သင်ရောင်းမည့်ပိုင်ဆိုင်မှုကိုအတတ်နိုင်ဆုံးကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြုလုပ်ပါ။သင်၏ပိုင်ဆိုင်မှုကို ဆေးသုတ်ကာ တောက်ပအောင် ပြုလုပ်ပါ။ လေထဲတွင် အနံ့အသက်မရှိစေရန် စစ်ဆေးပါ။ မလိုအပ်သော ပစ္စည်းများကို လွှင့်ပစ်ပါ။ အခန်းကျဉ်းလေးကိုပင် နဂိုရှိသည်ထက် ပို၍ ကြီးသလို ထင်ရစေအောင် ပြုလုပ်နိုင်ပါသည်။ ပန်းများဖြင့် ပြင်ဆင်ထားခြင်းသည် ကြည့်ရှုသူအတွက် ပသာဒဖြစ်စေပါသည်။ မီးမှိန်သော အခန်းက ၀ယ်သူကို စွဲဆောင်မှုနည်းစေသည်။ ပြတင်းပေါက်များ ဖွင့်ထားပါ (သို့) အလင်းရောင် ပို၍ ၀င်စေရန်အတွက် လိုက်ကာများကို ဆွဲဖွင့်ထားပါ။ သင့်အိမ်အား လာရောက်ကြည့်ရှုနိုင်ရန် အတွက် တတ်နိုင်သလောက် အဆင်ပြေအောင် ကြိုးစားပါ။ သင့်အိမ်ကို ကြည့်ရှုသူ များလေလေ ၀ယ်လိုအားကို သင်ပို၍ ရရှိလာလေလေဖြစ်မည်။
ကိုနိုင်မျိုးဦး