လက်ရှိရန်ကုန်မြို့တွင်း CarShowRoom များ
နေရာအနှံ့အပြားတွင် တွေ့ရှိနေရသလို ရန်ကုန်မြို့ပြင်ဧရိယာ မင်္ဂလာဒုံမြို့နယ်အတွင်း အမှတ် (၃)လမ်းမပေါ်၌ Car Showroom များအပြိုင်အဆိုင် ဖွင့်လာကြသည်။ အဓိက ကားအကြီး အမျိုးအစား Showroom များဖြစ်သည်။ လမ်းမတန်း Showroom ဖွင့်ရန်ကောင်းသော မြေကွက်များမှာ အငှားဆိုလျှင် (၁)ဧကလျှင် သိန်း (50)ခေါ်ဈေးရှိကြသည်။
အမှတ်(၃)လမ်းမမှာ လက်ရှိအနေအထားတွင် လမ်းချဲ့ထွင်ရေး လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်၍ လမ်းချဲ့ထွင် ခင်းကျင်းပြီးချိန်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး ကုန်သွယ်ရေး၊ စီးပွားရေး လုပ်ငန်းများပိုမို တိုးတက်လာနိုင်သည်။ ထို့အတူ အိမ်၊ ခြံ၊ မြေ ဈေးကွက် အနေဖြင့်လည်း လက်ရှိပေါက်ဈေးများထက် ဈေးတက်လာနိုင်ပါသည်။
ကိုပြည်ဟိဏ်း