စက်မှုဇုံဈေးကွက်

အိမ်၊ ခြံ၊ မြေ ဂျာနယ် စက်မှုဇုန် ရောင်းဝယ် ငှားရမ်းခြင်းနဲ့ ပတ်သက်ပြီး ဈေးကွက် အခြေအနေတစ်ခုကို တင်ပြချင်ပါတယ်။ ဈေးကွက်ထဲမှာတော့ အရောင်းနှင့် အငှားမှာ အငှားက ပိုပြီး အလုပ်ဖြစ်ကြပါတယ်။ အရောင်းကို (2)ဧက၊(3)ဧက နှင့်အထက် အလုပ်ဖြစ်ကြတာ နည်းပါတယ်။ တကယ်ဝယ်မယ့်သူတွေတွေလည်းရှိပါတယ်။ သို့ပေမယ့် ခေါ်ဈေးအများစုဟာ ရောင်းဈေး၊ ပေါက်ဈေး တွေနဲ့ ကွာခြားတာတွေ တွေ့ရပါတယ်။ ဥပမာ - အရှေ့ဒဂုံမှာ (1)ဧကကို သိန်း(2500)၀န်းကျင်ပေါက်ပေမယ့် ခေါ်ဈေးက (1)ဧက သိန်း (3500)ကို တွေ့ရသလို (2)ဧကကို သိန်း (10000) ခေါ်ထားကြတာလည်း တွေ့ရပါတယ်။ ပေါက်ဈေးနဲ့ ကွာခြားနေတဲ့ အကွက်များကို အ၀ယ်များအား ပြောပြရန် ခက်ခဲသလို၊ ပြောပြခဲ့ရင်လည်း လိုက်ကြည့်ဖို့တောင် စိတ်မ၀င်စားကြပါ။ ထိုအကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီး မြေကွက် ပိုင်ရှင်များအနေနဲ့ ခေါ်ဈေးများအား ရောင်းဈေးနဲ့ နီးနီးစပ်စပ် ခေါ်ပေးပါရန်နှင့် ပေါက်ဈေး ၀န်းကျင်သာ ခေါ်ပေးစေချင်ပါတယ်။ ဒါမှပဲ မိမိမြေကွက်က အခြား မြေကွက်များနည်းတူ အရောင်းအ၀ယ်ဖြစ်ခြင်း မြန်ဆန်စေမှာပါ။ မနွယ်နီဝင်း