာများ ရောင်းမှားဝယ်မှားနှင့် အိမ်မရှိသေးသည့် ပင်စင်စားအရာရှိများကို ဦးစားပေးရောင်းချမည်



ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ကျပ် သိန်း ၃၀၀ ၀န်းကျင်ဖြင့် မတရားရောင်းချသော ပုံစံဖြင့်မတူဘဲ မန္တလေးမြို့တွင် ကျပ်သိန်း ၁၀၀ အောက်ဈေးဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာကို ရောင်းမှားဝယ်မှားနှင့် အမှန်တကယ်အိမ်မရှိသည့် ပင်စင်စားအရာရှိများကို ဦးစားပေး ရောင်းချသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာက စတင်တည်ဆောက်ခဲ့သော ယင်းတန်ဖိုးနည်းအိမ်ရာသည် ၃၇ လုံး၊ အခန်းပေါင်း ၁၃၀၀ ကျော်ရှိရာ လျှောက်ထားသူဦးရေ ၅၀၀၀ ကျော်ရှိပြီး၊ ယခုနှစ်မတ်လတွင် တည်ဆောက်ပြီးစီးမည်ဖြစ်သည်။

ကျပ်သိန်းတစ်ရာအောက် သတ်မှတ်ထားသော ယင်းအိမ်ခန်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ကဲ့သို့ နှစ်ကာလကန့်သတ်ချက် အရစ်ကျစနစ်ဖြင့် တစ်လမည်မျှဝင်ငွေရှိသူ ၀န်ထမ်းများကို ရွေးချယ်ရောင်းချမည်ဟူသည့် မူဝါဒ အတိအကျ မသတ်မှတ်ရသေးသော်လည်း ကနဦး ရောင်းမှားဝယ်မှား ဖြစ်ခဲ့သူများကို ဦးစားပေးရောင်းချသွားမည်ဟု ကော်မတီဝင်က ပြောကြားသည်။

“ရောင်းမှားဝယ်မှားသူတွေပြီးရင် အမှန်တကယ် နေစရာမရှိတဲ့ ပင်စင်စား အရာရှိကြီးတွေပါ။ နောက်ထပ်ကတော့ အစိုးရ၀န်ထမ်းတွေကိုလည်း အားလုံးမဟုတ်ဘဲ စိစစ်ရောင်းချမှာပါ။ ပုဂ္ဂလိက၀န်ထမ်းတွေအတွက် မျှော်လင့်ချက်မရှိဘူးဆိုတာ မဟုတ်ပါဘူး။ လျှောက်လွှာသာတင်ကြပါ။ ဒီအသုတ်မရတောင် နောက်ထပ်ဆောက်မယ့် နေရာတွေမှာ ရွေးချယ်ရောင်းချပေးမှာပါ” ဟု စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် မမ ၁၅၊ ၁၆၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉ တွင် တည်ဆောက်နေခြင်းဖြစ်သည်။ ရန်ကုန်မြို့၏ တန်ဖိုးမျှအိမ်ရာ စီမံကိန်းဈေးနှုန်းမှာ ကျပ်သိန်း ၂၀၀ ကျော်သည်အထိ ဈေးရှိနေခြင်းကြောင့် မန္တလေး၏ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာကို စိတ်ဝင်စားလျှောက်ထားသူ များပြားနေကြောင်း ထပ်မံသိရှိရသည်။

“တန်ဖိုးနည်းအိမ်ရာသွားလျှောက်တော့ လက်ရှိလျှောက်ထားသူဦးရေ ၅၀၀၀ လောက်ရှိနေတာ တွေ့ရတယ်။ တည်ဆောက်နေတဲ့ အခန်းအရေအတွက်က ၁၃၀၀ ကျော်ပဲရှိတာ။ ဒီတော့ ဒီတန်ဖိုးနည်းအိမ်ရာတွေကို ချထားပေးတဲ့အခါ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ်။ နောက်ပြီး အမှန်တကယ် နေထိုင်မယ့်သူတွေ အိမ်ရာမရှိတဲ့သူတွေကို စိစစ်ချထားပေးဖို့ မျှော်လင့်ပါတယ်။ ခုကြားနေရတဲ့ စည်ပင်ဝန်ထမ်းတွေကိုလည်း ချပေးမယ် ဆိုတာမျိုးတွေကြောင့် လျှောက်သာလျှောက်ရတာ အားတော့သိပ်မရှိလှဘူး” ဟု တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။          

ယဉ်မျိုးသွယ်

တစ်ဖက်သတ် ဖိနှိပ်ချုပ်ချယ်တဲ့ စာချုပ်တွေကြောင့် အိမ်ငှားတွေ အခက်တွေ့လာ

အိမ်ငှားရမ်းဖို့ ရှားပါးလာတာကြောင့် အိမ်ရှင်ဘက်ကနေ အိမ်ငှားကို တစ်ဖက်သတ် ဖိနှိပ်ချုပ်ဆိုတဲ့ အိမ်ငှားစာချုပ်တွေ များလာတဲ့အတွက် အိမ်ငှားရမ်းနေထိုင်သူတွေမှာ အခက်အခဲ တွေ့လာရတယ် လို့ သိရပါတယ်။
“စာချုပ်ချုပ်မယ်ဆိုတာနဲ့ အိမ်ရှင်က သူ့စိတ်ကြိုက်ရိုက်ထားတဲ့ စာချုပ်ကို ထုတ်လာပြီး လက်မှတ်ထိုး ပိုက်ဆံချေခိုင်းတာ၊ ကိုယ်က ဘာလေးထပ်ထည့်ပေးပါဆိုတာတောင် စာချုပ်မှာတော့ ထပ်ဖြည့်လို့မရဘူး၊ အဆင်မပြေရင် တခြားအိမ်ရှာလိုက်ပါဆိုပြီး ပြောတာ၊ မကျေနပ်လည်း အိမ်ရှာလို့မရတော့ ကိုယ့်ကို ဖိထားမှန်း သိပေမယ့် ငှားလိုက်ရတာပဲ” လို့ အင်းစိန်မြို့နယ်မှာ အိမ်ငှားနေထိုင်တဲ့ အသက် ၄၀ ၀န်းကျင်ရှိ ဒေါ်စန်းအေး က ပြောပါတယ်။
တစ်ဖက်သတ် ဖိနှိပ်ချုပ်ဆိုတဲ့ အိမ်ငှားစာချုပ်တွေဟာ လူနေထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး အဆင် ပြေတဲ့ မြို့နယ်တွေမှာ အဖြစ်များပါတယ်။ အဲသည်လိုမြို့နယ်တွေမှာ ငှားရမ်းနေထိုင်လိုသူများတဲ့အတွက် အိမ်ရှင် တွေက မိမိတို့စိတ်ကြိုက် လိုက်နာနေထိုင်မယ့် အိမ်ငှားကို ရွေးချယ်ငှားရမ်းတဲ့သဘောမျိုးလို့ သိရပါတယ်။

လှိုင်မြို့နယ်မှာ အိမ်ပွဲစားလုပ်ကိုင်တဲ့ ဦးဇော်မြင့် က “အိမ်ရှင်တွေက အိမ်တစ်လုံးလုံး ပေးထားရတာဆို တော့ စာချုပ်ကို ထိထိရောက်ရောက် ချုပ်မှာပဲလေ၊ အိမ်ငှားက ကြိုက်ရင်ငှား၊ မကြိုက်ရင် မငှားနဲ့ ဒီသဘောပါပဲ” လို့ ပြောပါတယ်။
တချို့ စာချုပ်တွေကို အိမ်ရှင်တွေ တစ်ဖက်သတ်ချုပ်ဆိုလာရာကနေ အိမ်ငှားတွေအပေါ် စည်းကမ်းချက် ပေါင်းများစွာနဲ့ ဖိနှိပ်ချုပ်ကိုင်လာတာတွေလည်း ရှိပါတယ်။ စာချုပ်တွေမှာ များသောအားဖြင့် ရေမော်တာကိစ္စ၊ အခွန်အခကိစ္စ၊ အပျက်အစီး အပျောက်အရှကိစ္စ၊ နေထိုင်မယ့် လူဦးရေ ကန့်သတ်ချက်၊ အချိန်မရွေး အိမ်လခ အပြောင်းအလဲရှိမယ့်ကိစ္စတွေအပြင် အချို့ဆိုရင် စာချုပ်ပါ နေထိုင်ချိန်မပြည့်သေးဘဲ အိမ်ငှားသူရဲ့ သဘောဆန္ဒ အလျောက် ဆက်မနေရင် ငွေပြန်မအမ်းမယ့် အကြောင်းအရာတွေကအစ ထည့်သွင်းချုပ်ဆိုလာတာတွေရှိတယ် လို့ သိရပါတယ်။

“ကြိုက်တဲ့အချိန် အခန်းကန့်ပြီး လူတင်မယ် ဆိုတဲ့အချက်တောင် စာချုပ်ထဲ ထည့်ထားတယ်၊ ကိုယ်ငှားတဲ့ အိမ်က ပေ ၂၀ ကို ဒီဈေးနဲ့ တန်ရာတန်ကြေးပေးပြီး နေပေမယ့် သူတို့က အပြောင်းအလဲလုပ်မယ့်အကြောင်းကို ကြိုချည်နှောင်ထားတယ်၊ အရင်ကလည်း အိမ်ငှားဘ၀နဲ့ပဲ နေခဲ့ပေမယ့် ဒီလို ရှုပ်ရှုပ်ယှက်ယှက်စာချုပ်တွေတော့ မမြင်ဖူးပါဘူး” လို့ ရွှေပြည်သာမြို့နယ်မှ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ ကိုထွန်းဦးက ပြောပါတယ်။
မြန်မာနိုင်ငံ ရှေ့နေအသင်းမှ ပြန်ကြားရေးတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးသန်းဌေး က “ဥပဒေမှာ တော့ နှစ်ဖက်သဘောတူညီမှုက အရေးပါတယ်၊ အိမ်ရှင်ကတော့ တောင်းဆိုမှာပဲ၊ အိမ်ငှားက သဘောတူမှဖြစ်မှာ ကိုး၊ တစ်ဖက်က ဘယ်လောက်တောင်းတောင်း တစ်ဖက်က သဘောတူမှရမှာ၊ လက်မှတ်ထိုးလိုက်ပြီဆိုရင်တော့ စာချုပ်ကို လိုက်နာရမှာပေါ့” လို့ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဥပဒေအရ အိမ်ရှင်အိမ်ငှား သဘောတူညီမှုစာချုပ် ချုပ်ဆိုပြီးတဲ့အခါ စာချုပ်အတိုင်း လိုက်နာရမှာ ဖြစ်သလို စာချုပ်ကို သဘောမကျတဲ့အခါမှာလည်း စာချုပ်ချုပ်ဆိုဖို့အတွက် ငြင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ အိမ်ငှားဈေးကွက်ရဲ့ အခြေအနေအရ အိမ်ငှားသူတွေအနေနဲ့ တချို့နေရာတွေမှာဆိုရင် ရွေးချယ် ခွင့် မရှိတဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့ သိရပါတယ်။
“အစိုးရက အမှန်တကယ် မရှိတဲ့သူတွေအတွက် အိမ်ရာတွေ ဖော်ဆောင်ပြီး အိမ်ငှားပေးတာ၊ အိမ်ပိုင်ဖြစ် အောင် လုပ်ပေးတာဆိုရင်တော့ ဒါမျိုးတွေ လျော့မယ်၊ အဲဒီကျရင် တကူးတက ဒါမျိုးတွေ ပပျောက်အောင်ဆိုပြီး လုပ်စရာမလိုဘူး၊ အလိုလိုလျော့လာလိမ့်မယ်၊ အစိုးရက စီစဉ်ထားတာ ရှိတယ်ဆိုပေမယ့် ရှိတဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့တော့ လိုတယ်” လို့ ဦးသန်းဌေး က ပြောပါတယ်။

အိမ်၊ခြံ၊မြေ အရောင်းအ၀ယ် အမှုများထဲမှ တရားရုံးများ လက်မခံသောအမှုကို ကြေညာ

ရန်ကုန်- အိမ်၊ခြံ၊မြေ အရောင်းအ၀ယ်များ ပြုလုပ်ရာတွင် ဂျန်နရယ်ပါဝါ၊ စပယ်ရှယ်ပါဝါဖြင့် စာချုပ် ချုပ်ဆို လွှဲပြောင်းရောင်းဝယ်ထားခြင်းများတွင် နိုင်ငံတော်က သတ်မှတ်ထားသော ဥပဒေများနှင့်အညီ ဆောင်ရွက်ထား ခြင်းမဟုတ်ပါက တရားစွဲဆိုမှုများ ဖြစ်လာလျှင် တရားရုံးများအနေဖြင့် လက်ခံဆောင်ရွက်ပေးသွားမည်မဟုတ် ကြောင်း သတင်းရရှိသည်။

အိမ်၊ခြံ၊မြေ ရောင်းဝယ်ခြင်းကို GP,SP များဖြင့် ပြုလုပ်ခြင်းများသည် မိမိပိုင်ငွေနှင့် ပစ္စည်းများ ဆုံးရှုံးနိုင် ကြောင်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ပိုင်ရေးပိုင်ခွင့် ခိုင်မြဲစေရေး ဆောင်ရွက်ကြရန် အခွန်ဌာနမှ ထုတ်ပြန် ကြေညာထားသည်။
“အခွန်လာမဆောင်လို့ အကျပ်ကိုင်တဲ့သဘောပဲ။ အခွန်နှုန်းထားတွေ အရမ်းများလို့ မဆောင်ကြလို့ လုပ်တာ။ ဒါက အာဃာတ တရားနဲ့ လုပ်တဲ့သဘောပဲ” ဟု မန္တလေးမြို့မှ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထိုသို့ အိမ်၊ခြံ၊မြေ အရောင်းအ၀ယ်ပြုလုပ်ရာ၌ GP,SP စနစ်ဖြင့် ပြုလုပ်မှုများနေခြင်းမှာ နိုင်ငံတော်မှ သတ်မှတ်ထားသော စံသတ်မှတ်ချက်နှုန်းများသည် နေရာအချို့တွင် ကာလပေါက်ဈေးထက် တစ်ဆခန့် မြင့် တက်နေသည့်အတွက်ဖြစ်ကြောင်း အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းရှင်များကပြောသည်။
ကာလပေါက်ဈေးထက် သတ်မှတ်သည့်ဈေးနှုန်းမှာ များနေသည့်အပြင် အခွန်နှုန်းထားမှာလည်း ၃၇ ရာခိုင် နှုန်းဖြစ်နေသောကြောင့် ရန်ကုန်နှင့်မန္တလေးတို့တွင် နေရာအလိုက် ဈေးနှုန်းများ သတ်မှတ်ပေးပြီးနောက်ပိုင်း GP, SP များဖြင့် အရောင်းအ၀ယ်ပြုလုပ်မှုများရှိလာကြောင်း သတင်းရရှိသည်။

“တရားမ၀င်ဘူးပြောတာ အိမ်၊ခြံ၊မြေမှာ ဒီလိုနဲ့ပဲ အရောင်းအ၀ယ်လုပ်လာတာ နှစ်ဆယ်နဲ့ချီနေပါပြီ။ ဒါက လည်း ဒီလိုလုပ်ရအောင် လုပ်ထားလို့ လုပ်နေတာပဲ” ဟု အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးကပြော သည်။
ထို့ကြောင့် ယခုကဲ့သို့ထုတ်ပြန်ကြေညာလိုက်သော်လည်း SP အနေဖြင့် အရောင်းအ၀ယ်ပြုလုပ်မှုမှာ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း အိမ်၊ခြံ၊မြေလုပ်ငန်းရှင်များကဆိုသည်။

အိမ်၊ခြံ၊မြေ ၀ယ်ယူထားသော စာချုပ်များသည် တရားမ၀င်ဖြစ်နေပါက မူလရောင်းချသူက နောက်တစ်ဦး ကို ထပ်မံရောင်းချပါကလည်း တရားစွဲဆိုနိုင်မည်မဟုတ်ကြောင်း သတင်းရရှိသည်။
၎င်းစာချုပ်သည် လွှဲပြောင်းသူ မသေဆုံးမီက တရားဝင်မှတ်ပုံတင်ထားမှသာ ထိုစာချုပ်သည် တရားဝင် မည်ဟုဆိုသည်။
ထို့အတူ SP ပေးထားသူသည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံး၊ ရူးသွပ်သွားပါက မိမိလက်ဝယ်တွင်ရှိ သော SP နှင့် သေဆုံးသူ ရေးထိုးပေးခဲ့သော လက်မှတ်သည် ဥပဒေအရ တရားဝင်တော့မည်မဟုတ်ဟု သတင်း ရရှိသည်။

“အရပ်ကတိစာချုပ်နဲ့ အရောင်းအ၀ယ်လုပ်တာ မှတ်ပုံမတင်ရင် တရားမ၀င်ဘူး။ ဒါပေမဲ့ ဥပဒေအရတော့ အသုံးပြုလို့ရတယ်။ ဆိုလိုတာက ကိုယ်ဝယ်ထားတဲ့ အိမ်၊ တိုက်ခန်းကနေ သူများ နှင်ချလို့မရဘူး။ လာ တရားစွဲ လို့မရဘူး။ ဓားသဖွယ် အသုံးပြုလို့မရဘူး။ ဒိုင်းသဖွယ်တော့ သုံးလို့ရတဲ့သဘောပဲ” ဟု စာရေးဆရာ ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း) က ပြောသည်။
အထက်ပါ “မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ပိုင်ရေးပိုင်ခွင့် ခိုင်မြဲစေရေး ဆောင်ရွက်ကြပါရန် နှိုးဆော် ချက်” ဆိုသော နိုင်ငံပိုင် သတင်းစာတွင် ဇန်န၀ါရီ ၁၂ ရက်၌ ပါရှိလာသည့်မှာ မည်သည့်ဌာနကမှ ထုတ်ပြန် ကြောင်း မပါရှိ၍ တရားမ၀င်သောစာ ဖြစ်နေသည်။ ပစ္စည်းရွှေ့ပြောင်းခြင်း ဥပဒေပုဒ်မ ၅၃-က အရ ပစ္စည်းများ ကို ပဋိညာဉ်ဖြင့် တစ်စိတ်တစ်ပိုင်း ပိုင်းထားလျှင်ပင် တစ်စုံတစ်ဦးက တရားစွဲဆိုပါက ကတိစာချုပ်ဖြင့် ခုခံနိုင် ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် အထက်ပါစာသည် တရားရေးကို လွှမ်းမိုးခြင်းဖြစ်၍ လက်မခံနိုင်ကြောင်း ဦးခင်ဇော် (မရမ်းကုန်း) က ပြောကြားသည်။

