အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ငှားဆိုင်ရာ ပဋိညာဉ်အက်ဥပဒေ

အရောင်းအဝယ်တွင် ပဋိညာဉ်သည်အရေးပါသည်ပင်ဖြစ်သည်။ အရောင်းအဝယ်ပြုလုပ်ရာတွင် နှုတ်တစ်ရာစာတစ်လုံးဟူသော စကားကဲ့သို့သဘောတူပဋိညာဉ်သည် အရေးကြီးသည်။ နှစ်ဖက်သဘောတူညီချက်ကို ခိုင်မာအောင် စာနှင့်ရေးသားအသိအမှတ်ပြုသည်။ ဤကဲ့သို့ရေးသားအသိ အမှတ်ပြုစာကိုစာချုပ်ဟုခေါ်သည်ဟူ၍မြန်မာ့အဘိဓာန်တွင်ဖွင့်ဆိုထားသည်။ စာချုပ်ချုပ်ဆိုခြင်းအစ သဘောတူခြင်းကဟုဆိုရပေမည်။ သဘောတူခြင်းဖြစ်စေရန် ဦးစွာကမ်းလှမ်းခြင်း ရှိရပေမည်။ကမ်းလှမ်းခြင်းကိုလက်ခံလျှင် သဘောတူခြင်းဖြစ်လေသည်။ ကမ်းလှမ်းသူကို ကတိပြုသူဟုခေါ်သည်။ကမ်းလှမ်းချက်အပေါ်လက်ခံသူကိုကတိ လက်ခံသူဒါမှမဟုတ် ကတိရသူဟုခေါ်သည်။ ကမ်းလှမ်းချက်တစ်ရပ်ကိုလက်ခံသည့်အခါ ကတိဖြစ်လာသည်။ကတိတစ်ရပ်သည် တစ်ခုအတွက် တစ်ခုကအဖိုးစားနားဖြစ်လျှင် သဘောတူညီမှုဖြစ်သည်။ အရောင်းအဝယ်ပဋ္ဋိညာဉ်တွင်အောက်ပါအချက် (၅)ချက်နှင့်အညီဖြစ်ရမည်။ ၁။ ပါဝင်သူများပဋ္ဋိညာဉ်ဖွဲ့ပိုင်ရပေမည်။ ၂။ အလိုလျောက်သဘောတူရပေမည်။ ၃။ ကတိနှင့် ညီညွတ်ချက်မှစပြီး ရည်ရွယ်သည့်အချက်များ တရားဥပဒေနှင့် လျော်ညီရပေမည်။ ၄။ ပဋ္ဋိညာဉ်ဥပဒေက ပျက်ပြယ်သည်ဟုပြဆိုထားသည့် သဘောတူညီချက်များမဖြစ်စေရပေ။ ၅။ စာနှင့်ရေးသားပြီး သက်သေများရှေ့တွင် ချုပ်ဆိုရပေမည်။သို့မဟုတ် ရေစစ္စရီပြုမည်ဆိုလျှင် ဥပဒေကို မထောက်မကျော် ရှိရပေမည်။ စာချုပ်ချုပ်ရာတွင်- ၁။ အနိုင်အထက်ပြုခြင်းကင်းရပေမည်။ ၂။ မတရားသဖြင့် သြဇာညောင်းစေခြင်းမှ ကင်းရပေမည်။ ၃။ လိမ်လည်ခြင်းမှကင်းရပေမည်။ ၄။ အလွဲပြောင်းဆိုခြင်းမှကင်းရပေမည်။ ၅။ အလွဲမှတ်စေခြင်းမှကင်းရပေမည်။ ဦးကျော်ဇေယျ