အိမ်ကို ဘယ်ဘက် လှည့်ကြမလဲး


အိမ်တစ်လုံးကို ဆောက်တဲ့ အခါ ဖြစ်ဖြစ် ၊ ဆောက်ပြီးသားကိုဝယ်တဲ့ အခါဖြစ်ဖြစ်
အိမ်ရဲ့  မျက်နှာမူထားတဲ့ အရပ်ကလည်း အရေးကြီးပါတယ်။ ဒီတော့ အိမ်မျက်နှာမူထားတဲ့ အရပ် တွေနဲ့ ပတ်သတ်ပြီး နည်းနည်းလောက် လေ့လာကြည့်ကြမယ်။


အရှေ့ ဘက်
နေက အရှေ့ ဘက်ကနေ အနောက်ကို ၀င်တာ ဖြစ်တဲ့ အတွက် မနက်ပိုင်း နေရောင် ကောင်းကောင်းရပါမယ်။အရှေ့ ဘက် လှည့်တဲ့ အိမ်များဟာ လာဘ်ကောင်းတယ်လို့ လည်း ဆိုကြပါတယ်။


အနောက်ဘက်
ဆည်းဆာနေ၀င်ချိန်ကို သာ မြင်ရမဲ့ အနေအထားဖြစ်ပါတယ်။ နေအရမ်းပြင်းတဲ့ အချိန်မှာ နေဒဏ်သက်သာပါမည်။ အနောက်ဘက် လှည့်တဲ့ အိမ်များဟာ အိပ်ကောင်းခြင်းကို ဖြစ်ပေါ်စေပါတယ်တဲ့။
( တစ်ချို့ ကတော့ အနောက်အရပ်ကို သိပ်မကြိုက်ကြပါဘူး)


တောင်ဘက်
လေ၀င်လေထွက် တော်တော်ကောင်းတဲ့ အရပ်ကို မျက်နှာမူထားတာ ဖြစ်ပါတယ်။
အိမ်ကို မွန်းကြပ်မနေဘဲ လန်းဆန်းမှု ဖြစ်စေချင်တယ်ဆိုရင် တောင်ဘက်လှည့်ထားတာက အဆင်ပြေပါတယ်။


မြောက်ဘက်
အေးမြတဲ့ အိမ်အနေအထား ဖြစ်ပါတယ်။ မနက်ခင်း မှာလည်း အေးချမ်းပြီး ကြည်လင်တဲ့ ကောင်းကင်ကြီးကိုမြင်တွေ့ ရနိုင်ပါတယ်။


လုံးချင်း တိုက် ၊ ခြံဝင်းနဲ့ နေထိုင်သူများအတွက်ကတော့ ဖော်ပြထားတဲ့
အရပ်မျက်နှာများရဲ့ အကျိုး သက်ရောက်မှု ရှိပါလိမ့်မယ်။ ဒီတော့ အိမ်ဝယ်တဲ့ အခါ ဖြစ်ဖြစ် ၊ ဆောက်တဲ့ အခါ ဖြစ်ဖြစ် ဒီလို အရပ်မျက်နှာတွေ နဲ့ အိမ်ကောင်းကျိုးတွေကို သိထားတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်ခင်ဗျာ။

---
ကိုလင်း