ဘဏ်အတိုးနှုန်းက တိုက်ခန်းတန်ဖိုးရဲ့ ခြောက်ပုံတစ်ပုံခန့်ဖြစ်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စီစဉ်တဲ့ ဗိုလ်မှူးဗထူးအိမ်ရာ ကို ဘဏ်ချေးငွေနဲ့ ရောင်းချမှုမှာ အခန်းတန်ဖိုးရဲ့ ခြောက်ပုံတစ်ပုံလောက်ဟာ ဘဏ်တိုးအဖြစ် ပေးဆောင်ရဖို့ရှိပြီး ချိတ်ဆက်ရောင်းချပေးမယ့် ဘဏ်စာရင်းလည်း အတိအကျ မထွက်သေးဘူးလို့ သိရပါတယ်။
“ဘယ်ဘဏ်က လုပ်ပေးမလဲ အခုထိ မသိသေးဘူး။ အိုးအိမ်အခန်းတွေ ရောင်းချသလို အိုးအိမ်ဘဏ်က လုပ်မလား၊ တခြားပုဂ္ဂလိကဘဏ်တွေနဲ့ ချိတ်ဆက်မလား မသေချာသေးဘူး” လို့ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယူ ၉၀၀ တိုက်ပ်အေ ၉၂၇ စတုရန်းပေ အခန်းတစ်ခန်းတန်ဖိုးဟာ ကျပ် ၃၄၇ သိန်းရှိပြီး ဘဏ်ချေးငွေနဲ့ ၀ယ်ယူခွင့်ရသူဟာ ကြိုတင်ငွေအဖြစ် အခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၁၀,၄၁၀,၀၀၀ ပေးသွင်းရမှာပါ။ ဘဏ်ကော်မရှင်ခ တစ်ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၃၄၇,၀၀၀ အပါအ၀င် ပထမနှစ်ဘဏ်တိုး ကိုးရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၂,၁၈၆,၁၀၀ ပေးသွင်းရမှာဖြစ်ပါတယ်။ ကြိုတင်ငွေ စုစုပေါင်းတန်ဖိုးက ကျပ်သိန်း ၁၃၀ နီးပါး ရှိပါတယ်။

အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုတဲ့အချိန်မှာ အခန်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ၁၂,၉၄၃,၁၀၀ ကျပ် ပေးသွင်းရမှာဖြစ်ပါတယ်။
ဒုတိယနှစ်ဘဏ်တိုး ငါးရာခိုင်နှုန်းအတွက် ၁,၂၁၄,၅၀၀ ကျပ် ပေးသွင်းရမှာဖြစ်ပြီး တတိယနှစ်နဲ့ စတုတ္ထ နှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်းအတွက်လည်း အလားတူ ပေးသွင်းရမှာပါ။

လစဉ် ပေးသွင်းရမယ့် နှုန်းထားမှာ ၅၀၆,၀၄၂ ကျပ်ဖြစ်ပြီး ၄၈ လ ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဘဏ်အတိုး ဟာ အခန်းတန်ဖိုးရဲ့ ခြောက်ပုံတစ်ပုံကျော် ပေးသွင်းရမှာ ဖြစ်ပါတယ်။

ယူ ၉၀၀ တိုက်ပ်ဘီ အမျိုးအစားအတွက် သတ်မှတ်တန်ဖိုးငွေ ၃၂၉ ကျပ်သိန်းဖြစ်ပြီး ဘဏ်တိုး စုစုပေါင်း ၅,၈၅၆,၂၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။
U600 Type A အမျိုးအစားအတွက် အခန်းတန်ဖိုး ၂၅၅ သိန်းမှာ ဘဏ်တိုးကျပ် ၄,၅၃၉,၀၀၀ ပေးသွင်းရ မှာဖြစ်ပြီး Type B အမျိုးအစားအတွက် ၂၃၇ သိန်း အမျိုးအစားအတွက် ဘဏ်တိုး ၄၂,၁၈၆,၀၀၀ ကျပ် ဘဏ် အတိုး ပေးရမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့နယ် ရှစ်ခုမှာ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်မည်

တန်ဖိုးနည်းအိမ်ရာတွေကို ရန်ကုန် မကဘဲ မြို့နယ် ရှစ်ခုမှာပါ တည်ဆောက်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေကို ပုသိမ်၊ မကွေး၊ တောင်ငူ၊ မန္တလေး၊ ပြည်၊ ပဲခူး၊ နေပြည်တော်နဲ့ တောင်ကြီး စတဲ့ မြို့နယ်တွေမှာ ထပ်မံတည်ဆောက်နိုင်ဖို့ ဆောင်ရွက်မှာပါလို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
လက်ရှိ ဆောက်လုပ်နေတဲ့ ကျန်စစ်မင်းအိမ်ရာနဲ့ ရွှေလင်ပန်းစက်မှုမြို့သစ် တန်ဖိုးနည်းအိမ်ရာတို့ကို လည်း ရောင်းချနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးက တာဝန်ရှိသူတွေက ဘုတ်အဖွဲ့ဖွဲ့ ဆွေးနွေးပြီးမှ ရောင်းချမယ့်ပုံစံ ကို သိရမှာဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်ထားတဲ့ ဈေးနှုန်းကတော့ သိန်း ၁၀၀ ၀န်းကျင်ဖြစ်တယ်လို့ သိရပါတယ်။

ငွေကြေးအခက်အခဲကြောင့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း ကြန့်ကြာ

ဧရာဝဏ် အိမ်ရာစီမံကိန်းနဲ့ ရတနာအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ရှစ်လတာခန့်ရှိပြီ ဖြစ်ပေမဲ့ ငွေကြေးအခက်အခဲကြောင့် တည်ဆောက်ရေးအပိုင်းမှာ ကြန့်ကြာ နေတယ်လို့ သိရပါတယ်။

အဲသည် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီ ၂၅ ခုခန့်က တာဝန်ယူတည်ဆောက်နေတယ် လို့ ဆိုထားပေမဲ့ ရာနှုန်းပြည့်ပြီးစီးအောင် လုပ်နိုင်တဲ့ ကုမ္ပဏီက လက်ချိုးရေလို့ရတဲ့ အနေအထားမှာရှိတယ်လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရပါတယ်။

တာဝန်ရှိသူတစ်ဦးက “ရင်းနှီးထားရတဲ့ ငွေကြေးတန်ဖိုးက များပြားလွန်းတော့ ကုမ္ပဏီတချို့က မတတ် နိုင်ဘူး။ တကယ်တမ်း မလုပ်နိုင်လို့ လုပ်ငန်းတိုးတက်မှုနှုန်း မရှိတဲ့အပိုင်းတွေ ရှိလာတယ်” လို့ ပြောပါတယ်။

ပြည်သူ့အိမ်ရာစီမံကိန်းလို့အမည်တွင်တဲ့ ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းမှာ အထပ်မြင့် ၁၈ ထပ်ပါတဲ့ တိုက်ခန်းပေါင်း ၄၉ လုံး၊ အခန်းအကျယ်က ၆၀၀ စတုရန်းပေရှိမှာဖြစ်တယ်။ အခန်းအရေအတွက် စုစုပေါင်း ၁၉၀၀၀ ကျော်ပါဝင်မယ်လို့ ဆိုပါတယ်။
ဘလော့အေ(A)မှာ ကေ(K)အပိုင်း လိုက်ဖော်ဆောင်မယ့် အဲသည်တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီတွေက သူ့အပိုင်း(ဘလော့ဂ်)နဲ့သူ တိုက် တစ်တိုက်ချင်းစီအလိုက် တည်ဆောက်တာဖြစ်တယ်။ ခုချိန်မှာ ဘိုးပိုင်တူးတဲ့ လုပ်ငန်းစတင်နေပြီ ဖြစ်ပါတယ်။ အဲသည် ဘိုးပိုင်တူးတဲ့ လုပ်ငန်းက ရတနာအိမ်ရာဘက်မှာ ပြီးစီးမှု များပေမဲ့ ဧရာဝဏ်အိမ်ရာဘက်ခြမ်းမှာတော့ လုံးဝ မလုပ်ရသေးတဲ့ အပိုင်းအချို့ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေထိုင်သူ ကိုမိုးသောက် က “အဲဒီအိမ်ရာဖော်ဆောင်မယ့်နေရာမှာ နေ့ရော ညပါ လုပ်ငန်းတွေ လုပ်နေတာ မြင်ရတာပဲ၊ ဘိလပ်မြေစက်ကြီးလည်း တည်ထားတာတွေ့ရတယ်၊ ဒါပေမဲ့ ကုမ္ပဏီတွေ အကုန်လုံး တစ်ပြေးညီ လုပ်နေတာတော့ မဟုတ်ဘူး။ လုပ်တဲ့ ကုမ္ပဏီကလုပ်၊ ရပ်ထားတဲ့ ကုမ္ပဏီကလည်း ရပ် ထားတာတွေ့ရတယ်။ ဒါပေမဲ့ အစိုးရကို အချိန်နဲ့ အပ်ရမှာဆိုတော့ မပြီးပြီးအောင်တော့ လုပ်သွားကြမှာပါပဲ” လို့ သူ့ထင်မြင်ချက်ကို ပြောပါတယ်။

ဆောက်လုပ်ရေး ၀န်ကြီးဌာနက ကြီးကြပ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ဖွင့်လှစ် မယ့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းက ငွေကြေးလိုအပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် ချေးငွေပေးရေး အဓိကထား ဆောင်ရွက်မှာ ဖြစ်တယ်လို့ အဆိုပါ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ တည်ရှိပြီး နိုင်ငံတော်ဘတ်ဂျတ်နဲ့ တည်ဆောက်ထားတဲ့ ဧရာဝဏ်အိမ်ရာစီမံကိန်း နဲ့ ရတနာအိမ်ရာစီမံကိန်းက ၂၀၁၅ ခုနှစ် မတ်လမှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။
အဲသည် အိမ်ရာစီမံကိန်းမှာ စာသင်ကျောင်း၊ အားကစားကွင်း၊ ဈေး၊ ဘတ်စ်ကားလိုင်း၊ ဆေးရုံ၊ ရဲစခန်း၊ မီးသတ်စခန်း၊ ရေဆိုးသန့်စင်စနစ်တို့ ပါဝင်ထားတယ်လို့ သိရပါတယ်။
တိုက်ခန်းဈေးနှုန်းကလည်း ကျပ်သိန်း ၂၀၀ ၀န်းကျင်လောက်ဖြစ်နိုင်တယ်လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း ထိုင်းမပါလျှင်လည်း ဂျပန်ပါလျှင် ဆက်လက်လုပ်မည်ဟုဆို

နေပြည်တော်- ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ထိုင်းနိုင်ငံမပါဝင်တော့သည့်တိုင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာပါက ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းထွဋ် က ပြောသည်။
လတ်တလောတွင် ဂျပန်အစိုးရက မဟုတ်ဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်များကသာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား နေသည်။
“ထိုင်းနိုင်ငံရေး တည်ငြိမ်မှသာ ဆက်လက်လုပ်နိုင်မယ်မဟုတ်ဘူး၊ ဂျပန်ပါလာရင် ဆက်သွားမယ်။ ခဏ ရပ်နားထားတာပဲဖြစ်တဲ့အတွက်ကြောင့် စီမံကိန်းက အလားအလာရှိတဲ့အတွက်ကြောင့် ပါဝင်လာတဲ့ နိုင်ငံတွေရှိ လာရင် ဆက်သွားမှာပါ။ ဂျပန်ပါလာရင် တော်တော်ခရီးရောက်သွားနိုင်မယ်” ဟု ဒေါက်တာ သန်းထွဋ် က ပြော သည်။ သို့သော် ဂျပန်နိုင်ငံက သီလ၀ါရေနက်ဆိပ်ကမ်းကိုသာ အာရုံစိုက်လုပ်ကိုင်နေပြီး ထားဝယ် ရေနက်ဆိပ်ကမ်းအပေါ် စိတ်ဝင်စားမှုနည်းကြောင်း နိုင်ငံတကာ မီဒီယာများက ဖော်ပြသည်။
လက်ရှိတွင် ထိုင်းကုမ္ပဏီဖြစ်သော အီတလီလျံ-ထိုင်း သည် ဆက်လက်ဆောင်ရွက်ရန် ငွေကြေးအခက် အခဲရှိသည့်အတွက် ယာယီရပ်ဆိုင်းထားပြီး ဆက်လက်လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်ကို ထိုင်းနိုင်ငံမှ တရား ၀င်ထုတ်ပြန်မှသာ သိရှိနိုင်မည်ဟု ဆိုသည်။
ထားဝယ် ရေနက်စီမံကိန်း ယာယီရပ်နားထားသည်ဆိုသော်လည်း ရှေ့ဆက်လုပ်ဆောင်မည့် ငွေကြေး ရှင်းတမ်းများ၊ ဆွေးနွေးညှိနှိုင်းမှုများကို ဆောင်ရွက်ဖြစ်ကြောင်း သိရသည်။
ထားဝယ်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံနှင့် နိုင်ငံရေး၊ စီးပွားရေးအရ ဆက်နွှယ်နေသောကြောင့် အခြားနိုင်ငံ များ ၀င်ရောက်လာသည့်တိုင် ထိုင်းနိုင်ငံအနေဖြင့် မဖြစ်မနေ ပါဝင်လာနိုင်သည့်အတွက် စောင့်ရန်သာလိုအပ် သည်ဟု ဆိုသည်။
“အစပြုတာ သူနဲ့စတာဆိုတော့ ဂျပန်ပါလည်း ထိုင်းကပါမှာပဲ။ သူ့အကျိုးစီးပွား အရမ်းဆက်စပ်တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ယင်းဆိပ်ကမ်းမှာ ပထ၀ီအနေအထားအရ ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသည့်အပြင် ထားဝယ်ဆိပ်ကမ်းမျိုး သည် ထိုင်းနိုင်ငံတွင် မလုပ်နိုင်သော ဆိပ်ကမ်းဖြစ်နေသည့်အတွက် ပါဝင်လာနိုင်သည်ဟုဆိုသည်။
ထားဝယ်နေရနက်ဆိပ်ကမ်းပြီးစီးပါက စီးပွားရေးအရ စင်ကာပူ၊ ပီနန်းဆိပ်ကမ်းတို့နှင့် ယှဉ်ပြိုင်မှုရှိသော ရေနက်ဆိပ်ကမ်းဖြစ်လာမည်ဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ဆက်စပ် စီမံကိန်းများ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှီနှိုင်းရေးကဏ္ဍဆိုင်ရာ ဆက်ကော်မတီဥက္ကဌ ဦးဆေက်အောင်က ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်း၏ ဆောက်လုပ်ပြီးစီးမှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို တွက်ချက်စစ်ဆေးနိုင်ရန် တည်ဆောက်ရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

မန္တလေးမြို့ အိမ်ခြံမြေတန်ဖိုး စံနှုန်းသတ်မှတ်ချက်များ ပြန်လည်ညှိနှိုင်းပြင်ဆင်မည်

မန္တလေးမြို့တွင် အိမ်ခြံမြေ အရောင်းအ၀ယ်ပြုလုပ်လျှင် အခွန်ပေးဆောင်ရန် သတ်မှတ်ထားသည့် မန္တလေးမြို့ အိမ်ခြံမြေ တစ်ဧကစံနှုန်းများကို ပြန်လည်ပြင်ဆင်ညှိနှိုင်းပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စတင်သတ်မှတ်ခဲ့သည့် မန္တလေးမြို့ အိမ်ခြံမြေတန်ဖိုးစံနှုန်းသတ်မှတ် ချက်များသည် ပြင်ပဈေးကွက်တွင် အရောင်းအ၀ယ်ဖြစ်နေသော ကာလပေါက်ဈေးထက် ပိုများနေပြီး အခွန် ဆောင်ရန် အခက်တွေ့နေကြောင်း မြို့ခံများက ပြောဆိုပြီးနောက် ပြန်လည်ပြင်ဆင် သတ်မှတ်နိုင်ရန် ညှိနှိုင်းပေး မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး က ပြောကြားခဲ့သည်။

အိမ်ခြံမြေဈေး စံနှုန်းများအား လာမည့်ဘဏ္ဍာနှစ်မှစ၍ ဧပြီတွင် ပြန်လည်ပြင်ဆင်ပေးနိုင်ရန် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး မြို့ခံများအနေဖြင့်လည်း ဖြစ်စေလိုသည့် ဈေးနှုန်းများ ကို ဖေဖော်ဝါရီလ ၁၀ ရက် နောက်ဆုံးထား တင်ပြပေးစေလိုကြောင်း တိုင်းဦးစီးမှူးက ပြောသည်။
“ အိမ်ခြံမြေ တန်ဖိုးဖြတ်တဲ့ အဖွဲ့ဝင်ခြောက်ဦး ရှိပါတယ်။ အဲဒီခြောက်ဦးစလုံး သူ့ဌာအလိုက် ပြန်ညှိပါ မယ်။ ဒီပရိုပိုဆယ်တွေပေါ် မူတည်ပြီးတော့မှ တိုင်းဒေသကြီးအစိုးအဖွဲ့ကို ပြန်တင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ကက်ဘိနက်က ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်” ဟု တိုင်းဦးစီးမှူးက ပြောသည်။
ဇန်န၀ါရီလ ၁၈ ရက်က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်နှင့် မန္တလေးမြို့မှ ဥပဒေပညာရှင်များ၊ အိမ်ခြံမြေ အကျိုးဆောင်များ တွေ့ဆုံရာတွင် မန္တလေးမြို့ အိမ်ခြံမြေတန်ဖိုးစံနှုန်း သတ်မှတ်ချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့သည်။ ပြင်ပတွင် အရောင်းအ၀ယ်ဖြစ်နေသည့် ပေါက်ဈေးထက် များနေပြီး ကာလပေါက်ဈေးထက် ဈေးပိုကာ သတ်မှတ်ထားခြင်းကြောင့် အိမ်ခြံမြေ ၀ယ်ယူသူများအနေဖြင့် အခွန် ဆောင်ရန် အခက်တွေ့နေကြောင်း မြို့ခံများက တင်ပြခဲ့သည်။ ထို့အပြင် အိမ်ခြံမြေဈေးနှုန်းသတ်မှတ်ရာတွင် တစ်ဧကချင်းအလိုက် သတ်မှတ်ခြင်းနှင့် အသေးစိတ်မဟုတ်ဘဲ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးဈေးများသာ သတ်မှတ်ထားခြင်းကြောင့် ပြင်ပပေါက်ဈေးထက် ပိုမိုကွာဟစေသည်ဟုဆိုသည်။

“ အပြင်ပေါက်ဈေးရဲ့ လေးပုံတစ်ပုံ၊ သုံးပုံတစ်ပုံလောက်ပဲ သတ်မှတ်ပေးစေလိုပါတယ်။ သို့မှသာ အခွန် ဆောင်သူရှိလာမှာပါ။ လက်ရှိသတ်မှတ်ချက်အရ တန်ဖိုးသတ်မှတ်မှုက ပြင်ပပေါက်ဈေးထက် ဈေးမြင့်နေလို့ အခွန်မဆောင်ကြသလို ယာယီမှတ်ပုံတင်စာချုပ်လည်း ချုပ်ခွင့်မရလို့ အိမ်ခြံမြေ ၀ယ်ယူရောင်းချသူများက SP/GP စနစ်များဖြင့် လွှဲပြောင်း ရောင်းချနေကြရပါတယ်” ဟု မန္တလေးမြို့ မန်းမြေရာဇာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးကျော်ဝင်း က ပြောကြားသည်။

