လက်ဝယ်ရှိခြင်း (POSSESSION)


အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်တစ်ဦး သိထားသင့်သည့်အထဲတွင် ပစ္စည်းလက်ဝယ်ရှိခြင်းအကြောင်းသည် သိသင့်သိထိုက်သော အချက်ဖြစ်သည်။
ဥပစာတစ်ခုတွင် နေထိုင်သူသည် အောက်ပါ အမျိုးအမည် တစ်မျိုးမျိုးဖြင့် နေထိုင်ကြခြင်းဖြစ်သည်။

၁။ ပိုင်ရှင်အဖြစ် လက်ရှိနေထိုင်သူ၊

၂။ ပိုင်ရှင်အားမှီခိုနေထိုင်သူ၊

၃။ ပိုင်ရေးဆိုင်ခွင့်ရှိသူအနေဖြင့် နေထိုင်သူ၊

၎။ သဘောတူစာချုပ်အရ၀ယ်ယူထားခြင်းဖြင့် လက်ဝယ်ရယူထားသူ

၅။ အပေါင်ပစ္စည်းအဖြစ် ရရှိထားကာလက်ဝယ်ရယူထားသူ၊

၆။ အိမ်ငှားအဖြစ်နေထိုင်သူ၊

၇။ တစ်စုံတစ်ယောက်၏ခွင့်ပြုချက်အရ လက်ဝယ်ရရှိထားသူ၊

၈။ ၀င်ရောက်ကျူးကျော်ခြင်းဖြင့် ရရှိထားသူတို့ဖြစ်သည်။

ဥပစာတစ်ခုကို လူနေထိုင်ခြင်းမရှိဘဲ သောခတ်ထားသည် ဆိုပါက သော့ခတ်ထားသူသည် လက်ရှိရှိခြင်းသဘော ဖြစ်သည်။
ပစ္စည်းလက်ရှိရှိသူကိုနှင်ထုတ်လိုပါက တရားစွဲဆိုနှင်ထုတ်သည့် နည်းသည်သာ ဥပဒေနှင့်အညီဖြစ်သည်။
အမှတ်စဉ် (၁) ပုဂ္ဂိုလ်သည် Judical Possession ဥပဒေအရ လက်ဝယ်ရှိသူဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များသည် Physical Possession လက်ရောက်လက်ဝယ်ရှိသူများ ဖြစ်သည်။
အိမ်၊ ခြံ၊ မြေကိုလွှဲပြောင်းရောင်းချမည်ဆိုပါက Judical Possession ရှိသူထံမှ သာဥပဒေနှင့်အညီ ဖြစ်မည်ဖြစ်သည်။


ဦးကျော်ဇေယျ