တည်ဆောက်သူထံမှ ကွန်ဒိုဝယ်ခြင်း

ကွန်ဒိုတည်ဆောက်သူထံကနေ ကွန်ဒိုဝယ်မယ်ဆိုရင် စာရွက်စာတမ်းအထောက်အထားတွေကို စာရွက်စာတမ်း အထောက်အထားတွေကို သေချာစွာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဘယ်လိုအချက်တွေကို မိမိဘက်က သိရှိအောင်လုပ်သင့် ပါသလဲ။ -ကွန်ဒိုဘယ်အချိန်မှာ တည်ဆောက်ပြီးစီးမှာလဲ။ ကွန်ဒိုဝယ်ယူဖို့ သဘောတူညီချက်စာချုပ်ချုပ်တဲ့အခါ ကွန်ဒိုတည်ဆောက်တဲ့ကုမ္ပဏီဟာ သင့်ကိုဖြောင့်မတ်မှန်ကန်စွာ ပြောပြဆွေးနွေးဖို့လိုအပ်ပါတယ်။ ကွန်ဒိုအခန်းတစ်ခန်းကို မ၀ယ်ခင် ကွန်ဒိုတည်ဆောက်မယ့်သူအနေနဲ့ သင့်အား အောက်ပါအချက်အလက်တွေနဲ့ ပတ်သက်တဲ့ မိတ္တူကို ပေးအပ်ရမှာဖြစ်ပါတယ်။ အဲဒါတွေကတော့ -၀ယ်ယူမှုသဘောတူညီချက် -ကွန်ဒိုဥပဒေ -ကွန်ဒိုစီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ သဘောတူညီချက်များ သို့မဟုတ် အဆိုပြုထားတဲ့စီမံခန့်ခွဲမှု သဘောတူညီချက်များ -အပန်းဖြေခြင်းနဲ့သက်ဆိုင်တဲ့သဘောတူညီချက် သို့မဟုတ် အဆိုပြုထားတဲ့ အပန်းဖြေခြင်းဆိုင်ရာ သဘောတူညီချက် -ကွန်ဒိုအခန်းတည်ဆောက်ထားတဲ့ မြေဟာငှားထားတဲ့မြေ -ကွန်ဒိုအခန်းပိုင်ဆိုင်မှုအထောက်အထားအပေါ်တစ်စုံတစ်ရာအကျိုးသက်ရောက်မှုရှိနိုင်တဲ့ ပေါင်နှံမှု -ကွန်ဒိုမီနီယမ်စီမံချက် သို့မဟုတ် အဆိုပြုထားတဲ့ ကွန်ဒိုမီနီယမ်စီမံချက် -ကွန်ဒိုအခန်းဟာအဆင့်လိုက်တည်ဆောက်မှုပြီးစီးသွားမယ်ဆိုရင် လူနေထိုင်လို့ရတဲ့အဆင့်ရောက်ပြီဆိုတာနဲ့ အဆင့်လိုက်တည်ဆောက်မှု ပြီးစီးပြီဖြစ်၍ နေထိုင်နိုင်ပါကြောင်း ဖော်ပြရှင်းလင်းချက် -သီးသန့်ရန်ပုံငွေနဲ့ပတ်သက်တဲ့ အချက်အလက်များ စသည်တို့ကိုသတိပြုရပါမည်။ှSSTG