ထို့အပြင် မန္တလေးမြို့တွင် အိမ်ခြံမြေဈေး စံနှုန်းသတ်မှတ်ရာ၌ တစ်ဧကနှုန်းထားဖြင့် သတ်မှတ်ခြင်းမဟုတ် ဘဲ တစ်ပေပတ်လည်နှုန်းများဖြင့် သတ်မှတ်ပေးစေလိုကြောင်း၊ လမ်းပိုင်းများအလိုက် အရှေ့အနောက် တောင်မြောက် ခွဲခြားသတ်မှတ်ပေးရန် ကြားကွက်များ၊ ဘလောက်များအလိုက် အနုစိတ်သတ်မှတ်ပေးရန် မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက တောင်းဆိုသည်။
သင့်တင့်သော အိမ်ခြံမြေ ဈေးစံနှုန်းများ သတ်မှတ်ပေးနိုင်လျှင် တရားဝင် အခွန်ဆောင်ပြီး အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ကိုင်သူ ပိုများလာနိုင်သည်ဟု မြို့ခံများက ပြောသည်။

လမ်းသစ်ရိပ်သာအိမ်ရာကိုတစ်နှစ်ခွဲနဲ့အပြီး ပြန်လည်တည်ဆောက်မည်ဟုဆို

လမ်းသစ်ရိပ်သာအိမ်ရာကို တစ်နှစ်ခွဲနဲ့အပြီး အသစ်ပြန်ဆောက်မယ်လို့ ဆောက် လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန(စီမံအိမ်ရာ)မှ ညွှန်ကြားရေးမှူး ဦးယုခိုင် က “ ပြည်သူ့အိမ်ရာအဟောင်းတွေကို အသစ်ပြန်တည်ဆောက်တာက မြို့ပြအဆင့်မြင့် စီမံကိန်းအရ ပိုကောင်း မွန်တဲ့ ဘ၀မှာ နေထိုင်နိုင်ဖို့ ဆောင်ရွက်ပေးတာပါ။ အထပ်မြင့်အိမ်ရာတွေ တည်ဆောက်လို့ အင်ဂျင်နီယာ နည်း ပညာ ပိုအဆင့်မြင့်လာမယ်၊ စီမံကိန်းတွေကြောင့် အလုပ်အကိုင်ရရှိပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့ ရည်ရွယ်ချက် သုံးချက်နဲ့ ဆောင်ရွက်တာ” လို့ ပြောပါတယ်။

လမ်းသစ်ရိပ်သာကို အကြမ်းဖျင်းတော့ ၁၂ ထပ် အမြင့်ဆောက်ဖို့ မှန်းထားပါတယ်။ အခန်းအကျယ်ကို လည်း မူလအခန်းထက် ပိုကျယ်အောင် တည်ဆောက်မှာ ဖြစ်ပါတယ်။
အိမ်ရာတည်ဆောက်ဖို့ကို မူလနေထိုင်သူတွေနဲ့ ညှိနှိုင်းနေပြီး အရင်နေထိုင်သူတွေကို အိမ်ရာသစ်မှာ ပြန် နေရမှာ ဖြစ်ပါတယ်။ မြေညီထပ်ကို ကားပါကင် တည်ဆောက်မှာဖြစ်လို့ မြေညီထပ်ကိုတော့ မူလအတိုင်း ပြန်မချ နိုင်ဘူးလို့ သိရပါတယ်။

အိမ်ရာကဖြိုပြီး အသစ်ပြန်ဆောက်ရမှာဖြစ်တာကြောင့် မူလနေထိုငသူတွေကို လုံလောက်တဲ့ ထောက်ပံ့မှု တွေပေးမယ်လို့ ဆိုပါတယ်။ အိမ်ငှားစရိတ်ကို လက်ရှိ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းနဲ့အညီ စီမံကိန်းကာလကြာချိန်အ တိုင်း တစ်ခါတည်းပေးမှာဖြစ်ပါတယ်။
လမ်းသစ်ရိပ်သာအိမ်ရာက ကျုံးကြီးလမ်းနဲ့ ဗဟိုစည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ အနော်ရထာလမ်း မှာ တည်ရှိပြီး သက်တမ်း ၅၈ နှစ်ခန့်ရှိပါတယ်။
အိမ်ရာတည်ဆောက်ဖို့ကို တင်ဒါခေါ်ဆောင်ရွက်မှာဖြစ်ပါတယ်။

တန်ဖိုးမျှစီမံကိန်းမှ အခန်းဝယ်ပြီးမနေလျှင် တိုက်ခန်းပြန်သိမ်းမည်

၂နှစ်စီမံကိန်းအဖြစ် ဆောက်လုပ်နေသည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း များတွင် ၀ယ်ယူနေထိုင်မည့်သူများအနေဖြင့် အမှန်တကယ် နေထိုင်ခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိပါက ပြန်လည်သိမ်းဆည်းသည်အထိ အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်နေသည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို ကြိုပွိုင်စနစ်ဖြင့် ရောင်းချပေးရန်အတွက် လာရောက်လျှောက်ထားခွင့်ပြုပြီးဖြစ်ရာ အခန်းဝယ်ယူနိုင် သူများသာလျှင် နေထိုင်ရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာဌာန(အဆောက်အအုံမှ)မှ အရာရှိတစ်ဦးကပြောသည်။
““လျှောက်လွှာမှာကတည်း ကနေထိုင်မယ့်သူရဲ့နာမည်တွေ လိုအပ်တဲ့ အချက်အလက်တွေအကုန်ဖြည့်ခိုင်းထားတယ်။ နေထိုင်ခွင့်ရတဲ့သူက အငှားချထားတာတို့ ပြန်ရောင်းစားတာတို့လုပ်လို့မရဘူး။ တွေ့ရင်တော့ အရေးယူမယ်။ တကယ်လို့ လွန်လာရင်တော့ အခန်းသိမ်းတဲ့အထိ အရေး ယူရင်ယူရမှာပေါ့””ဟု အဆိုပါအရာရှိကပြောသည်။
လက်ရှိတွင် ဒဂုံမြို့သစ်မြောက်ပိုင်း၌ မြန်မာဗီပိုင် ကုမ္ပဏီနှင့် ၂ နှစ် စီမံကိန်း အဖြစ် ပူးပေါင်းဆောက်လုပ်နေသည့် ဗိုလ်ဗထူးအိမ်ရာစီမံကိန်းမှ အခန်းများ ကို ကြိုပွိုင့်စနစ်ဖြင့်ဝယ်ယူလိုသူများအနေဖြင့် ဇန်န၀ါရီလကုန်အထိ လျှောက်ထားနိုင်သည်။ ထိုအခန်းများကို လျှောက်ထားသူများပြားနေကြောင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ သတင်းရရှိသည်။
ဆောက်လုပ်နေဆဲဖြစ်သည့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းနှင့် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်းများကို ၄ နှစ် အရစ်ကျ ရောင်းချပေးမည်ဖြစ်သောကြောင့် စိတ်ဝင်စားမှု များပြားနေခြင်း ဖြစ်ပြီး အရစ်ကျဝယ်ယူရာတွင် တိုက်ခန်းဈေးနှုန်၏ ၃၀ ရာခိုင်နှုန်း စတင် ပေးသွင်းရပြီး တစ်လလျှင် ကျပ်ငါးသိန်းကျော် အရစ်ကျ ပေးသွင်းရမည်ဖြစ် သည်။
ဇန်န၀ါရီ ၁ရက်မှစတင်၍ လျှောက်ထားနိုင်သည့် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်း တွင် အခန်းတစ်ခန်းလျှင် စတုရန်းပေကိုးရာ အကျယ်အ၀န်းရှိသည့် အဆောက်အအုံ ၁၀လုံး၊ စုစုပေါင်းအဆောက်အအုံ ၁၄လုံးနှင့် အိပ်ခန်းပေါင်း ၄၄၈ခန်းပါဝင်မည်ဖြစ်သည်။ အဆိုပါတန်ဖိုးမျှအိမ်ရာစီမံကိန်းဟုဆိုသော စီမံကိန်းမှာ အခန်းတစ်ခန်းလျှင် အနည်းဆုံး ကျပ်၂၃၇သိန်းအထိရှိပြီး အစိုးရ ၀န်ထမ်းများနှင့်ကုမ္ပဏီဝန်ထမ်း များဖြစ်ပါက အကြီးအကဲ၏ ထောက်ခံချက် လိုအပ်သည်။ ၀န်ထမ်းများအနေဖြင့် တစ်လလျှင် ကျပ်ငါးသိန်းကျော် အရစ် ကျ ပေးသွင်းရမည်ဖြစ်၍ ခက်ခဲမှုများရှိခြင်းကြောင့် ၀ယ်ယူနိုင်မည် မဟုတ်ကြောင်း ၀န်ထမ်းတစ်ဦးက ပြောသည်။

တစ်ဟုန်ထိုးတက်နေတဲ့ မြေအငှားဈေးနဲ့ Car Show Room များရဲ့ အလားအလာ



ရန်ကုန်မြို့တွင် မြေကွက်အငှားဈေးနှုန်းများ တစ်ရှိန်ထိုးမြင့်တက်လာခြင်းကြောင့် ကားအရောင်းစင်တာ လုပ်ငန်းများကို ထိခိုက်လာစေနိုင်သည်ဟု အဆိုပါလုပ်ငန်းအသိုင်းအ၀ိုင်းမှ လုပ်ငန်းရှင်များက မဇ္ဈိမသို့ ဇန်န၀ါရီ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

ရန်ကုန်ရှိ မြေငှားရမ်းခဈေးနှုန်းများသည် ၂၀၁၃ နှစ်ဆန်းပိုင်းဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စက်မှုဇုန်မြေ ကွက်များအနေဖြင့် နှစ်ဆခန့်မြင့်တက်လာကာ မြို့တွင်းပိုင်းလမ်းမတန်းရှိ ကားအရောင်းစင်တာ ပြုလုပ် နိုင်သော မြေကွက်များမှာ သုံးဆခန့်မြင့်တက်လာပြီး လက်ရှိအချိန်တွင် ကားအရောင်းစင်တာလုပ်ငန်း လုပ်ကိုင်နေသည့် အချို့မြေကွက်များအား ဈေးလေးဆအထိ တိုးမြှင့်တောင်းခံလျက်ရှိနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်နှင့် ကားအရောင်းစင်တာလုပ်ငန်းရှင်များက ဆိုသည်။

ရောင်နီဦးကားအရောင်းစင်တာ ဒါရိုက်တာ ဦးအောင်ဝင်းက “မြေအငှား ဈေးတွေ နှစ်ဆနီးပါးလောက် တက်လာတော့ ရောင်းအားရှိတဲ့ Show Room အတွက်ကတော့ ခံသာပေမယ့် အရောင်းပါးတဲ့သူတွေ အတွက်ကတော့ မလွယ်ဘူး။ အခုလည်း တချို့ဆိုရင် ဈေးသက်သာတဲ့နေရာကို ပြောင်းတာရှိသလို အသေးလေးတွေ တချို့လည်းနားကြတာပေါ့။ ကားဈေးကွက်ကလည်း အရမ်းသွက်သွက်လက်လက် ရောင်းရတာမဟုတ်တော့တာလည်းပါတာပေါ့” ဟု ပြောသည်။

လက်ရှိအချိန်တွင် နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းထားသည့် အရောင်းစင်တာလုပ်ငန်းရှင်များအနေဖြင့် တွက်ခြေကိုက်သည့်အနေအထားရှိနေပြီး သက်တမ်းပြည့်ကာ ထပ်မံငှားရမ်းသူများသည် ကာလပေါက် ဈေးများဖြင့် ပေးချေနေရခြင်းကြောင့် လုပ်ငန်းအမြတ်အစွန်းရရှိမှု အနည်းငယ်ထိ ခိုက်နေသည်ဟု ယင်း တို့ကဆိုသည်။

Auto Farmer ကားအရောင်းစင်တာမှ ဒါရိုက်တာ ဒေါက်တာစိုးထွန်းက “၂၀၁၁၊ ၂၀၁၂ လောက်မှာ တစ်လကို ၄၅ သိန်း (ကျပ်)လောက်နဲ့ငှားထားတဲ့ မြေကွက်တွေက အခုတစ်လကို သိန်း၁၅၀(ကျပ်) နီးပါးလောက် ဖြစ်လာတယ်။ ဒီထက်ဆက်တက်လာရင် မြေအငှားနဲ့လုပ်ရသူ တော်တော်များများက ကျပ်လာနိုင်တယ်” ဟု ပြောသည်။

သို့ရာတွင် ကားဈေးကွက်အနေအထားမှာ ၀ယ်လိုအားပြိုင်ဆိုင်နေရလျက်ရှိရာ မြေငှားရမ်းခဈေးနှုန်း မြင့်တက်လာခြင်းများကြောင့် ကားဈေးနှုန်းများအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း အရောင်းစင်တာ လုပ်ငန်းရှင်များကဆိုသည်။

ဦးအောင်ဝင်းက “မြေငှားရမ်းခတွေတက်လာတာကြောင့်တော့ ကားဈေးတွေ အပြောင်းအလဲမရှိနိုင်ပါ ဘူး။ အရောင်းစင်တာတွေက အငှားသမားလည်းရှိတယ် ကိုယ်ပိုင်လည်းရှိတယ် အပြင်ဈေးကွက်လည်း ရှိတယ်ဆိုတော့ ဈေးတင်ပြီးရောင်းတဲ့သူက ကျန်ခဲ့မှာပဲ။ အဲတော့ နိုင်တဲ့သူ ဆက်လုပ်ပေါ့ ဒီပုံစံနဲ့ပဲလုပ် ကြရမှာပဲ။ ကားဈေးတွေတော့ မထိခိုက်နိုင်ပါဘူး” ဟု ပြောသည်။

ပြည်တွင်း၌ ကားအရောင်းစင်တာများ ဖွင့်လှစ်ရောင်းချခွင့်ကို ၂၀၁၂ ခုနှစ်မှ စတင်လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ယင်းအချိန်က အိုဟောင်းယာဉ်အပ်နှံမှု ပါမစ်ဖြင့် တင်သွင်းခွင့်ရှိသည့် ကားများကိုသာ ရောင်းချခွင့်ပေးခဲ့ ခြင်းများကြောင့် ယာဉ်ဟောင်းများ အပ်နှံမှုစလစ်ဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ပြင်ပ၀ယ်ရောင်းများ နှင့် ယှဉ်ပြိုင်ရန် အခက်အခဲများရှိခဲ့သည်။

သို့ဖြစ်ရာ လုပ်ငန်းရှင်များ ၀ိုင်းဝန်းတောင်းဆိုမှုများကြောင့် ၂၀၁၃ ခုနှစ် လယ်ပိုင်းမှစတင်ကာ ပါမစ် အမျိုးအစားအားလုံး တင်သွင်းခွင့်ရှိသည့် ယာဉ်များအားလုံးကို တင်သွင်းရောင်းချခွင့်ပေးခဲ့သော်လည်း လက်ရှိအချိန်တွင် မြေအငှားဈေးနှုန်းမြင့်တက်မှုများကြောင့် အခက်အခဲတစ်ရပ်အဖြစ် ထပ်မံရင်ဆိုင် နေရလျက်ရှိကာ လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ ကားအရောင်းစင်တာအရေအတွက် ၁၀၀ ကျော်ရှိ သည်။

ဆာကူရာ ကားအရောင်းစင်တာ လုပ်ငန်းရှင် ဦးဋ္ဌေးအောင်က “ကျွန်တော်တို့ Show Room တွေမှာက မြေယာအဆောက်အအုံစရိတ်၊ ၀န်ထမ်းစရိတ်ရှိတယ်။ နိုင်ငံတော်ကိုလည်း အခွန်ပုံမှန်ပေးသွင်းနေရ တယ်။ အဲတော့ ၀ယ်ရောင်းတွေနဲ့ ယှဉ်ဖို့ဆိုတာမလွယ်ဘူး။ ဒါပေမဲ့ Show Room ကရောင်းတဲ့ဈေးက အပြင်ရောင်းတဲ့သူတွေဈေးနဲ့ ကွာခြားနေရင်လည်း ၀ယ်မယ့်သူရှိမှာမဟုတ်ဘူး။ အဲတော့ တော်တော် ကိုဈေးကွက်ယှဉ်နေရတယ်” ဟု ဇန်န၀ါရီ ၂ ရက်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် အစိုးရဌာနမှ ကျင်းပသော ကားတင်သွင်းမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စီးပွားရေးပြုပြင်ပြောင်းလဲမှုအနေအထားများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ တိုးချဲ့နိုင်မည့် အလားအလာများကြောင့် စက်မှုဇုန်များနှင့် မြို့တွင်းပိုင်းမှ စီးပွားရေး လုပ် ငန်းလုပ်ကိုင်နိုင်သည့် မြေငှားရမ်းမှုဈေးနှုန်းများမှာ ထပ်မံမြင့်တက်လာနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင် များက ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းဦးက “လက်ရှိအနေအထား အတိုင်းဆိုရင်တော့ မြေအငှားဈေးနှုန်းက ဒီနှစ်ဆန်းပိုင်းမှာကို ထပ်ပြီးတက်ဦးမယ်လို့ထင်ရတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် ကားအရောင်းစင်တာများပြုလုပ်နိုင်သည့် မြေကွက်ဈေးနှုန်းများမှာ မြို့နယ်နှင့် လမ်း နေရာအလိုက် ဈေးကွာခြားမှုရှိပြီး ဗဟန်းမြို့နယ်နှင့် လှိုင်မြို့နယ်များရှိ စတုရန်းပေတစ်သောင်း မြေ ကွက်တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ အကြား ဈေးပေါက်နေကာ ၂၀၁၃ နှစ်ဆန်းပိုင်းကာလပေါက် ဈေးထက် သုံးဆနီးပါးမြင့်တက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ကျွမ်းကျင်သူများကပြော သည်။

