မြေယာဈေးကစားခြင်းကိုကြိုတင်ကာကွယ်ခြင်း


မြေယာတန်ဖိုးအခွန်အခတစ်ရပ် စဉ်းစားပေးခြင်း

မြေယာဈေးကစားခြင်းကို ကြိုတင်ကာကွယ်ရန် အစိုးရ၏ အသုံးပြုနိုင်သောအရေးပါသည့် ကိရိယာတစ်ခုမှာ မြေယာတန်ဖိုး အခွန်အခ (Land Value Tax)

တစ်ရပ်ပြဋ္ဌာန်းသတ်မှတ်ခြင်းဖြစ်သည်။အစိုးရအခွန်တော်များတိုးမြင့်လာစေသည့်အပြင် မြေယာအခွန်အခတို့ကမြေယာ၌ ရင်းနှီးမြှုပ်နှံမှုနှင့်

အသုံးချမှုတို့အားဖြစ်ပေါ်အောင် ကူညီပေးနိုင်သည်။ဈေးကစားခြင်းကြောင့်ဖြစ်သော မြေယာသိမ်းဆည်းခြင်းတို့ကိုလျှော့ချပစ်နိုင်သည်

သို့မဟုတ် လျော့ပါးသက်သာစေသည်။ဆိုခဲ့သည့်အခွန်အခ ဥပဒေစံနှုန်းများနှင့် မကိုက်ညီသောသိမ်းဆည်းမှုများအပေါ် စည်းကြပ်ကောက်ခံသင့်သည်၊

ဆိုင်ရာဆိုင်ရာမြေယာအခွင့်အရေးများ၏ အရောင်းတန်ဖိုးအရ တွက်ချက်သင့်သည်။ ရေရှည်သိမ်းပိုက်ရယူထားသူများနှင့် ၀င်ငွေနည်းအိမ်ထောင်စုများအား

မည်သည့်မြေယာအခွန်အခသစ်မဆိုမှ ခြွင်းချက်။ကင်းလွတ်ပေးသင့်သည်။ မြေယာလွှဲပြောင်းပေးမှုများနှင့် ရောင်းချမှုအသစ်အားလုံးကို

တင်းကြပ်စွာ စောင့်ကြည့်အကဲခတ်သင့်သည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့အတွက် အစိုးရအခွန်အခကို

သက်ညှာလျှော့ပါးခံစားခွင့် ပေးထားသည့်နေရာမှာဆိုလျှင် ထိုသည့်အခွန်အခသည် အခွန်အခအစုအပြုံလိုက် ဆုံးရှုံးမှုများတွင် အထူးအားဖြင့်အရေးကြီးသည်။

သာဓက -

စင်င်္ကာပူ၊ အက်စတိုးနီးယား၊ ထိုင်ဝမ်၊ အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်းအချို့၊ အိုင်ယာလန်၊ ကင်ညှာ၊ နမီးဘီးယားနှင့်

အခြားများစွာသောနိုင်ငံတို့က မြေယာတန်ဖိုးအခွန်အခကို ထိန်းသိမ်းကြသည်။ သို့မဟုတ် တိုးတက်အောင်လုပ်ဆောင်နေဆဲဖြစ်သည်။

ရုရှား၌လူနည်းစုအုပ်ချုပ်သူတို့ ထွက်ပေါ်လာခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုသည့်အခွန်အခမျိုးကို ဥပဒေပြဋ္ဌာန်းရန်

ပျက်ကွက်မှုကြောင့်ဖြစ်ကြောင်း၊ မြေယာတန်ဖိုးအခွန်အခကို ထောက်ခံမှုတို့ကငြင်းခုန်ဝေဖန်ခဲ့ကြသည်။

ဆန်းလွင်ဦး