ဘုရင့်နောင်တံတား စီမံကိန်း(၂)အား ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး မြေနီကုန်း ခုံးကျော်တံတားလည်း စတင်မည်



ဘုရင့်နောင်တံတား စီမံကိန်း(၂)အား ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး မြေနီးကုန်း ခုံးကျော်တံတားလည်း စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဧပြီ ၂၃ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ဆောက်လုပ်ရေးကဏ္ဍ အနေဖြင့် ဘုရင့်နောင်တံတားအပြီး တည်ဆောက်မှုအပြင် မြေနီကုန်း ခုံးကျော်တံတားကိုလည်း တည်ဆောက်ရန် လျာထားခြင်းဖြစ်ကာ ဒေါပုံနှင့် မင်္ဂလာတောင်ညွန့် ဆက်သွယ်သည့် ငမိုးရိပ် သံပေါင်တံတား ပြုပြင်ခြင်း၊ ဒေါပုံနှင့် သင်္ဃန်းကျွန်းမြို့နယ် ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတား၊ ထန်းတပင်မြို့နယ်တွင် ကုက္ကိုဝ မြစ်ကူးတံတား တည်ဆောက်ခြင်း၊ သန်လျင်-သီလ၀ါလမ်းမကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ သန်လျင်-သီလ၀ါ-ဒဂုံဆိပ်ကမ်းလမ်း၊ ငမိုးရိပ်ချောင်းတံတား(ရွှေပေါက္ကံ) စသည်တို့ကိုလည်း တည်ဆောက်ရန် လျာထားသည်ဟု သိရသည်။

စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံနှင့် အနီးပတ်ဝန်းကျင်၌ ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာခြင်းကြောင့် ခုံးကျော်တံတားဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အထူးစီမံကိန်း လုပ်ငန်းအနေဖြင့် ပြုလုပ်မည်ဖြစ်ပြီး ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံ သုံးစွဲမည်ဖြစ်ပြီး ဒေါပုံနှင့် သင်္ဃန်းကျွန်းမြို့နယ် ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတား အတွက်လည်း ငွေကျပ် ၉ ဒသမ ၂၈၂ ဘီလျံ သုံးစွဲမည်ဟု လျာထားသည်။

Eleven Media
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ကွန်ဒို ဈေးကွက်အတွင်း ဈေးအနိမ့်ပိုင်းများသာ ငှားရမ်းမှုပိုများ

ရန်ကုန်မြို့တော် တိုက်ခန်း၊ ကွန်ဒို အငှားဈေးကွက်အတွင်း ဈေးအမြင့်ပိုင်း အခန်းများ ငှားရမ်းမှုများ နည်းပါးလျှက်ရှိပြီး ဈေးအနိမ့်ပိုင်း အခန်းများသာ ငှားရမ်းမှု ပိုများလျက် ရှိကြောင်း အဆိုပါ မြို့တော် တိုက်ခန်း၊ ကွန်ဒို ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ တိုက်ခန်း၊ ကွန်ဒို ငှားရမ်းမှု ဈေးကွက်အတွင်း နိုင်ငံခြားသား ဝင်ရောက်ငှားရမ်းမှု နည်းပါးလာသည့် အပြင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များမှလည်း ငှားရမ်းမှု နည်းပါးလာခြင်းကြောင့် ဈေးအမြင့်ပိုင်း ဈေးကွက် လျော့ကျလာခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် တိုက်ခန်း၊ ကွန်ဒိုအရောင်း၊ အငှားဈေးကွက် အသိုင်းအဝိုင်းက ပြောကြားသည်။
“ကျွန်တော်တို့ ဈေးကွက်မှာက နှစ်မျိုးရှိပါတယ်။ တစ်ချို့က ဈေးနှုန်းသိချင်လို့ လိုက်မေးတာရယ်။ တကယ်ဝယ်မယ့် လူရယ်ပေါ့။ အရင်နှစ်တွေတုန်းက နိုင်ငံခြားသားတွေက အမေးမှာရော တကယ်ဝယ်မယ့် အပိုင်းမှာရော များပြားခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ နှစ်ခုစလုံး လျော့ကျလာပါတယ်” ဟု Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က The Voice သို့ ပြောကြားသည်။

လတ်တလော ဈေးကွက်အတွင်း စီးပွားရေး စင်တာများ (Business Center)၊ Service Department များ များပြားလာခြင်းကြောင့် တိုက်ခန်း၊ ကွန်ဒို ငှားရမ်းမှုပိုင်းတွင် အနည်းငယ် လျော့ကျလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ဈေးကွက်အတွင်း တစ်လ ငှားရမ်းခ ကျပ်သိန်း ၃၀ မှ ၅၀ သိန်းခန့် ဈေးပေါက်လျက် ရှိသော ဈေးအမြင့်ပိုင်း တိုက်ခန်း၊ ကွန်ဒို ငှားရမ်းမှုများ လျော့နည်းလာလျက် ရှိပြီး ကျပ် ၃ သိန်းမှ ၅ သိန်းခန့် ဈေးပေါက်သည့် ဈေးအနိမ့်ပိုင်း တိုက်ခန်း၊ ကွန်ဒို အငှားများသာ ဖြစ်ပေါ်လျှက် ရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
“အခုနောက်ပိုင်း နိုင်ငံခြားသား အများစုကလည်း အမြင့်ပိုင်းတွေကို စိတ်မဝင်စားတော့ဘူး။ သူတို့ကလည်း ကုန်ကျစရိတ်ကို ကြီးကြီးမားမား မသုံးချင်တော့ဘူး။ အနိမ့်ပိုင်းကိုပဲ လိုက်ကြတော့တယ်” ဟု ဦးဟိန်းမိုးမြင့်လွင်က ဆိုသည်။

အဆိုပါ တိုက်ခန်း၊ ကွန်ဒို အရောင်းအဝယ်များတွင်လည်း ဈေးအနိမ့်ပိုင်း အခန်းများသာ အရောင်းအဝယ် ဖြစ်ပေါ်လျှက် ရှိပြီး ရပ်ကွက်များအတွင်း တိုက်ခန်း၊ ကွန်ဒိုများ ဝင်ရောက် ဆောက်လုပ်သည့် ဈေးကွက်မှာ အားကောင်းလျက် ရှိကြောင်း 3 Season ဆောက်လုပ်ရေးမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကိုကိုလေးက ပြောကြားသည်။
အဆိုပါ ဈေးကွက်သည် အိမ်ပိုင်ရှင်နှင့် ဆောက်လုပ်သူ လုပ်ငန်းရှင်တို့ ပူးပေါင်း၍ ဆောက်လုပ်လာကြခြင်း ဖြစ်ပြီး ဈေးနှုန်းပိုင်းတွင် သင့်တင့်မှု ရှိသော်လည်း ခိုင်ခံ့မှု အပိုင်းတွင်မှု လိုအပ်ချက်များ ဖြစ်ပေါ်လျက် ရှိကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ တိုက်ခန်းများသည် ကျပ် သိန်း ၂၀၀ မှ ၄၀၀ ခန့်သာ ဈေးရှိကြောင်း အဆိုပါ တိုက်ခန်း ဆောက်လုပ်မှု ဈေးကွက်အတွင်းထံမှ သိရသည်။

Credit : Voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများကိုဖျက်၍ အရက်၊ ဘီယာဆိုင်၊ ရှော့ပင်းစင်တာ အပါအ၀င် စီးပွားဖြစ်လုပ်ငန်းများ လုပ်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ထပ်မပေးတော့ဟု စည်ပင်ပြောကြား




အစိုးရသစ်လက်ထက်တွင် ပုဂ္ဂလိကသို့ ဆောက်လုပ်ခွင့်ပြုထားသော သိမ်ဖြူယာဉ်မောင်းကွင်း (ယခင်- အားကစားကွင်းဟောင်းနေရာ) ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများဖျက်၍ အရက်ဘီယာဆိုင်၊ ရှော့ပင်းစင်တာနှင့် အခြားစီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ယခုနောက်ပိုင်းတွင် ထပ်မပေးတော့ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိပြီး ပန်းခြံစုစုပေါင်း ၆၃ ခု (တစ်မြို့နယ်ပျမ်းမျှ နှစ်ခုနီးပါး)နှင့် အားကစားကွင်း ၉၉ ခု (တစ်မြို့နယ်ပျမ်းမျှသုံးခု)သာ ရှိကြောင်း သိရသည်။

အများပြည်သူ အပန်းဖြေရာ ပန်းခြံနှင့် အပန်းဖြေဥယျာဉ်များအတွင်း ပုဂ္ဂလိကသို့ အရက်ဘီယာ၊ ရှော့ပင်းစင်တာ အပါအ၀င် စီးပွားဖြစ်လုပ်ငန်း လုပ်ကိုင်ရန် ပေးခဲ့မှုများမှာ များပြားစွာရှိခဲ့ပြီး အဆိုးဆုံးအနေဖြင့် ရွှေတိဂုံဘုရားနှင့် မျက်နှာချင်းဆိုင် အများပြည်သူ အပန်းဖြေရာ ပြည်သူ့ဥယျာဉ်အတွင်း ရှော့ပင်းစင်တာ တည်ဆောက်လုပ်ကိုင်ခွင့် ပေးမှုနှင့် ဧက ၁၀၀ ကျော်ကျယ်ဝန်းသော ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်အတွင်း ဧက ၆၀ ကျော်ကို ကုမ္ပဏီသုံးခုသို့ လုပ်ကိုင်ခွင့် ပေးခဲ့မှုဖြစ်သည်။

ထိုသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းများမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ကြောင်းနှင့် ယခုနောက်ပိုင်းတွင် ပန်းခြံများအတွင်း အရက်ဘီယာနှင့် စီးပွားဖြစ်လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ယင်းအပြင် တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ ကန်သာယာပန်းခြံ၊ ၈ မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န် ပန်းခြံများအတွင်း စီးပွားဖြစ်လုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေသည်ဟု သတင်းထွက်ပေါ်နေသည့် အပေါ်၌လည်း ပန်းခြံအဖြစ်သာ ထားရှိပြီး ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးမည် မဟုတ်ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်၍ အတည်ပြု ပြောကြားခဲ့သည်။



(ရန်ကင်းမြို့နယ် ၂ ရပ်ကွက်အတွင်းရှိ ဘောလုံးကွင်းအားဖျက်၍ အဆောက်အဦးအား ဆောက်လုပ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

ဧက ၁၀၀ ကျော်ကျယ်ဝန်းသော ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ဧက ၆၀ ကျော်ကို လုပ်ကိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီများမှာ Natural World၊ Happy Zone၊ ရေလွှာကစားနည်း ကုမ္ပဏီတို့ဖြစ်ပြီး ယခင် မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်က လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ကန်တော်မင်၊ မြိုင်ဟေ၀န်၊ မြကျွန်းသာ၊ ကန်တော်ကြီး စသည်ဖြင့် ရန်ကုန်မြို့၏ အချက်အချာကျ နေရာများရှိ ပန်းခြံနှင့် ဥယျာဉ်များအတွင်း ပုဂ္ဂလိကသို့ ဧရိယာများစွာကို လုပ်ကိုင်ခွင့်ပြုထားပြီး အရက်ဘီယာဆိုင် များစွာကိုလည်း ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

ပန်းခြံပေါင်း ၆၃ ခုရှိသည်ဟု ဆိုသော်လည်း ရန်ကင်းပန်းခြံကဲ့သို့ အမှန်တ ကယ်အပန်းမဖြေနိုင်သည့် ပန်းခြံငယ်၊ ကျဉ်းကျဉ်းကျပ်ကျပ် ပန်းခြံလေးများ အများအပြား ပါဝင်လျက်ရှိသည်။

ပန်းခြံများအပြင် အားကစားကွင်းများ အချို့ကိုလည်းဖျက်၍ အိမ်ရာများ ဆောက်လုပ်ရောင်းချခဲ့မှု၊ အိမ်ရာဆောက်လုပ် ရောင်းချရန် ပုဂ္ဂလိကသို့ လွှဲပြောင်းထားမှု များရှိကြောင်း သိရသည်။

ဥပမာအားဖြင့် ရန်ကင်းမြို့နယ်၊ ရန်အောင်လမ်းသွယ်(၁)ထိပ်ရှိ မည်သူမဆို လွတ်လပ်စွာ ကစားနိုင်သည်ဟူသော အားကစားကွင်း နေရာကိုဖျက်၍ အိမ်ရာဆောက်လုပ် ရောင်းချခဲ့မှု၊ သိမ်ဖြူအားကစားကွင်းအား ယာဉ်မောင်းသင်ကွင်းအဖြစ် ပြောင်းလဲသုံးပြီးနောက် အားကစားကွင်း မဟုတ်တော့ ဟုဆိုကာ ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့မှုများ ဖြစ်သည်။

သိမ်ဖြူယာဉ်မောင်းကွင်းအား လေလံတင်၍ Asia Myanmar Consortium Development ကုမ္ပဏီသို့ စည်ပင်နှင့်စီးပွား ဖြစ်အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုခဲ့သည်မှာ လက်ရှိရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ လက်ထက်၌ ဖြစ်သည်။

တစ်မြို့နယ်လျှင် ပျမ်းမျှအားဖြင့် ကစားကွင်း သုံးခုရှိသည်ဟု စာရင်းအရ ပေါ်နေသော်လည်း ပြုပြင်ခြင်းမရှိ၍ အများပြည်သူ အမှန်တကယ် အသုံးမပြုနိုင်သော အားကစားကွင်းများ၊ ဖျက်၍အိမ်ရာ ဆောက်လိုက်သည့် အားကစားကွင်းများကြောင့် အမှန်တကယ် သုံးနိုင်သည့် အားကစားကွင်းမှာ အနည်းအကျဉ်းသာ ရှိသည်ဟု သိရသည်။

ပန်းခြံ၊ အားကစားကွင်းများ သာမကဘဲ ရန်ကုန်မြို့ရှိ အချက်အချာကျ နေရာတွင်ရှိသော ပြည်သူပိုင်မြေ၊ ဈေးနေရာများကိုပါ ယခင်မြို့တော်ဝန် လက်ထက်က ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများကို ယခုဘဏ္ဍာရေးနှစ်တွင် လျာထားမှု၏ ရာခိုင်နှုန်း ၆၀ ပြီးစီးအောင် ဆောက်လုပ်မည်



ဧရာဝဏ်အိမ်ရာ စီမံကိန်းအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ အခန်းပေါင်း ၂၀၀၀၀ နီးပါး ပါဝင် သည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများကို ယခုဘဏ္ဍာရေးနှစ်တွင် လျာထားမှု၏ ၆၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောက်လုပ်သွားမည်ဟု ဧပြီ ၂၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြရာတွင် ဦးသန်းမြင့်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ် စီမံကိန်းကာလအတွင်း ရည်မှန်းချက်အနေဖြင့် ၀ယ်ယူနိုင်စွမ်းရှိသည့် ရှေ့ပြေးစမ်းသပ်အိမ်ရာ စီမံကိန်းများဖြစ်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ၁၈ ထပ်အိမ်ရာ ၂၆ လုံး၊ အခန်းပေါင်း ၁၀၆၀၈ ခန်းပါဝင်သည့် ဧရာဝဏ်အိမ်ရာ စီမံကိန်းနှင့် ၁၈ ထပ်အိမ်ရာ ၂၂ လုံး၊ အခန်းပေါင်း ၈၉၇၆ ခန်းပါဝင်သည့် ရတနာအိမ်ရာ စီမံကိန်းများကို ယခုဘဏ္ဍာရေးနှစ်တွင် လျာထားမှု၏ ၆၀ ခိုင်နှုန်း ပြီးစီးအောင် တည်ဆောက်မည်ဖြစ်ပြီး ယင်းအတွက် ပြည်ထောင်စုအစိုးရ ဘတ်ဂျက်နှင့် ချေးငွေများကို အသုံးပြုသွားမည်ဟု သိရသည်။