Mizzima

အိမ်ရာစီမံကိန်းများနှင့် ကျောမွဲတို့၏ လားရာ



၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရတက်လာသည့်အချိန်တွင် ရာစုနှစ်ဝက်ကြာ စောင့်ဆိုင်းခဲ့ကြရသည့် ဒီမိုကရေစီအစိုးရအပေါ် လူနေမှုဘ၀အခြေအနေ တိုးတက်လာရေးနှင့်ပတ်သက်၍ ပြည်သူတို့မျှော်လင့်ချက် တစ်ခုထားရှိခဲ့ကြသည်။ သို့သော်လည်း ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးရဆဲ။ အဂတိလိုက်စားမှုနှင့် ညံ့ဖျင်းသော စီမံခန့်ခွဲမှုစနစ်ကို ကျော်လွှားနိုင်ခြင်းမရှိသည့်အခါ နိုင်ငံရေးအပြောင်းအလဲတွင် ပြည်သူသည် ကောင်းကျိုးတစ်စုံတစ်ရာ ရရှိခံစားခဲ့ရခြင်း မရှိပေ။ မျှော်လင့်ချက်တွေသာထားခဲ့ကြရသည် ဘ၀တွေမှာတော့ ဒုံရင်းအတိုင်းပင်။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံတွင် မည်သူမျှ မျှော်မှန်းထားခြင်းမရှိခဲ့သည့် အိမ်ခြံမြေဈေးကွက်နှင့် ကြုံတွေ့လိုက်ရသည့်အခါ ရင်းနှီးမြှုပ်နှံမှုများ ထင်သလောက် ၀င်ရောက်လာနိုင်ခြင်း မရှိခဲ့ပေ။ ထို့ပြင် ရင်းနှီးမြှုပ်နှံသူများကိုမျှော်ကိုး၍ ဈေးတင်ကစားနေသည့် အိမ်ခြံမြေဈေးကွက်ကြောင့် အခြေခံလူတန်းစားမှာလည်း အခက်အခဲများစွာနှင့် ရင်ဆိုင်လာရသည်။ အိမ်ခြံမြေဈေးကွက်သည် အခွန်ရှောင်လိုသူများ၊ ငွေကြေးခ၀ါချလိုသူများနှင့် ၀င်ငွေရလမ်း မဖော်ပြနိုင်သူများအတွက် စီးပွားရေးလုပ်ရန် အကောင်းဆုံး နေရာတစ်နေရာဖြစ်လာခဲ့သည်။ အကျိုးဆက်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင် လက်တစ်ဆုပ်စာသာ သုံးမကုန်ဖြုန်းမကုန်အောင် ချမ်းသာသွားခဲ့ပြီး ဆင်းရဲသားကျောမွဲများမှာတော့ ကျောတစ်ခင်းစာတစ်နေရာအတွက်ပင် သောကရာက်ကြရသည်။ လက်ရှိအိမ်ခြံမြေဈေးနှုန်းသည် ၀င်ငွေအသင့်အတင့်ရှိသော လူလတ်တန်းစားများအတွက်ပင် အိုးပိုင်အိမ်ပိုင်ရှိရန်အတွက် စိတ်ကူးမယဉ်ရဲဘဲ ဖြစ်နေစေသည်။ အိမ်ခြံမြေဈေးနှင့်အတူ မြင့်တက်လာသည့် အိမ်ငှားခဈေးနှုန်းများကြောင့် အိမ်ငှားနေရသူများမှာလည်း တစ်နှစ်ထက်တစ်နှစ် အသက်ရှူကျပ်လာခဲ့ရသည်။ သာမန်ပြည်သူများအနေဖြင့် မည်သို့မျှ လက်လှမ်းမမီသော အိမ်ခြံမြေဈေးနှုန်းကြောင့် ကျူးကျော်နေရာယူသည့် ပြဿနာများလည်း ခပ်စိပ်စိပ်ဖြစ်ပွားလာရသည်။

ထိုပြဿနာကိုဖြေရှင်းရန်အတွက်ဟုဆိုကာ အစိုးရက တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်သည်။ သိန်း၂၀၀ ကျော်နေသည့် တန်ဖိုးနည်းအိမ်ရာများ ဝေဖန်ခံရသောအခါ တန်ဖိုးမျှတအိမ်ရာဟု ခေါင်းစဉ်တပ်ကာ နောက်ထပ်အိမ်ရာတစ်ခု ဖော်ပြန်ပါသည်။ ရောင်းချရန် ဈေးနှုန်းများထွက်လာသည့်အခါ တန်ဖိုးနည်းအိမ်ရာဆိုသည့် တိုက်ခန်းများမှာ အနည်းဆုံး သိန်း၁၀၀ကျော်နေပြီး တန်ဖိုးမျှတတိုက်ခန်းများမှာ အနိမ့်ဆုံးဈေး သိန်း ၂၀၀ ကျော်ရှိနေသည်။ ထူးဆန်းနေသည့်အချက်မှာ တန်ဖိုးနည်းတန်ဖိုးမျှတဟုသာဆိုသည် သာမန်လက်လုပ်လက်စားမဆိုထားနှင့် လူလတ်တန်းစားများပင် မတတ်နိုင်သည့် ဈေးနှုန်းများဖြင့် အိမ်ရာများကို လျှောက်ထားသည့်အရေအတွက်မှာ ရှိသည့်တိုက်ခန်းပမာဏထက်ပင် သုံးဆခန့်ပိုမိုများပြားနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေနှင့်ရရှိနိုင်သော မြေပမာဏအချိုးအရဆိုလျှင် လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေဈေးနှုန်းများမှာ စီးပွားရေးမသမာမှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများဆိုသည်မှာ ထင်ရှားပါသည်။ နောက်တစ်ချက် မေးခွန်းထုတ်ရမည်မှာ ယခုအိမ်ရာစီမံကိန်းများ၏ ဆင်းရဲသားများအပေါ်တွင် အကျိုးသက်ရောက်နိုင်မှုဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် အစိုးရ၀န်ထမ်းများ၊ စစ်မှုထမ်းများအား မြေကွက်ရောင်းချပေးသည့် စီမံကိန်းများ လုပ်ခဲ့ဖူးသည်။ ရာထူးကြီးသည့်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသာ မြေကွက်ရာထောင်ချီ၍ ပိုင်ဆိုင်သွားပြီး အောက်ခြေသမားများမှာ ယခုအချိန်ထိ အိမ်ငှားဘ၀က တက်မလာခဲ့ပါ။ ဖြစ်ခဲ့ပြီးသောသာဓကများကို ပြန်ကြည့်မည်ဆိုလျှင် ဆင်းရဲသားများအတွက် ပြုလုပ်သည်ဆိုသည့် စီမံကိန်းမှန်သမျှလိုလိုသည် အဆုံးသတ်တွင် ချမ်းသာသည့်သူများနှင့် ရာထူးကြီးသူများလက်ထဲသို့သာ နောက်ဆုံးရောက်ရှိသွားခဲ့ရသည်ကို မြင်တွေ့နိုင်ပါလိမ့်မည်။ ယခုအိမ်ရာစီမံကိန်းများရော မည်ကဲ့သို့ထိန်းသိမ်းရောင်းချကြမည်နည်း။ ဆင်းရဲသားကျောမွဲတို့အတွက် တကယ်အကျိုးရှိလာနိုင်မည်လား၊ နဂိုရှိပြီးသားသူများအတွက်သာ တံခါးပိတ်ထားရမည့် နောက်ထပ်တိုက်ခန်းတစ်ခန်း ဖြစ်လာဦးမှာလားစသည့် မေးခွန်းများအတွက်တော့ အဖြေမှာမရေရာနိုင်သေးပါ။ ထို့ကြောင့် အစိုးရအနေဖြင့် ပြည်သူလူထု၏ကျောတစ်ခင်းစာအတွက် လက်ပူတိုက်ရေတိုစီမံကိန်းများ ဖန်တီးနေမည့်အစား အမှန်တကယ်အကျိုးရှိနိုင်မည့် နည်းလမ်းများဖြင့် ဖန်တီးအဖြေရှာရန် လိုအပ်နေပြီဖြစ်ကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

Eleven Media Group

အိမ်ဆောက်လို၍ အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ လာရောက် ဆွေးနွေးသူ တစ်ရာကျော်ရှိ



ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်သို့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အိမ်ဆောက်လိုသူ၊ တိုက်ခန်းဝယ်လိုသူနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ၁၅၀ ကျော် လာရောက် ဆွေးနွေးခဲ့ရာ အိမ် ဆောက်လို၍ လာရောက် ဆွေးနွေးသူ လူတစ်ရာကျော် ရှိကြောင်း အဆိုပါဘဏ်၏ အထွေထွေ မန်နေဂျာ ဦးတင်ယုက ပြောကြားသည်။

ဘဏ်ချေးငွေဖြင့် အိမ်ဆောက်လိုသူများ အနေနှင့် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်သော စာရွက်စာတမ်းများ၊ မြေစာရင်း ပုံစံ ၁၀၅၊ ၁၀၆၊ မြေပိုင်ရှင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တို့ နှစ်ဦး သဘောတူစာချုပ်၊ ငွေပေးချေမှု အစီအစဉ် စသည့် အချက်အလက်များ ပူးတွဲ တင်ပြရမည် ဖြစ်သည်။

ယခု လာရောက် ဆွေးနွေးသူ တစ်ရာကျော်သော်လည်း စာရွက်စာတမ်း တရားဝင် တင်ထားသူမှာ နှစ်ဦးသာ ရှိကြောင်း ၎င်းက ပြောကြားသည်။

ချေးငွေများကို တစ်နှစ်စာချုပ်ဖြင့် ကနဦး ချေးငွေ ၃၀ ရာခိုင်နှုန်း ထုတ်ချေးမည် ဖြစ်သော်လည်း သုံးလတစ်ကြိမ် အတိုးနှုန်း မှန်ကန်ပါက သတ်တမ်းနှစ်ကြိမ် ထပ်မံတိုးခွင့်ရမည် ဖြစ်သည်။

ဆောက်လုပ်ရေး လုပ်ငန်းများ အတွက်မူ ကနဦးချေးငွေ ၃၀ ရာခိုင်နှုန်းအပြင် လုပ်ငန်း အောင်မြင်ခဲ့ပါက ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ချေးငွေများ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ယင်းဘဏ်မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်များ အားလုံးကို နှစ်တိုချေးငွေများသာ ခွင့်ပြုထားသော်လည်း ယခုဘဏ်ကမူ အစိုးရနှင့် ဆက်နွှယ်သော စီမံချက်များအတွက် နှစ်ရှည်ချေးငွေများ ထုတ်ပေး သွားမည်ဟု ဆိုသည်။

အရစ်ကျစနစ်ဖြင့် တိုက်ခန်း ဝယ်ယူလိုသူများအတွက် လိုအပ်သည့် အချက်အလက် များကိုလည်း ဘဏ်ကထပ်မံ ကြေညာမည် ဖြစ်ကြောင်း ဦးတင်ယုက ရှင်းပြသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် အိမ်ရာဖွံ့ဖြိုးရေးအတွက် အထူးပြုဖွင့်လှစ်ထားသော ဘဏ်ဖြစ်ပြီး အခြားကဏ္ဍများ ဖြစ်သည့် ကျောက်မျက် ဘဏ်၊ ပို့ကုန်၊ သွင်းကုန်ဘဏ် စသည်ဖြင့် အထူးပြုဘဏ်များ ထပ်မံပေါ်ထွက်လာရန် ရှိနေသည်။

Yangon Media

အခန်းပေါင်း ၃၅၀၀၀ ပါရှိမည့် တန်ဖိုးနည်းအိမ်ရာများ ၂ နှစ်အတွင်းဆောက်မည်



အခြေခံလူတန်းစားများ ဝယ်ယူနိုင်သော ဈေးနှုန်းများဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း သုံးသောင်းငါးထောင်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တို့တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ စတင်နိုင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားပြီး ယင်းဥပဒေကြမ်းကို အတည်ပြုပေးရန် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆိုပါဝန်ကြီးက တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းတန်ဖိုးနည်း အိမ်ရာအခန်းပေါင်း ၃၅၀၀၀ ကို အခြေခံလူတန်းစား များ အဓိကနေထိုင်ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ဆိုသည်။ ယင်းတိုက်ခန်းများကို အခြေခံလူတန်းစားများပါ ဝယ်ယူနိုင်ရန် စီစဉ်ထားသော်လည်း မည်သည့်ဈေးနှုန်းဖြင့် ရောင်းချမည်ကို ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်နေသော တန်ဖိုးမျှတအိမ်ရာစီမံကိန်း သုံးခုနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူ ဆောင်လုပ်သော တန်ဖိုးနည်းအိမ်ရာ စီမံကိန်း နှစ်ခုရှိကြောင်း အဆိုပါဌာနများထံမှ သိရှိရသည်။ ဝန်ထမ်းများနှင့် ဝင်ငွေနည်း လူတန်းစားများအတွက် ရည်ရွယ်သည်ဆိုသော အဆိုပါ အိမ်ရာစီမံကိန်းများ၏ သတ်မှတ်နှုန်းထားနှင့် အရစ်ကျပေးသွင်းရမည့် ငွေကြေးသတ်မှတ်ချက်မှာ ဝင်ငွေနည်း လူတန်းစားများနှင့် ဝန်ထမ်းများ ဝယ်ယူနိုင်သည့် အနေအထားမရှိသဖြင့် ငွေကြေးတတ်နိုင်သူများအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

ကွန်ဒိုဈေးကွက်ပြည်ပသို့ ထိုးဖောက်နိုင်ရန်အတွက် ကွန်ဒိုဥပဒေထွက်ပေါ်လာရန် လုပ်ငန်းရှင်များ မျှော်လင့်နေ



ပြည်တွင်းရှိ ကွန်ဒိုတိုက်ခန်းဈေး ကွက် ပြည်ပနိုင်ငံများသို့ ထိုးဖောက်နိုင် ရန်အတွက် ကွန်ဒိုဥပဒေထွက်ပေါ်လာ ရန် လုပ်ငန်းရှင်အများစုက မျှော်လင့် လျက်ရှိနေကြောင်း သိရသည်။

ထိုကဲ့သို့ လုပ်ငန်းရှင်အများစုက မျှော်လင့်နေကြ သော်လည်း အဆိုပါကွန်ဒို ဥပဒေမှာ မူ ကြမ်းအဆင့်သာရှိနေပြီး ဥပဒေပြဋ္ဌာန်း နိုင်ခြင်းမရှိသေးကြောင်း ၄-၁-၂ဝ၁၄ ရက်က သိရသည်။

ကွန်ဒိုများ ပြည်ပဈေးကွက်သို့ ထိုး ဖောက်ရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအနက် တစ်ခုဖြစ်သည့် 777 UIX Group Hd မှ တာဝန်ရှိသူတစ်ဦး က ''ကျွန်တော်တို့က ပြည်တွင်းမှာ နိုင်ငံ တကာအဆင့်မီ ကွန်ဒိုတွေဆောက်မယ်။ ပြီးရင် ပြည်တွင်းမှာလည်း ရောင်းမှာဖြစ် သလို နိုင်ငံတကာဈေးကွက်ကိုပါ ထိုး ဖောက်ရောင်းချသွားမယ်။ ကွန်ဒိုဥပဒေ က လွှတ်တော်ထဲကိုရောက်နေပြီ မကြာခင်ထွက်လာတော့မှာ။ ဒီဥပဒေ ထွက်ရင် နိုင်ငံခြားသားတွေ အခန်းဝယ် လို့ရတဲ့ဥပဒေပါလာလိမ့်မယ်။ အခုက စီးပွားရေးအရ အပြောင်းအလဲလေးတွေ ဖြစ်တော့ ဒီမှာလာပြီးရင်းနှီးမြှုပ်နှံမယ့်သူ တွေလည်း နောက်ပိုင်းမြေဝယ်လို့မရပေ မယ့်လည်း ကွန်ဒိုတော့ ဝယ်လို့ရမှာပေါ့'' ဟု ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းမှ ဒုတိယဥက္ကဋ္ဌဦးသန်းဦးက ''ကွန်ဒိုဥပဒေကိုရေးဆွဲနေတာ သုံး၊ လေးနှစ်လောက်ရှိပြီ။ ဒါပေမဲ့ ရေး လိုက်၊ ပြင်လိုက်နဲ့ မူကြမ်းအဆင့်ပဲ ရှိသေးတယ်။ လုပ်ငန်းရှင်တွေ တော် တော်များများကလည်း ဒီဥပဒေထွက်လာ ဖို့ မျှော်လင့်ကြတယ်။ ဒီဥပဒေထွက်လာ ရင် အဓိကကတော့ အခန်းရှင်တွေအ တွက် အကျိုးရှိမယ်။ ပိုင်ဆိုင်မှုလည်း ပို ခိုင်မာလာမှာပေါ့''ဟု ပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူး ပေါင်းကာ နိုင်ငံတကာအဆင့်မီ ကွန်ဒို များဆောက်လုပ်ရန် စင်ကာပူ၊ တရုတ်နှင့် မလေးရှားတို့မှ လုပ်ငန်းရှင်များက စိတ် ဝင်စားလျက်ရှိပြီး ပြည်တွင်းလုပ်ငန်းရှင် များအနေဖြင့်လည်း ပြည်တွင်းရှိ နိုင်ငံ တကာအဆင့်မီကွန်ဒိုများကို ပြည်ပသို့ ရောင်းချနိုင်ရန် ဆန္ဒရှိနေကြကြောင်း သိ ရသည်။

နှင်းနုဝေ

နှစ်စဉ်အခန်းလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် ရန်ကုန်မြို့၌ အထပ်မြင့်မြင့် တည်ဆောက်ခွင့်ရရန်လို



ရန်ကုန်မြို့၏ နှစ်စဉ်အိမ်ရာအခန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မြို့ ကိုချဲ့ခြင်းထက် ရှိပြီးသားမြေပေါ်တွင် အထပ်မြင့်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ရရန်လိုကြောင်း မြန်မာ နိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးရန်ဝင်းက ဒီဇင်ဘာ တတိယပတ်က ပြုလုပ်ခဲ့သော ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြုမြို့ပြအသုံးချမှုနှင့် အဆောက် အအုံ တည်ဆောက်မှုဇုန်များ အများပြည် သူနှင့်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ နှစ်စဉ် အခန်းလိုအပ်ချက် နှစ်သောင်းကျော်ရှိနေ သော်လည်း တစ်နှစ်လျှင် အခန်းအရေ အတွက် စုစုပေါင်း ခုနစ်ထောင်ခန့်သာ ဆောက်လုပ်ပေးနိုင်ကြောင်း သိရသည်။

ဦးရန်ဝင်းက ''ရန်ကုန်မြို့မှာနှစ်စဉ် အခန်းလိုအပ်ချက်က ရှိနေတုန်းပဲ။ လူဦး ရေကလည်း ထပ်ထပ်ပြီးတိုးလာတယ်။ ဒီလို တိုးလာတဲ့သူတွေအတွက် အခန်း တွေကို ဖြည့်ဆည်းပေးဖို့ ဘယ်သူက ဖြည့်ဆည်းပေးမလဲ။ မြေကို ဘေးကို ချဲ့ဖို့ ထက် လက်ရှိရှိနေတဲ့မြေပေါ်မှာ အထပ် မြင့်မြင့်ဆောက်ခွင့်ရရင် အိမ်ရာလိုအပ် ချက်ကို ဖြေရှင်းပေးနိုင်မှာပါ'' ဟု ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးအပါအဝင် အဖွဲ့အစည်းများပါဝင် ရေးဆွဲလျက်ရှိသော Zoning Law အရ ရန်ကုန်မြို့တွင် ၁၈ ထပ်၊ အထပ် ၂ဝ နှင့်အထက် အဆောက်အအုံများ တည် ဆောက်ခွင့်မရနိုင်တော့ကြောင်း၊ ထိုကြောင့် အဆိုပါ Zoning Law ကို ရန်ကိုမြို့တွင် တိုးပွားလာမည့် လူဦးရေ  အခန်းလိုအပ်ချက်များအတွက် ရေရှည် သုံးနိုင်ရန် ရေးဆွဲသင့်ကြောင်း၊ ဦးရန်ဝင်း က ဆက်လက်၍ အကြံပြုပြောကြားခဲ့ သည်။

Zoning Law အရ ရန်ကုန်မြို့၏ မြို့မြေအသုံးချမှုဇုန်များ ခွဲခြားသတ် မှတ်ရာတွင် ဇုန် ၁၁ ဇုန် ခွဲခြားသတ်မှတ် ထားကြောင်း သိရသည်။

