သင်သိထားသင့်တဲ့ကျန်းမာရေး

မျက်နှာသစ် လက်များများဆေး တုပ်ကွေးကာကွယ်ပေး ရေနွေးဖြင့် ခြေဆေးပါ ထမင်းစားပြီး ချက်ချင်း ရေမချိုးသင့် ရေချိုးချိန် တိုရမည် ကိုယ်တိုက်ဆပ်ပြာ အသုံးလွန်ခြင်း မျက်နှာသစ် မျက်နှာသစ်ရာတွင် ဆပ်ပြာလျှော့သုံးပါ၊ ဖြစ်နိုင်လျှင် ဆပ်ပြာမသုံးပါနဲ့၊ ရေပူ ရေအေး တလှည့်စီဖြင့် မျက်နှာကိုပွတ်ပေးခြင်းသည် ပို၍ မျက်နှာအရေပြားကို ပိုမိုသန့်ရျင်း ကျန်းမာတင့်တယ်စေပါသည်၊ ပွတ်သည့်အခါတွင် အောက်မှအထက် အပြင်မှ အတွင်းသို့ ပွတ်ရပါမည်၊ နေ့စဉ် မျက်နှာသစ်သည့်အခါတွင် များသောအားဖြင့် အထက်မှ အောက်သို့သာ ပွတ်လေ့ရှိသည်၊ ဤသို့ပြုခြင်းသည် သွေးလည်ပတ်မှု လမ်းကြောင်းနှင့် ဆန့်ကျင်နေ၍ ပါးရေတွန့်ခြင်း၊ အရေပြားတွဲကျခြင်းတို့ကို ပိုမိုမြန်ဆန်စေပါသည်။ လက်များများဆေး တုပ်ကွေးကာကွယ်ပေး လူတယောက်၏ နှာခေါင်းပေါက်အတွင်းပိုင်းသည် စိုစွတ်နွေးထွေး၍ တုပ်ကွေးရောဂါ ဗိုင်းရပ်ပိုး ပွားများရန် သင့်လျော်သောနေရာကောင်းတခုဖြစ်သည်။ရောဂါပိုးကပ်ငြိနေသောလက်ဖြင့်မျက်စိပွတ်မိပါကပိုးမွှားများကိုမျက်ရည်ပြွန်မှတဆင့်နှာခေါင်းပေါက်အတွင်းပိုင်းသို့ ရောက်သွားစေနိုင်သည်၊ နှာခေါင်းပေါက် နှိုက်ခြင်းဖြင့်ပိုးမွှားများ ကိုတိုက်ရိုက်နှာခေါင်းပေါက်အတွင်းပိုင်းသို့ အရောက်ပို့နိုင်ပါသည်၊ နှာခေါင်းပေါက်အတွင်းပိုင်းသို့ ရောဂါပိုးမွှား ရောက်ရှိပွားများနေလျှင် တုပ်ကွေးရောဂါကို ခံစားရဖွယ်ရှိသည်၊ ထို့ကြောင့် လက်များများဆေးခြင်းဖြင့် ပိုးမွှားကပ်ငြိခြင်းမှ ကာကွယ်ရမည်၊ ဖြစ်နိုင်လျှင် နှာခေါင်းပေါက်ကို လက်ဖြင့် မကလော်ဘဲ အပေါ်မှသာ ဖျစ်ညှစ် နှိပ်နယ်သင့်ပါသည်။ ရေနွေးဖြင့် ခြေဆေးပါ လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံရှုထောင့်မှကြည့်လျှင် ခြေထောက်အစုံသည် နှလုံးမှ အဝေးဆုံးဖြစ်သည်၊ သွေးကြောများ၏ အစွန်အဖျားများ ရှိသည်၊ ထို့ပြင် ခြေဖဝါး အရေပြားအောက် အဆီလွှာသည် ပါးလွှာသည်၊ အပူထိမ်းသိန်းနိုင်စွမ်း အားနည်းသည်၊ ခြေပိုင်းသည် ခန္ဓာကိုယ်တွင် အပူချိန်အနိမ့်ဆုံးနေရာဖြစ်သည်၊ခြေအစုံ အအေးမိလျှင် တကိုယ်လုံး တုံ့ပြန်အေးမှု ဖြစ်ပေါ်နိုင်သည်။အကယ်၍ အမျိုးသမီးများ ရာသီလာချိန်၊ ကိုယ်ဝန်ရှိချိန်တွင် ခြေအအေးမိပါက မီးယပ်ကိုင်၊ကိုယ်ဝန်ပျက်ကျ စသည်တို့ ဖြစ်တတ်သည်၊ ထို့ကြောင့် မည်သည့်ရာသီတွင်မဆို ခြေထောက် ဆေးမည်ဆိုပါက အေးသောရေကို မသုံးဘဲ နွေးသောရေကို အသုံးပြုသင့်ပါသည်။ ထမင်းစားပြီး ချက်ချင်း ရေမချိုးသင့် ထမင်းစားပြီးလျှင်ပြီးချင်း ရေချိုးလျှင်လည်း