ထို့ပြင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအတွက် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော် တည်ဆောက်သွားရန်လည်း ရည်မှန်းထားပြီး ပြည်ထောင်စု ဘတ်ဂျက်နှင့် တိုင်းဒေသကြီးများ၏ ဘတ်ဂျက်များဖြင့် တည်ဆောက်သွားမည်ဟု သိရသည်။

သက်တမ်းလွန် ပြည်သူ့အိမ်ရာများ ပြန်လည်စည်ပင်ရေး အတွက်လည်း စီမံကိန်းရေးဆွဲရေးနှင့် စီမံကိန်းစတင် အကောင်အထည်ဖော်ခြင်း အစီအစဉ်များအဖြစ် ရန်ကုန်မြို့ရှိ လင့်လမ်းအိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ ကန်တော်လေးအိမ်ရာ စီမံကိန်းများကို စနစ်တကျ အကောင်အထည်ဖော်ရေး သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများလည်း ပြုလုပ်ရန် လျာထားသည်ဟု ဦးသန်းမြင့်၏ တင်ပြချက်များအရ သိရသည်။

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများမှာ မဆောက်လုပ်မီက တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအဖြစ် ရည်မှန်းထားခဲ့သော်လည်း ဆောက်လုပ်စရိတ်များ မြင့်တက်ခြင်းကြောင့် တန်ဖိုးနည်းမဟုတ်တော့ဘဲ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအဖြစ်သာ ရောင်းချပေးမည်ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး မှု ဦးစီးဌာနမှ သိရသည်။

Eleven Media
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အရပ်စာချုပ်မြေများတွင် ကန်ထရိုက်တိုက်ဆောက်လုပ်မှု ပိုများလာ

ရန်ကုန်မြို့၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် မြို့တော်စည်ပင်သာယာရေးကော်မတီ က
တရားဝင်ခွင့်ပြုပေးထားသည့် နှစ် ၆၀ သက်တမ်းရှိ ဂရန်မြေများတွင် ကန်ထရိုက်တိုက် များ
ဆောက်လုပ်ကြရာမှ နောက်ပိုင်းတွင် ဂရန် မရှိဘဲ အရပ်စာချုပ်ဖြင့် ချုပ်ဆိုထားသောမြေများ
ပေါ်တွင် ကန်ထရိုက်တိုက်များ ဆောက် လုပ်မှု ပိုမိုများပြားလာကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောသည်။

"မြို့နယ်တော်တော်များများမှာ ကန်ထရိုက် တိုက်တွေကို တွင်တွင်ကျယ်ကျယ်ဆောက်လာ
ကြတယ်။ မြို့နယ်အများစုမှာ ကန်ထရိုက်တိုက် မဆောက်တဲ့ လမ်းဆိုတာ မရှိသလောက်ပဲ။
အရင်က နှစ်ခြောက်ဆယ်ဂရန်ရှိတဲ့ နေရာတွေ မှာပဲကန်ထရိုက်တိုက်တွေ ဆောက်ပေမယ့်
အခု အရပ်စာချုပ်ပဲရှိတဲ့ နေရာတွေကိုလည်း ကန်ထရိုက်တိုက်တွေ အဆောက်များလာကြ
တယ်" ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦး ဖြစ်သူ မလတ်ကပြောသည်။

ယခင်က အရပ်စာချုပ်နှင့်ဆောက်လုပ်သော တိုက်ခန်းများကို မ၀ယ်ရဲကြသော်လည်း ယခုချိန်
တွင် တည်နေရာ အနေအထား၊ နေရာ အချက်အချာကျမှုနှင့် အဆောက်အအုံကို ကြိုက်နှစ်
သက်ပါက ၀ယ်ယူကြကြောင်း စိုင်းခွန် နောင် အိမ်ခြံမြေ အကျိုးဆောင်မှ မန်နေဂျာ ဦးရွှေမောင်
က ပြောသည်။

"အရပ်စာချုပ်နဲ့ ကန်ထရိုက်တိုက်ဆောက်မယ်ဆို မြေကွက်ပိုင်ရှင်ရဲ့ လက်မှတ်ယူပြီး သတင်းစာ
ထဲမှာ ပိုင်ဆိုင်မှု ကြေညာတယ်။ ခုနစ်ရက်အတွင်း ကန့်ကွက်မယ့်သူမရှိရင် ပိုင်ဆိုင်မှု အထောက်
အထား ခိုင်မာတယ်လို့ ယူဆပြီး ကန်ထရိုက်တိုက်ဆောက်နိုင်ပါတယ်။ တည်နေရာ၊ အချက်
အချာကျရင် အရပ်စာချုပ် ကို ခိုင်မာအောင်ပြုလုပ်ပြီး နာမည်ကြီး ကန်ထရိုက်တွေလည်း
အရပ်စာချုပ်နဲ့ ကန်ထရိုက် တိုက်တွေ ဆောက်လာကြပါတယ်"ဟု ဦးရွှေမောင်ကပြောသည်။

နှစ်ခြောက်ဆယ် ဂရန်ရှိသည့် မြေတွင် ဆောက်လုပ်သောတိုက်ခန်းများနှင့် အရပ် စာချုပ်မြေ
တွင်ဆောက်သော တိုက်ခန်းများမှာ ဈေးနှုန်းသိသာစွာ မကွာခြားပဲ သိန်း ဆယ်ဂဏန်းဝန်းကျင်
ခန့်သာ ကွာခြားကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ဒေသခံအိမ်ခြံမြေအကျိုးဆောင်များကပြော
သည်။

"သင်္ဃန်းကျွန်းမြို့နယ်နဲ့ တာမွေမြို့နယ်တွေ မှာ အရပ်စာချုပ်နဲ့ ဆောက်တဲ့အိမ်အများစု ရှိတယ်။
သင်္ဃန်းကျွန်းမြို့နယ်ဆို တစ်မြို့လုံး နီးပါးလောက်က အရပ်စာချုပ်နဲ့ ဆောက်တဲ့ အိမ်တွေပဲ။
ဂရန်နဲ့ ဆောက်တဲ့အိမ်နဲ့ အရပ် စာချုပ်နဲ့ဆောက်တဲ့အိမ်ဆိုပြီး ဈေးသိသိသာသာကွာတာမျိုးမရှိ
ဘူး။ သူ့မြို့နယ်ရဲ့ပေါက်ဈေး အတိုင်းနီးပါးဈေးရတယ်" ဟု အိမ်ခြံမြေအကျိုး ဆောင် မလတ်က
ပြောသည်။

သို့သော် အရပ်စာချုပ်နှင့်ဆောက်သော တိုက်ခန်းများမှာ သုံးထပ်ခန့်သာ ဆောက်လုပ် ခွင့်ပေး
ထားပြီး ဂရန်နှင့်ဆောက်သော တိုက် များမှာ လမ်းအကျယ်နှင့် မြို့နယ်ပေါ်မူတည်ပြီး အထပ်မြင့်
တည်ဆောက်မှုများကို ရန်ကုန် မြို့တော်စည်ပင်သာယာက ခွင့်ပြုထားသည်။

"အရပ်စာချုပ်နဲ့ ဆောက်တဲ့အိမ်တွေကလည်း စည်ပင်ကခွင့်ပြုချက်ယူပြီး ဆောက်ရတာတွေပဲ။
တည်ဆောက်နေချိန်မှာ စည်ပင်သာယာက တစ်ခါတလေ အဆောက်အအုံ အရည် အသွေး
လာစစ်တယ်။ အရပ်စာချုပ်နဲ့ဆောက် ရင် အောက်ဆုံးမြေညီထပ်က အမြင့် ၁၂ ပေ၊ အပေါ်နှစ်
ထပ်က အမြင့်ကိုးပေစီပဲ ဆောက်ခွင့် ရှိတယ်။ အဆောက်အအုံဆောက်ပြီးသွားရင် ခွင့်ပြုချက်နဲ့
အညီ ဆောက်သလား မဆောက်ဘူးလားကိုတော့ စည်ပင်ကလာစစ်ဆေးပေး တယ်" ဟု
သင်္ဃန်းကျွန်းမြို့နယ်တွင် ဆောက် လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသော ဆောက် လုပ်ရေးကုမ္ပဏီ
တစ်ခုမှ တာဝန်ခံဖြစ်သူက ပြောသည်။

ယခင်က အရပ်စာချုပ်နှင့်ဆောက်သော တိုက်များကို သုံးထပ်ခွဲထိဆောက်လုပ်ခွင့်ပြု ခဲ့ပြီး ၂၀၁၄
ခုနှစ်မှ စတင်ခါ သုံးထပ်အထိသာ တည်ဆောက်ခွင့်ပြုကြောင်း ပြောင်းလဲ သတ်မှတ်ခဲ့သည်။

"အရပ်စာချုပ်နဲ့ ဆောက်တဲ့တိုက်ခန်းနဲ့ ဂရန်နဲ့ဆောက်တဲ့ တိုက်ခန်းတွေက သိန်း ဆယ်ဂဏန်း
ကျော်လောက်ပဲ ဈေးကွာပေမယ့် ၀ယ်ပြီးနေမယ့်သူ တော်တော်များများက အရင်က အရပ်
စာချုပ်တိုက်ခန်းတွေကို မ၀ယ်ရဲကြဘူး။ ဂရန်ရှိတဲ့ တိုက်ခန်းတွေ လောက် ခိုင်မာမှု မရှိဘူးလို့
မြင်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ဒီအရပ် စာချုပ်တိုက်ခန်း တွေကို ၀ယ်လာကြပါတယ်"ဟု
သင်္ဃန်းကျွန်း မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး ဖြစ်သူ ကိုမင်းဆွေက ပြောသည်။

အရပ်စာချုပ်နှင့် ဆောက်လုပ်သောတိုက်ခန်းများကို ၀ယ်ယူနေထိုင်မည့်သူများသည် အဆောက်
အအုံ အရည်အသွေးအနေနှင့် ဆောက်လုပ်သော ကန်ထရိုက် အမည်ကို အလေးထားကြပြီး
အရည်အသွေးကောင်းမွန် သည်ဟုနာမည်ကြီးသောဆောက်လုပ်ရေးများ က ဆောက်လုပ်သော
တိုက်များကို ပိုမိုနှစ်သက် ကြကြောင်း ကိုမင်းဆွေကပြောသည်။

MMT
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်မြို့ မြေအသုံးချမှုဇုံ ခွဲခြားမှုစနစ် အောင်မြင်နိုင်ပါ့မလား (ဦးစည်သူအောင်မြင့်ရဲ့ သုံးသပ်ချက်)

ဒေါ်အင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့ မတ်လကုန်က ရန်ကုန်မြို့တော် စည်ပင်ရုံးချုပ်မှာ ရန်ကုန်မြို့ကို မြေအသုံးချမှုဇုံ (၁၁) ဇုံသတ်မှတ်ပြီး အဲဒီ သတ်မှတ်ချက်တွေအတိုင်း အဆောက်အဦးတွေ တည်ဆောက်ရင် ကောင်းမယ်ဆိုတာကို ရှင်းပြတဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ရှင်းလင်းသူတွေကတော့ မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်၊ ရန်ကုန်စည်ပင်က မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင် ညွှန်ကြားရေးမှူးဒေါ်လှိုင်မော်ဦးနဲ့ ပညာရှင်တစ်ချို့ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ လွှတ်တော်အမတ်တွေက အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

ပြောရရင် မြို့ပြဖွံ့ဖြိုးရေးပညာရှင်တွေက ရန်ကုန်မြို့ကို အရင်ခေတ်ကလို ပရမ်းပတာမဟုတ်ဘဲ စနစ်တကျ ဖွံ့ဖြိုး တိုးတက်လာအောင် ဒီလို လုပ်သင့်တယ်ဆိုပြီး ချပြတဲ့ပွဲဆိုရင်လည်း မမှားပါဘူး။ ပညာရှင်တွေက ဘာတွေ ချပြသလဲ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ဘယ်လို တုံ့ပြန်ကြသလဲ၊ ဒီ စီမံကိန်းအဆိုပြုမှု အောင်မြင်နိုင်ပါ့မလားဆိုတာ အခု တပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဦးစည်သူအောင်မြင့်။ ။ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ မြန်မာပညာရှင်တွေရေးဆွဲထားတဲ့ မြေအသုံးချမှုမှာ ရန်ကုန်မြို့ကို ဇုံ ၁၁ ဇုံ ခွဲခြားထားပါတယ်။ အဲဒါတွေကတော့ အထပ်နိမ့် လူနေသိပ်သည်းမှုနည်းဇုံ၊ အလယ်အလတ် သိပ်သည်းမှု လူနေဇုံ၊ အထပ်မြင့် လူနေဇုံ၊ စီးပွားရေးဇုံ၊ စက်မှုဇုံ၊ ဆိပ်ကမ်းနဲ့ဆက်စပ်လုပ်ငန်းများဇုံ၊ စမ်းလန်းမြေနဲ့ ရေပြင်များဇုံ၊ မြို့ပြအမွေအနှစ် ထိမ်းသိမ်းမှု ဇုံ စသဖြင့် ပါဝင်ပါတယ်။

ခုလို ဇုံ ခွဲခြားသတ်မှတ်လိုက်ရတဲ့ ရည်ရွယ်ချက်ဟာ ရန်ကုန်မြို့ကို ရှေးမူလည်း မပျက်ဘဲ သဘာဝအခြေအနေတွေ မထိခိုက်ဘဲ လက်ရှိနေထိုင်မှု ပုံစံတွေလည်း မပြောင်းလဲစေဘဲ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တာပါ။ ဒီလို ဇုံသတ်မှတ်လိုက်တာနဲ့အတူ အဆောက်အဦးဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ဇုံခွဲခြား ဆောက်လုပ်ဖို့ကိစ္စပါ စီမံကိန်းထဲ ထည့်ထားပါတယ်။ ရန်ကုန်မြို့ပြ မြေပုံကို အရောင် (၇) ခု ခွဲခြားထားပြီး အဲဒီမှာ ၃ ထပ်ကနေ ၁၂ ထပ် အထက် ၃၅ ထပ်အထိ ဆောက်လုပ်နိုင်မယ့် ဧရိယာတွေကို ဖော်ပြထားပါတယ်။ သဘောကတော့ ဇုံသတ်မှတ်ချက်နဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် အဆောက်အဦ တွေကို ဆောက်လုပ်ကြဖို့ပါ။

တကယ်တော့ ဒီ စီမံကိန်းကို ပညာရှင်တွေနဲ့ စီမံကိန်းရေးဆွဲသူတွေ တင်ပြတာ ခုမှ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်ကလည်း သက်ဆိုင်သူတွေကို ခေါ်ယူ ရှင်းပြမှုတွေ လုပ်ခဲ့ဖူးပါတယ်။ အဲဒီအခါ ပထမဦးဆုံး ကြုံရတာက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ မြေပိုင်ရှင်တချို့ရဲ့ ဆန့်ကျင်ကန့်ကွက်မှုပါ။ အခုလို ဇုံသတ်မှတ်ချက်အလိုက်ပဲ အဆောက်အဦးဆောက်ခွင့်ရမယ်ဆိုရင် တချို့မြေကွက်တွေပေါ်မှာ ကြိုက်သလောက် အထပ်အမြင့်ဆောက်လို့ မရတော့ပါဘူး။ ဒီ အခါ မြေတန်ဘိုးမတူညီမှုတွေ ဖြစ်လာမယ်၊ အထပ်မြင့် ဆောက်ခွင့်မရှိတဲ့ဇုံက တချို့မြေကွက်တွေ တန်ဘိုးကျသွားနိုင်တယ်ဆိုပြီး ဝိုင်းဝန်း ကန့်ကွက်ကြတာဖြစ်ပါတယ်။

