ရန်ကုန်မြို့နယ် ရှစ်ခုမှာ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်မည်

တန်ဖိုးနည်းအိမ်ရာတွေကို ရန်ကုန် မကဘဲ မြို့နယ် ရှစ်ခုမှာပါ တည်ဆောက်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေကို ပုသိမ်၊ မကွေး၊ တောင်ငူ၊ မန္တလေး၊ ပြည်၊ ပဲခူး၊ နေပြည်တော်နဲ့ တောင်ကြီး စတဲ့ မြို့နယ်တွေမှာ ထပ်မံတည်ဆောက်နိုင်ဖို့ ဆောင်ရွက်မှာပါလို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
လက်ရှိ ဆောက်လုပ်နေတဲ့ ကျန်စစ်မင်းအိမ်ရာနဲ့ ရွှေလင်ပန်းစက်မှုမြို့သစ် တန်ဖိုးနည်းအိမ်ရာတို့ကို လည်း ရောင်းချနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးက တာဝန်ရှိသူတွေက ဘုတ်အဖွဲ့ဖွဲ့ ဆွေးနွေးပြီးမှ ရောင်းချမယ့်ပုံစံ ကို သိရမှာဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်ထားတဲ့ ဈေးနှုန်းကတော့ သိန်း ၁၀၀ ၀န်းကျင်ဖြစ်တယ်လို့ သိရပါတယ်။