တိုက်ခန်းအရောင်း၊ အငှားဈေးကွက်အခြေအနေ


ရန်ကုန်မြို့တွင်း လူဦးရေများပြားလာမှုနှင့်အတူ တိုက်ခန်းအရောင်း၊ အငှားဈေးကွက်မှာ အလုပ်ဖြစ်မှုပိုများလာသည်။ အငှားဈေးကွက်မှာ ငှားလိုသူဦးရေများသော်လည်း ငှားမည့် အခန်းအရေအတွက် နည်းပါသည်။ ကမာရွတ်၊ စမ်းချောင်း၊ ဗဟန်းမြို့နယ်များ ပိုအကြိုက်များကြသည်။ အကျယ်အ၀န်း (12.5'x50') ပထမထပ်၊ တစ်ခန်းလျှင် (2)သိန်း (5)သောင်း ထိပေါက်ဈေးရှိသည်။

ရောင်းခန်းဈေးနှုန်းများမြင့်တက်လာမှုကြောင့် ၀ယ်ပြီး ပြန်အငှားချထားလိုသူများအနေဖြင့်လည်း တက်ဈေးပေးဝယ်နေသော အနေအထားမှာရှိသည်။ စမ်းချောင်းအတွင်းရှိ (12.5'x50')ပထမထပ်၊ တစ်ခန်းလျှင် ခေါ်ဈေး သိန်း (450)၀န်းကျင်ထိပေါက်ဈေးရှိလာသည်။

မြေညီထပ်၊ ဆိုင်ဖွင့်လိုသူများအနေဖြင့်လည်း မြေညီထပ် အငှားများ အခန်းနည်းပါးလာမှုကြောင့် နေရာကောင်း၊ လူစည်သော
မြေညီထပ် (12.5'x50') တစ်ခန်းလျှင် (12)သိန်းမှ (15)သိန်းကြား အငှားဖြစ်သည်။

ကိုပြည်ဟိဏ်း