အခုနောက်ဆုံး ပညာရှင်တွေရဲ့ ရှင်းလင်းတင်ပြမှုမှာ ရန်ကုန်မြို့ဧရိယာစုစုပေါင်းရဲ့ ၇၀ % လောက်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၁၇ ပေ ရှိမယ့် ၃၅ ထပ်လောက်မြင့်မယ့် အဆောက်အဦတွေ ဆောက်လုပ်နိုင်တယ်ဆိုတာကိုတောင် သိပ်ပြီး ကျေနပ်ကြတာ မဟုတ်ပါဘူး။

ဒေါ်အင်ကြင်းနိုင်။ ။ အခုတော့ ပညာရှင်တွေဟာ ဒီ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းကို ပြည်သူတွေဆီ ချပြဖို့ စီစဉ်နေပါပြီ။ ပြည်သူတွေ ထောက်ခံရင် လွှတ်တော်ထဲတင်ပြီး အတည်ပြုချက်ရယူမယ်၊ ပြီးရင် ဥပဒေအဖြစ်အသွင်ပြောင်းပြီး ရန်ကုန်ကို စနစ်ကျတဲ့နည်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြပါမယ်။ ဒါပေမယ့် တကယ့်တကယ် စဉ်းစားကြည့်ရင် ဒီ စီမံကိန်း အကောင်အထည်ပေါ်လာဖို့ အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်။ အနီးဆုံး လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလ ရန်ကုန်မြို့ပြကို အာဏာပိုင်တွေ ဘယ်လို တည်ဆောက်ခဲ့သလဲ အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဘာမြို့ပြစီမံကိန်းမှ မယ်မယ်ရရမရှိသလို လာဘ်ပေးလာဘ်ယူ အာဏာအလွဲသုံးမှုတွေကလည်း မြို့ပြ ဖွံ့ဖြိုးမှုစနစ်ကို အများကြီး ဖျက်ဆီးခဲ့ပါသေးတယ်။ ဒါကြောင့်လည်း ဒီနေ့အခြေအနေလို ရေဖြန့်ဖြူးရေးစနစ် မပြည့်စုံ၊ လမ်းစနစ်မကောင်း၊ မိလ္လာစနစ် မကောင်း၊ အဆောက်အဦးဆောက်ထားတာတွေလည်း စနစ်မကျဆိုတာမျိုး တွေ့မြင်နေကြရတာပါ။

ဦးစည်သူအောင်မြင့်။ ။ အဲဒီအထဲကမှ ဥပမာ တစ်ခုအနေနဲ့ ကားပါကင် ပြဿနာကို မီးမောင်းထိုးပြနိုင်ပါတယ်။ အရင် စစ်အစိုးရခေတ်ကတည်းက အထပ်ဘယ်လောက်မြင့်တဲ့ အဆောက်အဦးဆောက်မယ်ဆိုရင် ကားပါကင်ထည့်ပြီး တည်ဆောက်ပေးရမယ်၊ အခန်းအရေအတွက် ဘယ်လောက်ရှိတဲ့ အဆောက်အဦးဆိုရင် ကားဘယ်နှစ်စီး ပါကင်ထိုးနိုင်အောင် ထည့်သွင်းရမယ် စသဖြင့် စည်းကမ်းချက်တွေ လုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက စည်ပင်နဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို လာဘ်ပေးပြီး တည်ဆောက်လာလိုက်တာ ရန်ကုန်မှာ အထပ်မြင့် အဆောက်အဦး အများကြီးပေါ်လာပေမယ့် ကားပါကင်ပါတဲ့အဆောက်အဦကတော့ လက်ချိုးရေလို့ ရလောက်အောင် နည်းပါးခဲ့ပါတယ်။ တချို့ စည်းကမ်း ကန့်သတ်ချက်တွေအရ ဆောက်ခွင့်မရှိတဲ့ အဆောက်အဦးတွေကိုတောင် အာဏာပိုင်တွေအမိန့်နဲ့ ဆောက်ခွင့်ပေးခဲ့တာကလည်း မနည်းမနောပါ။

အခု အကူးအပြောင်းကာလ စည်းကမ်းချက်နဲ့ မညီလို့ဆိုပြီး ဆောက်လုပ်ခွင့်တားမြစ်ထားတဲ့ ရာနဲ့ချီတဲ့ အဆောက်အဦတွေရဲ့ ပြဿနာဟာလည်း အဲဒီ ပြဿနာမျိုးတွေပါပဲ။

အခု ပညာရှင်တွေရဲ့ ရန်ကုန်ကို ဇုံခွဲခြားပြီး စနစ်တကျ ဖွံ့ဖြိုးအောင် တည်ဆောက်ရေးဆိုတဲ့ စီမံကိန်းကလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ မြေပိုင်ရှင်တွေ ကန့်ကွက်တာ ခံနေရပါပြီ။ ရန်ကုန်က အဲဒီ မြေပိုင်ရှင်ဆိုသူတွေဟာ အရင်နဲ့လက်ရှိ အာဏာပိုင်အသိုင်းအဝိုင်းနဲ့ ဆက်နွယ်နေသူတွေက အများစုပါ။ ဒီ အခက်အခဲကို ကျော်လွှားပြီးရင်တောင် သတ်မှတ်စည်းကမ်းချက်တွေကို လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာပိုင်တွေက ချိုးဖေါက်တာမျိုး ကြုံကောင်း ကြုံတွေ့ရဦးမှာဖြစ်ပြီး ရန်ကုန်ကို စနစ်ကျ သာယာလှပတဲ့ မြို့ပြဖွံ့ဖြိုးမှု ပုံစံ တည်ဆောက်နိုင်ရေး အခက်အခဲ ကြုံတွေ့နိုင်ပါသေးကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်

Credit: VOA
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဟံသာဝတီလေဆိပ် ကုမ္ပဏီ ၃ ခု တင်ဒါပြိုင်

တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီ ရွေးချယ်ပြီးနောက်မှ အဆင်မပြေမှု ဖြစ်ပေါ်လို့ ဒုတိယအကြိမ် တင်ဒါပြန်ခေါ်ထားတဲ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကို နိုင်ငံတကာ ကုမ္ပဏီ ၃ ခုက တင်ဒါ ပြန်လျှောက်ထားခဲ့တယ်လို့ မြန်မာ့လေကြောင်းတာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။
နဂို တင်ဒါ ၀င်ပြိုင်ခဲ့တဲ့ ပြင်သစ် ဗင်စီ (Vinci) ကုမ္ပဏီအုပ်စုက နောက်ထပ် ၀င်မပြိုင်တော့ပဲ ကိုရီးယား အင်ချွန်ကုမ္ပဏီ၊ စင်ကာပူ ယန်နန် (Yangnam)ကုမ္ပဏီနဲ့ ဂျပန် တိုင်ဆေးအ် (Taisei) ကုမ္ပဏီတို့ပဲ တင်ဒါ ပြန်တင်ခဲ့ကြပါတယ်။
တင်ဒါကို ဧပြီ ၂၂ ရက်က ပိတ်ခဲ့ပြီး မေလထဲမှာ တင်ဒါအောင်သူ ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။
လက်ရှိ တင်ဒါအသစ်ရဲ့ စည်းကမ်းချက်ထဲမှာ တည်ဆောက်ရေးကုမ္ပဏီတွေအနေနဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီ (အိုဒီအေ) ၅၀ ရာခိုင်နှုန်းအထိ ရယူပြီး တည်ဆောက်နိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းထားပါတယ်။

By ဒီဗွီဘီ
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မေလအတွင်းစတင်မည့် အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်အရ မန္တလေးမြေဈေးကွက်မှာ အခြေခံလူတန်းစားများ လက်လှမ်းမီနိုင်မှု ပမာဏထက် ပိုမိုဝေးကွာလာ


မေလအတွင်း စတင်သတ်မှတ်မည့် အိမ်ခြံမြေ အခွန်စံနှုန်းများအရ မန္တလေးမြို့ မြေဈေးကွက်တွင် အခြေခံလူတန်းစားများ လက်လှမ်းမီနိုင်မှု ပမာဏ ပိုမိုဝေးကွာလာဖွယ် ရှိနေကြောင်း မြို့ခံများက သုံးသပ်ကြပါသည်။

မေလအတွင်း၌ အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သည့် ၀င်ငွေခွန်ဥပဒေကြမ်းအရ ၀င်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေဖြစ်ပါက ကျပ်သိန်း ၅၀၀ ထိဆိုလျှင် အခွန်ငွေ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၂၀၀၀ ထိ ရာခိုင်နှုန်း ၂၀ နှင့် ကျပ်သိန်း ၃၀၀၀ အထက်ဆိုပါက ရာခိုင်နှုန်း ၃၀ အခွန်ပေးဆောင်ရမည်ဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက “အိမ်ခြံမြေစံနှုန်း သတ်မှတ်တာကို နှစ်စဉ်ဘဏ္ဍာနှစ်စတင်တဲ့ အချိန်တွေမှာ သတ်မှတ်ပါတယ်။ ဒီလို သတ်မှတ်ပေးလိုက်တဲ့အတွက် အခွန်ပေးဆောင်တာတွေ မှန်ကန်လာနိုင်တယ်။ ဈေးနှုန်းကို ထိန်းချုပ်တာတော့ မဟုတ်ပါဘူး။ အိမ်ခြံမြေဈေးနှုန်းတွေကတော့ သူ့ဈေးနှုန်းတွေနဲ့သူ တည်ရှိနေမှာပဲ။ တိုင်းဒေသကြီးကနေ သတ်မှတ်ပေးထားတဲ့ စံနှုန်းအသစ်တွေ အတိုင်းပဲ မေလအတွင်းက စတင်ပြီး အခွန်ပေးဆောင် သွားရမှာပါ” ဟု ပြောကြားသည်။

အိမ်ခြံမြေအခွန် လျှော့ဆောင်ခြင်း၊ ရှောင်ခြင်း၊ လက်တစ်လုံးခြား ပြုလုပ်ခြင်း၊ မလိုက်နာခြင်းများ ရှိလာပါက ဥပဒေအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အိမ်ခြံမြေ အခွန်စံနှုန်း သတ်မှတ်လိုက်ခြင်းကြောင့် အခွန်နှုန်းထားများ ပိုမိုတိကျစွာ ရှိလာနိုင်မည်ဖြစ်ကြောင်း၊ အိမ်ခြံမြေဈေးနှုန်းပေါ်မူတည်၍ နှစ်စဉ်အခွန်နှုန်းထား အပြောင်းအလဲ ရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်မှ အခွန်ဆောင်သူဦးရေမှာ ယခင်ဘဏ္ဍာရေးနှစ် အတွင်းက ၁၂၉ ဦးရှိကြောင်း ၀န်ကြီးဒေါက်တာမြင့်ကြူက ပြောကြားသော်လည်း နှစ်တစ်နှစ်အတွင်း အရောင်းအ၀ယ် ပြုလုပ်နေကြသည့် ဈေးကွက်အခြေအနေနှင့် နှိုင်းယှဉ်ပါက ယင်းအခွန်ဆောင်သည့် အရေအတွက်မှာ များစွာနည်းပါးနေသေးကြောင်း ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ကြသည်။

“အရင်က အခွန်နှုန်းထားတွေကြောင့် အရောင်းအ၀ယ် ဖြစ်တာမျိုးတွေက အရပ်စာချုပ်တွေနဲ့ပဲ လက်လွှဲရောင်းဝယ်နေကြတာ။ အခွန်ရှောင်တဲ့သဘော မဟုတ်ပေမယ့် အခွန်စံနှုန်း သတ်မှတ်ချက်တွေ ကြီးလွန်းတာကြောင့် လက်တစ်လုံးခြား လုပ်နေကြတာပေါ့။ ဒီတော့ အခွန်ဆောင်တဲ့သူ အရေအတွက်က အရမ်းနည်းသွားတာ ဖြစ်နိုင်ပါတယ်” ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်ပြီး နှစ်ပေါင်း ၃၀ ခန့် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

လက်ရှိသတ်မှတ်သည့် အခွန်စံနှုန်းကြောင့် အိမ်ခြံမြေဈေးကွက်တွင် မတ်လဆန်းမှစတင်ကာ အရောင်းအ၀ယ်များ လှုပ်ခတ်လာခဲ့ပြီး သိန်း ၃၀၀၀ ၀န်းကျင်အတွင်းရှိ မြေကွက်အရောင်းအ၀ယ်များ သွက်လက်စွာ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“မြို့သစ်ပိုင်းတွေမှာ သိန်း ၅၀၀ ကနေ သိန်း ၁၅၀၀ အထိ မြေကွက်တွေ အ၀ယ်လိုက်တယ်။ နောက်ပြီး မြို့တွင်းဧရိယာနဲ့ ဆက်စပ်နေတဲ့ အပိုင်းတွေမှာဆို သိန်း ၁၀၀၀ ကနေ သိန်း ၃၀၀၀ လောက်ထိ ဖြစ်တယ်။ down-town ဧရိယာမှာလည်း အနည်းအကျဉ်း ပြန်ဖြစ်လာပြီး ကျပ်သိန်းတစ်သောင်း၊ တစ်သောင်းခွဲလောက် ၀န်းကျင်တွေ အရောင်းအ၀ယ် ပြန်ဖြစ်လာတယ်။ ဒါကလည်း အခွန်စံနှုန်း သတ်မှတ်မှုရဲ့ သက်ရောက်မှုကြောင့်ပါ။ ဒီသတ်မှတ်မှုအရ အိမ်ခြံမြေဈေးကွက် အလားအလာက တော်တော်ကောင်းလာပြီး ဈေးနှုန်းတွေလည်း ထပ်မြင့်လာနိုင်မယ့် သဘောမှာ ရှိနေတယ်” ဟု မန္တလေးမြို့သစ် မနော်ဟရီလမ်းတွင် အခြေချနေထိုင်ပြီး အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေသည့် ၀ါရင့်အကျိုးဆောင်တစ်ဦးက သုံးသပ်ပါသည်။

“ကျပ်သိန်း ၃၀၀၀ အထက်ဆိုရင် အခွန်ရာခိုင်နှုန်း ၃၀ လို့ သတ်မှတ်ထားပေမယ့် ကျပ်သိန်း ၃၅၀၀ နဲ့ အရောင်းအ၀ယ်ဖြစ်တယ် ဆိုပါတော့။ ပထမဆုံး သိန်း ၅၀၀ ကို ၃ ရာခိုင်နှုန်းနဲ့သတ်မှတ်ပြီး အခွန်ပေးသွင်းရမယ်။ အဲဒီလိုပဲ သိန်း ၁၅၀၀ ထိကိုကျတော့ ၁၀ ရာခိုင်နှုန်းနဲ့ သိန်း ၂၀၀၀ ထိကို ရာခိုင်နှုန်း ၂၀ သတ်မှတ်ပေးသွင်းရမှာပါလို့ အခွန်ဌာနက ပြောတယ်။ အဲဒီမှာ ကျန်တဲ့ သိန်း ၅၀၀ ကိုသာ ရာခိုင်နှုန်း ၃၀ နဲ့ ပေးသွင်းရမှာတဲ့။ ပြောချင်တာက သိန်း ၃၀၀၀ အထက်ဆို အခွန်ရာခိုင်နှုန်း ၃၀ ဆိုတာက ကျပ်သိန်း ၃၀၀၀ ကျော်ရဲ့အထက်က ပမာဏကို ဆိုလိုတဲ့သဘောပဲ” ဟု အိမ်ခြံမြေ၀ယ်ရောင်း ပြုလုပ်သူတစ်ဦးက အခွန်ဆောင်ရမည့် ပမာဏအား တွက်ချက်ပြသည်။

