လမ်းသစ်ရိပ်သာအိမ်ရာကိုတစ်နှစ်ခွဲနဲ့အပြီး ပြန်လည်တည်ဆောက်မည်ဟုဆို

လမ်းသစ်ရိပ်သာအိမ်ရာကို တစ်နှစ်ခွဲနဲ့အပြီး အသစ်ပြန်ဆောက်မယ်လို့ ဆောက် လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန(စီမံအိမ်ရာ)မှ ညွှန်ကြားရေးမှူး ဦးယုခိုင် က “ ပြည်သူ့အိမ်ရာအဟောင်းတွေကို အသစ်ပြန်တည်ဆောက်တာက မြို့ပြအဆင့်မြင့် စီမံကိန်းအရ ပိုကောင်း မွန်တဲ့ ဘ၀မှာ နေထိုင်နိုင်ဖို့ ဆောင်ရွက်ပေးတာပါ။ အထပ်မြင့်အိမ်ရာတွေ တည်ဆောက်လို့ အင်ဂျင်နီယာ နည်း ပညာ ပိုအဆင့်မြင့်လာမယ်၊ စီမံကိန်းတွေကြောင့် အလုပ်အကိုင်ရရှိပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့ ရည်ရွယ်ချက် သုံးချက်နဲ့ ဆောင်ရွက်တာ” လို့ ပြောပါတယ်။

လမ်းသစ်ရိပ်သာကို အကြမ်းဖျင်းတော့ ၁၂ ထပ် အမြင့်ဆောက်ဖို့ မှန်းထားပါတယ်။ အခန်းအကျယ်ကို လည်း မူလအခန်းထက် ပိုကျယ်အောင် တည်ဆောက်မှာ ဖြစ်ပါတယ်။
အိမ်ရာတည်ဆောက်ဖို့ကို မူလနေထိုင်သူတွေနဲ့ ညှိနှိုင်းနေပြီး အရင်နေထိုင်သူတွေကို အိမ်ရာသစ်မှာ ပြန် နေရမှာ ဖြစ်ပါတယ်။ မြေညီထပ်ကို ကားပါကင် တည်ဆောက်မှာဖြစ်လို့ မြေညီထပ်ကိုတော့ မူလအတိုင်း ပြန်မချ နိုင်ဘူးလို့ သိရပါတယ်။

အိမ်ရာကဖြိုပြီး အသစ်ပြန်ဆောက်ရမှာဖြစ်တာကြောင့် မူလနေထိုငသူတွေကို လုံလောက်တဲ့ ထောက်ပံ့မှု တွေပေးမယ်လို့ ဆိုပါတယ်။ အိမ်ငှားစရိတ်ကို လက်ရှိ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းနဲ့အညီ စီမံကိန်းကာလကြာချိန်အ တိုင်း တစ်ခါတည်းပေးမှာဖြစ်ပါတယ်။
လမ်းသစ်ရိပ်သာအိမ်ရာက ကျုံးကြီးလမ်းနဲ့ ဗဟိုစည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ အနော်ရထာလမ်း မှာ တည်ရှိပြီး သက်တမ်း ၅၈ နှစ်ခန့်ရှိပါတယ်။
အိမ်ရာတည်ဆောက်ဖို့ကို တင်ဒါခေါ်ဆောင်ရွက်မှာဖြစ်ပါတယ်။