စိမ်းလန်းတန်ဖိုးသင့်အိမ်ရာ ပုံစံရေးဆွဲပြိုင်ပွဲ ရန်ကုန်နှင့် မန္တလေး၌ ကျင်းပသွားမည်

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့်အပြင် အစိမ်းရောင်သဘောတရားများဖြင့် ပုံစံထုတ်လုပ်ထားသော လူနေအိမ်ပုံစံ ဒီဇိုင်းထုတ်ထားသည့် စိမ်းလန်းတန်ဖိုးသင့်အိမ်ရာပုံစံရေးဆွဲထားသည့် ပြိုင်ပွဲတစ်ရပ် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗိသုကာ ပညာရှင်အသင်းမှ သိရှိရသည်။ အဆိုပါပြိုင်ပွဲအား မြန်မာနိုင်ငံဗိသုကာပညာရှင်အသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် Green Economy and Green Association တို့က ပူးပေါင်းကာ စိမ်းလန်းသော တန်ဖိုးသင့်အိမ်ရာ ပုံစံရေးဆွဲခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အလေးထားဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ တန်ဖိုးသင့်အိမ်ရာများကို ပိုမိုတည်ဆောက် ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းအောင်ပြုလုပ်တည်ဆောင်နေခြင်း များကို ပိုမိုဆောင်ရွက်ခြင်းဖြင့် ရာသီဥတုအခြေအနေများကို ထိန်းသိမ်းနိုင်ရေးရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရ သည်။ အိမ်ရာဆိုတာကတော့ အမြဲတမ်းလိုအပ်နေတာ ဖြစ်ပါတယ်။ အခုလိုတန်ဖိုးသင့်ပြီး သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတ ဖြစ်ပေါ်စေတဲ့အိမ်ရာမျိုးတွေကို တည်ဆောက်သွားမယ်ဆိုရင် နိုင်ငံတော်အတွက်လည်း ရေရှည်မှာ ကောင်းမွန်လာမယ် လို့ ထင်ပါတယ်။ ဒါကြောင့် အဲဒီပြိုင်ပွဲကို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်။ ပါဝင်လိုသူတွေ အနေနဲ့ကတော့ နိုဝင်ဘာ၇ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ခြင်းကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ဟု မြန်မာနိုင်ငံဗိသုကာ ပညာရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် နိုဝင်ဘာလ ၇့က်နေ့နောက်ဆုံးထား၍ မန္တလေးမြို့ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း (မန္တလေးရုံးခွဲ)နှင့် ရန်ကုန်မြို့၌ မြန်မာနိုင်ငံဗိသုကာပညာရှင်အသင်းရုံးထံသို့ ပေးပို့ယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။ အခုလိုပြိုင်ပွဲအသွင်ပြုလုပ်တာကောင်းပါတယ်။ ဗိသုကာပညာရှင်တွေအနေနဲ့လည်း သူတို့ရဲ့ ပြည်သူတွေအတွက် ကျိုးရှိမယ့် စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်သလို နိုင်ငံအတွက်လည်း အကျိုးရှိပါတယ် ဟု မြို့ပြအင်ဂျင်နီယာ ကိုဇော်နိုင်က ပြောသည်။ ရွှေဆဌဂံ