“အခုချိန်မှာ ၀ယ်ရောင်းတွေကြိုက်လို့ ၀ယ်ထားတဲ့သူတွေကတော့ မရောင်းကြဘူး။ ဈေးအပြောင်းအလဲကို စောင့်ကြည့်နေကြတာပေါ့။ အခွန်သတ်မှတ်မှုကတော့ အခြေခံ လူတန်းစားတွေအတွက် သက်ရောက်မှုမရှိဘဲ ငွေမည်းကနေ ငွေဖြူလုပ်မယ့် သူတွေအတွက် အထူးအခွင့်အရေး ပေးသလိုပဲ။ ဘာလို့လဲဆိုတော့ ရပေါက်ငွေမပြနိုင်တဲ့ ငွေမည်း သိန်း ၅၀၀ ကို အခွန်ငွေ ၁၅ သိန်းပေးဆောင်တာနဲ့ ငွေဖြူ ဖြစ်သွားပြီ။ အရင် မဆလခေတ်ကဆိုရင် ကျပ်သိန်း ၅၀၀ ကို အခွန်က သိန်း ၂၅၀ လောက်ရှိတယ်” ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် ၀ါရင့် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဖြစ်ပေါ်လာနိုင်သည့် ဈေးကွက်၏ အလားအလာကို သုံးသပ်ပြောကြားသည်။

လက်ရှိ အိမ်ခြံမြေဈေးကွက်နှင့် ဈေးနှုန်းအနေအထားများမှာ အခြေခံ လူတန်းစားများအတွက် လက်လှမ်းမမှီနိုင်သော အခြေအနေတွင် ရောက်ရှိနေခြင်းကြောင့် မန္တလေးတွင် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို စည်ပင်သာယာရေးကော်မတီမှ အကောင်ထည် ဖော်လျက်ရှိသည်။ ယင်းအကောင်ထည်ဖော်နေသည့် မြေနေရာတွင်လည်း ရောင်းမှားဝယ်မှားဖြစ်သည့်သူများ၊ အမှန်တကယ် အိမ်ရာမရှိသည့် ပင်စင်စား အရာရှိကြီးများ၊ အစိုးရ၀န်ထမ်းများ၊ ပုဂ္ဂလိက ၀န်ထမ်းများကိုလည်း စိစစ်ရွေးချယ် ရောင်းချပေးမည်ဟု တာဝန်ရှိသူများက ပြောကြားထားသော်လည်း ယခုနှစ် ဧပြီလကုန်မှ စတင်ရောင်းချပေးမည့် အဆိုပါ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ အထက် ကြိုတင်ဈေးခေါ် ရောင်းချမည်ဟု ပြောကြားမှုများရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ စုံစမ်းသိရသည်။

“သူတို့က လက်ရှိအစိုးရ၀န်ထမ်း ဖြစ်နေလို့ ရခဲ့ရင် သိန်း ၂၀၀ နဲ့ ရောင်းမယ်ဆိုပြီး ပြောနေတယ်။ တချို့ကျလည်း ရောင်းမှားဝယ်မှား ဖြစ်တဲ့သူက အိမ်ခန်းရမှာ သေချာသလောက်မို့ ဈေးခေါ်နေတာ။ နောက်ပြီးတော့ အဲဒီအိမ်ရာဝန်းကျင်က မြေဈေးတွေက ပေ ၄၀×ပေ ၆၀ ကို ကျပ်သိန်း ၆၀၀ အထက် ဈေးပေါက်နေပြီ။ ပတ်ပတ်လည်က မြေကွက်အလွတ်တွေ ဖြစ်နေပေမယ့် အကုန်ဝယ်ထားပြီးသား ဖြစ်နေတယ်။ ဒီတော့ အမှန်တကယ် အိမ်ရာလိုအပ်တဲ့ ကျွန်မတို့လို အခြေခံလူတန်းစားတွေအတွက် ပိုလို့ဝေးလာနေပါတယ်” ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အောင်သာယာကွက်သစ်တွင် အိမ်ငှားနေထိုင်သူ ဒေါ်စန်းကြည်က ပြောကြားသည်။

မန္တလေး အိမ်ခြံမြေဈေးနှုန်း မြင့်တက်လာမှု၊ အခြေခံလူတန်းစားများ အိမ်ရာလိုအပ်ချက်များကို ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးကလည်း “မြေဈေးနှုန်း မြင့်တက်တာကတော့ ကျွန်တော်တို့အနေနဲ့ ဘာမှလုပ်နိုင်ဖို့ မရှိဘူး။ ဒါပေမဲ့ မန္တလေးမြို့မှာရှိတဲ့ မြေနေရာ အလွတ်တွေမှာ တန်ဖိုးနည်းအိမ်ရာတွေ ထပ်မံအကောင်ထည် ဖော်ဦးမှာပါ။ အဓိက,ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုလုံးက အမှန်တကယ် အိမ်ရာလိုအပ်နေသူတွေကိုပဲ ရောင်းချပေးနိုင်ဖို့ပါ။ ဒါမှလည်း အထိုက်အလျောက် မြေဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်နိုင်မှာပါ။ ငွေကစားမယ့် သူတွေကတော့ အိမ်ခြံမြေထဲကို ရင်းနှီးမြှုပ်နှံမှုကတော့ ရှိနေမှာပါပဲ” ဟုဆိုသည်။

ယင်းသို့ အခြေအနေများတွင် အခြေခံလူတန်းစားများ လက်လှမ်းမမှီနိုင်တော့သည့် မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် လားရာမှာ အဆိုပါ လူတန်းစားထုအတွက် ပိုမိုဝေးကွာသွားစေနိုင်သည့် ဘက်သို့သာ ရွေ့လျားလာနေပြီး မန္တလေးမြို့နှင့် အဓိက ၀င်ပေါက်တစ်ခုဖြစ်သော နယ်စပ်လမ်းကြောင်းမှ ၀င်ရောက်သည့် ၀င်ငွေရလမ်း မပြနိုင်သော ငွေကြေးများဖြင့် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်များမှာ တစ်စတစ်စ ပိုမိုများပြားလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။

မန္တလေး အိမ်ခြံမြေဈေးကွက်မှာ အိမ်နီးချင်း တရုတ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော ငွေမဲများ၊ မူးယစ်ဆေးဝါးနှင့် ကျောက်စိမ်းရောင်းဝယ်ရာမှ ရရှိသော ငွေမဲများ ၀င်ရောက်ရင်းနှီး မြှုပ်နှံလာခြင်းတို့ကြောင့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း စံချိန်တင်ဈေးနှုန်းများသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

Eleven Media
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အိမ်ရှင်၊ အိမ်ငှား ဥပဒေပါ အားနည်းချက်ကြောင့် ခြောက်လတစ်ကြိမ် အိမ်ငှားခမတန်တဆ တိုးတောင်းသည့်ဒဏ် အိမ်ငှားများ ရင်ဆိုင်နေရ



အိမ်ရှင်၊ အိမ်ငှားဥပဒေပါ အားနည်းချက်ကြောင့် ခြောက်လတစ်ကြိမ် အိမ်ငှားခမတန်တဆ တိုးတောင်းသည့်ဒဏ်ကို အိမ်ငှားများ ရင်ဆိုင်နေရပြီး အဆိုပါဥပဒေမှာ ခေတ်မမီတော့သဖြင့် ပြင်ဆင်စရာများ ရှိနေကြောင်း ရန်ကုန်မြို့တွင် အိမ်ငှားရမ်း နေထိုင်နေသူများနှင့် ဥပဒေပညာရှင်များက သုံးသပ်ပြောကြားသည်။

“အိမ်ငှားရမ်းခ ကြီးကြပ်ရေးဥပဒေမှာပါတဲ့ ကာလအပိုင်းအခြားနဲ့ အိမ်ငှားရမ်းခ တိုးမြှင့်ကောက်ခံခွင့်ရှိတာ သဘာဝမကျပါဘူး။ အိမ်ရှင်၊ အိမ်ငှားနှစ်ဖက်လုံးရဲ့ သဘောတူညီနိုင်စွမ်းကို အစိုးရက အိမ်ငှားရမ်းခ ကြီးကြပ်ရေးဥပဒေ ပြဋ္ဌာန်းပြီး ကန့်သတ်တာတော့ မဖြစ်သင့်ဘူး။ အိမ်ရှင်၊ အိမ်ငှားကိုယ်တိုင် ပဋိညာဉ်ထားပြီး ဆောင်ရွက်တာက ပိုပြီးသင့်လျော်မယ်။ စာချုပ်ထဲမှာ တစ်နှစ်ကာလဆိုရင် တစ်နှစ်အတွင်း အိမ်ငှားခကို တိုးမကောက်နိုင်တော့ဘူး” ဟု Purple Equity Law Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက သုံးသပ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် အိမ်ငှားရမ်းနေထိုင်သူ များလာပြီး အိမ်ရှင်များက ခြောက်လတစ်ကြိမ်ခန့် အိမ်ငှားခရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၃၀ အထိ တိုးတောင်းမှုများ ရှိနေသည်ဟု အိမ်ငှားနေထိုင်နေသူ အသိုင်းအ၀ိုင်းမှ သိရသည်။

“အိမ်ငှားနေရတာ တစ်ခါတည်း တစ်နှစ်စာ အပြီးပြတ်ပေးပြီး စာချုပ်မချုပ်နိုင်တော့ ခြောက်လတစ်ခါပဲ ချုပ်တာများပါတယ်။ ခြောက်လပြည့်တော့ အိမ်ရှင်နဲ့ပွဲစားက ပူးပေါင်းပြီး အိမ်လခတိုးတောင်းတယ်။ အိမ်ငှားခက ဒီအစိုးရသစ် လက်ထက်ကတည်းက ကျတယ်မရှိဘူး။ အတက်ပဲရှိတယ်။ ခြောက်လတစ်ကြိမ်လောက် တက်ပြီးပေးနေရတယ်။ ကြာရင်ပေးဖို့ မတတ်နိုင်ကြတော့လို့ ကျူးကျော်လုပ်ချင်စိတ်တောင် ပေါက်လာတယ်” ဟု တာမွေမြို့နယ်အတွင်း အိမ်ငှားရမ်းနေထိုင်သူ တစ်ဦးက ဆိုသည်။

မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေကို ၁၉၆၀ ခုနှစ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သဖြင့် လက်ရှိခေတ်ကာလနှင့် လျော်ညီမှုမရှိတော့သည်ကို တွေ့ရသည်။

အဆိုပါ အက်ဥပဒေတွင် အိမ်ရှင်က အိမ်ငှားကို အလွယ်တကူနှင်ထုတ်ခြင်း မပြုနိုင်အောင် ပြဋ္ဌာန်းထားသော်လည်း အခါအားလျော်စွာ အိမ်ငှားခ တိုးမြှင့်တောင်းခံခြင်းကို ခွင့်ပြုပေးထားသည်။

လက်ရှိ အိမ်ရှင်များမှာ ဈေးကွက်သဘောအရ မြို့ပြများသို့ ပြောင်းရွှေ့အခြေချလာသူ များလာခြင်းကြောင့် တစ်ကြောင်း၊ အိမ်ပိုင်ဝယ်ယူကာ နေထိုင်နိုင်သူ အလွန်နည်းပါးခြင်းကြောင့် တစ်ကြောင်း အိမ်ငှားနေထိုင်လိုသူ များပြားနေခြင်းကြောင့် အိမ်ငှားရမ်းခများကို မတန်တဆ တိုးမြှင့်တောင်းခံနေခြင်းဖြစ်သည်။

“တကယ်တော့ အိမ်ငှားရာမှာ အိမ်ခြံမြေ အကျိုးဆောင်တွေက ငှားရင် တစ်နှစ်စာ ငှားရမ်းခကို ပွဲခတစ်လစာ ပေးရတယ်။ ခြောက်လငှားရမ်းတာဆိုရင် လတစ်ဝက်စာပဲ ပေးရတယ်။ ဒါပေမဲ့ အရပ်ပွဲစားတွေကတော့ ခြောက်လငှားရင်လည်း တစ်လစာတောင်းတယ်။ အဲဒီခြောက်လ ပြည့်သွားရင်လဲ ပွဲခထပ်လိုချင်တဲ့အတွက် အိမ်ရှင်နဲ့ပူးပေါင်းပြီး အိမ်ငှားဆက်မနေနိုင်အောင် အိမ်လခကို တိုးတောင်းတဲ့သဘောပါ။ ဒီလိုတိုးတောင်းရင်းနဲ့ အိမ်ငှားရမ်းခတွေက အကျလုံးဝ မရှိတော့ဘဲ ဆက်တိုက်တက်လာတဲ့ သဘောပါ။ လူတွေက မနေမဖြစ်တော့ တောင်းသလောက်ပေးပြီး ငှားနေရတဲ့ အခြေအနေ ဖြစ်လာတာပါ” ဟု အိမ်ခြံမြေဈေးကွက် လေ့လာသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေကို အစိုးရအနေနှင့် ခေတ်နှင့်လျော်ညီပြီး အိမ်ရှင်အိမ်ငှား

နှစ်ဦးနှစ်ဖက် မျှမျှတတဖြစ်စေရန် ပြောင်းလဲပြင်ဆင်မှုများ၊ ဈေးကွက်ညီမျှစေရန် ထိန်းချုပ်မှုများ ပြုလုပ်သင့်နေပြီဖြစ်

ကြောင်း ဥပဒေပညာရှင်အချို့က သုံးသပ်သည်။

Eleven Media
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

“လူ ၁၀ သန်းအတွက် တန်ဖိုးနည်း တိုက်ခန်းတွေ ရန်ကုန်မြို့ထဲမှာတင် ဖန်တီးလို့ရသေးတယ်”



မြန်မာ နိုင်ငံတွင် ဈေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ထွန်းခြင်း မရှိသေးသော်လည်း အိမ်ခြံမြေ တိုက်ခန်းဈေးနှုန်းများသည် ဈေးကွက် စီးပွားရေး ဖွံ့ဖြိုးအောင်မြင်နေသော နိုင်ငံများထက်ပင် မြင့်မားနေသည်။

နှစ်ပေါင်းများစွာ အာဏာရှင်အစိုးရတို့၏ စီမံခန့်ခွဲမှု ညံ့ဖျင်း ခြင်းကြောင့် နိုင်ငံတွင် မြေဧရိယာ ပေါများလှစေကာမူ နိုင်ငံသားတဦး အတွက် ကျောချစရာ နေရာတခုရရှိရေး အလွန်ခက်လှသော အခြေအနေသို့ဆိုက် ရောက်နေပါသည်။

နိုင်ငံသားတို့ နေထိုင်ရေးအတွက် အမြန်ဖြေရှင်းမည့် နည်းလမ်းတချို့အပါအဝင် ဆောက်လုပ်ရေး ကဏ္ဍနှင့် ပတ်သက်ပြီး ဆောက် လုပ်ရေး လုပ်ငန်းရှင် တဦးဖြစ်သော တော်ဝင်မိသားစု ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေး ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန် က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ရန်ကုန်မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အကြီးမားဆုံး စိန်ခေါ်ချက်က လက်ရှိမှာ ဘာဖြစ်မလဲ။