ကျန်းမာရေးနှင့် မညီပေ၊ စားသောက်ပြီးချိန်တွင် လူ့ခန္ဓာကိုယ်တွင်းရှိ အစာချေစနစ်သည် ဝန်ပိပြီး အစာအိမ်နှင့် အူလမ်းကြောင်းသို့ သွေးများ ပိုမိုရောက်ရှိနေသည်၊ ထိုအချိန်၌ ရေချိုးပါက အရေပြားသို့လည်း သွေးကြောများ ကျယ်ပြန့်မှုကြောင့် သွေးများ ပိုမိုရောက်ရှိပြီး ဦးနှောက်သို့ သွေးရောက်မနည်းသွားပါမည်။ ထို့ကြောင့် အသက်ကြီးသူနှင့်နှလုံသွေးကြောရောဂါရှိသူများ ပိုမို၍ ဂရုပြုသင့်ပါသည်။ ရေချိုးချိန် တိုရမည် ရေပူချိုးချိန်ကြာလျှင် ခေါင်းမူး၊ မျက်စိပြာ၊ ရင်ဝမွန်းကျပ်၊ နှလုံးခုန်နှုန်းမြန်၊ သွေးတိုး စသည့် ရေပူချိုးခြင်း အဆိပ်သင့်ရောဂါစုံ ရတတ်ပါသည်။ရေအေးချိုးချိန်ကြာလျှင်လည်း အအေးမိရောဂါ ရတတ်ပါသည်၊ ထို့ကြောင့် ကျန်းမာရေးနှင့်ညီရန် ရေချိုးချိန် တိုရပါမည်။ ကိုယ်တိုက်ဆပ်ပြာ အသုံးလွန်ခြင်း လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် ချွေးထုတ်ပြွန်များ အပြည့်ရှိသည်၊ ယင်းပြွန်များမှ အဆီများနှင့် ချွေးများကို ထုတ်ပေးလေ့ရှိပြီး အရေပြားနှင့် ဆံပင် အမွှေးအမှင်များကို စိုစွတ်နူးညံ့စေသည်၊ ကိုယ်ခန္ဓာအပူချိန်ကို ထိမ်းသိန်းပေးထားသည်၊ ထို့ပြင် ယင်းတို့သည် ပူးပေါင်း၍ အက်စစ်ဂုဏ်သတ္တိကိုပြုပြီး ရောဂါပိုးမွှားကို သေစေနိုင်သည်၊ ထို့ကြောင့် ဆပ်ပြာအသုံးများလျှင် အရေပြားအဆီကို များစွာလျော့နည်းသွားစေနိုင်ပြီး ရောဂါပိုးမွှား ကာကွယ်အား ကျဆင်းသွားနိုင်သည်၊ အရေပြား ရုန်းပြန်အား လျော့နည်းသွားစေနိုင်ပြီး အိုလွယ်စေနိုင်ပါသည်။ အဖြစ်များသော ကျန်းမာရေးပြဿနာများနှင့် ဖြေရှင်းနည်းများ သမ်းခြင်း သင့်ခန္ဓာကိုယ်ဟာ အောက်ဆီဂျင် နည်းလာတဲ့အခါ သင့်ပါးစပ်ကို ကျယ်ကျယ်ဖွင့်စေပြီး လေတွေကို ပိုများများစုပ်ယူဖို့ ကြိုးစားပါတယ်။ ဒါကိုသမ်းတယ်လို့ သိထားကြပါတယ်။ သမ်းတာဟာ သင့်ရဲ့ သွေးထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင်တွေရဲ့ ပမာဏကို ထိန်းညှိပေးတဲ့ နည်းလမ်းတစ်ခုပါ။ ကံမကောင်းစွာပဲ လူကြားထဲမှာ သမ်းချင်တဲ့အခါ ထိန်းချုပ်အောင့်အည်းလို့ မရပါဘူး။ ယားယံခြင်း အရေပြားဟာ ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးဖြစ်တဲ့ ခြောက်သွေ့မှုကြောင့် မကြာခဏယားယံနိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသုံးပြီး အလွန်အကျွံ ဆေးကြောခြင်းကလည်း အရေပြားက သဘာဝအဆီတွေကို ဖယ်ရှားပစ်တဲ့အတွက် အစိုဓာတ်ခန်းခြောက်လာကာ ယားယံစေပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့် ယားယံခြင်းကို