လမ်းသွယ်များ၏ ဈေးကွက်အလားအလာ


လက်ရှိရန်ကုန်မြို့ရဲ့ တိုက်ခန်းအရောင်းအငှားဈေးကွက်၌ လက်ရှိအချိန်မှာတော့ ဆက်သွယ်ရေးကဏ္ဍတိုးတက်လာတာနဲ့ အမျှ လျှပ်စစ်ပစ္စည်းဆိုင်များ၊ ဖုန်းဆိုင်များရဲ့အရေအတွက်ကလဲ တစ်စတစ်စများလာပါတယ်။ အသေးစားလုပ်ငန်း အများစုလည်း လုပ်ကိုင်လာကြပါတယ်။

ထိုကြောင့် မြေညီထပ်ဆိုင်ခန်းများရဲ့ အရောင်း၊ အငှားပေါက်ဈေးက
နေရာ ဒေသ၊ စီးပွားရေးအချက်အချာကျမှုပေါ်မူတည်ပြီး ကွဲပြားပါတယ်။ လမ်းမတန်းမြေညီထပ်ဆိုင်ခန်းများဟာ ဆိုင်တွေများ လာတာနှင့်အမျှ လမ်းမတန်းအခန်းလွတ်ရှားပါးလာပါတယ်။

ထို့ကြောင့် တချို့ဆိုင်ရှင်တွေဟာ လမ်းမရဲ့ တဆင့် လမ်းသွယ်တွေကို ရွေးချယ်လာကြပါတယ်။ လမ်းမရဲ့တဆင့် လမ်းသွယ်များတွင် နေရာလပ်မရှိတော့လျှင် နှစ်ဆင့် လမ်းသွယ်
တွေကို ရွေးချယ်ကြရမှာပါ။ ထို့ကြောင့် ယခုလက်ရှိ အချိန်၌ လမ်းမမှာ ဆိုင်ဖွင့်၍ အမြတ်များများရပြီး ရောင်းအားတတ်နိုင်သလို၊ လမ်းသွယ်တွေရဲ့ ဈေးကွက်ကလဲ ကောင်းလာနိုင်တဲ့အတွက် ဦးစားပေးရွေးချယ်သင့်ကြောင်း အကြံပြုတင်ပြလိုပါတယ်။

ကိုနိုင်လင်း