ယန်းငွေဈေးနှုန်းကျဆင်းမှုကြောင့် ဂျပန်အိမ်ခြံမြေဈေးကွက်ကို စင်ကာပူလုပ်ငန်းရှင်များ စိတ်ဝင်စား
ဂျပန်ယန်းငွေဈေးနှုန်းကျဆင်းနေမှုကြောင့် စင်ကာပူအပါအ၀င် အာရှနိုင်ငံအချို့မှ လုပ်ငန်းရှင်များသည် ဂျပန်နိုင်ငံ၌ အိမ်ခြံမြေများဝယ်ယူ၍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော ဇန်န၀ါရီလကတည်းက ဂျပန်ယန်းငွေဈေးမှာ တဖြည်းဖြည်းကျဆင်းလျက်ရှိရာ ဂျပန်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက် အပေါ်အကျိုးသက်ရောက်မှုများ ရှိလာခဲ့သည်။ အထူးသဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများသည် ဂျပန်အိမ်ခြံမြေများကို ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားလာသဖြင့် ဈေးကွက်အနေအထားမှာလည်း ၀ယ်လိုအားများပြားလာခဲ့ကြောင်း သိရသည်။ သို့သော် စင်ကာပူလုပ်ငန်းရှင်များ ဂျပန်အိမ်ခြံမြေများကို စိတ်ဝင်စားနေရသည့် အကြောင်းအရင်းမှာ ယန်းငွေဈေးနှုန်း ကျဆင်းခြင်းကြောင့်သာမဟုတ်ဘဲ စင်ကာပူနိုင်ငံ၏ အိမ်ခြံမြေအရောင်းအ၀ယ်စည်းမျဉ်းတင်းကျပ်မှုများကြောင့်လည်း ဖြစ်ကြောင်း ဂျပန်အခြေစိုက်စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သွားခဲ့သည်။ ဂျပန်နိုင်ငံ၏ အိမ်ခြံမြေစည်းမျဉ်းများမှာ စင်ကာပူနှင့် ဟောင်ကောင်ကဲ့သို့ တင်းကျပ်မှုမရှိကြောင်းသိရသည်။
SSTG