" အိမ်ကျဉ်းကျဉ်း လေးကို ကျယ်အောင် ဘယ်လို ဖန်တီးကြမလဲ ? "
များသော အားဖြင့် ကျနော်တို့ လို တိုက်ခန်းနဲ့ နေတဲ့ သူတွေ ၊ အိမ်ကျဉ်းကျဉ်းလေးမှာ နေရတဲ့ သူတွေ အဖို့  တစ်ကိုယ်တည်း နေတုန်းသာ အဆင်ပြေပေမဲ့ သူငယ်ချင်း မိတ်ဆွေ ၊ ဆွေမျိုးများ ရောက်ချလာတဲ့ အချိန်မှာ ကိုယ်နေတဲ့ တိုက်ခန်းက အသက်ရှုကြပ်လောက်အောင် ကျဉ်းသလို ခံစားရစေနိုင်ပါတယ်။
ဒီတော့ နဂိုကထဲက ကျဉ်းပြီး ကိုယ့်ပစ္စည်းတွေနဲ့ အထာကျနေတဲ့ နေရာလေးကို နည်းနည်းလေး ကျယ်သယောင် ဖြစ်သွားအောင်ဖန်တီးကြည့်ရအောင်။
တောက်ပပြီး လင်းတဲ့ အရောင်တွေသုံးပါ
မိမိတိုက်ခန်းကို လင်းစေတဲ့ အရောင် ၊ တောက်ပတဲ့ အရောင် ကို သုံးခြင်းဟာ မိမိအခန်းကို ပိုလင်းစေပြီး ကြီးမားသယောင်ဖြစ်စေပါတယ်။
နံရံမှာ အရောင်တောက်တောက် ဆေးသုတ်တာတို့  လုပ်နိုင်ပါတယ်။ မှောင်တဲ့ အရောင်များကတော့ အခန်းကို ကျဉ်းစေပါတယ်။
အကွက်ပုံစံများကို သုံးခြင်း ရှောင်ပါ
အခန်းနံရံ နဲ့ ကြမ်းခင်းတွေမှာ အကွက်အကွက်တွေက မျက်စိကို ရှုပ်စေပြီး ၊ အကွက်တစ်ကွက်ကို လေးငါးလက်မခန့် ရှိတဲ့ ပုံသဏ္ဍန် တန်ဆာဆင်ထားတဲ့ နံရံဒီဇိုင်းတွေကမိမိအခန်းကို ပိုသေးစေပါတယ်။
ပြတင်းပေါက်တွေနဲ့ လှည်းစားနိုင်တယ်
အခန်းကျဉ်းနေတယ် ဆိုရင်လည်း နံရံတစ်ဖက်စီလောက်မှာ မှန်ပြတင်းပေါက် ဖြစ်ဖြစ် ရှိနေတယ် ဆိုရင် အခန်းကို ကျယ်စေပြီး အလင်းဝင်ရောက်နိုင်တဲ့
အတွက် အခန်းပိုကျယ်လာအောင် ဖန်တီးနိုင်ပါတယ်။
နံရံမှာ မှန်တွေကပ်မယ်
မှန်တွေ ရဲ့ လှည်းစားမှုကလည်း အခန်းကို ကျယ်စေတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ အခန်းပုံစံတစ်ခုလုံးကို မှန်မှာ ပြန်မြင်ရတဲ့ အခါ အခန်းကို ကျယ်လာစေပါတယ်။
ပရိဘောဂ အထားအသို
မိမိ အိမ်မှာ ထားတဲ့ ပရိဘောဂ ကလည်း အိမ်ခန်း အင်္ဂါရပ်တစ်ခု အနေနဲ့ ရှိသင့်ပါတယ်။ ဒါပေမဲ့ အခန်းမှာ ရှိသင့်တာထက် ပိုကြီးတဲ့ ပရိဘောဂတွေ
မသုံးမိစေဖို့ သတိပြုရပါမယ်။ တော်ရုံ ပရိဘောဂ အသုံးအဆောင်များ ပဲ ထားမယ် ဆိုရင် အဆင်ပြေပါပြီ။
ဒီတော့ အထက်ပါ အချက်လေးတွေ အတိုင်း မိမိတို့  အိမ် အခန်းကျဉ်းလေးတွေကို
ကျယ်စေဖို့ ဖန်တီးလိုက်ကြရအောင်။
-----
ကိုလင်း