Pyi Myanmar

မြေကွက်များကို ပိုင်း၍ရောင်းချခြင်းက ရေရှည်ပြဿနာများ ဖြစ်ပွားနိုင်



ရန်ကုန်တွင် မြေဈေးနှုန်းများ အဆ မတန်မြင့်မားနေခြင်းကြောင့် ဆောက် လုပ်ရေးလုပ်ငန်းရှင်များ
က အဆင့်မြင့် လူနေဧရိယာများအတွင်း မြေကွက် ကြီးများကို သက်ဆိုင်ရာအကျယ်အ၀န်း
အလိုက် ပိုင်းဖြတ်ရောင်းချခြင်း များ ပြုလုပ်လာကြခြင်းကြောင့် ရေရှည် တွင် ကောင်းကျိုးထက်
ဆိုးကျိုးများကို သာ ရရှိနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်း ရှင်များက ပြောသည်။

"ရန်ကုန်မှာ မြေတန်ဖိုးတွေဟာ ပြီးခဲ့တဲ့နှစ်နှစ်ကျော်ကစပြီး သိသိသာသာကောင်းလာတယ်။
၂၀၁၃ ခုနှစ် ထဲမှာ ပိုသိသာလာပါတယ်။ မြေဈေး တွေ တက်လာသလို အိမ်ငှားဈေးနှုန်း တွေ
လည်း လိုက်တက်လာတယ်။ ဒါကလည်း မြေအငှားဈေးတွေ အရမ်း မြင့်လာလို့ပါ။ မြေကွက်ကြီး
တွကို ပိုင်းပြီး ရောင်းတာတွေ ငှားတာတွေ လုပ်လာတဲ့အတွက် မြေကွက်အရွယ်အစားတွေဟာ
သေးငယ်လာပါတယ်"ဟု မြပန်းသခင်အိမ်ခြံမြေလုပ်ငန်းမှ ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်
သူ ကိုမင်းမင်းစိုးက ပြောသည်။

အကွက်ငယ်များပိုင်း၍ ရောင်းချမှု များသည် ရန်ကုန်အိမ်ခြံမြေဈေးကွက် ၏ အင်္ဂါရပ်တစ်ခုဖြစ်လာ
သည်ကို ၂၀၀၈ ခုနှစ်က စတင်သတိပြုမိခဲ့ ကြောင်း ကိုမင်းမင်းစိုးက ပြောသည်။ အစိုးရကပြုလုပ်
ခဲ့သည့် အပြောင်းအလဲကြောင့် စီးပွားရေးမြို့တော်ဖြစ် သည့် ရန်ကုန်မြို့ကို နိုင်ငံခြားသား များ
ပိုမိုစိတ်ဝင်စားလာခဲ့ပြီး မြေကွက် ၀ယ်လိုအားလည်း မြင့်တက်ခဲ့သည်။

အဆင့်မြင့် လူနေဧရိယာများနှင့် သံတမန်အိမ်ရာများတည်ရှိရာ နေရာများကိုအဓိကထားကာ
အမြတ်ငွေများများရနိုင်အောင် ပိုင်ရှင်များက အကွက်ငယ်များ ပိုင်း၍ ရောင်းချမှုများ ကို ပြုလုပ်
လာကြသည်။

ဗဟန်း၊ ကမာရွတ်၊ ဒဂုံ၊ မရမ်းကုန်း၊ တောင်ဥက္ကလာနှင့် မြောက်ဥက္ကလာမြို့နယ်များတွင် မြေကွက်
များပိုင်း၍ ပြီးခဲ့သည့်နှစ်အတွင်းက ရောင်းချမှု အများအပြား ပြုလုပ်လာကြကြောင်း စိုင်းခွန်နောင်
အိမ်ခြံမြေလုပ်ငန်း၏ မန်နေဂျာ ဦးရန်အောင်က ပြောသည်။

"ဒီနေရာတွေက မြေကွက်တွေဟာ အများဆုံး စတုရန်းပေ ၅,၀၀၀ နဲ့ ၁၀၀၀၀ ကြား (စတုရန်းမီတာ
၄၆၄ မှ ၉၂၉ ထိ) မှာ ရှိပါတယ်။ တချို့အကွက် တွေကို ထက်ပိုင်းပိုင်းပြီး ရောင်းချကြတယ်။
ဒါပေမဲ့ တချို့အကွက်တွေကျ တော့ ပိုင်ရှင်တွေက အပိုင်းပိုင်း စိတ် ပိုင်းပြီး ငှားရမ်းမှုတွေအထိ
လုပ်ကြပါတယ်"ဟု ၎င်းက ပြောသည်။

တောင်ဥက္ကလာနှင့် မြောက်ဥက္ကလာ မြို့နယ်များတွင် ပိုင်ရှင်များက မူလ မြေကွက်အရွယ်အစား၏ သုံးပုံတစ်ပုံအောက်သာရှိသော မြေကွက်ငယ်လေးများပိုင်း၍ ရောင်းချလျက်ရှိသည်။

"စတုရန်းပေ ၂,၄၀၀ ကျယ်ဝန်းတဲ့ မြေကွက်တွေကို ၂၅၅ ပေရှိတဲ့ မြေကွက် တွေအထိ ပိုင်းထား
တာတွေတောင် ရှိတယ်"ဟု ဦးရန်အောင်ကပြောသည်။ နောက်ပိုင်းကာလများအတွင်း ဈေး နှုန်း
များကျဆင်းလာသော ရွှေတောင် ကြားကဲ့သို့နေရာမျိုးတွင် မြေကွက်ကြီး များ၏ ဈေးနှုန်းမှာ
တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းမှ သုံးသိန်းကြား သာ ပေါက်ဈေးရှိတော့သည်။

သို့သော် လူနေမှုအဆင့်မြင့်သော ဆင်ခြေဖုံး လူနေရပ်ကွက်များတွင် နေထိုင်စရာနေရာ
ကျဉ်းမြောင်း လာခြင်း၊ ယာဉ်အသွားအလာ များပြားလာခြင်းတို့ကြောင့် ယခုကဲ့သို့ အထိန်း
အကွပ်မဲ့စွာ မြေကွက်များ စိတ်ပိုင်း ရောင်းချခြင်းများက ရွှေတောင်ကြားနေရာကဲ့သို့ ဈေးနှုန်း
ကျဆင်းမှု အခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်ဟု Yangon Heritage Trust ၏ ညွှန်ကြား
ရေးမှူး ဒေါ်မိုးမိုးလွင်ကပြောသည်။

"ရန်ကုန်မှာဆိုရင် အဆင့်မြင့်နေရာတွေအဖြစ် ရည်ရွယ်သတ်မှတ် ထားတဲ့ နေရာတွေရှိပါတယ်။
နောက်ပြီး ဗြိတိသျှ ကိုလိုနီခေတ်တုန်းကဆိုရင် တချို့နေရာတွေမှာ မြို့ပြဇုန်ဥပဒေ တွေ ချမှတ်
ထားတာမျိုးတွေ ရှိခဲ့ပါ တယ်။ ဥပမာဪသံတမန်အိမ်ရာတွေမှာ အိမ်ရာမြေကွက်တစ်ခုဟာ
အနည်းဆုံး ဧကတစ်ဝက်ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေတောင် ရှိခဲ့ပါတယ်။ အရိပ်အာဝါသ
ကောင်းပြီး ဆိတ်ငြိမ်တဲ့ အနီးဝန်းကျင်ရဲ့ အနေအထားကို ထိန်းသိမ်းထားနိုင်ဖို့အတွက် မြေကွက်
တစ်ကွက်ကို အများဆုံး အိမ်အရွယ် အစား ဘယ်လောက်အထိ ဆောက်ခွင့် ရှိရမယ် ဆိုတာမျိုး
တွေလည်း ရှိခဲ့ပါ တယ်"ဟု ဒေါ်မိုးမိုးလွင်က ပြောသည်။

"ဒါပေမဲ့ အခုတော့ ဒီလိုမြေကွက် တွေကို ပိုင်းပြီးရောင်းချမှုတွေကို တွေ့ လာရတယ်"ဟု ၎င်း
ကပြောသည်။ ထိုသို့ မြေကွက်များ စိတ်ပိုင်း ရောင်းချခြင်းတို့အပေါ် ထိန်းချုပ်မှု များ မရှိခြင်း၊
ဂရုတစိုက် စည်းကမ်းချမှတ်ဆောင်ရွက်မှုများ မရှိခြင်းတို့ ကြောင့် အထပ်မြင့်အဆောက်အအုံများ
ဆောက်လုပ်၍ အဆင့်မြင့်လူနေ အိမ်ရာဧရိယာများ ကျဉ်းမြောင်းလာ မည့် အခြေအနေမျိုး
ရောက်ရှိလာစေနိုင်ပြီး အိမ်ရာများမှိုလိုပေါက် အောင် များပြားလာခြင်းးတို့ကြောင့် ၎င်းအဆင့်မြင့်
လူနေဧရိယာများ၏ တန်ဖိုးမြင့်မားမှု လက္ခဏာရပ်ကိုပါ တစ်ပါတည်း ပျောက်ကွယ်သွားစေနိုင်
ကြောင်း ၎င်းက ပြောသည်။

"အခုလို အထိန်းအသိမ်းမရှိဘဲ မြေကွက်တွေ စိတ်ပိုင်းရောင်းချနေလို့ နောက်ဆိုရင် မြေကွက်ကြီး
တွေရဲ့တန်ဖိုးတွေပါ ကျဆင်းလာနိုင်တယ်။ အဆင့်မြင့်မားမှု၊ တသီးတသန့်ရှိမှုနဲ့ တိတ်ဆိတ်အေး
ချမ်းမှုဆိုတဲ့ လူနေရပ်ဝန်း တွေရဲ့ တန်ဖိုးမြင့်မားမှု လက္ခဏာရပ် တွေ ပြောင်းလဲလာရင် သူတို့
တန်ကြေး တွေဟာလည်း လျော့နည်းသွားမှာပဲ" ဟု ဒေါ်မိုးမိုးလွင်က ပြောကြား သွားသည်။

ရှေးကျသော သို့မဟုတ် အဆင့်မြင့် လူနေအိမ်ရာ ဧရိယာများတွင် မြေကွက် များ စိတ်ပိုင်းရောင်း
ချခြင်းမှာများ သောအားဖြင့် အမွေဆိုင်အိမ်များတွင် အမွေခွဲဝေမှုကိစ္စများကြောင့် ဖြစ် ပေါ်လာခြင်း
ဖြစ်သည်။၏

အမွေခွဲမှုကို ဦးစီးဦးဆောင် ဆောင်ရွက်သူများ သည် ပိုင်ဆိုင်မှုအကျိုးစီးပွားကြောင့် ရာစုနှစ်နီးပါး
သက်တမ်းရှိ ဘိုးဘွားပိုင် တန်ဖိုးမြင့် ခြံဝင်းကြီးများကို အထပ် မြင့်တိုက်ခန်းတွဲများအဖြစ် ပြောင်း
လဲ လာကြသည်။

မြေကွက်များ စိတ်ပိုင်းရောင်းချမှု များသည် တစ်နည်းအားဖြင့် အခွန်ထပ်မံ မပေးရအောင် ရှောင်
ရှားသည့် လှည့်ကွက်တစ်ခုလည်းဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။

"အစိုးရက ခွင့်ပြုမိန့်ပေးထားတဲ့ မြေပေါ်မှာနေပြီး အစိုးရကို အခွန် မဆောင်ဘူးဆိုရင် နောက်ပိုင်းမှာ
အကြွေးနဲ့ ပြန်အသိမ်းခံရနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်။ ဒါတွေဟာ ရေရှည်အတွက်
ဆိုရင် ယုံကြည်စိတ်ချမှုမရှိတဲ့ ရင်းနှီးမြှုပ်နှံ မှုပါပဲ"ဟု ၎င်းက ပြောသည်။

မြတ်ငြိမ်းအေးနှင့် ဘရစ်ဂျစ်ဒီဆာတို

မြို့စွန်ဒေသနေရာများတွင် မြေ၀ယ်ယူမည်ဆိုပါက ပိုင်ဆိုင်မှုအထောက်အထား သေချာစွာ စိစစ်ရန်လို



ရန်ကုန်မြို့စွန် ဧရိယာများတွင် ပလပ် မြေနှင့် အသုံးပြုခြင်းမရှိသေးသော စီမံကိန်းမြေနေရာလွတ်
များအား မိမိတို့ သဘောဆန္ဒအလျောက် ရောင်းဝယ်မှု ရှိနေသဖြင့် ၀ယ်ယူသူများ နစ်နာမှုများ
မရှိစေရန် အထောက်အထားနှင့် ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို သေချာစိစစ်ရန် လိုအပ်ကြောင်း
အိမ်ခြံမြေလုပ်ငန်းရှင်များက ပြော သည်။

"မြို့စွန်ဧရိယာတွေမှာ မြေ၀ယ်မယ် ဆိုရင် မြေပိုင်ဆိုင်မှုအနေအထား ကို သေချာစုံစမ်းစေချင်
တယ်။ တချို့ အရောင်းအ၀ယ်တွေက ဘယ်လိုဖြစ် နေလဲဆိုတော့ ပိုင်ဆိုင်မှုအထောက် အထား
မရှိဘူး။ ပါးစပ်ပြော ပါးစပ်ဈေး နဲ့ ရောင်းနေတာရှိတယ်။ အဲဒါမျိုးတွေ ၀ယ်ထားမိရင် အစိုးရဘက်
က စီမံကိန်း ကို စတော့မယ်ဆိုပြီး လုပ်လိုက်တဲ့အခါ မှာဖြစ်စေ၊ ဒီလို တရားမ၀င်ရောင်းဝယ်နေမှု
တွေကို ကြပ်မတ်လိုက်တဲ့အခါမှာဖြစ်စေ ၀ယ်သူနစ်နာနိုင်တယ်" ဟု မြောက်ဒဂုံမြို့နယ်အခြေစိုက်
အိမ် ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းမှ ဦးအောင်မိုးကျော်က ပြောသည်။

မြောက်ဒဂုံ၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာနှင့် လှိုင်သာယာ စသည့်မြို့နယ်များတွင် အသုံး
မပြုရ သေးသည့် မြေနေရာလွတ်များ ရှိနေပါ က အနီးဝန်းကျင်မှ နေထိုင်သူများက မိမိတို့
သဘောဆန္ဒဖြင့် မြေကွက်များ အား မြေကွက်ရိုက် ရောင်းချခြင်းများ ရှိလာကြောင်း ၎င်းက
ပြောသည်။

"နိုင်ငံတော် စီမံကိန်းအဖြစ် သတ် မှတ်ထားတဲ့ နေရာတွေမှာ အစိုးရ ကလည်း ဘာမှမလုပ်သေး
တော့ မြေ ကွက်လွတ်တွေဖြစ်နေပြီး လယ်ဝင်စိုက်နေတာ ရှိတယ်။ ခြံဝင်စိုက်နေတာရှိတယ်။
ဒါတွေက နားလည်မှုနဲ့ ဘာမှမပြောသေးတာပေါ့။ ဒါပေမဲ့ အဲ့ဒီလိုနေရာတွေမှာ လယ်စိုက်၊ ခြံ
စိုက်နေတဲ့သူတွေက မြေကွက်ရိုက် ပြန် ရောင်းနေတာတွေ ရှိလာတယ်။ ထပ်ဆင့်အရောင်းအ၀ယ်
တွေတောင် ဖြစ်နေကြတာတွေရှိတယ်" ဟု ၎င်းက ပြောသည်။

စီမံကိန်းရှိသည့် နေရာများတွင် လည်း အဆိုပါနေရာနှင့် အနီးတစ်ဝိုက် မှ မြေကွက်များပါ ကြိုက်
ရောင်းကြိုက် ၀ယ်သဘော အရောင်းအ၀ယ်ဖြစ်နေ ကြပြီး ထိုသို့ ကြားသတင်းဖြင့် ၀ယ်ယူ သည့်
မြေကွက်များမှာ ၀ယ်သူအတွက် နစ်နာမှု ရှိနိုင်သဖြင့် သေချာစိစစ်သင့်သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ချောင်းကမ်းစပ်ရှိ ပလပ်မြေအဖြစ် ထားရှိသည့်
မြေကွက်လွတ်များကို လည်း မိမိတို့သဘောဆန္ဒဖြင့် ရောင်းဝယ်နေခြင်းသည် အန္တရာယ်ရှိသည်ဟု
ဦးအောင်မိုးကျော်က ပြောသည်။

"လယ်ယာမြေတွေကို အကွက်ဖော် ပြီး ၀န်ထမ်းချထားပေးတာတွေလုပ်တော့ ချောင်းဘေးနားက
မြေတွေကို လူနေထိုင်ရန် မသင့်တော်တဲ့အတွက် အစိုးရက ပလပ်မြေဆိုပြီး ချန်ထားခဲ့တယ်။ အခု
အဲဒါတွေကိုပါ အရောင်းအ၀ယ်လုပ်နေတော့ သဘာဝဘေးအန္တရာယ်ဖြစ်လာခဲ့ရင် မကောင်းဘူး"
ဟု ဦးအောင်မိုးကျော်က ပြောသည်။ ဆင်ခြေဖုံးမြို့နယ်များတွင် မြေကွက် များကို မိမိတို့အဆင်
ပြေသလို ပိုင်းခြား ရောင်းဝယ်မှုများရှိနေပြီး လူကြိုက်နည်းသော နေရာမှ ပေ ၄၀ x ၆၀ မြေတစ်
ကွက်လျှင် အနည်းဆုံး ကျပ် ၂၅ သိန်းမှ သိန်း ၃၀ ထိပေါက်ဈေးရှိနေကြောင်း အိမ်ခြံမြေ လုပ်ငန်း
ရှင်များ က ပြောသည်။

မြို့စွန်ရပ်ကွက်များတွင် ထိုကဲ့သို့ အရောင်းအ၀ယ်များရှိနေသော်လည်း ရန်ကုန်မြို့ အိမ်ခြံမြေဈေး
ကွက်အနေအထားမှာ ယမန်နှစ် သီတင်းကျွတ် ပြီးချိန်မှစတင်ကာ အရောင်းအ၀ယ်အေးစက်လျက်
ရှိနေသေးကြောင်း စုလျှံဖြိုး အိမ်ခြံမြေအကျိုးဆောင်မှ ဦးမင်းဇော်ဦးက ပြောသည်။

"အရောင်းအ၀ယ်ကတော့ အများ ကြီး မကြားမိသေးဘူး။ ရပ်ကွက်တွေထဲ မှာတော့ အရောင်း
အ၀ယ်လေးတွေ ရှိနေနိုင်ပါတယ်။ ဈေးကွက်တစ်ခုလုံးနဲ့ယှဉ်ပြီး ပြောရရင်တော့ ၂၀၁၃ သီတင်း
ကျွတ်၊ တန်ဆောင်တိုင်နောက်ပိုင်း တောက်လျှောက်အေးနေတာပဲ" ဟု ၎င်းက ပြောသည်။

"ထန်းတစ်ပင်မြို့နယ်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်က တာဝ တက္ကသိုလ်နား၊ လှိုင်သာယာ၊
ရွှေပြည် သာစတဲ့ မြို့နယ်တွေမှာ အစိုးရ မြေလွတ်တွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြတာ
တွေ ရှိနေတာပဲ။ ကျွန်တော်တို့လည်း ကိုယ်တိုင်တွေ့နေတာပဲ" မြောက်ဒဂုံမြို့နယ်တွင် နေထိုင်
သူ ဦးကျော်ထွန်းက ပြောသည်။

