အိမ်ရောင်း၊ အိမ်ငှားတော့မည်ဆိုလျှင်

အိမ်ပိုင်ရှင်၊ မြေပိုင်ရှင်များအနေဖြင့် လုံးချင်း၊ မြေကွက်၊ တိုက်ခန်များ ရောင်းချ၊ ငှားရမ်းမှုများ ပြုလုပ်လို လျှင် မိမိ၏အိမ်ကို အရင် သန့်ရှင်းသပ်ရပ်မှုရှိအောင်ပြုလုပ်၍ ၀ယ်ယူမည့်သူ မျက်စိကျလောက်စေရန် အခန်းအတွင်း၊ ခြံအတွင်း ရှင်းလင်းထားရန် လိုအပ်သည်။ ထို့နောက် မိမိလှေခါးခွင်၊ ပတ်ဝန်းကျင်နှင့် အိမ်နောက်ဖေးများ မပြင်ဆင် ထားချင်ပင်လျှင် သန့်ရှင်းမှုရှိနေရန် လိုအပ်ပါသည်။ အိမ်ရှင် အနေဖြင့်လည်း လာရောက်ဝယ်ယူမည့်/ ငှားရမ်းမည့် Customer အား ရောင်းချသူ/ ငှားရမ်းသူ တစ်ယောက်အနေဖြင့် စကားအပြောအဆို နှင့် ဟန်ပန်အမူအရာတို့ သည် ဖော်ရွေမှုကို ပြသပြောဆို ဆက်ဆံရန် လိုအပ်သည်ဟု ထင်ပါသည်။ သို့မှသာ အိမ်ရှင်နှင့် ဧည့်သည် ဆက်ဆံရေးကောင်းမွန်မှုရှိနိုင်ပါမည်။ အရေးအကြီးဆုံးတစ်ချက်မှာ အိမ်ရှင်အနေဖြင့် ငှားရမ်းလိုသော၊ ရောင်းချလိုသော မြေနေရာ၊ တိုက်ခန်း၏ ကာလ ပေါက်ဈေးနှုန်း၊ ပတ်ဝန်းကျင်ရှိ အရောင်းအ၀ယ်ဖြစ်ထားသော ဈေးနှုန်းများကို တိကျစွာ သိရှိထားရန် လိုသည်။ အချို့မှာ ကာလ ပေါက်ဈေးထက် အဆပေါင်းများစွာ ခေါ်ဆိုထားခြင်း၊ အရောင်းအ၀ယ် ဈေးနှုန်း မသိရှိခြင်းတို့ကြောင့် အရောင်းအ၀ယ်ဖြစ်ရန် အချိန် ကြန့်ကြာသွားနိုင်ကြောင်း တင်ပြလိုက်ပါသည်။ ကိုထက်နိုင်ဘွား