တစ်နိုင်ငံလုံး၌် ဟိုတယ်အလုံးပေါင်း ၈၈၁ လုံး ခွင့်ပြုပေးထားပြီး ၅၀ ကျော် ထပ်မံချထား


ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ စက်တင်ဘာလအထိ မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်အလုံးပေါင်း ၈၈၁ လုံး ခွင့်ပြုပေးထားပြီး စုစုပေါင်း ၅၀ ကျော် ထပ်မံခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။
"ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာန အနေနဲ့ အားလုံးကို စိစစ်ပြီး ခွင့်ပြုပေးနေ ပါတယ်။ ဟိုတယ်လုပ်ငန်း လိုင်စင်၊ ခရီးလှည့်လည်ရေး လိုင်စင်၊ ပို့ဆောင်ရေးလုပ်ငန်း လိုင်စင်နဲ့ ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင် စတဲ့ လုပ်ငန်းလိုင်စင်များကို သတ်မှတ်ခွင့်ပြုထားတဲ့ စည်းမျဉ်းများနဲ့အညီ ချထားပေးနေ ပါတယ်" ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၂၂ လုံး အခန်းပေါင်း ၃၄၃၀၊ ပြည်ပဖက်စပ် ဟိုတယ်လေးလုံး အခန်းပေါင်း ၄၄၁ ခန်း၊ နိုင်ငံပိုင် ဟိုတယ် ၂၁ လုံး အခန်းပေါင်း ၉၆၈ ခန်း၊ ပုဂ္ဂလိကပိုင် ဟိုတယ် ၈၃၄ လုံး အခန်းပေါင်း ၂၇၁၉၂ လုံး ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
"FDI ဟိုတယ်များ အနေနဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ကော့သောင်း၊ တာချီလိတ်မြို့တွေမှာ အလုံးပေါင်း ၂၆ လုံးနဲ့ အခန်းအရေအတွက် ကတော့ ၃၈၇၁ ခန်း ခွင့်ပြုပေးထား ပါတယ်" ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေး ဌာနမှ ဦးမြင့်ထွန်းဦးက ပြောကြားသည်။
ဟိုတယ်နှင့် တည်းခိုရိပ်သာများအား မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခွင့်ပြုပေးထားပြီး နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းတွင် ဟိုတယ်အလုံးပေါင်း ၄၂ လုံး အခန်းပေါင်း ၂၇၄၀ ခွင့်ပြုပေးထားကြောင်း သိရသည်။

PJEMG