သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းအတွက် နစ်နာကြေး ၁၃မျိုး ပေးအပ်သွားရန် ညှိနှိုင်းလျက်ရှိ


သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းပြုလုပ်ရန်အတွက် သတ်မှတ်ထားသည့် မြေနေရာတွင် နေထိုင်နေသည့် တောင်သူများအတွက် နစ်နာကြေး ၁၃မျိုးပေးသွားရန် သက်ဆိုင်ရာ ဌာနများမှတောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း စက်တင်ဘာလ ၂၁ရက်နေ့က သန်လျင်မြို့နယ်ရှိ သီလ၀ါအထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့ ရုံး၌ ပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
အဆိုပါနစ်နာကြေး ၁၃မျိုး ပေးရာတွင် ပြောင်းရွှေ့ရမည့် အိမ်ခြေအားလုံးကို တန်းတူပေးအပ်သွားမည်ဖြစ်ကြောင်း သိရ သည်။ ထိုကဲ့သို့ပေးအပ်ရာတွင် နစ်နာကြေး ၁၃မျိုးအနေဖြင့် အစားထိုးမြေနေရာာ ၂အိမ်ယာအဆောက်အအုံ၊ အခြား အဆောက်အအုံများပြောင်းရွှေ့စရိတ်၊ သီးနှံဆုံးရှုံးမှု၊ အသက်မွေးဝမ်းကြောင်းဆုံးရှုံးမှု၊ ပစ္စည်းများအားရောင်းချမှု၊ အလုပ်ပျက်ကြေး၊ အလုပ်သို့သွားသည့် ခရီးစရိတ်၏ ၃လစာ၊ သီလ၀ါအထူးစီးပွားရေးဇုန်တွင် ပူးပေါင်းပါဝင်မှုအတွက် သီးသန့်အပိုကြေး၊ အမျိုးသမီးများ၊ မသန်စွမ်းများ၊ ကလေးငယ်များအတွက် တစ်အိမ်ထောင်ကို လူ၃ဦးစာအတွက် ဆန်တစ်အိတ်အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်သင်တန်းများ အလုပ်အကိုင်အခွင့်အလမ်းများကို ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ကဲ့သို့ ဆောင်ရွက်ပေးရာတွင် အိမ်ဆောက်ပေးခြင်းများအပြင် ရေမီးအစုံပြင်ဆင်ပေးမည် ဖြစ်ပြီး သီလ၀ါအထူးစီးပွားရေးဇုန်နှင့် အနီးတစ်ဝိုက်၌သာ မြေနေရာများကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အကျိုးဆောင်ဂျာနယ်