ဘဏ်အတိုးနှုန်းက တိုက်ခန်းတန်ဖိုးရဲ့ ခြောက်ပုံတစ်ပုံခန့်ဖြစ်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စီစဉ်တဲ့ ဗိုလ်မှူးဗထူးအိမ်ရာ ကို ဘဏ်ချေးငွေနဲ့ ရောင်းချမှုမှာ အခန်းတန်ဖိုးရဲ့ ခြောက်ပုံတစ်ပုံလောက်ဟာ ဘဏ်တိုးအဖြစ် ပေးဆောင်ရဖို့ရှိပြီး ချိတ်ဆက်ရောင်းချပေးမယ့် ဘဏ်စာရင်းလည်း အတိအကျ မထွက်သေးဘူးလို့ သိရပါတယ်။
“ဘယ်ဘဏ်က လုပ်ပေးမလဲ အခုထိ မသိသေးဘူး။ အိုးအိမ်အခန်းတွေ ရောင်းချသလို အိုးအိမ်ဘဏ်က လုပ်မလား၊ တခြားပုဂ္ဂလိကဘဏ်တွေနဲ့ ချိတ်ဆက်မလား မသေချာသေးဘူး” လို့ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယူ ၉၀၀ တိုက်ပ်အေ ၉၂၇ စတုရန်းပေ အခန်းတစ်ခန်းတန်ဖိုးဟာ ကျပ် ၃၄၇ သိန်းရှိပြီး ဘဏ်ချေးငွေနဲ့ ၀ယ်ယူခွင့်ရသူဟာ ကြိုတင်ငွေအဖြစ် အခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၁၀,၄၁၀,၀၀၀ ပေးသွင်းရမှာပါ။ ဘဏ်ကော်မရှင်ခ တစ်ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၃၄၇,၀၀၀ အပါအ၀င် ပထမနှစ်ဘဏ်တိုး ကိုးရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၂,၁၈၆,၁၀၀ ပေးသွင်းရမှာဖြစ်ပါတယ်။ ကြိုတင်ငွေ စုစုပေါင်းတန်ဖိုးက ကျပ်သိန်း ၁၃၀ နီးပါး ရှိပါတယ်။

အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုတဲ့အချိန်မှာ အခန်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ၁၂,၉၄၃,၁၀၀ ကျပ် ပေးသွင်းရမှာဖြစ်ပါတယ်။
ဒုတိယနှစ်ဘဏ်တိုး ငါးရာခိုင်နှုန်းအတွက် ၁,၂၁၄,၅၀၀ ကျပ် ပေးသွင်းရမှာဖြစ်ပြီး တတိယနှစ်နဲ့ စတုတ္ထ နှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်းအတွက်လည်း အလားတူ ပေးသွင်းရမှာပါ။

လစဉ် ပေးသွင်းရမယ့် နှုန်းထားမှာ ၅၀၆,၀၄၂ ကျပ်ဖြစ်ပြီး ၄၈ လ ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဘဏ်အတိုး ဟာ အခန်းတန်ဖိုးရဲ့ ခြောက်ပုံတစ်ပုံကျော် ပေးသွင်းရမှာ ဖြစ်ပါတယ်။

ယူ ၉၀၀ တိုက်ပ်ဘီ အမျိုးအစားအတွက် သတ်မှတ်တန်ဖိုးငွေ ၃၂၉ ကျပ်သိန်းဖြစ်ပြီး ဘဏ်တိုး စုစုပေါင်း ၅,၈၅၆,၂၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။
U600 Type A အမျိုးအစားအတွက် အခန်းတန်ဖိုး ၂၅၅ သိန်းမှာ ဘဏ်တိုးကျပ် ၄,၅၃၉,၀၀၀ ပေးသွင်းရ မှာဖြစ်ပြီး Type B အမျိုးအစားအတွက် ၂၃၇ သိန်း အမျိုးအစားအတွက် ဘဏ်တိုး ၄၂,၁၈၆,၀၀၀ ကျပ် ဘဏ် အတိုး ပေးရမှာ ဖြစ်ပါတယ်။