ကမာရွတ်မြို့နယ်ထဲမှ ဗဟိုလမ်း ဈေးနှုန်း အ ခြေနေ
ရန်ကုန်မြို့နယ်မှာရှိတဲ့ ဗဟိုလမ်းဟာ အင်းစိန်မြို့နယ်ကစ၍ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ အလုံ စသည့် မြို့နယ်များကို ဖြတ်သန်းသွားပြီး
စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးအရ အရေးပါတဲ့ လမ်းတစ်ခုဖြစ်ပါတယ်။
ဗဟိုလမ်းဖြတ်သန်းသွားရာ မြို့နယ်များမှ ကမာရွတ်မြို့နယ်ထဲမှာရှိတဲ့ ယခုဗဟိုလမ်း (ယခင်ခိုင်ရွှေဝါလမ်း)ဟာ လှည်းတန်းလမ်းမနှင့် နီးခြင်း၊ ရန်ကုန်-အင်းစိန်လမ်းမနှင့်နီးခြင်း၊ ဘုရင့်နောင်လမ်းမနှင့်နီးခြင်း၊
လူစည်ကားခြင်းတို့ကြောင့် စီးပွားရေးအရ စိတ်ဝင်စားဖွယ် လမ်းတစ်ခုဖြစ်လာပါသည်။
မြေညီဆိုင်ခန်းဖွင့်ရန် သင့်တော်သော မြေညီတိုက်ခန်းများရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုတို့ကြောင့် အကျယ်အ၀န်း (12.5'x50') မြေညီထပ်ဆိုလျှင် အရောင်း သိန်း (1000) မှ (1200)ထိ
ခေါ်ကြပြီးးအငှားဆိုလျှင် (3)သိန်းမှ (4)သိန်းထိ ခေါ်ကြသည်။ အကျယ်အ၀န်း (12.5'x50') ပထမထပ်ကို အရောင်းဆိုလျှင် သိန်း (400)မှ သိန်း (500) ထိခေါ်၍ အငှားဆိုလျှင် (2)သိန်း မှ (2)သိန်း (5)သောင်း ထိခေါ်ကြသည်။
ထို့ကြောင့် တိုက်ခန်း ၀ယ်၊ ငှား လုပ်မည့်သူများနှင့် မြေညီဆိုင်ခန်း အရောင်း၊အငှား ပြုလုပ်မည့်သူများဟာ ဗဟိုလမ်းကို ရွေးချယ်လာကြ
သည်ကို တွေ့ရပါတယ်။ လှည်းတန်းအနီးတ၀ိုက်နေလိုသူများနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသော မြေညီဆိုင်ခန်းဖွင့်လိုသူများအတွက် ဗဟိုလမ်းသည် သင့်လျော်သော လမ်းတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
ကိုဝေယံဖြိုး