အိမ်၊ ခြံ၊ မြေဈေးမြင့်တက်နေခြင်းကို ဥပဒေဖြင့်ထိန်းချုပ်ရန် လိုအပ်


မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းများသည် ရင်းနှီးမြှုပ်နှံမှုဆိုပြီး အဆမတန် ဈေးပေးဝယ်နေသည့် သူများကြောင့်ဈေးတက်ခြင်းအား ဥပဒေဖြင့် ထိန်းချုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ဥပဒေပညာရှင် ဦးတင်သန်းဦးကPeople Power သတင်းစာသို့ ပြောကြား သည်။

ယင်းကဲ့သို့ မြင့်တက်နေခြင်းက အခြေခံလူတန်းစားများအတွက် အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှု ဝေးကွာလာစေသဖြင့်မြန်မာနိုင်ငံတွင် တည်ငြိမ် သော အိမ်၊ ခြံ၊ မြေဈေးကွက် တစ်ခုဖြစ်လာစေရန် တာဝန်ရှိသူများမှ ဥပဒေဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဓနအင်အားကို အသုံးပြုပြီး လုပ်နေတာတွေ့ကို တွေ့ရတယ်။ အရင်အစိုးရတွေတုန်းက ဈေးနှုန်းကြီးကြပ်ရေးအဖွဲ့တွေ လုပ်ခဲ့တယ်။ အခု အစိုးရမှာ မတွေ့ရဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးသည် အာဆီယံနိုင်ငံများနှင့်သာမက ကမ္ဘာဈေးကွက်နှင့် ယှဉ်လျှင် ဆန့်ကျင်ဘက်ဖြစ်နေပြီး အခြေခံလူတန်း စားများ၏ အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်ခြင်း သည် ဝေးကွာ၍ မြို့စွန်မြေကွက်များ ဆီသို့သာ ဦးတည်နေကြောင်း ကံကောင်းအိမ်၊ ခြံ၊ မြေ အကျိုး ဆောင်မှ
ဦးမောင်လွင်က People Power သတင်းစာသို့ ပြောကြားသည်။

“အခုဈေးတွေက မြင့်နေတော့ အိမ်ဝယ်ဖို့ စုနေတာဈေးကမြင့်တော့ တော်တော်လေးစုရမယ်။ အခုကတော်တော်ဝေးသေးတယ်။ ကျွန်တော် အိမ်မက်က တိုက်ခန်းလေးတစ်ခန်းပိုင်ဖို့ပေါ့”ဟု ရန်ကုန်မြို့ သမိုင်း
မြို့နယ်မှ ရုံးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

မျိုးပပစန်း