အထပ်မြင့်အဆောက်အဦးများ ဆောက်လုပ်ရာတွင်
(က)Down Town ဧရိယာ ( မြို့ တွင်း ၆ မြို့ နယ်)
(ခ) Down Town ပြင်ပမြို့ နယ်များ (ရွေတိဂုံဘုရား ကန့်သတ်ဇုန်အပါအ၀င်)
(ဂ) ကျန်လမ်းမကြီးများနှင့် လမ်းသွယ်များ။
(က)Down Town ဧရိယာ ( မြို့ တွင်း ၆ မြို့ နယ်)အတွင်း။
ရှေ့ မျက်နှာစာ ၃' ချန်၊
ဘေးနှစ်ဘက် ၃' ချန်၊
နောက်ဘက်တွင် BDS ရှိ ၃'ချန်ပြီး၊
BDS မရှိပါက ၆' ချန်ပြီး ဆောက်လုပ်ရမည်။
မှတ်ချက် ။ ။
နောက်ဘက်တွင် Cantilever ထွက်ရှိပါက မြေချန်၏ ၁/၃ (၂' ထက်မပိုရ)။
BDS မရှိပါက နောက်အိမ်ထောက်ခံစာလို။
(ခ) Down Town ပြင်ပမြို့ နယ်များ။
အဓိက လမ်းကြောင်းများဖြစ်သည့်  ပြည်လမ်း၊ကမ္ဘာအေးဘုရားလမ်း
၊ဦးဝိစာရလမ်း၊တက္ကသိုလ်ရိပ်သာလမ်း တို့တွင်
ရှေ့ မျက်နှာစာ (၂၀' )ချန်၊
ဘေးနှစ်ဘက် (၃')ချန်၊
နောက်ဘက် (၆') ချန်၊
မှတ်ချက် ။ ။
နောက်ဘက်တွင် Cantilever ထွက်ရှိပါက မြေချန်၏ ၁/၃ (၂' ထက်မပိုရ)
BDS မရှိပါက နောက်အိမ်ထောက်ခံစာလို။
(ဂ) ကျန်လမ်းမကြီးများ နှင့် လမ်းသွယ်များ။
ရှေ့ မျက်နှာစာ (၁၂')ချန်၊
ဘေးနှစ်ဘက် (၃')ချန်၊
နောက်ဘက် (၆') ချန်၊
မှတ်ချက် ။ ။
ရှေ့ မျက်နှာစာတွင် Cantilever ထွက်ရှိပါက မြေချန်၏ ၁/၃ (၄' ထက်မပိုရ။)
နောက်ဘက်တွင် Cantilever ထွက်ရှိပါက မြေချန်၏ ၁/၃ (၂' ထက်မပိုရ)
BDS မရှိပါက နောက်အိမ်ထောက်ခံစာလို။
ရန်ကုန်မြို့ သည်၊
အလယ်အလတ်ပြင်းအားရှိသော ငလျင်ဇုန်အတွင်း (Zone-2B) တွင် တည်ရှိနေခြင်း၊
လေတိုက်နှုန်း (၁)နာရီလျှင် (၁၂၀) မိုင် အထိ
လေပြင်များတိုက်ခတ်ခြင်းတို့ ကြောင့်
Slenderness ဖြစ်လွန်းသော အဆောက်အဦးများကို ဆောက်လုပ်ခွင့် မပြုပါ။
မြေကွက်၏ အနည်းဆုံး အတိုင်းအတာ (၅၀)ပေ အထိ အဆောက်အဦးများကို (၁၂) ထပ်အထိသာ ခွင့်ပြု ပြီး၊
(၅၀') ကျော်လွန်မှသာ (၁၂ )ထပ် အထက် အဆောက်အဦးများကို
ဆောက်လုပ်ခွင့်ပြုပါမည်။
YCDC