လှိုင်သာယာ FMI အတွင်းရှိ လုံးချင်းအိမ်များ ဈေးကွက်


လှိုင်သာယာ FMI အတွင်းရှိ လုံးချင်းအိမ်များနှင့် ပက်သက်၍ ထင်မြင်ချက်လေး တချို့ကို အကြံပြုတင်ပြချင်ပါတယ်။
လှိုင်သာယာအတွင်းရှိ စက်မှုဇုန်များမှ ၀န်ထမ်းများနှင့် နိုင်ငံခြားသားများသည် ဇုန်နှင့်နီးသော FMI အိမ်ရာဝန်းအတွင်း ငှားနေရန် အဆင်ပြေကြသည်။

ငှားရမ်းခဈေးနှုန်းများမှာလည်း (5)သိန်းမှ (15)သိန်း အထိခေါ်ကြသည်။ (5)သိန်း ၀န်းကျင် လုံးချင်းအိမ်များမှာ အငှားဖြစ်ကြသည်။ ခြံဝန်းနှင့်ရှိခြင်း၊ တိတ်ဆိတ်အေးချမ်းခြင်း၊ သွားလာရလွယ်ကူခြင်း၊ ဈေးနှုန်းသင့်တင့်ခြင်း
တို့ကြောင့် ငှားရမ်းနေထိုင်ရန် အဆင်ပြေပါသည်။

မနှစ်က ယခုအချိန်မှာ ရောင်းဈေး သိန်း (700)၊ သိန်း (800)၀န်းကျင်သာ ရှိသော်လည်း ယခုအခါ အကျယ်အ၀န်း (40'x60')အား သိန်း (2000) ခေါ်နေပြီ ဖြစ်ပါသည်။ ပိုင်ရှင်များအနေနှင့်လည်း "သင့်ဈေး"
ခေါ်ထားခြင်းအတွက် မိမိတို့၏ အိမ်သည် ကြာရှည်စောင့်၍ မငှားရမ်းရဘဲ အချိန်တိုလေးအတွင်းမှာ အငှားအလွယ်တကူရနိုင်ပါသည်။

ထို့ကြောင့် အိမ်ရှင်များအနေဖြင့်လည်း ယခုကဲ့သို့ ပေါက်ဈေးများခေါ်၍ ငှားရမ်းခြင်းအတွက် မိမိတို့အတွက်လည်း အဆင်ပြေနိုင်ပါသည်။ ငှားရမ်းသူအတွက်လည်း စိတ်ချမ်းမြေ့နိုင်ပါသည်။

မနွယ်နီဝင်း