တိုက်ခန်းဝယ်ယူရာတွင် သတိပြုရမည့်အချက်


တိုက်ခန်းဝယ်ယူသူများအနေဖြင့် ၀ယ်ယူသည့်အခါ ဆက်စပ်စာချုပ်မှန်ကန်မှု BCC ကျပြီး မိတ္တူရှိ၊ မရှိ မြေပိုင်ရှင်မှ လက်မှတ်ထိုးပေးနိုင်ခြင်းရှိ၊ မရှိ တို့ကို သေချာစွာ စစ်ဆေးမေးမြန်းပြီးမှ ၀ယ်ယူသင့်ပါသည်။ လက်ရှိပိုင်ရှင်ထံ၌ BCC စာရွက်မရှိခဲ့ပါလျှင် မြေပိုင်ရှင်ထံမှ BCC မူရင်းစာရွက်ကို မိတ္တူကူးယူထားသင့်ပါသည်။

စာချုပ်ချုပ်ဆိုသောအခါ၌ အရောင်း အ၀ယ်ပြုလုပ်သည့် အခန်း၏ လိပ်စာနှင့် အကျယ်အ၀န်းကို သေချာစွာစစ်ဆေးရန် လိုအပ်ပါသည်။ တိုက်အမှတ်၊ အခန်း၊ လမ်း၊ ရပ်ကွက်နှင့် မြို့နယ်တို့ကို တိကျရန်လိုအပ်ပြီး အရောင်းအ၀ယ်ပြုလုပ်သည့် အခန်းကိုမူ အဆောက်အအုံ၏ လက်ယာဘက်ခြမ်း (သို့) လက်ဝဲဘက်ခြမ်း (သို့) အဆောက်အအုံ၏ ခေါင်းရင်းခန်း (သို့) ခြေရင်းခန်း စသည်ဖြင့် တိကျစွာ ဖော်ပြရန် လိုအပ်ပါသည်။ မြေပိုင်ရှင်ထံ၌ လက်ရှိရောင်းချသူမှ မြေလခပေးသွင်းပြီး နာမည်ပေါက်ရရှိ ထားကြောင်းကို စစ်ဆေးရန် လိုအပ်ပါသည်။

ကိုပြည်ဟိဏ်း