အိမ်တစ်လုံး မ၀ယ်ခင် ဘာတွေ အရင် လေ့လာသင့်သလဲ

အိမ်တစ်လုံး ၀ယ်တယ် ဆိုတာ မြင်တာနဲ့ ကြိုက်ပြီး ရော့အင့် ပိုက်ဆံချေ ဆိုတာမျိုးက နည်းစနစ်မကျလှပါဘူး။ အချက်အလက်တွေ ထုတ်ပြီး မိမိ စိတ်တိုင်းကျမှု ရှိမရှိ ဆိုတာမျိုးလည်း လေ့လာရပါတယ်။ ပြီးတော့ မိမိဘက်က လည်း ငွေပမာဏ တော်တော်များများကို တစ်ဖက်ကို ပေးချေလိုက်ရတဲ့အတွက် ထိုပေးချေမှုနဲ့ တန်မတန် ဆိုတာလည်း ကြည့်ရပါမယ်။ ဥပမာ ပြောရရင် ထိုအိမ်တစ်လုံးကို ကိုယ်ပေးဝယ်လိုက် ရတဲ့ တန်ဖိုးနဲ့  ကိုက်ညီမှု ရှိတဲ့ဝန်ဆောင်မှု ၊ နေရာ ဒေသ ၊ အခြေခံ အဆောက်အအုံ ( ဈေး ၊ ဆေးရုံ ၊ ကျောင်း ) စသဖြင့် လေ့လာ ချင့်ချိန်ဖို့  လိုအပ်ပါတယ်။ ပထမဆုံးကတော့ ကိုယ်ဝယ်မဲ့ အိမ်ကို လေ့လာကြည့်ရမယ်။ အိမ်ပတ်ဝန်းကျင်ကို လမ်းလျှောက်ပြီး လေ့လာကြည့်တာမျိုးကို နာရီ အနည်းငယ် ပေးပြီး လေ့လာရပါမယ်။ကိုယ်ဝယ်မဲ့ အိမ်နားက ယာဉ်ကြောပိတ်ဆို့ တက်တဲ့ နေရာလား တို့  ၊ ဆူညံနေတက်တဲ့ နေရာလားဆိုတာမျိုး ကြည့်သင့်ပါတယ်။ အိမ်နီးနားချင်းနဲ့ စကားပြောခြင်း ဒီအိမ်ကို ၀ယ်ဖို့ စိတ်ဝင်စားတယ် ဆိုရင် အိမ်အနီးအနားက အိမ်နီးချင်းကို စကားစမြည်းပြောကြည့်တာတို့  ၊ အခုဝယ်မဲ့အိမ်အကြောင်းကို သိသလောက် မေးမြန်းတာတို့  ၊ ဒီအိမ်ကို ဘယ်သူတွေ နေခဲ့တာတို့  စတာမျိုးလောက် မေးပြီး သတင်းစကားလေးတော့ သိထားသင့်ပါတယ်။ ရောင်းမဲ့သူ ကို မေးခြင်း ဒီအိမ်နဲ့ ပတ်သက်ပြီး အဓီက လိုအပ်ချက်တွေ မေးမြန်းတာတို့  ရေမီး အဆင်ပြေမပြေ ။မိုးတွင်းဆိုရင် ရေ၀ပ်တက်သလား ဆိုတာမျိုးတွေ လိုအပ်ချက် ၊ အားနည်းချက် ဘယ်လိုပဲ ရှိနေပါစေ မိမိအနေနဲ့  ဒီဈေးနဲ့ တန်လို့ ဝယ်မယ် ဆုံးဖြတ်ထားပြီ ဆိုရင် အားမနာစတမ်း မေးသင့်ပါတယ်။ မိသားစု အရှုပ်အရှင်း ရှိမရှိ အိမ်က အမွေဆိုင်လား ၊မိသားစု အတွင်း အရှုပ်အရှင်းတွေ ရှိနေတက်သလား သေချာ ရှင်းလင်းထားရပါမယ်။ အိမ်ခွန်နဲ့ ပတ်သက်ပြီး အခု ၀ယ်မဲ့ အိမ်အတွက် အခွန်ကြေး ပေးဆောင် စရာ ရှိတာတွေ ၊ ကြွေးကျန်တွေ သေချာရှင်းလင်းထားခြင်း ရှိမရှိ ပြုလုပ်ရပါမယ်။ ဒါမှ မိမိ အနေနဲ့ အိမ်ရှင် အသစ်တစ်ယောက် အနေနဲ့ လွဲပြောင်းစရာ ရှိတာတွေ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ အိမ်ဂရမ် နဲ့ ဥပဒေ အိမ်တစ်လုံးကို သူများဆီက အပြီးတိုင်ဝယ်ယူတော့မယ်ဆိုရင် အနည်းဆုံး ရှေ့ နေကို တိုင်ပင်ပြီး လုပ်တာ ဖြစ်ဖြစ်အိမ်ခြံမြေရောင်းဝယ်ခြင်း ဆိုင်ရာ ဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ ၊ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင်လည်း ဥပဒေအရ ဖြေရှင်းနိုင်တာတွေကို လေ့လာထားသင့်ပါတယ်။ ကိုလင်း