အငှားဈေးကွက် ပျက်စီးနေပြီလို့ အပြောများသော တ/ဥက္ကလာ လမ်းမတန်းမှ မြေကွက်များ

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ သုမင်္ဂလာလမ်းမ၊ သံသုမာလမ်းမ၊ မေတ္တာလမ်းမနှင့် သစ္စာလမ်းမ တို့တွင် မြေကွက်များမှာ 40’×60’ , 20’×60’ အကျယ်အ၀န်းနှင့် မြေကွက်လေးတွေပေါ်မှာ 1PT (ပျဉ်ထောင်အိမ် အဟောင်း)လေးတွေပဲ ရှိကြပါတယ်။ 40’×60’ နှင့် 20’×60’ မှာတောင် 20’×60’က သုံးပုံနှစ်ပုံလောက် ရှိပါတယ်။ အငှားဈေးကွက်နှင့်ပတ်သက်ပြီး 40’×60’ လောက် မြေကွက်ဆိုရင်တော့ ဘာလုပ်ငန်းလေးပဲလုပ်လုပ် သင့်တော် မျှတမှုရှိပြီး အငှားဈေးကတော့ 10သိန်း မှ 12သိန်း ၀န်းကျင်လောက်ဆိုရင် တော်ပါသေးသည်။ 20’×60’ အကွက်လေး တွေအနေနှင့်တော့ ပျဉ်ထောင်အိမ်အဟောင်းလေးပဲဖြစ်ပြီး၊ ဘာမှအသုံးပြုလို့လည်းမရသည့်အပြင် သန့်ရှင်းရေး လုပ်ခတောင် ပိုပေးရအုံးမယ့် မြေကွက်လေးတွေကို 6သိန်း 7သန်း ထိခေါ်ကြပါတယ်။ လမ်းမတန်းတော့ လမ်းမတန်းပဲ၊ သွားကြည့်လိုက်တော့မှ အိမ်အနေအထားက လူနေလို့လည်းမရ၊ ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်ရလောက်အောင် လည်း မြေကွက်က မကျယ်သည့်အပြင် လူကလည်း မစည်ကားဘူးဆိုတော့ 20’×60’ မြေကွက်များအနေဖြင့် ငှားရမ်းရန်အတွက် လိုက်ကြည့်ကြသော Customer တော်တော်များက တ/ဥက္ကလာ လမ်းမတန်းမှ 20’×60’ မြေကွက်များမှာ အငှားဈေးကွက် တော်တော်ပျက်စီးနေပြီဟု အပြောများကြပါသည်။ မရွှေမေသန်း