အိမ်ယာမြေဈေးနှုန်း ကြီးမြင့်မှု လိုအပ်လျှင် ဥပဒေ ပြဌာန်းမည်

မြန်မာနိုင်ငံမှာ အိမ်ယာမြေဈေးနှုန်းတွေ ဈေးကြီးနေတာကို ထိန်းညှိဆောင်ရွက်ပေးဖို့ ရှိ မရှိ ဒီနေ့ ပြည်သူ့လွှတ်တော် မှာ မေးခွန်းမေးမြန်းရာမှာ ပြည်နယ် နဲ့ တိုင်းဒေသကြီးအလိုက် အိမ်ယာမြေ ပိုင်ဆိုင်မှုအခွန် ကောက်ခံနိုင်ဖို့ လိုအပ်ရင် ဥပဒေပြဌာန်းသွားနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြေဈေးနှုန်းကို သင့်လျော်တဲ့ ဈေးနှုန်းဖြစ်အောင် အစိုးရအနေနဲ့ ထိန်းညှိဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်း ခဲ့ရာမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။
"လယ်ယာများကို အများအပြားပိုင်ဆိုင်ထားပြီး မြေကိုကုန်စည်တစ်ခု လို ရောင်းဝယ်ပြီးတော့ မြေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဈေးကစားနေသူများအတွက်တော့ နိုင်ငံတကာမှာ ပိုင်ဆိုင်မှု အခွန်ကောက်ခံတဲ့နည်း စနစ်များကို လေ့လာပြီး ပြည်နယ်နဲ့တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသအလိုက် လုပ်ငန်းရှင်ကြီးများ၊ ပြည်နယ်နဲ့ တိုင်းဒေသ အစိုးရအဖွဲ့ဝင်ကြီးများ အပြန်အလှန်ဆွေးနွေးပြီး ဒေသနဲ့ ကိုက်ညီတဲ့ ပိုင်ဆိုင်မှု အခွန်ကောက်စနစ် ပေါ်ပေါက်လာနိုင် ရန် ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့များကို အကြံပြုသွား မှာ ဖြစ်ပြီးတော့ ဥပဒေပြုရန်လိုအပ်ပါက ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်သွာမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်"
ဒီနေ့မှာပဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၃ သန်းလောက်ကို အကာ အကွယ်ပေးမယ့် အထူးဥပဒေတစ်ရပ် ပြဌာန်းပေးဖို့ အဆိုတင်သွင်းရာ မှာ ထောက်ခံသူ ၅ဦးပဲရှိတာကြောင့် ရှုံးနိမ့်ခဲ့ပါတယ်။
အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဦးထင်အောင်က အလုပ်သမားရေးရာ အငြင်းပွား မှု ဖြေရှင်းရေးဥပဒေ၊ လူမှုဖူလုံရေးဥပဒေ၊ အနည်းဆုံးအခကြေးငွေ ဥပဒေ၊ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွေ ပြဌာန်း ထားပြီးဖြစ်တဲ့အတွက် အထူးဥပဒေ တစ်ရပ်ပြဌာန်းပေးဖို့ အစီအစဉ် မရှိဘူးလို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

RFA
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate