ဒူဘိုင်းမှာ တိုက်ခန်းတစ်ခန်းဝယ်လျှင် လမ်ဘော်ဂီနီတစ်စီး လက်ဆောင်ပေး



အမေရိကန်ဒေါ်လာ ၄၄၅ç၃၀၀ ခန့် ဈေးသတ်မှတ်ထားသော လမ်ဘော်ဂီနီအဗန်တာဒို ပြိုင်ကားသည် လူအများစုအတွက် ၀ယ်ယူရန် စိတ် မကူးရဲသည့် နှုန်းထားတစ်ခုဖြစ်သည်။သို့သော်အဆိုပါလမ်ဘော်ဂီနီကို ဒူ ဘိုင်းတွင် လက်ဆောင်ရရှိနိုင်သည် ဟု ဆိုသည်။

လမ်ဘော်ဂီနီ အဗန်တာဒို ကား သစ်တစ်စီး ရရန် ဒူဘိုင်းရှိ အကြီးဆုံး ဈေးဝယ်စင်တာနှင့် နီးသည့် နေရာ တွင် အမေရိကန် ဒေါ်လာ ၂ သန်းမှ ဈေးစတင်သတ်မှတ်ထားသော ဒါ မက်မေဆင်အထပ်မြင့်တိုက်ခန်းတစ် ခန်းကို ၀ယ်ယူရမည်ဖြစ်သည်။

ဒါမက်မေဆင်က အထပ်မြင့် တိုက်ခန်း တစ်ခန်း ၀ယ်ယူသူတိုင်း ကို ၂၀၁၄ မော်ဒယ်လ် လမ်ဘော်ဂီနီ အဗန်တာဒိုတစ်စီးလက်ဆောင်ပေးမှာ ဖြစ်ပါတယ် ဟု တိုက်ခန်းရောင်းချ သည့် ကုမ္ပဏီမှ ပြောခွင့်ရသူတစ်ဦးက ဆိုသည်။ ထို့ပြင် ၀ယ်ယူသည့် တိုက် ခန်း အရွယ်အစားပေါ် မူတည်၍ ဘီ အမ်ဒဗလျူ သို့မဟုတ် မီနီ ကူးပါး ကားသစ်တစ်စီးကို လက်ဆောင်ရယူ နိုင်သေးသည်ဟု ၎င်းင်းက ရှင်းပြသည်။

Damac Maison,The Du bai Mall Street သည် အဆင့်မြင့် ဟိုတယ်တွဲလျက် တိုက်ခန်းဆောက် လုပ်ရေး စီမံကိန်းတစ်ခုဖြစ်ပြီး အ ဆောက်အအုံဒီဇိုင်းအတွက် ဂျာမန် ဗိ သုကာ Koschany & Zimmer က တာဝန်ယူသည်။

လမ်ဘော်ဂီနီသည် တံခါးနှစ် ပေါက်မူကွဲမော်ဒယ်လ်သစ်ဈေးကွက် ထဲရောက်ရှိပြီး လအနည်းငယ် အကြာ တွင် ထူးခြားလှပသော အဗန်တာဒို ပြိုင်ကားသစ်ကို မိတ်ဆက်ပြသခဲ့ သည်။ ခေါက်သိမ်းနိုင်သည့်အမိုးနှင့် ဆန်းသစ်စွာ ထုဆစ်ထားသော ရှေ့ ဘက်ရုပ်ထွက်မှအပ ကား၏ ကျောရိုး တလျှောက်လုံးနှင့် ဆဌဂံပုံ ပြတင်း ပေါက်၊ ဘေးဘက်ဖောင်းလိုင်း တို့ သည် တံခါးနှစ်ပေါက် ကူးပေး ကား များအတိုင်းဖြစ်သည်။၆ ဒသမ ၅ လီ တာ V 12 အင်ဂျင် လေးဘီးယက် ပြိုင် ကားအမျိုးအစားဖြစ်ကာ တစ်မိနစ် အင်ဂျင်လည်နှုန်း ၈ç၂၅၀ rpm တွင် ထွက်ရှိသည့် မြင်းကောင်ရေက ၇၀၀ ဖြစ်သည်။၅ç၅၀၀ rpm တွင် ရုန်းအား ၅၀၉ ပေါင်-ပေ ကို ရရှိသည်။ သုည မိုင်မှ တစ်နာရီ မိုင် ၆၀ နှုန်းကို ၃ စက္ကန့်အတွင်း အရှိန်တင်နိုင်ပြီး အ မြင့်ဆုံး အရှိန်နှုန်းမှာ တစ်နာရီ ၂၁၇ မိုင်နှုန်းဖြစ်သည်။ စူပါပြိုင်ကား၏ဈေးနှုန်း ဒေါ်လာ ၄၄၅ç၃၀၀ တွင် ဆီ စားကြီး၍ ကောက်ခံသည့် အခွန်ငွေ အမေရိကန်ဒေါ်လာ ၃ç၇၀၀ ပါဝင်ပြီး ဖြစ်သည်ဟု သိရသည်။

Automobile