ဖြေ။ ။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ နည်းပညာ အားနည်းချက်ပေါ့။ နည်းပညာတွေက အရင်တုန်းက အခြေ အနေ ထက် တိုးတက်လာပြီ ဆိုပေမယ့် တကယ့်ခေတ်မီတဲ့ နိုင်ငံတကာနဲ့ ယှဉ်လို့ရတဲ့ နည်းပညာတော့ မရောက်သေးတာ အမှန် ပဲ။ ဒါပေမယ့် ဒါကို စိန်ခေါ်မှု တရပ်ရယ်လို့ အများကြီး သတ်မှတ်လို့ မရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ နည်းပညာဆိုတာ လိုချင်ရင် ရက်ပိုင်း အတွင်းမှာ ရပါတယ်။ ပြဿနာမရှိဘူး။ နည်းပညာ လိုချင်ရင် ရှိတဲ့ဆီကနေ ဆွဲခေါ်ပြီးတော့ ခဏတွဲ သုံးပြီး ဒီ Project တခုပြီးရင် နောက် Project တခု မှာ ကိုယ့်ဘာသာလုပ်ရင် ဒီ နည်းပညာတွေမှာ အကုန်လုံး ကိုယ်လိုချင်တာရတယ်။

နည်းပညာနဲ့ ပတ်သက်လို့ အားနည်းချက်ဆိုတာ စိန်ခေါ်မှုကလည်း နည်းပါတယ်။ ရှိတော့ရှိတာပေါ့။ လူ့ စွမ်းအား အရင်းအမြစ် လိုအပ်ချက်လည်း ရှိနေတယ်။ အတိတ်ကာလမှာ ပညာရှင်တွေတော်တော်များများ ငွေပိုရတဲ့ နိုင်ငံရပ်ခြားဆီ ထွက်သွားကြတယ်။ ဒါပေမယ့် တိုင်းပြည် ပြန်လည် ပွင့်လင်းလာပေမယ့် သူတို့တွေက ပြန်မ လာနိုင်ကြသေးဘူး။ ဒီမှာ ကျွမ်းကျင်လုပ်သား လိုအပ်ချက် များနေတယ်။ နောက်စိန်ခေါ်မှုက မြေဈေးနှုန်းပဲ။ မြေဈေးက စင်ကာပူမှာ ရှိတဲ့ဈေးနဲ့ အတူတူ လောက်ဖြစ်နေတယ်။ ဆောက်လုပ် ရေးသုံး ပစ္စည်းတွေက ဈေးကြီးလွန်းတဲ့ အကောင်းဆုံး ဆိုတာကို မသုံးနိုင်ဘူး။

မေး။ ။ အစိုးရပိုင်းကို အဲဒီ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ မတောင်းဆိုဘူးလား။ အစိုးရဘက်ကရော ဖြေရှင်း မပေးဘူးလား။

ဖြေ။ ။ အဓိက ပြဿနာက ဘာလဲဆိုတော့အုပ်ချုပ်တဲ့ သူတွေရဲ့ Concept (အမြင် သဘောထား)ပေါ့။ အခုဆိုရင် ဗဟိုဘဏ်ကို သီးသန့်ခွဲထုတ်လိုက် တယ်။ ဒါအင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အုပ်ချုပ်တဲ့သူ မပြောင်းတဲ့အခါမှာ သူက စီးပွားရေးလုပ်ငန်း ကို နားမလည်တဲ့သူဖြစ် နေတယ်။ ငွေကြေးရဲ့သဘာဝလည်း နားမလည်ဘူး။ အဲဒီတော့ နားမလည်တဲ့သူ အုပ်ချုပ်တော့ သူကပေါ်လစီတွေ ကိုင်ပြီး ထိန်းချုပ်ထားတဲ့အတွက် ဘာမှ အကြောင်း မထူးဘူး။

သမ္မတနဲ့တွေ့တဲ့အခါမှာ ဒီပြဿနာတွေကို ကဏ္ဍ အသီးသီးကနေပြီးတော့ အကုန်လုံး တင်ပြ ထားတာပေါ့။ ဘဏ်နဲ့ပတ်သက်လို့ စိန်ခေါ်မှု အများကြီးဖြစ်တယ်။ စနစ်တကျနဲ့ လုပ်တတ်တဲ့အလုပ်ကို မြန်မာပြည်ရဲ့ကဏ္ဍတိုင်းမှာ မလုပ်နိုင်သေးဘူး။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအထိန်းအချုပ် ကိုင်ဆောင်ထားတဲ့ အညှာဟာ ဗဟိုဘဏ် ပါပဲ။ ပြီးတော့ နိုင်ငံရဲ့ ဥပဒေ တွေ၊ ပေါ်လစီတွေကို ကိုင်ထားတဲ့ ဒီအညှာ သုံးခုပဲပေါ့။ ဥပဒေလည်း ပါတယ်၊ အုပ်ချုပ်သူရဲ့ စီမံခန့်ခွဲမှုနဲ့ ဘဏ်ရဲ့အလုပ်ပေါ့။

ဒီအညှာတွေနဲ့ စီးပွားရေးကို ထိန်းချုပ်ပြီး ကောင်းမွန်စွာ ကိုင်လို့ရတယ်။ ဒါပေမယ့် ဗဟိုဘဏ်က မလုပ်တတ်တဲ့အခါကျတော့ ဒီနိုင်ငံ မှာ ဘယ်စီးပွားရေးလုပ်လုပ် ငွေကြေးပေါ်မှာအခြေခံပြီး လုပ်ရတယ်။ ငွေကြေး လည်ပတ်မှုကို မထိန်းချုပ်နိုင်ရင် ယိုင်ဆင်းသွားမှာက စီးပွားရေးပဲ။ နိုင်ငံတိုင်းမှာ ငွေကြေးလည်ပတ်မှုကို ထိန်းချုပ်ထားတယ်။ ဥပမာ အမေရိကန် ဆိုလို့ရှိရင် ငွေကြေးလည်ပတ်မှု အရမ်းကြီးမားပြီးတော့ ဗဟိုဘဏ်က ထိန်းချုပ်ထားတယ်။ အမေရိကန် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုသည် တကမ္ဘာလုံးကနေ ပြီးတော့ လှည့်ပတ် သုံးစွဲနိုင်အောင် ဖန်တီးထားတဲ့အတွက် သူတို့ ခံနိုင်ရည်ရှိတယ်။ ပိုက်ဆံတကျပ်ရှိရင် တသိန်းဖြစ်အောင် လုပ်တဲ့နည်း နဲ့ သူတို့ ဖန်တီးလိုက်တာ။ ဒီမှာကတော့ ကိုယ့်ပိုက်ဆံ တကျပ်ရှိတာ ၁၀ ပြားပဲတန်အောင် လုပ်ထားတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ကို တံခါးတော့ ဖွင့်ပေးလိုက်တယ်။ အမြီးနင်းထားတဲ့ အခါကျတော့ သွားလို့မရဘူး။

မေး။ ။ ရန်ကုန်ရဲ့ လူဦးရေနဲ့ နေစရာ အခန်း လိုအပ်ချက်တွေအပေါ် လုပ်ငန်းရှင် တဦးအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ ဒီနေ့ လူတွေတိုးပွားလာတဲ့ အနေအထားမှာ အခန်း မဝယ်နိုင်တဲ့သူတွေက ဝင်ငွေနည်းပါးတဲ့ သူတွေ၊ အခြေခံ လူတန်းစားတွေပါ။ အိမ်လည်း မဝယ်နိုင်ဘူး၊ ငှားဖို့ကျတော့လည်း ကိုယ့်လခ အကုန်ပေးတာတောင်မှ အိမ်ခန်းတခန်း ပြန်မရနိုင်ဘူး။ လခ ခြောက် သောင်း ရတယ်၊ အိမ်လခက တသိန်းခွဲဆိုတော့ ဘယ်လိုပေးမလဲ။ ဆင်းရဲမွဲတေမှု ပပျောက်ရေးလို့ဆိုရင် ဆင်းရဲသားတွေအတွက် အဆင်ပြေမယ့် လုပ်ငန်းစဉ်တွေမှာ ဆောက်လုပ်ရေးကို အဓိက အကောင်အထည်ဖော်ရမှာ။ ဆောက်လုပ်ရေးနဲ့ နေဖို့ထိုင်ဖို့အတွက် သက်သက် သာသာလေးများ သူတို့ရခဲ့ရင် သူတို့ ထမင်းတလုတ် ရှာစားဖို့က မခဲယဉ်းတော့ဘူး။ အဲဒီတော့ သူတို့ရဲ့ ဝတ်ဖို့အတွက်၊ စားဖို့အတွက် ရှာရတာလွယ်တယ်၊ နေဖို့အတွက်ခက် နေတာ။

မေး။ ။ တော်ဝင်မိသားစု ကုမ္ပဏီက ဆောက်လုပ်တဲ့ တန်ဖိုးနည်း အိမ်ရာတွေကော လက်ရှိ အနေအထား ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ မုဒိတာ ၁ ၊ မုဒိတာ ၂ ။ အခန်း ၃၀ဝ၀ ကျော် ဆောက်တယ်။ တခန်းကို ၁၆၅ သိန်းနဲ့ ရောင်းတာ၊ အခု သိန်း ၇၀ဝ ကျော် ဖြစ်သွားပြီ။ အဲတော့ ဘယ်လိုလုပ် တကယ့်လူတွေ လက်ထဲကို ရောက်တော့မလဲ။ ဘာဖြစ်လို့လဲ၊ ကစားတယ်။ အဲ့ဒီလူတွေကို မကစားအောင် ဓားနဲ့လိုက်ခုတ်လို့ မရဘူး။ ဒီလို ဈေးတွေ ဘာလို့ တက်သွားသလဲ။ လိုအပ်ချက်တွေ ဖြစ်နေလို့။ ဒီနေ့ မော်တော် ကားတွေ ကြည့်လိုက်လေ။ ကားတွေ အရင်တုန်းက ဈေးပုံမှန်တက်နေတယ်။ ကားဟောင်းတစီး ဝယ်စီးလိုက်တယ်၊ ဈေးတက်သွားတယ်။ မရှုံးဘူး။ ဒီနေ့ကတော့ ကားဒီနေ့ မနက်ဝယ်တယ်။ ညနေရှုံးတယ်။ ဘယ်သူမှ မဝယ်ရဲတော့ဘူး။ မဝယ်ရဲရင် ဘာဖြစ်လဲ။ တကယ့် ဝယ်စီးမယ့်သူက ဝယ်လို့ရသွားတယ်။ အဲ့ဒီလိုပဲ Shortage မရှိအောင် ဖန်တီးပေးလိုက်ရင် ဒီကိစ္စက ငြိမ်းသွားမယ်။

လိုအပ်ချက် မရှိအောင် တယောက်တည်း ဆောက်လို့မရဘူး။ ဆောက်တတ်တဲ့ လူတွေ အများကြီးကို ချက်ချင်းချပေးလိုက်။ ဒီနေ့ ကားတွေ အများကြီးသွင်းတာ ဘယ်သူမှ မဝယ်တော့ဘူး။ ဒီလိုပဲ အဆောက်အအုံတွေ ဆောက်ပေးလိုက်။ မြန်မာပြည်မှာ ဆောက် လို့ရမယ့် မြေအများကြီး။ ရှင်းရှင်းပြောရရင် လှိုင်သာယာဘက်တောင် သွားစရာ မလိုဘူး။ ဒီနေ့ လူဦးရေ ရန်ကုန်မြို့မှာ ၅ သန်း ၆ သန်း ရှိတယ်။ နောက်ထပ် လူ ၁၀ သန်းအတွက် တန်ဖိုးနည်း တိုက်ခန်းတွေ ရန်ကုန်မြို့ထဲမှာတင် ဖန်တီးလို့ ရသေးတယ်။

မေး။ ။ ဘယ်လို နေရာမျိုးတွေလဲ။

ဖြေ။ ။ မြောက်ဒဂုံ၊ တောင်ဒဂုံ အထိ သွားစရာမလိုဘူး။ မင်္ဂလာဒုံရှိတယ်။ အင်းစိန်ရှိတယ်။ မရမ်းကုန်း ရှိတယ်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဗဟန်း၊ လှိုင်၊ ကမာရွတ် ဒီလို နေရာတွေမှာ Google ကကြည့်လိုက်။ မြေကွက် အလွတ်တွေနဲ့ ဆောက် ရင်တောင်မှ နောက်ထပ် လူ ၁၀ သန်းအထိ ထားလို့ရသေးတယ်။ အဲ့ဒီလို တကယ့် စနစ်ကျကျ Town Plan ကို သေချာလုပ်လိုက်ရင်၊ စင်ကာပူလိုမျိုး ဖြစ်ရင် ဘယ်လောက် ကောင်းမလဲ။ မြေတွေအားလုံး က နိုင်ငံတော်က ကိုင်ထားတာ။ နိုင်ငံတော်က ကိုင် ထားတဲ့၊ တိုင်းဒေသကြီးတွေက ကိုင်ထားတဲ့ မြေကြီးတွေ။

ဒီနေ့ မြို့ထဲမှာ တပ်မတော်က ကိုင်ထားတဲ့ မြေကြီးတွေ အများကြီးရှိတယ်။ အဲ့ဒီမြေကြီးတွေကို အသုံးချလိုက်ရင် တပ်မတော်အတွက်လည်း အကျိုးရှိမယ်၊ နိုင်ငံတော်အတွက်လည်း အကျိုးရှိမယ်။ နိုင်ငံသားတွေ အတွက်လည်း အကျိုးရှိမယ်။ Developer အတွက် လည်း အကျိုးရှိတယ်။

မေး။ ။ တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ဖို့အတွက် မြေဧရိယာ ဘယ်လောက် လိုသလဲ။

ဖြေ။ ။ အခန်း ၁ သောင်း၊ ၂ သောင်း ဆောက်ဖို့အတွက်က မြေဧက ရာဂဏန်းလောက် ပေးမှ။ နို့မို့ဆို ဆောက်လို့ မရဘူး။ များများပေးလေ တန်ဖိုးနည်းလေပဲ။ ဥပမာ ဗိုလ်မှူး ဗထူး အိမ်ရာက မြေ ၁၀၅ ဧက ရှိတယ်။ မြေ ၁၀၅ ဧကရရင် ၄၄ သိန်းတန် အခန်း နှစ် သောင်း ဆောက်ပေးမယ်။ ၈၄ သိန်းတန် အခန်း တသောင်း ဆောက်ပေးမယ်။ ၁၂၄ သိန်း အခန်း နှစ်သောင်း ဆောက်ပေးမယ်။ အဲ့ဒီမြေ ၁၀၅ ဧကမှာ အခန်းသုံးသောင်း ဆောက်ပေးမယ်။ အဲ့ဒီမှာ ဆေးရုံလည်း ပါမယ်၊ ကျောင်းလည်း ပါမယ်။ ပြီးရင် နိုင်ငံတော် ကို သိန်း ၇ သောင်းနဲ့ မြေဖိုးပေးမယ်။ အလကား မယူဘူး။

မေး။ ။ အခုနောက်ဆုံး တိုက်ခန်းဈေးတွေ အရမ်းမြင့်တက်ပြီး အခန်းတခန်းပိုင်ဖို့ အရမ်းခက်လာတယ်။ အစိုးရအနေနဲ့ နိုင်ငံသား တွေ နေထိုင်ရေး အဆင်ပြေစေဖို့ အမြန်ဆုံး ဘယ်လို နည်းလမ်းနဲ့ ကုစားပေးနိုင်မလဲ။

ဖြေ။ ။ အမြန်ဆုံးကုစားနိုင်မယ့် နည်းလမ်းက နောက်ဆုံး နိုင်ငံတော်ကနေပြီးတော့ ဇိကုတ်ပြီး နတ်ပြည် တင်သလိုပေါ့။ မင်းတို့ လမ်းဘေး နေတဲ့ သူတွေလည်းရော့ အိမ်ပိုင်မရှိရင် တိုက်ခန်းအလကားပေးမှာ အလုပ်တော့လုပ်။ အလုပ်လုပ်ပြီးမှဆပ်ဆိုရင် အလကားလည်း မပေးရဘူး။ တိုက်ပေါ် တင်ပေးလိုက် သလိုပေါ့။

အခုန ပြောတဲ့ Plan တွေလိုပေါ့။ မင်းတို့ တဲတွေနဲ့မနေပါနဲ့၊ မီးလောင်နေတယ်ပေါ့။ မီးလောင်ရင် မင်းတို့လည်း ဆုံးရှုံးတယ်။ တိုက် ပေါ်မှာနေ ဆိုပြီးတော့ တိုက်ပေါ်တင်တဲ့ Plan အဲ့ဒါတွေလုပ်ဖို့ Developer တွေမှာ ကျနော်တို့ကတော့ တန်ဖိုးများများမှ ရောင်း တတ် တာ၊ မလုပ်တတ်ဘူး ဆိုရင်လည်း မလုပ်တတ်ရင် လုပ်တတ်တဲ့သူဆီမှာ သွားပြီးတပည့် ခံပေါ့။ နောက်ဆုံးမရရင် ဘယ်သူ လုပ်မလဲ။ ကိုထွေး လုပ်တယ်။ လာခဲ့၊ မင်းလုပ်တဲ့ နည်းလေးကို သူတို့ကို ပြောပြလိုက်။ မင်းတို့ သူတို့ လုပ်တဲ့အတိုင်း လိုက်လုပ် ဖြစ်အောင် လုပ်ဆိုရင် အခြေအနေကောင်း သွားတာပေါ့။ ။

Credit: ဧရာဝတီ
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

သီလဝါ ‌‌စီးပွားရေးဇုန်က အိမ်ထောင်စု များ နေရာအသစ်တောင်း

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှာ အကောင် အထည်ဖေါ်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုန် စီမံ ကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရတဲ့ အိမ်ထောင်စု ၆ဝကျော်ဟာ နေရာ အသစ် မှာ ပြန်လည်နေရာချ ထားပေးဖို့ ဂျပန် နိုင်ငံတကာကော်ပိုရေးရှင်း အေဂျင်စီ JICA နဲ့ တွေ့ဆုံဆွေးနွေး လိုကြောင်း သီလ၀ါလူမှုဘဝ ဖံွ့ဖြိုးတိုးတက်ရေး အဖွဲ့က တောင်းဆိုလိုက် ပါတယ်။

လက်ရှိပြောင်းရွှေ့ပေးတဲ့နေရာဟာ သွားလာရခက်ခဲပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ဖို့ အဆင်မပြေ တာကြောင့် JICA အဖွဲ့က တာဝန်ရှိသူတွေ နဲ့ ဆွေးနွေး လိုကြောင်း ပြောင်းရွှေ့ သူတွေကို ကိုယ်စားပြု တဲ့ သီလဝါ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးမြလှိုင် က ပြောပါတယ်။

"လူတွေကိုတော့ဟိုကို ပြောင်းရွှေ့ပေးလိုက်ပြီးပြီ၊ နောက်တစ်ခါ ဒီလူတွေရဲ့အလုပ်အကိုင်အခွင့် အလမ်းတွေကလည်း ဆုံးရှုံးသွား တယ်၊မိသားစုတွေရဲ့ စားဝတ်နေရးတွေ အခတ် အခဲဖြစ်၊ခရီးလမ်းပမ်း ဆက်သွယ်ရေးတွေက လည်းဝေး နောက် တစ်ခါ ကျတော့ ကျောင်းသားတွေတောင် မှ ကျောင်းထုတ် လိုက်ရတယ်၊အိမ်တွေဆို လည်း ပေါင်တဲ့အိမ်ကပေါင် ရရောင်းတဲ့တဲ့အိမ်ကရောင်းရ အဲ့လိုဖြစ်နေတဲ့ အချိန်တွေမှာ ဒါတွေဟာ အဆင်ပြေမှုမရှိတော့ဘူး၊ ဒီလိုအခြေ အနေတွေဖြစ်နေတဲ့ အတွက် ဒါကြောင့်မို့လို့ ထပ်မံပြီးတော့ သူတို့နဲ့ တွေ့ဆုံ ချင်တဲ့အခြေအနေကြောင့်မို့လို့ အခုလို ထပ်မံဖိတ် ကြားလိုက်ခြင်းဖြစ်တယ်"

ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလမှာ သီလဝါအထူးစီးပွားရေးဇုန်နဲ့ မလွတ်လို့ဆိုပြီး အိမ်ထောင်စု ၆ဝ ကျော် ကို ကျောက်တန်းမြို့နားက မြိုင်သာယာရွာကို ပြောင်းရွေ့ပေးခဲ့ပါတယ်။ အဲ့ဒီအထူးစီးပွားရေး ဇုန်ကို ဂျပန်အစိုးရက အဓိက တာဝန်ယူ အကောင်အထည်ဖေါ်နေတာဖြစ်ပြီး အခု မိသားစု ၆ဝ ကျော် ကို မြေလျော်ကြေး ပေးထားပြီးသားဖြစ် သလို အိမ်တွေလည်း ဆောက်လုပ်ပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက JICA အဖွဲ့က တာဝန်ရှိသူတွေနဲ့ သီလဝါ လူမှုစီးပွားဖံွ့ဖြိုး တိုးတက်ရေးအဖွဲ့ တို့ တွေ့ဆုံခဲ့ရာမှာလက်ရှိနေထိုင်ရတဲ့အခက်အခဲကို တင်ပြခဲ့ပြီး ဖြစ်သလို ၃ ကြိမ်တိုင် စာရေးသားပေး ပို့ခဲ့တယ်လို့လည်း သိရပါတယ်။

RFA
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အရောင်းအ၀ယ်အေးနေသည့်အိမ်ခြံမြေဈေးကွက် သင်္ကြန်အပြီး မေလဆန်းတွင် ပြန်ကောင်းလာနိုင်

ဧပြီလအတွင်း အရောင်းအ၀ယ်အေးလျက် ရှိသော ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက် သည်
မေလဆန်းခန့်တွင် အရောင်းရော အငှား ဈေးကွက်ပါ ပြန်လည်လှုပ်ရှားလာဖွယ်ရှိကြောင်း
အိမ်ခြံမြေ အကျိုးဆောင်များက ခန့်မှန်းသည်။ "သင်္ကြန်နီးလာတာနဲ့အမျှ အရောင်းအ၀ယ်
ရော အငှားဈေးကွက်ပါ အရင်ကလောက်မဖြစ် တော့ပဲ အေးသွားတယ်" ဟု ဧဒင် အိမ်ခြံမြေ
ဝန်ဆောင်မှုကုမ္ပဏီမှ မငြိမ်းပြည့်စုံက ပြော သည်။

"လွန်ခဲ့တဲ့လပိုင်းတုန်းကတော့ အငှားတွေ အရမ်းသွက်ခဲ့တယ်။ အဲဒါက လူတွေကသင်္ကြန် ကို
အာရုံထားနေကြတာလည်း ပါမယ်ထင်ပါ တယ်။ အပြောင်းအရွှေ့တွေကို မတ်လမှာကြိုပြီး
လုပ်ကြတာများတယ်။ သင်္ကြန်ပြီးမှ ပြောင်းဖို့ မှန်းထားတဲ့လူတွေလည်း ရှိတယ်။ နောက်ပြီး
အများစုက မဏ္ဍပ်ဘက်ကို အာရုံရောက်နေလို့ အိမ် ခြံမြေဘက်မှာ စိတ်ဝင်စားမှုလျော့သွား
တာလည်းပါမယ်" ဟု ၎င်းက ပြောသည်။

အိမ်ရာ ပြောင်းရွှေ့လိုသူအများစုမှာ ပွင့်လင်းရာသီတွင်သာ ပြောင်းရွှေ့လေ့ရှိကြ သည့်အတွက်
သင်္ကြန်ကာလအပြီးနှင့် မိုးရာသီ မရောက်ခင်စပ်ကြား မေလပိုင်းတွင် ပြောင်းရွှေ့ မှုများခြင်းကြောင့်
ထိုလအတွင်း အငှား ဈေးကွက် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း လုပ်ငန်းရှင်များကပြောသည်။

"ငါးလပိုင်းကျရင် အငှားရော အရောင်း ရော ပြန်ကောင်းလာနိုင်မယ်လို့ မှန်းတယ်။ အငှားဈေးကွက်
ကတော့ ပိုသွက်နိုင်တာပေါ့။ အရောင်းကျတော့ ပုံမှန်အတိုင်းပဲ ဆက်သွား နေဦးမယ်ထင်ပါတယ်"
ဟု မငြိမ်းပြည့်စုံက ပြောသည်။

တိုက်ခန်းအရောင်းအ၀ယ်မှာ သိသာစွာ ပြန် လည်ကောင်းမွန်လာနိုင်ပြီး အထူးသဖြင့် အလုံ
မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်နှင့် ကမာရွတ်မြို့နယ်များမှ လူနေတိုက်ခန်းများ မှာ
စိတ်ဝင်စားသူများကာ ၀ယ်လိုအားများ လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များ က ပြော
သည်။

အောင်သမာဓိ အိမ်ခြံမြေ၀န်ဆောင်မှု ကုမ္ပဏီမှ မသဇင်က လက်ရှိအချိန်ထိ အငှား ဈေးကွက်မှာ
ပုံမှန်လည်ပတ်လျက်ရှိနေပြီး အရောင်းအ၀ယ်မှာ သိသာစွာအေးနေကြောင်း ပြောသည်။

"သင်္ကြန်ကတော့ နှစ်တိုင်းအရောင်းအ၀ယ်ပါးတဲ့ အချိန်ပါ။ ဒီနှစ်တော့ အခုအချိန်အထိ အငှား
ကပုံမှန်ရှိနေသေးပြီး အရောင်းအ၀ယ်ကတော့ တော်တော်အေး နေတယ်" ဟု ၎င်းက ပြောသည်။

ဗိုလ်တထောင်မြို့နယ်အခြေစိုက် လ၀န်းသစ်အိမ်ခြံမြေအကျိုးဆောင်မှ မန်နေဂျာ ကိုသက်မောင်
ကလည်း အိမ်ခြံမြေဈေးကွက်မှာ မေ လဆန်းခန့်တွင် ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း
ခန့်မှန်းသည်။

"ငါးလပိုင်း လဆန်းလောက်ကျရင် တော် တော်ကောင်းလာမယ်လို့ ထင်တယ်။ အထူး သဖြင့်
တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနဲ့ သာကေတ မြို့နယ်တွေမှာ ဈေးကွက်
ပြန်ကောင်းလာဖို့ရှိတယ်" ဟု ၎င်းက ပြောသည်။

"အခုကတော့ သင်္ကြန်ကာလလည်းနီးလာ တော့ အရောင်းအ၀ယ်က နည်းနည်းအေးတာ ပေါ့။
အငှားကတော့ သူ့ဟာနဲ့သူရှိတယ်။ ဒါပေမဲ့ ဈေးသိပ်မြင့်တာတွေကျလည်း အငှား မဖြစ်ပြန်ဘူး"
ဟု ကိုသက်မောင်ကပြောသည်။ အနည်းဆုံး ကျပ် ၂၀၀,၀၀၀ နှင့် ၃၀၀,၀၀၀ ၀န်းကျင်မှ အများ
ဆုံး ကျပ် ၁၀ သိန်း၊ ၁၅ သိန်းဝန်းကျင်ရှိ အခန်းများကိုသာ ငှားရမ်း လျက်ရှိကြပြီး နှစ်ဆန်းပိုင်း
အထိ အငှား ဈေးကွက်သွက်နေခဲ့သော်လည်း နောက်ပိုင်း တွင်မူ အငှားဈေးတက်ခြင်းကို
အိမ်ရှင်နှင့် အိမ်ငှား ညှိနှိုင်းဖြေရှင်းမှုများ များပြားလာသည့်အတွက် ပုံမှန် လည်ပတ်နေသည့်
အနေအထားသို့ ပြန်လည်ရောက်ရှိလာကြောင်း လုပ်ငန်း ရှင်များကပြောသည်။

"အရင်က အငှားဈေးတွေတက်ကုန်တော့ လူတွေက တတ်နိုင်တဲ့ဈေးကိုလိုက်ရှာပြောင်းရင်းနဲ့
အငှားတွေလည်း အရမ်းသွက်ခဲ့တယ်။ အခုနောက်ပိုင်းကျ နေထိုင်တဲ့ သူတွေက လိုက်မပြောင်း
တော့ဘဲနဲ့ တက်တဲ့ဈေးနှုန်းနဲ့ ပေးနိုင် တဲ့ဈေးနှုန်းကို အိမ်ရှင်အိမ်ငှားပဲ ညှိနှိုင်းဖြေရှင်း လာကြတာ
တွေ့ရတယ်" ဟု ကိုသက်မောင်က ပြောသည်။

ကွန်ဒိုတိုက်ခန်းနှင့် လုံးချင်းအိမ်များထက် တိုက်ခန်းများမှာ အရောင်းအ၀ယ်ရော အငှားဘက်
တွင်ပါ ပိုမိုစိတ်ဝင်စားမှု များလာကြကြောင်း လုပ်ငန်းရှင်များကပြောသည်။

နိုနိုအောင်
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဆောက်လုပ်မှုစံနှုန်း ပြဋ္ဌာန်းချက်၊၂၀၁၄ ခုနှစ်အတွင်း ထွက်ရှိနိုင်မည်

အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ရာ တွင် လိုက်နာရမည့် မြန်မာနိုင်ငံဆိုင်ရာ
အဆောက်အအုံဆောက်လုပ်မှုစံနှုန်း ပြဋ္ဌာန်း ချက်အား ၂၀၁၄ ခုနှစ်အတွင်း ထုတ်ပြန်သွား
တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

"၂၀၁၃ မှာတော့ မူကြမ်းပြီးသွားပါပြီ။ အဲဒီတော့ လောလောဆယ်မှာ မူကြမ်းကတော့ ထွက်ပြီ။
နည်းနည်းထပ်စိစစ်ပြီးရင် အချော ထွက်ပါပြီ။ သိပ်မကြာတော့ပါဘူး။ အခု ၂၀၁၄ ထဲမှာပဲ
ထုတ်ပြန်သွားနိုင်ဖို့ကို ကြိုးစားနေတယ်" ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဦးအောင်မြင့်က
ယခုလ ၈ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆောက်အအုံဆောက်လုပ်မှုစံနှုန်း ပြဋ္ဌာန်းချက်မူကြမ်းကို ၂၀၁၃ နှစ်လယ်ပိုင်းက
ရေးဆွဲပြီးစီးခဲ့ခြင်းဖြစ်ပြီး မူလက ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အချောသတ် ပြဋ္ဌာန်းချက်
ထွက်ရှိနိုင်ရန် ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အအုံဆောက်လုပ်မှု စံနှုန်း
သတ်မှတ်ချက် (Building Code of Myanmar) သည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်
ရေးဆွဲသည့် ပထမဆုံးသတ်မှတ်ချက်ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီသည့် စံချိန်
စံညွှန်းများအတိုင်း ရေးဆွဲထားခြင်းဖြစ်သည်။

ယင်းစံနှုန်းသတ်မှတ်ချက်အား မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့်
UN HABITAT တို့ ပူးပေါင်းရေးဆွဲနေခြင်းဖြစ်ပြီး အဓိကအားဖြင့် ငလျင်လှုပ်ခြင်း၊ လေထန်ခြင်းနှင့်
ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များကြောင့် အဆောက်အအုံပျက်စီးဆုံးရှုံးမှု လျော့နည်း
စေရန် ရည်ရွယ် ရေးဆွဲခြင်း ဖြစ်သည်။

"ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ လုပ်စရာတွေကျန်သေးတယ်။ တချို့ကိစ္စလေးတွေကို
ဒီကကန်ထရိုက်တာတွေ၊ လုပ်ငန်းဆောင်ရွက်နေတဲ့သူတွေနဲ့ အသေး စိတ်ညှိနှိုင်းသွားဖို့တွေရှိ
တယ်။ အဲဒါတွေပြီးရင်တော့ အချောသတ် ပြဋ္ဌာန်းချက်ထွက်နိုင်ဖို့ဟာ သေချာသွားပြီ" ဟု
ဦးအောင်မြင့်ကပြောသည်။

မူကြမ်းအား ကျနစွာ ပြင်ဆင်ပြီးဖြစ်သော် လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ တည်
ဆောက်သူများထံ လိုက်နာရန်ညွှန်ကြားမှုများ မပြုလုပ်ရသေးပေ။ အဆောက်အအုံ စံနှုန်း
သတ်မှတ်ချက် (Building Code) သည် လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏
အကျိုးစီးပွားအတွက် မဟုတ်ဘဲ စနစ်ကျသော ဖွဲ့စည်းပုံ၊ တည်ဆောက် ပုံနှင့် ဆက်နွှယ်
လျက်ရှိသည့် လူထုကျန်းမာရေး၊ လုံခြုံရေးနှင့် အထွေထွေကောင်းကျိုးချမ်းသာ တို့ကို
ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

စံနှုန်းသတ်မှတ်ချက်များ ရေးဆွဲရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်
ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာန၊ ဗိသုကာပညာရှင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်
မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်း တို့အပြင် အခြားသော ပညာရှင်များလည်း ပါဝင် ရေးဆွဲခဲ့ခြင်း
ဖြစ်သည်။

နိုနိုအောင် MMT
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

တန်ဖိုးနည်း တန်ဖိုးမျှတအိမ်ရာဟု ဆိုသော်လည်း ဈေးနှုန်းများ ကြီးမြင့်နေမှုကို လျှော့ချပေးရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌် အဆိုတင်သွင်းမည်



ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒဂုံမြို့သစ်မြောက်ပိုင်းတွင် အကောင်အထည်ဖော်နေသည့် ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)

တန်ဖိုးနည်း တန်ဖိုးမျှတအိမ်ရာများဟု ဆိုသော်လည်း ဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် လျှော့ချပေးရန် ဧပြီ ၂၃ ရက်မှ စတင်ပြုလုပ်မည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တန်ဖိုးမျှတအိမ်ရာများ အကောင်အထည်ဖော်နေရာ ရောင်းချပေးမည့် အိမ်ရာဈေးနှုန်းများမှာ အခြေခံလူတန်းစား ပြည်သူများ မျှော်မှန်းထားသည့် ဈေးနှုန်းများမဟုတ်ဘဲ လက်လှမ်းမမီသည့် ဈေးနှုန်းများ ဖြစ်နေသည်။

“တန်ဖိုးနည်းဆိုပြီး ဈေးနှုန်းတွေက ကြီးနေပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အဆိုတင်သွင်းဖို့ ရှိတယ်။ သိရသလောက် အစိုးရက တန်ဖိုးနည်းအိမ်ရာတွေဆောက်ဖို့ ငွေကျပ် ၁၆ ဘီလျံလောက် အကုန်အကျခံ ဆောက်မယ်လို့ပြောတယ်။ အစိုးရက ဆောက်ရဲ့သားနဲ့ ဘာဖြစ်လို့ ဈေးနှုန်းကို မလျှော့ချပေးနိုင်ရတာလဲ။ သူတို့အနေနဲ့ ဒီဈေးနှုန်းကို မလျှော့ချနိုင်ရင်လည်း ချေးငွေနဲ့ အရစ်ကျပေးရမယ့် ကာလကို နှစ် ၂၀ လောက်အထိ သတ်မှတ်ပေးဖို့ တင်ပြမယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသော ရတနာနှင့် ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှာလည်း တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ရှိမည်ဟု သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောက်လုပ်နေသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများမှာလည်း အနည်းဆုံး ကျပ် ၂၃၇ သိန်းမှ စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။

အဆိုပါ အိမ်ရာများအား ဘဏ်ချေးငွေဖြင့် ၀ယ်ယူပါကမူ နောက်ဆုံးလေးနှစ် အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်သည်ဟု သတ်မှတ်ထားပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရောင်းချသည့် တန်ဖိုးမျှတအိမ်ရာတွင် အခန်းဈေးနှုန်း ၂၃၇ သန်းရှိသော အခန်းအား ဘဏ်ချေးငွေလေးနှစ် အရစ်ကျဝယ်ပါက ကျပ် ၂၇၉ သိန်းကျော် ပေးဆောင်ရမည်ဟု ထုတ်ပြန်ထားသည်။

တန်ဖိုးနည်း တန်ဖိုးမျှတဟုဆိုသည့် အိမ်ရာများ ဆောက်လုပ်ထားသည့် မြို့နယ်နေရာနှင့် ရောင်းချပေးမည့် ဈေးနှုန်းများနှိုင်းယှဉ်က များစွာကွာဟနေပြီး ယင်းဈေးနှုန်းများဖြင့် အချက်အချာကျလာသော သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ စသည့်နေရာများ၌ပင် အသင့်တင့်ကောင်းမွန်သည့် တိုက်ခန်းများပင် ၀ယ်ယူနိုင်သည်ဟုလည်း အများပြည်သူအကြား ဝေဖန်သံများ ထွက်နေသည်။

တန်ဖိုးနည်းတန်ဖိုးမျှတ အိမ်ရာများကို ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းရှင်များအား တာဝန်ယူဆောက်လုပ်စေပြီး ယင်းစီမံကိန်းများမှာ ပြည်သူအတွက် အကျိုးရှိမည့် စီမံကိန်းလား၊ လုပ်ငန်းရှင်များအတွက် အကျိုးရှိစေမည့် စီမံကိန်းလား ဆိုသည်ကိုလည်း ပြည်သူအများစုက မေးခွန်းထုတ်နေကြသည်။

EMG

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အဆောက်အအုံအမြင့် သတ်မှတ်ချက် ပြည်သူများထံ ချပြမည်


မြို့ပြအသုံးချမှု မြေပုံကြမ်းကို တွေ့ရစဉ်။မြို့ပြအသုံးချမှု မြေပုံကြမ်းကို တွေ့ရစဉ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေးဆွဲလျက်ရှိသည့် မြို့ပြမြေအသုံးချမှုဇုန်
အတွက် မြို့နယ်များအလိုက် ဆောက်လုပ်သင့်သည့် အဆောက်အအုံ အထပ်အမြင့်
သတ်မှတ်ချက်များကို ပြည်သူများ လက်ခံပါက လွှတ်တော်သို့ တင်သွားမည်ဟု တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ထိုသတ်မှတ်ချက်များကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာပညာရှင်များနှင့်
လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားများရယူကာ ပြီးစီးပါက အဆိုပါ အဆောက်အအုံ
အထပ်အမြင့်သတ်မှတ်ချက်များကို ပြည်သူလူထုထံ မေလအတွင်း ချပြသွားနိုင်မည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက
မတ်လ ၃၁ ရက်နေ့က ပြုလုပ်သော မြို့ပြမြေအသုံးချမှုဇုန် ဆွေးနွေးပွဲတွင် ပြောသည်။

"အခုရေးဆွဲထားတယ်ဆိုတာ ဒီလိုမျိုးသတ်မှတ်ထားတယ်၊ သတ်မှတ်ထားတဲ့အတိုင်း
တည်ဆောက်ရမယ်ဆိုပြီး ထုတ်ပြန်ရေးဆွဲထားတာတော့ မဟုတ်ပါဘူး။ ဒီလိုတော့ ဖြစ်သင့်တယ်
ဆိုတဲ့ အမြင်တွေကို ပြောပြတာပါ။ ဒါကြောင့်လည်း အားလုံးရဲ့သဘောထားကို နားထောင်ပြီးတော့
နောက်ဆုံးမှာ ပြည်သူတွေကို ချပြသွားမှာပါ။ မေလထဲမှာ ချပြသွားဖို့ စီစဉ်ထားပါတယ်။ ပြည်သူ
တွေကလည်း လက်ခံပြီဆိုတော့မှ ဒီလိုသတ်မှတ်ရေးဆွဲထားတာတွေကို လွှတ်တော်ကို တင်ပြ
သွားမှာပါ" ဟု ၎င်းကပြောသည်။

မြို့ပြမြေအသုံးချမှုဇုန်တွင် ဇုန် ၁၁ ဇုန် ရေးဆွဲထားပြီး ယင်းဇုန်များသတ်မှတ်ရာ မြို့များတွင်
အဆောက်အအုံ တည်ဆောက်မည့်အမြင့်များကို သတ်မှတ်ခဲ့ခြင်းဖြစ်ကာ အဆောက်အအုံ
အမြင့်ကို အမျိုးအစား ငါးမျိုး ခွဲခြားထားသည်။

ယင်းအထပ်အမြင့် အမျိုးအစားများကို မြို့နယ်နှင့် လမ်းအကျယ်များပေါ်မူတည်ကာ အထပ်
လေးထပ်ထက်မပိုသော အဆောက်အအုံ၊ အထပ်ခြောက်ထပ်ထက်မပိုသော အဆောက်အအုံ၊
အထပ် ၁၂ ထပ်ထက်မပိုသော အဆောက်အအုံ၊ ပင်လယ်ရေမျက်နှာပြင် အထက် ၃၁၇ ပေအထိ
ဆောက်ခွင့်ရသော အဆောက်အအုံနှင့် ပင်လယ်ရေ မျက်နှာပြင် အထက် ၄၁၇ ပေအထိ
ဆောက်ခွင့်ရသော အဆောက်အအုံ အစရှိသဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။

အထပ်မြင့် ဆောက်လုပ်လိုသူများသည် ဆောက်လုပ်ခွင့်ရှိသည့်မြို့နယ်တွင် ဆောက်လုပ်ခွင့်
ရှိသော်လည်း ယင်းမြို့နယ်၌တည်ဆောက်မည့် အဆောက်အအုံ၏ လမ်းအကျယ်ပေါ်မူတည်ကာ
အဆောက်အအုံအမြင့်ကို ပြောင်းလဲနိုင်သည်။

"ဒီမြို့နယ်ကတော့ အထပ်မြင့်ဆောက်လုပ်ရ တယ်ဆိုပေမယ့် အဆောက်အအုံဆောက်မယ့်
လမ်းကကျဉ်းနေရင် အထပ်မြင့်ဆောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီတော့ အထပ် ၂၀
လောက်အထိ ဆောက်လို့ရမယ့် မြို့နယ်ထဲမှာ လမ်းပေါ်မူတည်ပြီး ၁၅ ထပ်လည်း ဖြစ်နိုင်တယ်"ဟု
ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

အဆောက်အအုံအမြင့် သတ်မှတ်ချက်များကို မြို့ပြမြေအသုံးချမှုဇုန်မြေပုံတွင် အရောင်များဖြင့်
ခွဲခြားသတ်မှတ်ထားပြီး မြို့နယ်အများစုမှာ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ရရှိထား
ကာ ပင်လယ်ရေမျက် နှာပြင်အထက် ၄၁၇ ပေအထိ ဆောက်လုပ်နိုင်မှုမှာ ရန်ကုန်တစ်မြို့လုံး၏
၇၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း အဆိုပါဆွေးနွေးပွဲတွင် တာဝန် ရှိသူများကပြောသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၃၁၇ ပေ အထိ အဆောက်အအုံဆောက်လုပ်နိုင်မှုသည် ရန်ကုန်
တစ်မြို့လုံးအတိုင်းအတာတွင် တစ်ရာခိုင်နှုန်းခန့်သာရှိပြီး ၁၂ ထပ်ထက်မပိုသော အဆောက်အအုံ
ဆောက်လုပ်နိုင်သည့်နေရာမှာ ၁၂ ရာခိုင်နှုန်းခန့်ဖြစ်ကာ ခြောက်ထပ်ထက်မပိုသော
အဆောက်အအုံများ ဆောက်လုပ်ရန်နေရာမှာ ကိုးရာခိုင်နှုန်းခန့်နှင့် လေးထပ်ထက် မပိုသော
အဆောက်အအုံများ ဆောက်လုပ်နိုင်သည့်နေရာမှာ ရှစ်ရာခိုင်နှုန်းခန့်ဖြင့် အသီးသီးခွဲခြားသတ်မှတ်
ထားခြင်း ဖြစ်သည်။

မြို့ပြမြေအသုံးချမှုဇုန်မြေပုံတွင် အထပ်မြင့်အဆောက်အအုံအမြင့် သတ်မှတ်ချက် ပင်လယ်
ရေမျက်နှာပြင် အထက် ၄၁၇ ပေအထိ ဆောက်လုပ်နိုင်သည့်နေရာကို အနီရောင်ဖြင့် သတ်မှတ်
ထားကာ အများစုမှာ မြို့ပြင်ဒေသများတွင် ဖြစ်သည်။

မြို့လယ်ကောင်ပတ်ဝန်းကျင်၊ ရွှေတိဂုံ ပတ်ဝန်းကျင်နှင့် ဆိတ်ငြိမ်ရပ်ကွက်အဖြစ် သတ်မှတ်ထား
သည့် နေရာများတွင်မူ အထပ်နိမ့်ဖြစ်သည့် လေးထပ်နှင့် ခြောက်ထပ် အဆောက်အအုံများသာ
ခွင့်ပြုထားသည်။

ယင်းမြေပုံတွင် ပင်လယ်ရေမျက်နှာပြင် အထက် ၃၁၇ ပေအထိ အဆောက်အအုံများ
ဆောက်လုပ်နိုင်သည့်နေရာများကို ပန်းရောင်၊ ၁၂ ထပ်ထက်မပိုသော အဆောက်အအုံများ
ဆောက်လုပ်နိုင်သည့်နေရာများကို လိမ္မော်ရောင်၊ ခြောက်ထပ်ထက်မပိုသော အဆောက်အအုံများ
ဆောက်လုပ်နိုင်သည့် နေရာများကို အ၀ါရင့်ရောင်၊ လေးထပ်ထက်မပိုသောအဆောက်အအုံများ
ဆောက်လုပ်နိုင်သည့် နေရာများကို အ၀ါနုရောင်တို့ဖြင့် မြို့နယ်များအလိုက် အသီးသီးခွဲခြား
သတ်မှတ်ထားခြင်း ဖြစ်သည်။

နိုနိုအောင်နှင့် မြတ်ငြိမ်းအေး

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အခွန်နှုန်းထားသစ်များနှင့် အိမ်ခြံမြေဈေးကွက်

၂၀၁၃ နှစ်ကုန်ပိုင်းကာလမှ ၂၀၁၄ နှစ်ဆန်းပိုင်းကာလ (မတ်လကုန်) အထိ ရန်ကုန် အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက်တွင် အရောင်းအ၀ယ် တည်ငြိမ်မှုရှိနေသည်ဟု အိမ်ခြံမြေဈေးကွက်အတွင်းရှိ အကျိုး ဆောင်များက တညီတညွတ်တည်း ပြောဆိုသည်။

၂၀၁၁ မှ စ၍ အရှိန်အဟုန်ကောင်းကောင်းမြင့် အရောင်းအ၀ယ် ကောင်းခဲ့ကြသည့် အိမ်ခြံမြေဈေးကွက် သည် ယခုအချိန်တွင် ငြိမ်ချက်သား ကောင်းနေသော်လည်း အခွန်နှုန်းထားသစ်များကြောင့် ဈေးကွက် အပေါ် လှုပ်ခတ်မှု ရှိလာနိုင်သည်ဟုလည်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ် ပြောဆိုသည်။