ထိန်းချုပ်ဖို့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ***ရှင်းလိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဆပ်ပြာတွေနဲ့ ကိုယ်တိုက် ဆပ်ပြာရည်ဝယ်တဲ့အခါ အစိုဓာတ် ထိန်းပေးတယ် (Moisturizing) စာတန်းပါတာကို ရွေးဝယ်ပါ။ ဒါပေမယ့် သင့်မှာ ယားယံနေတဲ့အကွက်တွေ ရှိနေသေးရင်တော့ ဓာတုပစ္စည်း၊ အပင်၊ အစားအစာ၊ တိရစ္ဆာန် ဒါမှမဟုတ် ဆေးဝါးတွေကို ဓာတ်မတည့်တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ယားယံတာက မပျောက်နိုင်ရင်တော့ ဆရာဝန်နဲ့ ပြပါ။ မျက်စိဆန့်ငင်ဆန့်ငင်လှုပ်ခြင်း မျက်စိကို ထိန်းချုပ်လို့မရဘဲ ဆန့်ငင်ဆန့်ငင် လှုပ်နေတာ အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုခုရဲ့ လက္ခဏဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံ မထူးဆန်းတဲ့ အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်စိဆန့်ငင်ဆန့်ငင် လှုပ်ခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းတွေထဲမှာ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း၊ အကြာကြီး ငေးစိုက်ကြည့်ခြင်း ဒါမှမဟုတ် မျက်စိညောင်းညာခြင်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အရင်ဆုံး စိတ်ဖိစီးမှုလျှော့တာ၊ ကဖင်းလျှော့သောက်တာနဲ့ အိပ်ရေးဝအောင် အိပ်တာတွေ အရင်လုပ်ကြည့်ပါ။ မပျောက်ရင်တော့ ဆရာဝန်နဲ့ ပြပါ။ ကြို့ထိုးခြင်း သင်ဟာ မကြာခဏကြို့ထိုးတတ်ရင် အစာစားတဲ့အခါနဲ့ အရည်သောက်တဲ့အခါ ဖြည်းဖြည်းချင်းသာ စားသောက်ပါ။ အလွန်မြန်မြန်စားသောက်ခြင်းဟာ အစာအိမ်ကို ဖောင်းကားစေပြီး ရင်ဝမ်းခြားကြွက်သားကို လှုံ့ဆော်တဲ့အတွက် အဲဒီကြွက်သားကျုံပြီး ကြို့ထိုးတတ်ပါတယ်။ ဒါ့အပြင် ကြို့ထိုးတာဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ ဒါမှမဟုတ် အပူချိန် ရုတ်တရက် ပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခါတွေမှာ သင်ရဲ့ အာရုံကြောတွေမှာ ရှုပ်ထွေးမှားယွင်းမှု ဖြစ်တဲ့အတွက် ကြို့ထိုးလာတာဖြစ်ပြီး ရုတ်တရက်လန့်သွားတဲ့အခါ အာရုံကြောတွေကို နာနာလှုပ်ပြီး ပြန်ချိန်ပေးသလိုဖြစ်တဲ့အတွက် ကြို့ထိုး ပျောက်သွားတတ်ပါတယ်။ ကြက်သီးမွေးညင်းထခြင်း သင်ဟာ အေးတဲ့အခါ ဒါမှမဟုတ် ကြောက်လန့်တဲ့အခါ ကြက်သီးမွေးညင်း ထတာဟာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အရေပြားနဲ့ မွေးညင်းအိတ်ကို ဆက်ထားတဲ့ ကြွက်သားသေးလေးတွေ ကျုံပြီး အရေပြားပေါ်က အမွေးအဆုံးကို ထောင်စေတဲ့အခါ ကြက်သီးမွေးညင်း ထလာတာပါ။ ကမ္ဘာဦးလူသားတွေကတော့ အခုခေတ်လူတွေထက် အမွေးတွေ ထောင်သွားတဲ့အခါ လေကိုဖမ်းယူပြီး ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ ဒါမှမဟုတ်ရင်လည်း သားရဲတိရစ္ဆာန်တွေ ရန်မူတဲ့အခါ အမွေးတွေထောင်သွားခြင်းကြောင့် တိရစ္ဆာန်တွေကို ကြောက်လန့်အောင်ခြိမ်းခြောက်နိုင်ပါတယ်။ နှာချေခြင်း သင့်ခန္ဓာကိုယ်ဟာ အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ နှာချေတာဖြစ်ပါတယ်။ သင့်မှာ ဓာတ်မတည့်မှု ပြဿနာရှိရင် ပန်းဝတ်မှုန်တွေနဲ့ တိရစ္ဆာန် အညစ်အကြေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ သင်ဟာ အအေးမိရောဂါဖြစ်နေရင်တော့ သင့်ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ်ပိုးတွေကို ဖမ်းယူဖို့ ချွဲသလိပ်တွေကို ပိုထုတ်ပေးပြီး နှာချေခြင်းနည်းနဲ့ ခန္ဓာကိုယ်အပြင်ကို ထုတ်ပစ်ပါတယ်။ အအေးမိပျောက်ဆေးနဲ့ ဓာတ်မတည့်ပျောက်ဆေးတွေက နှာချေတာကိုဖြစ်စေတဲ့ ချွဲသလိပ်ထုတ်လုပ်မှုကို လျော့နည်းစေတာ ဒါမှမဟုတ် ဓာတ်မတည့်ဖြစ်စေတဲ့ ပစ္စည်းကို သင့်ခန္ဓာကိုယ်က တုံ့ပြန်မှုကို ဖိနှိပ်တာပါ။ ချောင်းဆိုးခြင်း ချောင်းဆိုးခြင်းဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အရာတွေကို ထုတ်ပစ်တဲ့ နောက်ထပ်စနစ်တစ်ခုပါ။ သင်ရဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ အထူးဆဲလ်တွေ ရှိပါတယ်။ ဒီဆဲလ်တွေက အနှောင့်အယှက်ပေးမယ့် အရာတွေကို သိရှိပြီး အားနဲ့ဖယ်ထုတ်ပစ်တာပါ။ အအေးမိခြင်း၊ နှာခေါင်းတွင်း လိုဏ်ခေါင်းမှာ ပိုးဝင်ခြင်းနဲ့ နမိုးနီးယားရောဂါတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ ချွဲသလိပ်ထုတ်လုပ်မှုကို ပိုများစေပြီး ချောင်းဆိုးစေပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ ပန်းနာရင်ကျပ် ရောဂါတွေကလည်း ဆဲလ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးနေတဲ့ ပြဿနာကို လျော့နည်းစေဖို့အတွက်တော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး ကောင်းမွန်တဲ့ကိုယ်ဟန်အနေအထားဟာ အသက်ရှူလမ်းကြောင်းကို ပွင့်နေအောင် ထိန်းသိမ်းပေးပါတယ်။ ကြွက်တက်ခြင်း ရုတ်တရက်ကြွက်သားနာကျင်ပြီး ကြွက်တက်တာဟာ ရေဓာတ်ခန်းခြောက်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ အားကစားလုပ်ပြီး ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားတွေ မညီမျှတာအပါအဝင် အကြောင်းအချက် များစွာကြောင့် ဖြစ်နိုင်ပါတယ်။ ကြာရှည်ပြေးပြီး ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ပြီး နောက်မှာ အားကစားသမားတွေ သောက်ရတဲ့အချိုရည် (Sports Drink) သောက်တာဟာ သင့်ခန္ဓာကိုယ် စနစ်တွေကို ချောမွေ့လွယ်ကူစေပါတယ်။ နာကျင်မှု သက်သာဖို့ အတွက်တော့ လမ်းလျှောက်ပေးပါ။ နားအူခြင်း အလယ်နားမှာ အရည်ရှိနေခြင်း ဒါမှမဟုတ် ပိုးဝင်ခြင်းကြောင့် နားအူနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီးအဖြစ်များတဲ့ အကြောင်းကတော့ သင်ရဲ့ အကြားအာရုံကြော အဆုံးကို ထိခိုက်မှုကြောင့်ဖြစ်ပြီး အများအားဖြင့် အလွန်ကျယ်လောင်တဲ့ ဆူညံသံကြောင့် ဖြစ်ပါတယ်။ အမြဲတမ်း နားလေး သွားတာမျိုးမဖြစ်အောင် စင်မြင့်ဂီတ ဖျော်ဖြေပွဲတွေနဲ့ ဘောလုံးပွဲတွေကို သွားတဲ့အခါ နားဆို့တပ်ထားပါ။ အစာအိမ်ထဲမှာ အသံမြည်ခြင်း အစာ၊ ရေနဲ့ ဓာတ်ငွေ့တွေဟာ သင်ရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သွားတဲ့အခါ အစာအိမ်ကြွက်သားတွေနဲ့ အူကြွက်သားတွေက ကျုံ့ပြီး အသံထွက် စေနိုင်ပါတယ်။ လူတိုင်းရဲ့ အစာအိမ်က အစာခြေနေစဉ်မှာ အသံထွက်ပါတယ်။ ဒါပေမဲ့ အလွန်ကျယ်လောင်တဲ့ အသံထွက်နေရင်တော့ သံလွင်ဆီလက်ဖက်စားဇွန်းတစ်ဇွန်း ဒါမှမဟုတ် Herbal Tea တစ်ခွက်ကို သောက်ပေးရင် သက်သာနိုင်ပါတယ်။ ခြေ၊ လက်ကျဉ်ခြင်း ခြေ၊ လက်အစိတ်အပိုင်းတစ်ခုခုပေါ်မှာ ကြာရှည်ဖိထားတဲ့အခါ ကျဉ်တတ်ပါတယ်။ သင်ဟာ ခြေထောက်ကို ဖိပြီး အကြာကြီးထိုင်တဲ့အခါ ဒါမှမဟုတ် လက်ကိုဖိပြီး အကြာကြီးအိပ်မိတဲ့အခါ အဲဒီနေရာမှာကျရောက်တဲ့ ဖိအားက သင်ရဲ့ အာရုံကြောတွေကို ညှစ်ထားပြီး ဦးနှောက်ကို ပေါက်တတ်ကရ သတင်းတွေပို့ပေးပါတယ်။ ဦးနှောက်က ဘာလုပ်ရမယ်ဆိုတာ ပြောဖို့ခက်ခဲသွားတဲ့အတွက် ဒီရောထွေးနေတဲ့အတင်းတွေက အဲဒီနေရာမှာ ခံစားမှုပျောက်သွားစေပါတယ်။ ခြေလက်ကျဉ်တာကို ကာကွယ်ဖို့ အတွက်တော့ အာရုံကြောတွေကို ဖိမိတဲ့အနေအထားမှာထိုင်တာ ဒါမှမဟုတ် အိပ်တာကို ရှောင်ကြဉ်ဖို့ပါ။ ကြယ်မြင်ခြင်း သင်ဟာအိပ်နေရာကနေ အလွန်မြန်မြန်မတ်တတ်ရပ်လိုက်တဲ့အခါ သင့်ခေါင်းကို အထိုးခံလိုက်ရသလို ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက်ရောဂါက ဒုက္ခပေးသလိုမျိုး ခံစားရပြီး မျက်စိထဲမှာ ကြယ်တွေမြင်သွားရနိုင်ပါတယ်။ ဒါဟာ သင့်ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးဆီကို သွေးတွေ အရှိန်အဟုန်နဲ့ တိုးထွက်သွားတာကြောင့်ပါ။ ယေဘုယျအားဖြင့် ဒီလိုမျက်စိထဲအလင်းပွင့်တွေမြင်ရတာဟာ စက္ကန့်အနည်းငယ်သာ ကြာပါတယ်။ သင်ဟာ အချိန်ခဏထက်ပိုပြီး ကြယ်တွေမြင်နေရရင်တော့ သင်ရဲ့မျက်စိအာရုံခံလွှာမှာ စုတ်ပြဲနေတာ ဒါမှမဟုတ် သွေးခဲလေးသေးလေး ရှိနေတာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ ချက်ချင်းသွားပါ။ အိမ်၊ ခြံ၊ မြေ ဂျာနယ်