နိုနိုအောင်

မြေနီကုန်း ခုံးကျော်တံတားကို တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သွားရန် ပြင်ဆင်



ရန်ကုန် ပြည်လမ်း မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်မှုကို လာမည့် ဘဏ္ဍာနှစ် ကာလ
အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးရုံး တာဝန်ရှိသူက မြန်မာတိုင်း(မ်)ကိုပြောသည်။

အဆိုပါ ခုံးကျော်တံတားတည်ဆောက်မှုကို ဂျပန်နိုင်ငံမှ ပုဂ္ဂိုလ်ရေးအရ ကူညီရန် ဆန္ဒပြုထား
သော်လည်း ယင်းအပေါ် ထပ်မံအတည်ပြုချက် တစ်စုံတစ်ရာ မရရှိသဖြင့် ယခုကဲ့သို့ တိုင်းဒေသ
ကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်သွားရန် လျာထားဆုံးဖြတ်ခဲ့သည်။

"လောလောဆယ် ဘတ်ဂျတ်ကိုတော့ ကျပ် ၁၆ ဘီလျံကနေ ၁၈ ဘီလျံကြားတင်ပြထား တယ်။
ဒါကလည်း တံတားတည်ဆောက် ရေးအတွက် အင်ဂျင်နီယာတွေ တွက်ချက်ပေးတဲ့ ကုန်ကျ
စရိတ်ပေါ် တင်ပြထားတာဖြစ် ပါတယ်"ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။

အဆိုပါ ခုံးကျော်တံတား တည်ဆောက်မှုကို ဂျပန် အစိုးရပိုင်းတာဝန်ရှိသူတစ်ဦးမှ ကူညီပံ့ပိုးပေး
ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး
ဌာန၀န်ကြီးကတစ်ဆင့် ပုဂ္ဂိုလ် ချင်း ပြောဆိုထားခဲ့ခြင်းဖြစ်ပြီး ခုံးကျော်တံတား အား ပြည်လမ်း
မဟာမြိုင်ဆေးခန်းရှေ့မှ ရှင်စောပု မီးပွိုင့်ကျော်လွန်ပြီး တည်ဆောက် သွားရန် လျာထားခြင်းဖြစ်
သည်။

ခုံးကျော်တံတားတည်ဆောက်မှု လုပ်ငန်းစဉ် အားလုံးအတွက် ဂျပန်အစိုးရတာဝန်ရှိသူဘက် က
ခုံးကျော်တံတားဒီဇိုင်းရေးဆွဲသည်မှ လုပ်ငန်းပြီးစီးသည်ထိ တာဝန်ယူသွားမည်ဖြစ်ပြီး အစိုးရအဖွဲ့
အနေဖြင့် ငွေကြေးပိုင်းတစ်စုံ တစ်ရာက ပါဝင်သွားမည်မဟုတ်ကြောင်း ဆိုထားခဲ့သော်လည်း
ထပ်မံအတည်ပြုပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

"တံတားကိုတော့ တိုင်းဒေသကြီး အစိုးရ အဖွဲ့က တည်ဆောက်မှာပါ ။ ကျွန်တော်တို့ဆီတော့
အခုထိ ဘာမှ ရောက်မလာသေးပါဘူး" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
လမ်းနှင့်တံတားဌာန ဒုတိယ ဌာနမှူး ဦးမျိုးလွင်က ပြောသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ တင်ပြထားသည့် ခန့်မှန်း ဘတ်ဂျက်
အတည်ပြုချထားပေးပါက ခုံးကျော် တံတား တည်ဆောက်ရန်အတွက် ဆောက်လုပ် ရေးလုပ်ငန်း
များကို တင်ဒါစနစ်ဖြင့် ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတား တည်ဆောက်ခြင်းလုပ်ငန်း နှင့်ပတ်သက်ပြီး ၂၀၁၃ ၂၀၁၄ ဘဏ္ဍာနှစ် အတွင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် လုပ်ဆောင်မည့် အထူးစီမံကိန်း သုံးခု အနက်
တစ်ခုအပါအ၀င်အဖြစ် ထည့်သွင်း ရေးဆွဲထားခြင်းဖြစ်ပြီး ယခင်က ဂျပန်အစိုးရ တာဝန်ရှိသူ၏
ထောက်ပံ့မှုဖြင့် ဂျပန် မြန်မာ ချစ်ကြည်ရေးအသင်းက တည်ဆောက်ပေးရန် စီစဉ်ထားခြင်းဖြစ်
ကြောင်း နိုဝင်ဘာလ ၄ ရက်က ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး
တွင် မှတ်တမ်းများ အရသိရသည်။

ဥာဏ်လင်းအောင်

၂၀၀၅ ခုနှစ်ကတည်းက မီးလောင်ခဲ့သော လှိုင် ၁၃ ရပ်ကွက် မီးလောင်ပြင်နေရာ၌ အများပြည်သူနှင့်သက်ဆိုင်သည့် စီမံကိန်းတစ်ခု အကောင်အထည်ဖော်မည်



၂၀၀၅ ခုနှစ်ကတည်းက မီးလောင်ခဲ့သော ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ လှိုင် ၁၃ ရပ်ကွက် မီးလောင်ပြင်နေရာ၌ အများပြည်သူနှင့်သက်ဆိုင်သော စီမံကိန်းတစ်ခု အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လှိုင် ၁၃ ရပ်ကွက် အိမ်ခြေ ၁၅၅၇ လုံး မီးလောင်ပျက်စီးခြင်းကြောင့် မြေကွက်လပ်ကြီးဖြစ်ကာ မူလက ယင်းနေရာအား အားကစားကွင်းလုပ်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းအာကစားကွင်းအဖြစ် ဆက်လက်အသုံးပြုခြင်း မရှိတော့ဘဲ ရှစ်နှစ်ကျော်ကြာမြင့်သည်အထိ မြေနေရာမှာ ရေများဝပ်၍ ရေအိုင်ကြီးသာ ဖြစ်နေခဲ့ကြောင်း၊ ထို့ကြောင့် ယခုမြေများဖို့ကာ မြေအသုံးပြု၍ရအောင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စတင်ပြုလုပ်နေပြီး မည်သည့်စီမံကိန်းကြီး ပြုလုပ်မည်ဆိုသည်ကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အစည်းအဝေးမှတစ်ဆင့် ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လှိုင် ၁၃ ရပ်ကွက် မီးလောင်ပြင်နေရာက ဘာမှအသုံးမပြုတဲ့အတွက် ရေအိုင်ကြီးဖြစ်နေတာပါ။ အဲဒါကို အရင်ဆုံး မြေအသုံးပြုလို့ရအောင် ပြုပြင်မှုတွေ လုပ်နေပါတယ်။ ပြုပြင်မှုတွေလုပ်ပြီးမှ ဒါကို ကော်မတီ အစည်းအဝေးမှာ တင်ပြပြီး ဘာစီမံကိန်း လုပ်မယ်ဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့စီမံကိန်းပဲ လုပ်မှာပါ။ အများပြည်သူအတွက်ပဲ အသုံးချသွားမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လှိုင် ၁၃ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “၂၀၀၅ မီးလောင်ခဲ့တုန်းကလည်း ကံကောင်းလို့ မီးထဲပါမသွားခဲ့တာပါ။ မီးလောင်ပြင်ကြီးကလည်း ရေအိုင်ကြီးအဖြစ်နဲ့ပဲ ရှိခဲ့တာကြာပါပြီ။ အခုတော့ အဲဒီနေရာမှာ မြေဖို့နေတာကို တွေ့ရတယ်။ ဒီလိုမီးလောင်ပြင်နေရာကို အများပြည်သူအတွက် အကျိုးရှိတဲ့နေရာအဖြစ် အသုံးချပေးမယ်ဆိုရင်တော့ ကောင်းတဲ့သတင်းပါ” ဟု ပြောကြားသည်။

လှိုင် ၁၃ ရပ်ကွက်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ပေါ့ဆမီးမှတစ်ဆင့် မီးလောင်ခဲ့ရခြင်းဖြစ်ပြီး အိမ်ခြေ ၁၅၅၇ လုံးမီးလောင်ခဲ့ရကာ လူဦးရေ ၆၇၅၀ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ရကြောင်း ယင်းအချိန်က ထုတ်ပြန်ခဲ့မှုအရ သိရသည်။

EMG

ဒူဘိုင်းမှာ တိုက်ခန်းတစ်ခန်းဝယ်လျှင် လမ်ဘော်ဂီနီတစ်စီး လက်ဆောင်ပေး



အမေရိကန်ဒေါ်လာ ၄၄၅ç၃၀၀ ခန့် ဈေးသတ်မှတ်ထားသော လမ်ဘော်ဂီနီအဗန်တာဒို ပြိုင်ကားသည် လူအများစုအတွက် ၀ယ်ယူရန် စိတ် မကူးရဲသည့် နှုန်းထားတစ်ခုဖြစ်သည်။သို့သော်အဆိုပါလမ်ဘော်ဂီနီကို ဒူ ဘိုင်းတွင် လက်ဆောင်ရရှိနိုင်သည် ဟု ဆိုသည်။

လမ်ဘော်ဂီနီ အဗန်တာဒို ကား သစ်တစ်စီး ရရန် ဒူဘိုင်းရှိ အကြီးဆုံး ဈေးဝယ်စင်တာနှင့် နီးသည့် နေရာ တွင် အမေရိကန် ဒေါ်လာ ၂ သန်းမှ ဈေးစတင်သတ်မှတ်ထားသော ဒါ မက်မေဆင်အထပ်မြင့်တိုက်ခန်းတစ် ခန်းကို ၀ယ်ယူရမည်ဖြစ်သည်။

ဒါမက်မေဆင်က အထပ်မြင့် တိုက်ခန်း တစ်ခန်း ၀ယ်ယူသူတိုင်း ကို ၂၀၁၄ မော်ဒယ်လ် လမ်ဘော်ဂီနီ အဗန်တာဒိုတစ်စီးလက်ဆောင်ပေးမှာ ဖြစ်ပါတယ် ဟု တိုက်ခန်းရောင်းချ သည့် ကုမ္ပဏီမှ ပြောခွင့်ရသူတစ်ဦးက ဆိုသည်။ ထို့ပြင် ၀ယ်ယူသည့် တိုက် ခန်း အရွယ်အစားပေါ် မူတည်၍ ဘီ အမ်ဒဗလျူ သို့မဟုတ် မီနီ ကူးပါး ကားသစ်တစ်စီးကို လက်ဆောင်ရယူ နိုင်သေးသည်ဟု ၎င်းင်းက ရှင်းပြသည်။

Damac Maison,The Du bai Mall Street သည် အဆင့်မြင့် ဟိုတယ်တွဲလျက် တိုက်ခန်းဆောက် လုပ်ရေး စီမံကိန်းတစ်ခုဖြစ်ပြီး အ ဆောက်အအုံဒီဇိုင်းအတွက် ဂျာမန် ဗိ သုကာ Koschany & Zimmer က တာဝန်ယူသည်။

လမ်ဘော်ဂီနီသည် တံခါးနှစ် ပေါက်မူကွဲမော်ဒယ်လ်သစ်ဈေးကွက် ထဲရောက်ရှိပြီး လအနည်းငယ် အကြာ တွင် ထူးခြားလှပသော အဗန်တာဒို ပြိုင်ကားသစ်ကို မိတ်ဆက်ပြသခဲ့ သည်။ ခေါက်သိမ်းနိုင်သည့်အမိုးနှင့် ဆန်းသစ်စွာ ထုဆစ်ထားသော ရှေ့ ဘက်ရုပ်ထွက်မှအပ ကား၏ ကျောရိုး တလျှောက်လုံးနှင့် ဆဌဂံပုံ ပြတင်း ပေါက်၊ ဘေးဘက်ဖောင်းလိုင်း တို့ သည် တံခါးနှစ်ပေါက် ကူးပေး ကား များအတိုင်းဖြစ်သည်။၆ ဒသမ ၅ လီ တာ V 12 အင်ဂျင် လေးဘီးယက် ပြိုင် ကားအမျိုးအစားဖြစ်ကာ တစ်မိနစ် အင်ဂျင်လည်နှုန်း ၈ç၂၅၀ rpm တွင် ထွက်ရှိသည့် မြင်းကောင်ရေက ၇၀၀ ဖြစ်သည်။၅ç၅၀၀ rpm တွင် ရုန်းအား ၅၀၉ ပေါင်-ပေ ကို ရရှိသည်။ သုည မိုင်မှ တစ်နာရီ မိုင် ၆၀ နှုန်းကို ၃ စက္ကန့်အတွင်း အရှိန်တင်နိုင်ပြီး အ မြင့်ဆုံး အရှိန်နှုန်းမှာ တစ်နာရီ ၂၁၇ မိုင်နှုန်းဖြစ်သည်။ စူပါပြိုင်ကား၏ဈေးနှုန်း ဒေါ်လာ ၄၄၅ç၃၀၀ တွင် ဆီ စားကြီး၍ ကောက်ခံသည့် အခွန်ငွေ အမေရိကန်ဒေါ်လာ ၃ç၇၀၀ ပါဝင်ပြီး ဖြစ်သည်ဟု သိရသည်။

Automobile

၂၀၁၅ ခုနှစ် စတော့အိတ်ချိန်း ပေါ်ပေါက်ပြီးမှ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းစေရန် လုပ်ဆောင်ပါက ငွေကြေးဈေးကွက်တွင် ကမောက်ကမ များစွာဖြစ်ပေါ်လာနိုင်



၂၀၁၅ ခုနှစ်၊ စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်ပြီးမှ မြန်မာနိုင်ငံ၏ အဆမတန် ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများကို ကျဆင်းစေရန် လုပ်ဆောင်ပါက မြန်မာ့ငွေကြေး ဈေးကွက်တွင် ကမောက်ကမများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းမှ သုံးသပ်ချက်များအရ သိရသည်။

“အစိုးရအနေနဲ့ အိမ်ခြံမြေဈေးကို ချချင်ရင် စတော့အိတ်ချိန်း မပေါ်ပေါက်မီ ချမှဖြစ်မယ်။ စတော့အိတ်ချိန်း ပေါ်ပေါက်ပြီးမှ ချမယ်ဆိုရင် စတော့ဈေးကွက်တောင် ပြိုလဲသွားနိုင်တဲ့အထိ ငွေကြေးကမောက်ကမ ဖြစ်နိုင်တယ်။ ဒီတော့ ၂၀၁၅ ခုနှစ်မတိုင်မီ လက်ရှိအစိုးရ သက်တမ်းအတွင်းမှာပဲ အိမ်ခြံမြေဈေးနှုန်းတွေကိုချမှ အဆင်ပြေပါလိမ့်မယ်” ဟု စီးပွားရေးလေ့လာသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ၊ မြို့ကြီးများတွင် ဖြစ်ပေါ်နေသော မြေဈေးနှုန်းများမှာ အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာကြီးမြင့်လျက် ရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ အခက်တွေ့လျက်ရှိသည်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့အတွင်း ရုံးခန်းငှားရမ်းခမှာ အခြေခံအဆောက်အအုံများ ပြည့်စုံပြီးဖြစ်သည့် အမေရိကန်နိုင်ငံ မန်ဟက်တန်ထက်ပင် ဈေးကြီးမြင့်လျက်ရှိကြောင်း နိုင်ငံတကာ သတင်းဆောင်းပါးများတွင် ဖော်ပြမှုများ ရှိနေသည်။

“အားကောင်းမောင်းသန် စတော့ဈေးကွက် ဖြစ်လာဖို့ဆိုရင် လက်ရှိဖွံ့ဖြိုးဆဲ နိုင်ငံတွေထက် ကြီးနေတဲ့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် ကျသွားအောင် လုပ်ဖို့လိုတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကို ငါးရာခိုင်နှုန်းအောက် ထိန်းထားနိုင်ဖို့လိုတယ်။ ဈေးကွက်စီးပွားရေးစနစ် ပီပြင်လာအောင် လုပ်ဖို့လိုသလို အခွန်စနစ် ပီပြင်အောင်လုပ်ဖို့လည်း လိုပါတယ်။ သီအိုရီအရ ဆိုရင်တော့ စတော့ဈေးကွက်နဲ့ အိမ်ခြံမြေဈေးနှုန်းက တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ၀င်ငွေဖော်ပြရန်မလိုဘဲ အခွန်ကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချထားခဲ့ခြင်းကြောင့် ငွေကြေးခ၀ါချလိုသူများ၊ အခွန်ရှောင်လိုသူများ၊ ၀င်ငွေရလမ်း မဖော်ပြလိုသူများက အိမ်ခြံမြေဈေးကွက်ထဲသို့ အလုံးအရင်းနှင့် ၀င်ရောက်မြှုပ်နှံခဲ့ကြသည်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် အိမ်ခြံမြေ အခွန်များကို ၃၇ ရာခိုင်နှုန်းအတိုင်း ထားရှိသွားမည်ဟု ကြေညာချက်ထုတ်ခဲ့သလို အောက်တိုဘာမှစတင်ကာ ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ တစ်ပေပတ်လည် နှုန်းထားများကို သတ်မှတ်ကောက်ခံခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းမှာ အခွန်ဆုံးရှုံးမှုများကို ကာကွယ်ရန်ဖြစ်ကြောင်း သိရသည်။

ထိုသို့မြေဈေးသတ်မှတ်မှု၊ အခွန် ၃၇ ရာခိုင်နှုန်း ပေးဆောင်စေမှုတို့ကို ပြုလုပ်သော်လည်း အိမ်ခြံမြေဈေးနှုန်းများမှာ ကျဆင်းသွားခြင်း မရှိကြောင်း ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာစေရန် ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ စတော့အိတ်ချိန်းတွင် ပြည်သူအများ ယုံကြည်မှုရရှိစေရန်မှာ အစိုးရအနေဖြင့် ခိုင်မာသည့် အခြေခံအဆောက်အအုံများကို ဦးစွာတည်ဆောက်ရမည်ဖြစ်ပြီး ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ဥပဒေများ၊ အဖွဲ့အစည်းများ ခိုင်မာအသက်ဝင်စေရန် ဆောင်ရွက်ရမည်ဟု စတော့အိတ်ချိန်း ပေါ်ပေါက်စေရေးအတွက် ကူညီလုပ်ဆောင်ပေးလျက်ရှိသည့် ဂျပန်ပညာရှင်များ အသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက်မကျော်စေဘဲ မကြာမီရောင်းချမည်



ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

“ရွှေလင်ဗန်းမှာ အိမ်ရာတွေရောင်းဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးနေကြပါပြီ။ တန်ဖိုးကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမှာပါ။ ခုမှစီစဉ်တုန်းပဲ” ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမပေါ်၊ ရွှေလင်ဗန်းချောင်း၏ မြောက်ဘက်တွင် တည်ရှိကြောင်း၊ စီမံကိန်းတစ်ခုလုံး၏ အကျယ်အ၀န်းမှာ ဧက ၂၀ ကျော်ရှိကြောင်း၊ သို့သော်လည်း အဆိုပါဧက ၂၀ ကျော်ကို အပိုင်းလေးပိုင်းခွဲကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ တည်ဆောက်ခဲ့မှုမှာ အချို့မှာ ယခုလကုန်တွင် ပြီးစီးတော့မည်ဖြစ်ပြီး မကြာမီရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခုကတော့ ပထမဆုံး အပိုင်းထဲမှာ ၃၂ လုံး စဆောက်တာ။ ၃၂ လုံးမှာမှ ၁၀ လုံးက အရင်ပြီးမှာ။ ၁၀ လုံးကို ဒီလကုန်ပြီးမှာပေါ့။ ခြောက်ခန်းတွဲ လေးထပ်တိုက်တွေ ဖြစ်ပါတယ်။ တည်ဆောက်မှုကို မြို့ရွာနဲ့အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက PAE စနစ်နဲ့ တည်ဆောက်တာဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပွင့်လန်းလာသည့် ရန်ကုန်မြို့၏ စီးပွားရေး အခွင့်အလမ်းများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အများအပြား ၀င်ရောက်လာခြင်း၊ လူမှုစီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကြောင့် နိုင်ငံတစ်ဝှမ်းမှ လုပ်သားများ ရွှေ့ပြောင်းအခြေချလာခြင်းတို့ကြောင့် ရန်ကုန်မြို့တော်၏ လူဦးရေသည် ယခင်ကထက် သိသိသာသာ တိုးတက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသည်။

“ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ ရောင်းချဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ညှိပြီးတော့ ဘယ်သူတွေကို ရောင်းချပေးမယ် ဆိုတာကအစ စီစဉ်နေတုန်းပါပဲ။ ၀န်ထမ်းတွေကို အဓိကထားတာလား။ အားလုံးအတွက်လား အသေးစိတ် မသိရသေးပါဘူး” ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ရန်ကုန်မြို့နေ ပြည်သူများနေရေး အဆင့်မြှင့်တင်နိုင်ရန်အတွက် အိမ်ရာလိုအပ်ချက်နှင့် အိမ်ရာထုတ်လုပ်ရေးသည် အရေးတကြီး လိုအပ်နေသည့်လုပ်ငန်း ဖြစ်သည့်အားလျော်စွာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ပေါ်ပေါက်လာစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။


ပြောင်းလဲမှုများစွာနဲ့၊ရန်ကုန်မြို့ရဲ့၊၂၀၁၃၊ခုနှစ်၊အိမ်ခြံမြေဈေးကွက်

၂၀၁၃ ခုနှစ်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေကြောင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ သာမက ပြည်ပနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ပါ ယခုနှစ်အတွင်း သိသိသာသာ များပြားလာခဲ့ပါတယ်။

ဒီလို တိုးတက်များပြားလာတဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အချက်အချာကျတဲ့ ရန်ကုန်မြို့က မြေ နေရာလိုအပ်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ တိုးသထက် တိုးလာတာခဲ့ပါတယ်။

အဲဒီလို မြေနေရာလိုအပ်မှု တွေကြောင့် ရန်ကုန်တစ်မြို့လုံးရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၃ ခုနှစ် မှာ ၅၀ ရာခိုင်နှုန်းလောက်အထိ ပိုမို ကောင်းမွန်လာတဲ့အကြောင်း ရန်ကုန်အခြေစိုက် အတွေ့ အကြုံရင့် အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

"ဒီနှစ်က ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ်ကုန် အိမ်ခြံမြေဈေးကွက် ကောင်းမွန်ခဲ့တယ်။ အိမ်ခြံမြေဈေးနှုန်းတွေကလည်း အရင်နှစ်တွေထက် ၅၀ ရာခိုင်နှုန်း လောက်ကို မြင့်တက်ခဲ့ တယ်။ အရောင်းအ၀ယ်ကလည်း ဒီနှစ် မှာ ရန်ကုန်တိုင်းတစ်တိုင်းလုံးနီးပါး ကောင်းခဲ့တယ်။ ဈေးတွေ ဘယ် လောက် တက်တက် မြို့နယ်တိုင်းမှာ အိမ်ခြံမြေ တွေ အရောင်းအ၀ယ်ဖြစ်တယ်" လို့ ရွှေကံမြေ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောပါ တယ်။

ဒီလို အိမ်ခြံမြေ အရောင်းအ၀ယ်ကောင်းမွန်မှုတွေထဲကမှ လယ်မြေနဲ့ ဥယျာဉ်ခြံတွေရဲ့ အရောင်း အ၀ယ်က ပိုများခဲ့ပြီး ကွန်ဒိုတိုက်ခန်း ငှားရမ်းမှုနှုန်း တွေကလည်း ဒီနှစ်မှာ သိသိသာသာ မြင့် တက်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့ပြင်ဆင်ခြေဖုံးဒေသတွေမှာ လယ်မြေ၀ယ်လိုမှုတွေ မြင့်တက် ခဲ့ပြီး ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေ ရာတွေမှာတော့ လုံးချင်းနဲ့ ကွန်ဒို တိုက်ခန်းတွေရဲ့ ဈေးနှုန်းတွေ မြင့် တက်ခဲ့ပါတယ်။

အခုလို မြေဈေးနှုန်းမြင့်တက်ခဲ့မှု တွေက ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာပြုလုပ်မယ့် စီမံ ကိန်းတွေကြောင့် သက်ဆိုင်ရာနေရာတွေမှာရှိတဲ့ မြေကွက်ဈေး တန်ဖိုးတွေ မြင့်တက်ခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုတွေကြောင့် ၀ယ်လိုအားပါ မြင့်တက်ခဲ့ ပါတယ်။

အထူးသဖြင့် ရန်ကုန်မြို့ရဲ့ အထူး စီးပွားရေးဇုန်ဖြစ်တဲ့ သီလ၀ါစီမံကိန်းရှိတဲ့ သန်လျင်မြို့နယ်က သီလ၀ါဆိပ်ကမ်းနဲ့ ဇုန်နေရာတို့က လယ်မြေဈေးတွေက ဒီနှစ်အတွင်းမှာ ဆယ်ဆခန့် မြင့်တက် ခဲ့တယ်လို့ အိမ်ခြံမြေလုပ်ငန်း ကျွမ်း ကျင်သူများက ပြောပါတယ်။

သီလ၀ါဆိပ်ကမ်း နေရာက မြေ ဈေးနှုန်းတွေက တစ်ဧကကို ကျပ် သိန်းသုံးထောင်ကျော်လောက် အထိ ဈေးပေါက်ခဲ့ပါတယ်။ စီမံကိန်းမစခင် အချိန်က အဲဒီနေရာတွေရဲ့ လယ်မြေဈေးနှုန်းတွေက ကျပ်သိန်းရာကျော် ၀န်းကျင်လောက်ပဲ ရှိရာကနေ စီးပွားရေး အထူးစီမံကိန်းကြောင့် အရောင်း အ၀ယ်ရော ဈေးနှုန်းပါ တစ်ဟုန်ထိုး မြင့်တက်ခဲ့ရတာပါ။ သီလ၀ါဆိပ်ကမ်းလိုပဲ ရန်ကုန်မြို့ရဲ့ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ဒလမြို့ရဲ့ အိမ်ခြံမြေဈေးနဲ့ ၀ယ်လိုအားက မြင့်တက်ခဲ့မှုကလည်း ဒီနှစ် အိမ်ခြံမြေဈေးကွက်ရဲ့ ထူးခြားတဲ့ လှုတ်ခတ်မှုထဲ မှာ မပါမဖြစ်ရှိနေတဲ့ အပြောင်းအလဲတစ်ခု ဖြစ် ခဲ့ပါတယ်။

ဒလမြို့နဲ့ ရန်ကုန်မြို့ကို မြစ်ကူးတံတား တည်ဆောက်မယ်ဆိုတဲ့ သတင်းစကားက ဒလမြို့ရဲ့ အိမ်ခြံ မြေဈေးကွက်ကို များစွာပြောင်းလဲ စေခဲ့ပါတယ်။ ဒါပေမဲ့ မြစ်ကူးတံတား တည်ဆောက်မှု က ချက်ချင်း အကောင်အထည် ပေါ်မလာခဲ့တဲ့ နောက်ပိုင်းမှာတော့ ဒလမြို့အိမ်ခြံမြေဈေးကွက် က ပြန်ပြီးထိုးကျခဲ့တယ်လို့ ဦးခင်မောင်အေးက ပြောပါတယ်။

"ဒလမြို့ဆိုလည်း တံတားထိုးမယ် ဆိုတာနဲ့ မြေဈေးတွေ ဆယ်ဆလောက် ကို မြင့်တက်သွား တယ်။ နောက်ပိုင်း မထိုးဖြစ်တော့ဘူးလို့ ပြန်သတင်းထွက် တော့ ထက်ဝက်လောက် ပြန်ကျ သွား တယ်။ ဒါပေမဲ့ ဈေးတက်နေတဲ့အချိန်တုန်းကတော့ အဲဒီကလယ်မြေတွေကို ၀ယ်မယ့်သူ တွေ အပြည့်ရှိပါတယ်" လို့ သူက ပြောပါတယ်။

ဒလမြို့မှာ လယ်မြေနဲ့ အိမ်ခြံတွေ ၀ယ်ပြီး ရင်းနှီးမြှုပ်နှံကြဖို့အတွက် ရန်ကုန်မြို့ကနေ သွားရောက် လေ့လာ တဲ့သူ တစ်နေ့ကို အယောက် နှစ်ဆယ်လောက်ထိ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း လယ် မြေဈေးတွေ ကလည်း အရင်က တစ်ဧကကို ကျပ်သိန်း တစ်ရာကျော်ဝန်းကျင်ကနေ သိန်း ၁,၃၀၀ ထိ အဆမတန် ဈေးတွေ တက်ခဲ့ ပါတယ်။

သီလ၀ါနဲ့ ဒလတို့လို မြေဈေး တွေမြင့်တက်တဲ့ တခြားမြို့စွန် မြို့နယ်တွေကတော့ မြို့သစ်လေး မြို့ နယ်ဖြစ်တဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)နဲ့ ဒဂုံ ဆိပ်ကမ်း မြို့နယ် တွေ ဖြစ်ပါတယ်။

ဒီမြို့သစ်လေးမြို့နယ်က အိမ်ရာ စီမံကိန်းတွေ ဒဂုံစက်မှုဇုန်စီမံကိန်းတွေနဲ့ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်မှုတွေနဲ့အတူ အိမ်ခြံမြေဈေးတွေက ဒီနှစ်အတွင်းမှာတစ်စတစ်စ မြင့်တက်ခဲ့ပြီး နောက်ထပ်လည်း မြင်တက်နိုင် မယ့် အလားအလာတွေရှိတယ်လို့ စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက မန်နေဂျာဖြစ်တဲ့ ဦးရန်အောင်က ပြောပါတယ်။

"ဒီနှစ်အိမ်ခြံမြေဈေးက မြောက်ဒဂုံ နဲ့ စီမံကိန်းရှိတဲ့ နေရာတွေမှာ ဈေးတက်တယ်။ အစိုးရကအောက်တို ဘာလမှာ ထုတ်ပြန်တဲ့ တစ်ပေပတ်လည် အခွန်ဆောင်ရတဲ့နှုန်းတွေ ကြောင့် နောက်ပိုင်းမှာ မြေကွက်တွေ တော့ အရောင်းအ၀ယ် ပြန်အေးခဲ့ပါ တယ်။ ဒါပေမဲ့ တစ်နှစ်လုံး ခြုံကြည့်ရရင် အိမ်ခြံမြေဈေးက မာလာပါတယ်။ အရောင်းအ၀ယ် အေးပေမယ့် ဈေး မကျဘူး" လို့ သူကပြောပါတယ်။

ရန်ကုန်မြို့နဲ့ အလှမ်းဝေးတဲ့ မြို့စွန် ဒေသမြို့နယ်တွေဖြစ်ကြတဲ့ မြောက် ဒဂုံဘက်နဲ့ အရှေ့ဒဂုံမြို့ နယ်တွေရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ မြေဈေးတွေက စတုရန်းပေ ၂,၄၀၀ တစ်ကွက်ကို ကျပ်သိန်း လေးထောင်ကနေ ငါးထောင်အထိ ဈေးတွေမြင့် တက်ခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ မြေဈေးတွေက မြို့စွန် နေရာတွေသာမကဘဲ မြို့တွင်းအချက် အချာကျတဲ့ နေရာ တွေဖြစ်တဲ့ ရွှေတောင်ကြား၊ ပြည်လမ်းနဲ့ ဗဟန်း မြို့နယ်တွေမှာဆိုရင် စတုရန်းပေ ၂,၄၀၀ မြေ တစ်ကွက်ကို ကျပ်သိန်းတစ်သောင်းခွဲထိ ဈေးတွေမြင့်တက်ခဲ့တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တွေ က ပြောပါတယ်။

နောက်ပြီး ဒီနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း သိသိသာသာ ၀င်ရောက်လာခဲ့ပြီး နိုင်ငံ ခြားသားဝင်ရောက်မှုနှုန်းပါ မြင့်တက်ခဲ့တဲ့အတွက် ကွန်ဒိုတိုက်ခန်း ငှားရမ်းမှုနှုန်းလည်း မြင့်တက် ခဲ့ပြီး ယခင်ဈေးထက် သုံးဆယ်ရာခိုင်နှုန်းလောက် မြင့်တက် ခဲ့တယ်လို့ ဦးရန်အောင်က ပြောပါ တယ်။

နောက်ပြီး နိုင်ငံခြားသားတွေအတွက် ကွန်ဒိုတိုက်ခန်း အဆောက်အအုံတွေမှာ ခြောက်လွှာနဲ့ အထက် အခန်းတွေကို ပိုင်ဆိုင်ခွင့်ရမည်ဆိုတဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြည်သူ့ လွှတ်တော် မှာ အဆိုပြုတင်သွင်းခဲ့တဲ့ ကွန်ဒိုဥပဒေမူကြမ်းကြောင့် ၂၀၁၃ ခုနှစ်အတွင်းမှာ တက်လက်စ ကွန်ဒို တိုက်ခန်းဈေးတွေကို ပိုတက်လာ အောင် တွန်းအားပေးလိုက်သလို ဖြစ်ခဲ့ ရပါသေးတယ်။

နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံက အိမ်ရာတွေကို နိုင်ငံခြားသားတွေအတွက် ပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်းထိ ခွင့်ပြုမပေးခဲ့ပေမယ့် ကွန်ဒိုတိုက်ခန်းဝယ်ယူနိုင်မှုကိုပထမဆုံးအနေနဲ့ ခွင့်ပြု ပေး ခဲ့ခြင်းက နိုင်ငံခြားသားတွေရဲ့ မြန်မာ့နိုင်ငံက အိမ်ခြံမြေဈေးကွက် ကို စိတ်ဝင်စားမှုကို ပိုမိုရရှိစေ ခဲ့တာ လည်း ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေ ၀င်ရောက်မှု များပြားလာတာနဲ့အတူ ရန်ကုန်မြို့ လယ်ကောင်ရဲ့ အချက်အချာ ကျတဲ့နေရာတွေက ကွန်ဒို၊ တိုက်ခန်းနဲ့ ရုံးခန်းငှားရမ်းမှုတွေပါ လိုက်ပြီး မြင့်တက်လာခဲ့ပါတယ်။ ဒီလိုမြင့်တက်လာတဲ့ ငှားရမ်းမှုကြောင့်လည်း ရန်ကုန် မြို့ရဲ့ ရုံးခန်းငှားရမ်းမှုပုံစံတောင် ပြောင်းလဲ လာတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ ရုံးခန်းငှားရမ်းနှုန်းက လွန်ခဲ့တဲ့ သုံးနှစ်လောက်နဲ့ယှဉ်ရင် အဆရှစ်ရာလောက် မြင့်တက်လာပြီး ငှားရမ်းမှုနှုန်းကလည်း ငါးဆယ် ရာခိုင်နှုန်းလောက် မြင့်တက် လာတယ်လို့ မြပန်းသခင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက အကြီးတန်းအကျိုးဆောင်ဖြစ်တဲ့ ကိုမင်းမင်းစိုးက ပြောပါတယ်။

နောက်ပြီး ရန်ကုန်မြို့မှာ ရုံးခန်းလိုအပ်မှုမြင့်တက်လာမှုပေါ် အခြေခံပြီး ၀န်ဆောင်မှု ကောင်း ကောင်းပေးနိုင် တဲ့ စီးပွားရေးစင်တာ အဆောက်အအုံ တွေလည်း များပြားလာတာကို တွေ့ရ ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား ကုမ္ပဏီရုံးခွဲတွေ ၀င်ရောက်ခြင်းနဲ့ အတူ ပြည်တွင်း စီးပွားရေး တိုးတက်လာမှုတွေကြောင့် ရန်ကုန်မြို့လယ်ကောင်က မြို့နယ် ခြောက်မြို့နယ်မှာ လည်း ကွန်ဒိုနဲ့ တိုက်ခန်းငှားရမ်းမှု တွေက သိသိသာသာ မြင့်တက်ခဲ့တယ် လို့ အကျိုးဆောင် တွေက ပြောပါတယ်။

အခုလို ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးကွက်က မြို့နယ်ကုန်နီးပါး ဈေးနှုန်းမြင့်တက်ခဲ့ပြီး အရောင်း အ၀ယ် ကောင်းမွန်ခဲ့ပေမယ့်လည်း အောက်တိုဘာလ ၁ ရက်နေ့က နိုင်ငံတော် အစိုးရက တစ်ပေပတ်လည် မြေအခွန် ဆောင်နှုန်းများ သတ်မှတ်ခဲ့တဲ့ နောက်ပိုင်းမှာတော့ အိမ် ခြံ မြေ အရောင်းအ၀ယ်တွေ ပြန်ပြီး အေးစက် ခဲ့ပါတယ်။ နိုင်ငံတော်က အိမ်ခြံမြေဈေးနှုန်း သင့်တင့် မျှတစေဖို့ မြေအခွန်နှုန်း ထားကို ဘယ်လိုပဲသတ်မှတ်ခဲ့ပေမယ့် ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်း တွေ ကတော့ တင်းမာဆဲဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်ထိ ဆက်ပြီး ဈေးနှုန်း တွေ ကောင်းမွန်လိမ့် မယ်လို့ အိမ်ခြံ မြေ အကျိုးဆောင် လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။

တကယ်လို့များ နိုင်ငံတော်အစိုးရက အိမ်ရာသစ်တွေ မြေယာသစ်တွေ တန်ဖိုးနည်းအိမ်ရာတွေ အခုထက်ပိုပြီး ဖန်တီးတည်ဆောက်ပေးနိုင်မယ်ဆိုရင်တော့ ရန်ကုန်မြို့ရဲ့အိမ်ခြံမြေဈေးနှုန်း အဆ မတန်မြင့်တက်နေမှုကို ထိန်းပေးရာ ရောက်မယ့်အကြောင်း အိမ်ခြံမြေလုပ်ငန်းနယ်ပယ်မှာ ကျွမ်း ကျင်သူဖြစ်တဲ့ ဦးခင်မောင်အေးက ပြောပါတယ်။ "ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ် ရန်ကုန် မြို့ရဲ့ အိမ်ခြံ မြေဈေးနှုန်းက အမြင့်ဈေး မှာပဲ ရှိနေတယ်။

အရောင်းအ၀ယ် ကလည်း အပေါ်တန်းမှာပဲ ရှိတယ်။ လာမယ့်နှစ်တွေမှာလည်း ဆက် ကောင်းဖို့ အခြေအနေ ရှိပါတယ်။ နိုင်ငံတော်အစိုးရက အိမ်ရာသစ်တွေ မျာများလုပ်ပေးမယ် ဆိုရင်တော့ ဈေးနှုန်းတွေကျသွားနိုင်ပါတယ်" လို့ သူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ကျွမ်းကျင်သူတွေ ခန့်မှန်းတဲ့အတိုင်း ဖြစ်လာမလာကိုတော့ လာမယ့် နှစ်သစ် ၂၀၁၅ မှာ စောင့် ကြည့်ရတော့ မှာပဲ ဖြစ်ပါတော့တယ်။ သေချာတာတစ်ခုကတော့ အိမ်ပိုင် မြေပိုင်နဲ့ မြို့ စွန်မြို့နယ် တွေမှာ အခြေချနေထိုင် ဖို့ ရသမျှငွေကို ချွေတာစုဆောင်းပြီး ၀ယ်ယူဖို့ကြိုးစားနေတဲ့ သူတွေအဖို့ တော့ စီးပွားရေးလုပ်ငန်းတစ်ခုလို သဘောထားပြီး ဈေးကစားနေတဲ့သူတွေရှိနေသရွေ့ လိုက်လေ ဝေးလေ ဖြစ်နေဦးမှာပဲ ဖြစ်ပါတော့တယ်။

https://www.facebook.com/phoenixestate
မြတ်ငြိမ်းအေး



ရန်ကုန်မြို့ရှိ ၅၁ လမ်းအိမ်ရာကို လူနေအိမ်ခန်းများ ပါဝင်သည့် အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်လျက်ရှိရာ မူလတိုက်ခန်း နေသူများကို ၂၀၁၄-၁၅ ကျောင်းဖွင့်ရာသီအမီ ပြန်လည်နေရာချထားမည်


အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်နေသည့် မူလ ၅၁ လမ်း ပြည်သူ့အိမ်ရာကို တွေ့ရစဉ်

ရန်ကုန်မြို့ရှိ ပြည်တော်သာခေတ် ၅၁ လမ်းအိမ်ရာ စီမံကိန်းကို အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရာ၌ လူနေအိမ်ခန်းများ ပါဝင်သည့် အထပ်မြင့် အဆောက်အအုံများအဖြစ် ပြန်လည်အဆင့်မြှင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ၅၁ လမ်းအိမ်ရာ စီမံကိန်းတွင် ခန့်မှန်းခြေအားဖြင့် အိမ်ခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်မည်ဖြစ်ကာ ၂၀၁၅ ခုနှစ် ဇွန်လအပြီး တည်ဆောက်ရန် လျာထားကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

“ပြည်တော်သာခေတ် ၅၁ လမ်းအိမ်ရာကို အထပ်မြင့် အဆောက်အအုံအဖြစ် အဆင့်မြှင့်ရာမှာ Apartment တွေကို ဦးစားပေးတည်ဆောက်မှာ ဖြစ်ပါတယ်။ ရေကူးကန်၊ Gym နဲ့ စာကြည့်တိုက် စတာတွေပါဝင်မယ်။ အခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ၂၀၁၅ ဇွန်လမှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ ၅၁ လမ်း ပြည်သူ့အိမ်ရာကို ၁၉၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေ ၂ ဒသမ ၄၈၆ ဧက ကျယ်ဝန်းပြီး ရှစ်ခန်းတွဲ လေးထပ်တိုက်ခုနစ်လုံးရှိပြီး အိမ်ထောင်စု ၂၂၄ စု နေထိုင်ခဲ့ကြောင်း သိရသည်။

“ဒီစီမံကိန်းမှာ အရင်တုန်းက ဟိုတယ်စီမံကိန်း ပါဝင်ပါတယ်။ နောက်ပိုင်းမှာ ဟိုတယ်မပါတော့ဘဲ Apartment တွေကိုပဲ ဦးစားပေး တည်ဆောက်သွားမှာပါ။ ဒီလို တည်ဆောက်ရာမှာ မူလတိုက်ခန်း နေထိုင်ခဲ့တဲ့ ပြည်သူတွေကို နေရာပြန်လည် ချထားဖို့ကို အရေးကြီးတဲ့အတွက် အဲဒါကို ဦးစားပေး တည်ဆောက်လျက် ရှိပါတယ်။ အခု ဦးစားပေးဆောက်နေတဲ့ အပိုင်းကို ၂၀၁၅ အစပိုင်းမှာ အပြီးတည်ဆောက်ပြီး ဧပြီလကုန်မှာ အခန်းနေထိုင်သူတွေ တင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ၂၀၁၅ ကျောင်းဖွင့်ရာသီအမီ ပြန်လည်နေရာချထားနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါအိမ်ရာ အဆင့်မြှင့်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မဟာန၀ရတ်မြေေ ဆာက်လုပ်ရေးမှ မန်နေးဂျင်းဒါရိုက်တာ ဦးနိုင်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါအိမ်ရာ စီမံကိန်းအား အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရာ၌ လတ်တလောတွင် မူလတိုက်ခန်း နေထိုင်သူများအတွက် ဦးစားပေး တည်ဆောက်လျက်ရှိကာ ယင်းတို့ပြီးမှသာ ကျန်အဆောက်အအုံများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း( အသေးစိတ်အချက်အလက်များ)


ကြေးမုံသတင်းစာ - ( ၄-၁-၂၀၁၄)




ရန်ကုန်တိုင်းဒေသကြီး - ဒဂုံမြို့သစ် (မြောက်ပိုင်းမြို့နယ်) - ၄၈ ရပ်ကွက် - ဗိုလ်မှူးဗထူးလမ်းဘေးရှိမြေကွက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဗိုလ်မှူးဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်းတွင် (၄)ခန်းတွဲ (၈)ထပ်တိုက် (၁၄)လုံး ဆောင်ရွက်လျက်ရှိရာ အောက်ယှဉ်တွဲဖော်ပြပါ အခန်းအရေအတွက် နှင့် ဈေးနှုန်းများအတိုင်းရောင်းချမည်ဖြစ်ပါသည်...

(က) U 900 အမျိုးအစားတွင်

Type A ၉၂၇ စတုရန်းပေ (၉၀)ခန်းရှိပြီး (၁)ခန်းလျှင် - ကျပ် (၃၄၇) သိန်း

Type B ၈၇၇ စတုရန်းပေ (၆)ခန်းရှိပြီး (၁)ခန်းလျှင် - ကျပ် (၃၂၉) သိန်း

(ခ) U 600 အမျိုးအစားတွင်

Type A ၆၁၄ စတုရန်းပေ (၃၃၀)ခန်းရှိပြီး (၁)ခန်းလျှင် - (၂၅၅) သိန်း

Type B ၅၆၅ စတုရန်းပေ (၂၂)ခန်းရှိပြီး (၁)ခန်းလျှင် - (၂၃၇) သိန်း

အဆိုပါတိုက်ခန်းများအား နည်းလမ်း(၂)သွယ်ဖြင့်ရောင်းချရန်ဖြစ်ပြီး နည်းလမ်း (၁) အရစ်ကျဝယ်ယူမှု ။ နည်းလမ်း (၂) ဘဏ်ချေးငွေဖြင့် ဝယ်ယူမှု တို့ဖြစ်သည် ။ ဘဏ်ချေးငွေမှာ (၄)နှစ် အများဆုံးသက်မှတ်ထားပါသည် ။

https://www.facebook.com/phoenixestate


တိုက်ခန်းဝယ်ယူသူအနေဖြင့် အောက်ပါအတိုင်း လျှောက်ထားရမည် ဖြစ်ပါသည် ။

(က) အစိုးရဝန်ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး (၂၀) နှစ်ရှိရမည်ဖြစ်ပြီး အမှန်တကယ် နေထိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနအကြီးအကဲထောက်ခံချက်ပါရှိရမည်ဖြစ်သည် ။

(ခ) အခြားလျောက်ထားမည့်သူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူ အိမ်ထောင်ဦးစီးဖြစ်ရပါမည် ။

(ဂ)လျောက်ထားမည့်သူ၏မိသားစု လစဉ်ဝင်ငွေသည် အနည်းဆုံးကျပ် (၃) သိန်း ရှိရပါမည် ။

ဗိုလ်မှူးဗထူးမျှတအိမ်ယာစီမံကိန်းအား ၂၀၁၃ ခုနှစ် မေလတွင် စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကာလ (၂) နှစ်ကြာမြင့်မည်ဖြစ်ပါသည် ။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူလူထုသို့ကြိုတင်ရောင်းချမည်ဖြစ်သဖြင့် ပူးတွဲဖော်ပြပါ စည်းကမ်းချက်များနှင့်ကိုက်ညီသူများသည် ၃၁.၁.၂၀၁၄ ရက်နေ့ နောက်ဆုံးထား၍ ဌာနမှူး ။ အင်ဂျင်နီယာဌာန (အဆောက်အအုံသို့ ) ကိုယ်တိုင်ရေးလက်ရေးမူ လျှောက်လွှာဖြင့် လျှောက်ထားရမည်ဖြစ်ပြီး လက်ရေးနမူနာပုံစံနှင့် ပူးတွဲရမည့် အချက်များအား အင်ဂျင်နီယာဌာန (အဆောက်အအုံ)မြေညီထပ်ကြော်ငြာဘုတ်တွင် ကပ်ထားပေးမည်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ်ပါသည် ။

https://www.facebook.com/phoenixestate



(စည်းကမ်းချက်များ)
အခန်းဝယ်ယူရန်လျှောက်ထားမည့်သူတွင်ကိုက်ညီမှုရှိရမည့်အချက်အလက်များ
===========================================

၁။ လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။

၂။ လျှောက်ထားချိန်တွင် အသက် ( ၂၅ ) နှစ်ထက်မငယ်ရ။

၃။ လျှောက်ထားမည့်သူသည်မိသားစုတွင်အဓိကပါဝင်မည့်သူများအား သတ်မှတ်၍ လျှောက်လွှာတွင် ဖော်ပြရပါမည်။

အောက်တွင် ဖော်ပြထားသော အစီအစဉ်များထဲမှ တစ်ခုတွင် လျှောက်ထားသူ၏မိသားစုတွင် အဓိကပါဝင်သူများအား သတ်မှတ်ရပါမည်။

အများပြည်သူ ---- သင် ၊ လျှောက်ထားသူနှင့်
အများပြည်သူ ---- သင်၏ ခင်ပွန်း / ဇနီး နှင့် သားသမီးများ (ရှိခဲ့ပါက )
အများပြည်သူ ---- သင်၏ မိဘ နှင့် ညီအစ်ကိုမောင်နှမများ (ရှိခဲ့ပါက )
အများပြည်သူ ---- သင်၏ အုပ်ထိန်းမှုအောက်တွင် ရှိနေသောသားသမီးများ (မုဆိုးမ ၊ မုဆိုးဖို နှင့် ကွာရှင်းသူများ)
အများပြည်သူ ---- သင် ၊ လျှောက်ထားသူ နှင့် လက်မထပ်သေးရသည့် ညီအစ်ကိုမောင်နှမများ

၎။ လျှောက်ထားမည့်သူ မိသားစု၏ ပျမ်းမျှလစဉ်ဝင်ငွေ စုစုပေါင်းသည် ( ၃.၀ သိန်း ) ထက် မကျော်ရ။ အကယ်၍ ဆွေမျိုးများပါသော မိသားစုဝင်များ နေထိုင်ရန်အတွက် ၀ယ်ယူမည်ဆိုပါက စုစုပေါင်း လစဉ်ဝင်ငွေမှာ ( ၇.၀ သိန်း ) အောက်ရှိရပါမည်။ ၄င်းဝင်ငွေများအတွက် ခိုင်လုံသော အထောက်အထား တင်ပြရမည်။ ၄င်းလိုအပ်ချက်များအား သတ်မှတ်ရခြင်းမှာ ၄င်း တန်ဘိုးမျှတအိမ်ရာတွင် အမှန်တကယ် အိမ်လိုအပ်သူများအား နေထိုင်စေလိုသောကြောင့် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းအိမ်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရမှ ထောက်ပံ့ပေးထားသောကြောင့် ဖြစ်ပါသည်။

၅။ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများသည် ၄င်းတို့၏ စုဆောင်းငွေဖြင့် အရစ်ကျ လက်ငင်းငွေချေ စနစ်ဖြင့် ၀ယ်ယူခွင့်ရှိသည်။ မိသားစုဝင်များ၏ ၀င်ငွေဖြင့်လည်း ချေးငွေစနစ်ဖြင့် ၀ယ်ယူနိုင် ပါသည်။

၆။ ချေးငွေစနစ်ဖြင့် ၀ယ်ယူလိုပါက လျှောက်ထားသူသည် ၄င်းနှင့် ၄င်း၏ မိသားစုဝင်များ၏ လစဉ်ဝင်ငွေအတွက် တိကျခိုင်မာသော အထောက်အထားအား တင်ပြရမည် ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်း (သို့)ကုမ္ပဏီဝန်ထမ်းများအတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲ ထောက်ခံချက်အား ပူးတွဲတင်ပြရမည်။ ယင်းထောက်ခံချက်သည် ၄င်းဝန်ထမ်း၏ ၀င်ငွေနှင့်ပတ်သက်၍ အခန်းတန်ဘိုး အကြေအလည် ပေးဆောင်ပြီးချိန်အထိ တာဝန်ယူရမည် ဖြစ်ပါသည်။

၇။ လျှောက်ထားသူနှင့် လျှောက်လွှာတွင် ဖော်ပြထားသော ပိုင်ဆိုင်ခွင့်ရှိသူ (သို့) ၄င်း၏ မိသားစုဝင်များသည် အခြားအိမ်ခန်း၊ အိမ်နှင့်မြေအရစ်ကျ ၀ယ်ယူမှုများအား လျှောက်လွှာ မတင်မီလ (၃၀)အတွင်း သော်လည်းကောင်း၊ လျှောက်လွှာတင်ပြီး ၀ယ်ယူခွင့် ရရှိပြီးချိန်နှင့် အခန်းတန်ဘိုး အကြေအလည် ပေးဆောင်ပြီးချိန်အထိလည်းကောင်း ၀ယ်ယူခြင်း၊ပိုင်ဆိုင် ခြင်း မပြုလုပ်ရပါ။

၈။ အိမ်ခန်းအား (၅) နှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရ။ သတ်မှတ်ချိန်ကျော်လွန်၍ ပြုလုပ်လိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်း ရောင်းချခွင့်ပြုမည်။ ထိုသို့သတ်မှတ်ရခြင်းမှာ ဈေးကစားရန် ၀ယ်ယူမှုများကြောင့် အိမ်ရာဈေးနှုန်းများ မြင့်မားလာခြင်းမှ ကာကွယ်ရန် ဖြစ်ပါသည်။

၉။ အိမ်ခန်းလျှောက်ထားမည့်သူနှင့် မိသားစုတွင် အဓိကပါဝင်သူများသာအမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး အငှားချထားခြင်းမပြုလုပ်ရပါ။

https://www.facebook.com/phoenixestate



U 900 Building (အခန်းကျယ် ၉၀၀ စ/ပေရှိသော အခန်းများအတွက်)

Option (1)
အရစ်ကျငွေပေးချေစနစ်
Building Type (U 900)

Type C အတွက်
အခန်းတန်ဖိုး = 34700000 ကျပ်

စာချုပ်ချုပ်ဆိုသည့်အချိန် = 10410000 ကျပ်

2 Floor အပြီး (15%) = 5205000 ကျပ်

4 Floor အပြီး (15%) = 5205000 ကျပ်

6 Floor အပြီး (15%) = 5205000 ကျပ်

အမိုးမိုးပြီးချိန် (15%) = 5205000 ကျပ်

အခန်းအပ်သည့်အချိန် (10%) = 3470000 ကျပ်


Type B အတွက်
အခန်းတန်ဖိုး = 32900000 ကျပ်

စာချုပ်ချုပ်ဆိုသည့်အချိန် (30%) = 9870000 ကျပ်

2 Floor အပြီး (15%) = 4935000 ကျပ်

4 Floor အပြီး (15%) = 4935000 ကျပ်

6 Floor အပြီး (15%) = 4935000 ကျပ်

အမိုးမိုးပြီးချိန် (15%) = 4935000 ကျပ်

အခန်းအပ်သည့်အချိန် (10%) = 3290000 ကျပ်


Type B အတွက်
်အခန်းတန်ဖိုး = 23700000 ကျပ်

စာချုပ်ချုပ်ဆိုသည့်အချိန် (30%) = 7110000 ကျပ်

2 Floor အပြီး (15%) = 3555000 ကျပ်

4 Floor အပြီး (15%) = 3555000 ကျပ်

6 Floor အပြီး (15%) = 3555000 ကျပ်

အမိုးမိုးပြီးချိန် (15%) = 3555000 ကျပ်

အခန်းအပ်သည့်အချိန် (10%) = 2370000 ကျပ်



U 600 Building (အခန်းကျယ် ၆၀၀ စ/ပေ ရှိသောအခန်းများအတွက်)

Option (1)
အရစ်ကျငွေပေးချေစနစ်

Building Type ( U 600)
Type A အတွက်
အခန်းတန်ဖိုး = 25500000 ကျပ်

စာချုပ်ချုပ်ဆိုသည့်အချိန် (30%) = 7650000 ကျပ်

2 Floor အပြီး (15%) = 3825000 ကျပ်

4 Floor အပြီး (15%) = 3825000 ကျပ်

6 Floor အပြီး (15%) = 3825000 ကျပ်

အမိုးမိုးပြီးချိန် (15%) = 3825000 ကျပ်

အခန်းအပ်သည့်အချိန် (10%) = 2550000 ကျပ်

https://www.facebook.com/phoenixestate


ဗိုလ်မှူးဗထူးတန်ဖိုးမျှတအိမ်ရာတိုက်ခန်းလျှောက်လွှာ နမူနာပုံစံ

ဓာတ်ပုံ

လျှောက်ထားသူအမည် - -----------------------
နိုင်ငံသားစီစစ်ရေးကဒ်ပြား အမှတ် - -----------------
မွေးသက္ကရာဇ် - ------------------------
အဘအမည် - ------------------------
အလုပ်အကိုင် နှင့် ဌာန - -------------
ရာထူး - ------------------
ဝန်ထမ်းလုပ်သက် - -----------------
ဝင်ငွေ (ပျမ်းမျှလစဉ်ဝင်ငွေ) ----------------
လျှောက်ထားသူ၏ မိသားစုဝင်များ - --------------------------
အမြဲတမ်းနေရပ်လိပ်စာ -----------------------------
ဆက်သွယ်ရန်ဖုန်းနံပါတ် -----------------------

ပူးတွဲတင်ပြရမည့်အထောက်အထားများ

(က) မှတ်ပုံတင်မိတ္တူ
(ခ) သန်းခေါင်စာရင်းမိတ္တူ
(ဂ) ဝန်ထမ်းဖြစ်ပါက ဝန်းထမ်းကဒ်မိတ္တူ
(ဃ) သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက်
https://www.facebook.com/phoenixestate