ဈေးကွက်အေးနေသည်ဟု ဆိုသော်လည်း ဈေးနှုန်းများမှာ အမြင့်ဆုံးနှုန်းထားတွင် ရောက်ရှိနေကြောင်းနှင့် ဈေးကွက် အေးသွားရသည့် အဓိကအကြောင်းအရင်းမှာ အိမ်ခြံမြေဈေးနှုန်းများသည် အမြင့်ဆုံးဈေးနှုန်းများ (ယုတ္တိမဲ့ဈေးနှုန်းများ)သို့ရောက်ရှိသွားသောကြောင့်ဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များကျေပြာသည်။

တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ချက်များ ထွက်ရှိလာပြီးသည့်နောက်တွင် မြေကွက်ဝယ်ရောင်းသမားများ အနေဖြင့် ဈေးကွက်အခြေအနေအပေါ် စောင့်ကြည့်သည့် အနေအထားကြောင့်လည်း ဈေးကွက် ပိုမိုအေးလာခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ဈေးကွက်အတွင်း မြေ၀ယ်ရောင်းသူ အများစုသည် မြေ၀ယ်ယူပြီးနောက် ယင်း မြေကွက်မှာ အချက်အချာ ကျသောနေရာတွင် တည်ရှိနေသည်ဆိုပါက အဆိုပါ မြေကွက်ပေါ်တွင် ကွန်ဒို၊ တိုက်ခန်းတည်ဆောက် ပြီး ငွေရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့ရှိကြသည်ဟု အကျိုးဆောင်များက ပြောသည်။

ထိုသို့ဆောင်ရွက်ခြင်းကြောင့် မြေကွက်များ ထပ်မံဝယ်ယူနိုင်မှု မရှိခြင်းကလည်း မြေကွက်ဈေးများ အေးသွားရသည့် အကြောင်းအရင်းတစ်ရပ် ဖြစ်သည်ဟုလည်း အကျိုးဆောင်များက ဆိုသည်။

သို့သော် ဘဏ္ဍာရေးနှစ်သစ်မှ စတင်ကာ လျှော့ချသတ်မှတ်မည့် အခွန်နှုန်းထား အသစ်များကြောင့် အေးစက်နေသည့် အိမ်ခြံမြေဈေးကွက်မှာ ပြန်လည် အသက် ၀င်လာနိုင်သည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက မှန်းဆ လာနေကြသည်။

အိမ်ခြံမြေ အခွန်နှုန်းထားသစ်နှင့် ဈေးကွက် အလားအလာ
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း၏ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က “ အိမ်ခြံမြေအခွန်နှုန်းထား တွေ လျော့နည်းသွားမှာ ဖြစ်တဲ့အတွက် ၂၀၁၄ထဲမှာ အရောင်းအ၀ယ်ကတော့ ပြန်ကောင်းလာနိုင်တယ်။ မေ၊ ဇွန်လောက်ဆိုရင် အရောင်းအ၀ယ်တွေ ပုံမှန်ပြန်ဖြစ်လာနိုင်တယ်။ ဈေးနှုန်းတွေကျဖို့တော့ မဖြစ်နိုင် ပါဘူး” ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော်က ၀င်ငွေရ လမ်းမဖော်ပြနိုင်ပါက ကျပ်သိန်း ၅၀၀ တန် အိမ်၊ ခြံ၊ မြေ၀ယ်ယူ လျှင် အိမ်၊ ခြံ၊ မြေအခွန် သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀မှ ကျပ်သိန်း ၁,၅၀၀ အထိအား အိမ်၊ ခြံ၊ မြေခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၅၀၀ မှ ကျပ်သိန်း ၃၀၀၀ အထိအား အခွန် ၂၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃,၅၀၀ တန်အတွက် အိမ်၊ ခြံ၊ မြေ အခွန် ၃၀ ရာခိုင်နှုန်း သတ်မှတ်ရန် အတည်ပြုထားသည်။

တံဆိပ်ခေါင်းခွန်မှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတွင် ငါးရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်များတွင် သုံးရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည် ဖြစ်သည်။

ယခင် အိမ်ခြံမြေအခွန်နှုန်းထား ၃၇ ရာခိုင်နှုန်းအောက်သို့ လျှော့ချလိုက်သည့်အတွက် အခွန်ထမ်းဆောင် သူ ပိုမိုများပြားလာနိုင်သော်လည်း မြင့်တက်နေသည့် ဈေးနှုန်းအပေါ်တွင် သတ်ရောက်မှုမရှိနိုင်ဟု ရန်ကုန် မြိုရရှိ အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။

အိမ်ခြံမြေ၏ အမြင့်ဆုံးနှုန်းထားများ
ရန်ကုန် အိမ်ခြံမြေဈေးနှုန်းများသည် ဒေသတွင်းနိုင်ငံများတွင် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေပြီး ၂၀၁၁ ခုနှစ်မှ စတင်ကာ ယခုအချိန်အထိဆိုလျှင် ၁၀ ဆခန့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်ဟု အကျိုးဆောင်များက ပြောသည်။ အိမ်ခြံမြေ၀ယ်ရောင်းများ၏ ဈေးကစားပွဲဟု ဆိုနိုင်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြေကွက်များသည် လွန်ခဲ့သည့် လေးနှစ်ခန့် က ပေ (၄၀ x ၆၀) တစ်ကွက်လျှင် သိန်း ၅၀ ၀န်းကျင်ရှိရာမှာ ယခုအချိန်၌ လမ်းမတန်းမြေကွက်ဆိုလျှင် သိန်းတစ်ထောင်ကျော် ရှိနေပြီဖြစ်သည်ဟုလည်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ရန်ကုန်မြို့တွင်းပိုင်းတွင် ပေ (၂၀ x ၆၀) အကွက်များသည် ပျမ်းမျှသိန်း ၈,၀၀၀ ၀န်းကျင် ဈေးနှုန်းများ ဖြစ်လျက်ရှိကာ ဝေဇယန္တာလမ်းမကြီး အသစ်ခင်းပြီးနောက်တွင် တောင်ဥက္ကလာပ မြေဈေးများသည် မြို့တွင်းမြို့နယ်များထက်ပင် ဈေးနှုန်းမြင့်တက်မှုနှုန်း မြန်ဆန်လာနေသည်ဟု အကျိုးဆောင်များက ပြောသည်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ယခင်က သိန်း ၈,၀၀၀ ခန့် ဈေးပေါက်သော မြေကွက်များသည် တစ်နှစ်အတွင်းဈေးနှုန်း နှစ်ဆမြင့်တက်ခဲ့ပြီး သိန်းတစ်သောင်းခွဲအထိ ရောက်ရှိနေခဲ့သည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောသည်။ ကမ္ဘာအေးစေတီလမ်းရှိ မြေဈေးများထက်ပင် ကြီးမြင့်လာသည်ဟုဆိုသည်။

အဆိုပါဈေးနှုန်းများသည် မည်သို့မျှ မဖြစ်သင့်မဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်လာခဲ့ခြင်း ဖြစ်သည်။ စိုင်းခွန် နောင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမန်နေဂျာ ဦးရန်အောင် က “ လက်ရှိအချိန်မှာ ငွေရင်းရှိတဲ့သူတွေ၊ ငွေမည်းသမားတွေက တခြားရင်းနှီးမြှုပ်နှံရမယ့် လုပ်ငန်းတွေထက် မြေကအဆပေါင်းများစွာ အမြတ်ရမှာ ဖြစ်တဲ့အတွက် ဒီမှာပဲလာ စုနေတယ်” ဟု ပြောသည်။

တိုက်ခန်းရောင်း၊ ၀ယ်၊ ငှားနှင့် ကွန်ဒိုဈေးနှုန်းများလည်း မြင့်တက်
မြေကွက်အရောင်းအ၀ယ်ဈေးနှုန်းများ တဟုန်ထိုး မြင့်တက်လာခြင်းနှင့်အတူ ရန်ကုန်မြို့တွင် တိုက်ခန်း ရောင်းဝယ်ငှားဈေးနှုန်းများ လစဉ်မြင့်တက်လျက်ရှိသည်ဟု အကျိုးဆောင်များက ပြောသည်။

ဦးရန်အောင်က “တိုက်ခန်းအရောင်းအ၀ယ်ရော၊ အငှားဈေးပါ ရန်ကုန်မြို့တစ်ခုလုံး အတိုင်းအတာနဲ့ ဈေး တက်လာတယ်။ မြေဘက်မှာ အရောင်းအ၀ယ်တွေတန့်ပြီး နောက်မှာဝယ်ရောင်းတွေက တိုက်ခန်းဘက် ကိုပြန်လှည့်လာတယ်” ဟု ပြောသည်။

အိမ်ခြံမြေအငှားဈေးနှုန်းများ မြင့်တက်နေမှုနှင့်အတူ နိုင်ငံခြားသားများ၏ အိမ်ခြံမြေငှားရမ်းမှုမှာ မြင့်တက် လျက်ရှိနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ပြီးခဲ့သည့် ၁၂ လအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ၏ ရုံးခန်းငှားရမ်းမှုမှာ ၈၀ ရာခိုင်နှုန်း၊ အသင့်နေ တိုက်ခန်းငှားရမ်းမှုမှာ ၅၀ ရာခိုင်နှုန်းနှင့် အဆင့်မီတိုက်ခန်းနေရာ ငှားရမ်းမှုမှာ ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု နိုင်ငံတကာ အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီ တစ်ခုဖြစ်သည့် စ၀ီးလ်စ်က ၂၀၁၃ နှစ်ကုန်ပိုင်းတွင် သုံးသပ်ထားသည်။

ရန်ကုန်မြို့ရှိ နေရာအကွက်အကွင်း ကောင်းမွန်သောနေရာများတွင် နိုင်ငံခြားသားများက ရုံးခန်းငှားရမ်းမှု များရှိနေပြီး ယင်းနေရာများရှိ ကွန်ဒိုတိုက်ခန်းငှားရမ်းခ ဈေးနှုန်းများသည် တစ်လလျှင်သိန်း ၂၀ မှ သိန်း ၃၀ ကြားရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းနှစ် ဆနီးပါးခန့်မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

တန်ဖိုးနည်းအိမ်ရာ ဈေးကွက်
အစိုးရအနေဖြင့်လည်း အိမ်ခြံမြေလိုအပ်ချက်ကြီးမြင့်လာမှုအားဖြေရှင်းရန် တန်ဖိုးမျှတအိမ်ရာများအကောင် အထည်ဖော်ကာ ဈေးနှုန်းကြီးမြင့်မှုအားလျှော့ချရန် ကြိုးစားလာနေသည်။ သို့သော် တန်ဖိုးမျှတ အိမ်ရာဈေး နှုန်းများမှာ လက်တွေ့တွင် တန်ဖိုးမမျှတသည့် နှုန်းထားများဖြစ်နေသည်ဟုလည်း အိမ်ခြံမြေအသိုင်းအ၀ိုင်း က ဝေဖန်လျက် ရှိသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ တိုက်ခန်းများကို ငွေကျပ် သိန်း၂၃၀ ဈေးသတ်မှတ်ခြင်းနှင့် သင်္ကန်း ကျွန်းမြို့နယ်ရှိ တိုက်ခန်းများကို ကျပ်သိန်း ၁၈၀ သတ်မှတ်ခြင်းက အမှန်တကယ် တန်ဖိုးမျှတမှုရှိသော ဈေးနှုန်း ဟုတ်မဟုတ် မေးခွန်းထုတ်စရာဖြစ်နေသည်ဟုလည်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

၂၀၁၅ အလားအလာ
၂၀၁၅ တွင် စတင်တော့မည့် စတော့အိတ်ချိန်း ပေါ်ပေါက်လာပြီးဆိုပါက အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသူများအနေဖြင့် အခြားရင်းနှီးမြှုပ်နှံစရာများသို့ ပြောင်းလဲရင်းနှီးမြှုပ်နှံလာနိုင်ကြောင်းနှင့် ယင်းသို့ ပြောင်းလဲရင်းနှီးမြှုပ်နှံလာပါက အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်သည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက သုံးသပ်သည်။

စိုးစံ(လင်း) အိမ်ခြံမြေ၀န်ဆောင်မှု ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ထွန်းက “ နိုင်ငံတကာမှာလို စတော့ရှယ်ယာဈေးကွက် ရှိလာဖို့က နှစ်နှစ်လောက်လိုသေးတော့ ဒီမှာက ငွေပိုရှိတယ်ဆိုရင် အိမ်ခြံမြေ အပေါ်မှာပဲ ရင်းနှီးမြှုပ်နှံဖို့ ရှိတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့တွင် လက်ရှိတည်ဆောက်နေသော စီးပွားရေးဆိုင်ရာ အဆောက်အအုံအချို့သည် ၂၀၁၅ ၀န်း ကျင်တွင် ပြီးစီးမည်ဖြစ်ရာ ပြည့်ကျပ်နေသည့် အိမ်ခြံမြေလိုအပ်ချက်ကို အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်း ပေးနိုင်မည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုသည်။

မြေဈေးနှုန်းကြီးမြင့်ခြင်းကို ထိန်းချုပ်၍ရမည်မဟုတ်ဘဲ မြို့ပြဧရိယာတိုးချဲ့ကာ မြို့သစ်များကို ဖွံ့ဖြိုးမှုအား ကောင်းလာအောင် လုပ်ဆောင်ပေးသင့်သည်ဟု စီးပွားရေးပညာရှင်နှင့် အိမ်ခြံမြေအကျိုးဆောင်တို့က သုံး သပ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် City Development Plan နှင့် Township Development Plan များ ရေးဆွဲ ခြင်းကို စတင်ဆောင်ရွက်နေသည်ဟု သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖေဖော် ၀ါရီလအတွင်း ထုတ်ဖော် ပြောကြားထားပြီး ယင်းစီမံကိန်းများ အမှန်တကယ် ဖြစ်ထွန်းလာပါက မတန် တဆမြင့်တက်နေသည့် အိမ်ခြံမြေဈေးနှုန်းများမှာ အတန်အသင့် လျှော့ချနိုင်မည်ဟုလည်း အိမ်ခြံမြေ လုပ် ငန်းရှင်များက သုံးသပ်သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက “စီမံကိန်းတွေက ပြောထားတဲ့အတိုင်း တကယ်ပဲအကောင်အထည် ပေါ်ထွန်းလာမယ်ဆိုရင်တော့ ကသောင်းကနင်းဖြစ် နေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေကို အထိုက်အလျောက် ထိန်းသိမ်းပြီးသား ဖြစ်လာနိုင်တယ်” ဟု သုံးသပ် သည်။

နိုင်ငံတကာ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ တစ်ခုဖြစ်သည့် စ၀ီးလ်စ်ကုမ္ပဏီ၏ ဒါရိုက်တာ Troy Griffiths က ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးနှုန်းများနှင့် ပတ်သက်ပြီး “လိုအပ်ချက်တွေ မြင့်မားနေလို့ ဈေးတွေကမြင့်နေ တာပါ၊ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်နေတဲ့ ကြားကာလမှာမို့ ဒီလိုဈေးတွေ မြင့်တက်နေ တာပါ။ လိုအပ်ချက်ကိုဖြည့်ပြီးတဲ့ နောက်သုံး၊ လေး နှစ်ဆိုရင်တော့ ဈေးနှုန်းတွေ တည်ငြိမ်လာမှာပါ” ဟု သုံးသပ်ပြောဆိုသည်။

Mizzima
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate